"ဒါလေးတွေကမနက်ကအသစ်ရောက်တာပါ ဒီဇိုင်နာချုက်တွေချည်းပဲ ''
"ချုပ်ရာလေးတွေလဲသေသပ်သားပဲ ရှင်သဘောကျလား ?''
"မင်းရော''
"အွန်း လှတယ် ''
"ညီမ ဒါလေးစမ်းဝတ်ကြည့်မယ်''
"ရပါတယ်ရှင့် ဒီဘက်ကြွပါ''
...............
"လှတယ် ''
"ရှင်ရောပဲ လိုက်သားပဲ''
"ဒါလေးယူမယ်''
"ဟုတ်ကဲ့ ဒါလေးက ဒီနေ့ကျွန်မတို့ဆိုင်ရဲ့ promotionလေးပါ စုံတွဲဝတ်စုံဝယ်ယူတဲ့ ဇနီးမောင်နှံတိုင်းကိုphoto shooting free လုပ်ပေးပါတယ်ရှင့် ''
"ရှင် ''
"ဒီဘက်ကိုကြွပေးပါ''
"ဟုတ်ကဲ့''
ရာဇဘုန်းလျှံ ပန်းရောင်လက်ကို ဆွဲပီးခေါ်သွားလေသည်
သူမတို့နှစ်ယောက်ဝတ်စုံလေးနဲ့အတူ ဓာတ်ပုံလေးတွေရိုက်ရင်း ထိုအခိုက်တန့်လေးတွေကိုဖြတ်သန်းခဲ့ကြလေသည် အပြန်လမ်းcafe'ဆိုင်မှာ ရပ်ပြီး နှစ်ယောက်သား sandwich ပူပူလေးနဲ့အတူ အမေရီကာနိုလေးကိုပါဆယ်ဆွဲရင် အိမ်ကိုပြန်လာကြသည်
သူတို့နှစ်ယောက်ရဲ့အိမ်လေးက အရမ်းကိုအေးချမ်းလှပြီး တစ်အိမ်ထဲသူတို့ပဲနေတာမို့ ရောက်တာနဲ့ ရာဇဘုန်းလျှံတစ်အိမ်လုံးကိုမီးဖွင့်လိုက်သည် အေးယားကွန်းကိုတော့ တစ်နေကုန်ဖွင့်ထားတာမို့ တစ်ခန်းလုံးအေးစိမ့်နေရော ရာသီဥတုကလဲ မိုးရာသီမို့ မှန်ချက်ကြီးတွေပေါ်မှာ ရေတစ်ပေါက်ပေါက် ကျနေတဲ့အသံနဲ့အတူ ဘယ်လောက်အေးချမ်းနေလိုက်လဲ
ပန်းရောင် အပေါ်ထပ် ဗီဒိုထဲမှာ ဂါဝန်ပွပွလေးတစ်ထည်ကိုထုတ်ပြီး ကပိုကယို အနွေးထည်ပွပွလေးနဲ့ဆင်းလာကာ ခင်ပွန်းဖြစ်သူဟင်းချက်နေတဲ့နေရာမှာအလိုက်တသိကူညီပေးသည် ရာဇဘုန်းလျှံကတော့ ဟင်းချက်ရန် ရောက်လာကတည်းက မီးဖိုထဲတန်းဝင်တာကြောင့်အဝတ်စားမလဲရသေးဘူး
"ရှင်အခုဘာဟင်းချက်ဖို့လုပ်နေတာလဲ''
"ရှိတဲ့ဟာနဲ့ပဲ တရုတ်ထမင်းကျော်မလားလို့ ကိုယ်တို့အကြိုနှစ်သစ်ကူးရအောင်လို့လေ''

YOU ARE READING
??????????????(????????????? Season 2)
Romance"????????????? ?????????????????????? ??????????????????????????????????????????????????????????? ????????????????????????????????? ???????????????????????????????????????" ??????????? "????????????????? ?????????????????????????????????????????????...