抖阴社区

Part1

843 44 4
                                        

ပြန်လာခဲ့.......ခေါ်မသွားကြပါနဲ့.....ဟင်း....

(Naniလည်းအိပ်နေရင်းအော်သံကြားတာကြောင့်နိုးသွားပါတယ် ကြည့်လိုက်တော့ sky တစ်ယောက်ယောင်နေတာပါ သူလည်းအမြန်လှုပ်နှိုးလိုက်တော့)

- ခွန် ခွန် သတိလေးဘာလေးထားအုံး ခွန်
- ဟန်နီ (အလွန်မောဟိုက်နေဟန်ဖြင့်)
- အိပ်မက်ဆိုးမက်နေတာထင်တယ် ရေလေးသောက်လိုက်အုံး (ရေခွက်ကမ်းပေးရင်း)

Sky လည်း ရေသောက်ပြီး Naniကိုတင်းကြပ်စွာဖက်ထားကာ

- ဟန်နီ သူတို့လာနေတယ် သူတို့လေ
- ဘာမှမဖြစ်ဘူးနော် ဘာမှမရှိတော့ဘူး အိပ်မက်ကအိပ်မက်ပဲလေ အနားမှာ ဟန်နီရှိတယ်နော် လာ ပြန်အိပ်ကြမယ်
- ဒါပေမဲ့
- မောင် တော်ပြီ ထပ်မတွေးနဲ့တော့ အိပ်မက်ကအိပ်မက်ပဲနော် လာ

Sky လည်းဘာမှမပြောတော့ဘဲ ပြန်လှဲလိုက်တယ် ဒါပေမဲ့ သူ့အတွေးနဲ့သူတော့ မွန်းကြပ်နေတုန်းပါပဲ Naniကတော့ သူ့ကျောလေးကိုခပ်ဖွဖွလေး ပုတ်ပြီး ချော့သိပ်နေပါတယ်

---------

- မေမေ ညနက်နေပြီ မအိပ်သေးဘူလား

Dew တစ်ရေးနိုး ရေထသောက်ရင်း သူ့မေမေဝရံတာမှာရပ်နေတာတွေ့တော့ မေးလိုက်ခြင်းဖြစ်သည်။

- မေမေအိပ်မပျော်ပါဘူး သားရယ်
- မေမေ အန်တီမွန်တို့အကြောင်း တွေးနေပြန်တာလား
- အင်း မေမေသူ့ကိုသတိရသွားလို့ပါ အဲ့နေ့ကမေမေသာ သူ့ကိုမခေါ်ရင် သူဒီလိုဖြစ်မှာ မဟုတ်ဘူး သားရဲ့ မေမေအပြစ်ရှိသလိုခံစားရတယ်
- မေမေ့ကြောင့်မဟုတ်ပါဘူး ကံတရားကြောင့်ပါ မေမေပြန်အိပ်တော့နော် ကျန်းမာရေးထိခိုက်လိမ့်မယ် လာပါ သားအခန်းထဲလိုက်ပို့ပေးမယ်နော်
- အေးပါ အေးပါ လာ သွားကြမယ်

_______

- ဒီမှာကလေးမင်းရဲ့အုပ်ထိန်းသူရော

ကျောင်းအုပ်ကြီးရုံးခန်းထဲတွင် ကျောင်းသားနှစ်ဦးနှင့် ကလေးမိဘတစ်ယောက်ရှိနေကြပါတယ်

- နောက်ကျသွားလို့တောင်းပန်ပါတယ်ဗျာ

Teeလည်းအသံကြားရာလှည့်ကြည့်မိတော့

- P'Nani

- ခွန်က ဒီကကလေးရဲ့အုပ်ထိန်းသူလား
- ဟုတ်ကဲ့ (Naniလည်းပြန်ဖြေရင်း တစ်ဖက်ကလေးကိုကြည့်မိတော့ မျက်လုံးမှာညိုမဲကွင်းတစ်ချက် ဆံပင်တွေကလည်းပွလို့)

My brother in law Where stories live. Discover now