- ဒီမှာ အခုကျွန်မကလေးဖြစ်တဲ့ကိစ္စကိုဘယ်လိုတာဝန်ယူမှာလဲ ဆရာတို့ ကျွန်မဆေးဖိုးမလိုချင်ဘူး ဒီကလေးကိုကျောင်းထုတ်ပေးပါ ဒါမှကျေအေးမယ် (တစ်ဖက်ကလေးမိဘကဒေါသတကြီးဆိုလာပါတယ်။)
- ဟို အဲ့လိုတော့မလုပ်ပါနဲ့ ကျောင်းထုတ်တာလွဲပြီးကျန်တာတောင်းဆိုပါ။ ကျနော်တို့တတ်နိုင်သမျှလိုက်လျောပေးပါမယ်။ Tee သူငယ်ချင်းကိုပြန်တောင်းပန်လိုက်လေ။
- သားမှမမှားတာ P'Nani ရဲ့ ဘာလို့တောင်းပန်ရမှာလဲ။ သူတောင်းပန်ရမှာလေ။ သူအရင်ရန်စတာ။
- တွေ့လား ဒီကလေးကိုကအရိုင်းအစိုင်း (တစ်ဖက်မိဘမှ)
Naniလည်း Teeကို ကြည့်ရင်း
- အကိုသိတယ် ဒါပေမဲ့ အခုတော့ တောင်းပန်လိုက်နော် သူလည်းနာသွားတာပေါ့ ကျောင်းဆက်တက်ချင်ရင် မဆိုးရဘူးနော် လိမ္မာတယ်
( Tee လည်း Naniကြောင့်သာ ပြန်တောင်းပန်လိုက်ရတယ် စိတ်ကတော့ဟိုေကာင့်ကိုတကယ် ကြည့်ရမနေဘူး)
ဒီလိုနဲ့သူတို့ အိမ်ပြန်လာကြတယ်
- ဒါကဘာဖြစ်လာကြတာလဲ (ဧည့်ခန်းထဲမှထိုင်နေသော Khun sky ၏ အသံ)
- ခွန် Tee ကိုမဆူပါနဲ့ (အခြေအနေဆိုးမှာကြောင့် naniမှ ဝင်တားမိသည်)
- ဟန်နီ ဝင်မပါနဲ့ ဒီလာခဲ့စမ်း teeradech
Teeလည်းပေကပ်ကပ်နဲ့အနားသွားလိုက်တယ်
- ပြောစမ်း ဘာကိစ္စ ရန်ဖြစ်လာတာလဲ ကိုကြီးကိုအရှက်ခွဲနေတာလား ကျောင်းကောင်းကောင်းမတက်ချင်တော့ဘူးလား အသက်၂၀နဲ့လူမိုက်ခေါင်းဆောင်လုပ်ချင်နေတာလား
Teeလည်းဘာမှပြန်မပြောဘဲ မျက်ရည်တွေသာ ကျလာလေသည်။
- ခွန် ဘယ်လိုဖြစ်နေတာလဲ အေးဆေးပြောလို့ရပါတယ်
- ဟန်နီ မင်းဒီလိုကာဆီးကာဆီးလုပ်နေလို့ သူဆိုးနေတာ
- ကိုကြီးကဘာမှမသိဘဲနဲ့ ဆူဖို့ပဲသိတာ (Teeလည်းငိုနေရင်းထပြောလိုက်ပါတယ်)
- အဲဒါဆိုသိအောင်ပြောပြလေ ဘာလို့သူများကိုရိုက်လိုက်တာလဲ။ မင်းကလိမ္မာတဲ့ကလေးမဟုတ်ဘူးလား။

YOU ARE READING
My brother in law
RomanceMarried life DewTee SkyNani ????????????????????????????????????
Part1
Start from the beginning