抖阴社区

~9~

828 93 32
                                        

သုံးရက်လောက် မယ်တော့်အနီးမှာ နေပြီး တတ်မြောက်သင့်တာတွေ သင်ယူပြီးနောက်မှာတော့ ဖူးဝင်းလေး ဖက်ဖက်မောနေပြီ ဖြစ်​၏။

အစောကြီးထ ရေချိုးပြီး မယ်တော့်အဆောင်ကိုနေ့တိုင်းပြေးနေရတာ သုံးရက်တိတိရှိပြီလေ။ ထူးထူးဆန်းဆန်းနဲ့ ဘုရင်ငယ်က ပေါ်မလာခဲ့ပါ ။ သူပင်ပန်းမှန်းသိလို့ထင်​၏။

လမ်းလျှောက်နည်းမှ စလို့ ပန်းသီနည်းအဆုံးအသေးစိတ် သင်ကြားပေးပြီး ဘုရင်ငယ်ကို စိတ်ချမ်းသာမှုရအောင် ဘယ်လိုပြောဆိုဆက်ဆံ ဖြေသိမ့်ရမလဲ က အစ သင်ပေး​၏။

အမှန်တိုင်းပြောရရင် ယောကျ်ားလေးတစ်ယောက်ဖြစ်တဲ့ ဖူးဝင်းတန်က ဒါတွေကို နဲနဲမှ စိတ်ဝင်တစားမရှိခဲ့သလို မှတ်လည်းမမှတ်မိချေ။

ရီမောချင်တာတောင် အိန္ဒြေတစ်ခွဲသားနဲ့ သိမ်မွေ့နူးညံ့လွန်းလှတဲ့ မင်းသမီးယမ်ကို မြင်ရတာနဲ့တင် ဖူးဝင်း စိတ်အိုက်လ်ို့ သူ့အစားရူးချင်နေပြီဖြစ်​၏။

ရေချိုး ညစာစားပြီးတာနဲ့ အိပ်ယာပေါ်လှဲချကာ သုံးရက်စာ ပင်ပန်းခဲ့သမျှကို လွင့်ပစ်လိုက်သလို ခြေပြစ်လက်ပြစ် ဖြဲကားအိပ်ကာ ဇိမ်ယူဖို့ ကြံနေတုန်း အခန်းတံခါးဖွင့်သံကြောင့် တစ်ချက်ငဲ့ကြည့်တော့ ဘုရင်လေးပင်။

သုံးရက်လုံးလုံးမတွေ့ရတဲ့ သူကို ခုမှ တွေ့လိုက်ရတော့ ရင်ဘတ်ထဲလစ်ဟာနေတဲ့ တစ်စုံတစ်ခု ပြန်လည်ရရှိလာသလို ခံစားရ​၏။
နေဦး ၊ သူ ဒီဘုရင်ငယ်နှာဘူးလေးကို လွမ်းနေခဲ့တာလား ။

လှဲနေရာမှ ထ ထိုင်တော့ ဘုရင်ငယ်လေးက သူ့အားနူးညံ့စွာပြုံးပြပြီး အနားမှာဝင်ထိုင်ကာ ခါးကို သိုင်းဖက်လာသည်။
အရင်ကထက်အများကြီးရင်းနှီးလာပြီ မို့ ဖူးဝင်းလည်း မရှောင်တော့ပဲ အလိုက်သင့်သာနေလိုက်​၏။

"ပင်ပန်းနေပြီလား ကိုယ်တော့် ဝက်ခလေး"

ဩရှရှအသံကနေ နူးညံ့လွန်းလှတဲ့ အသံမျိုးအဖြစ်ပြောင်းလဲကာ မေးမြန်းလာတာမို့ ဖူးဝင်းရင်ထဲ ဖိုးသိုးဖပ်သပ်။

"အင်း ပင်ပန်းတယ် ဟင့် "

နှုတ်ခမ်းထော်ကာ ခပ်ချွဲချွဲလေသံနဲ့ ပြောလိုက်မိတဲ့ သူ့ပါးစပ်ကိုသူမယုံနိုင်စွာ လက်နဲ့အုပ်လိုက်မိသည်။ ဖူးဝင်းတန်က ဖူးဝင်းတန် မဟုတ်သလိုပဲ ချွဲနေတာလေ ။

Our Beautiful SkyWhere stories live. Discover now