ယခုတော့ဆေးရုံရဲ့ရပ်ဝန်းသို့ပါရောက်ရှိခဲ့ရပြီ။ရင်ထဲကမ္ဘာပျက်သလို ယောက်ယတ်ခတ်ပူပန်လွန်းသည့်စိတ်တွေနဲ့ရှုပ်ယှက်ပြေးလွှားနေသောသူ့ခြေလှမ်းတို့ဟာလည်း VIP roomထဲဝင်လိုက်၊ထွက်လိုက်နှင့် မတည်မငြိမ်ရှိလှ၏။ကလေးကအတော်လေးထိတ်လန့်သွားခဲ့သည်။မလန့်ဘဲလည်းရှိပါ့မလားလေ...။လုံးဝမထင်မှတ်မိလိုက်သောမြင်ကွင်းမှာ သူ့လိုရင့်ကျက်တဲ့ယောကျ်ားတစ်ယောက်တောင်ရုတ်တရက်အံ့သြတုန်လှုပ်ခဲ့ရသည်မဟုတ်လား။
ဒေါက်တာပြောတာကတော့ အလန့်လွန်ပြီးshockရသွားတာတဲ့!အရမ်းကြီးစိုးရိမ်ဖို့မလိုဘူးပြောတယ်။သို့ပေမဲ့ ကလေးကသတိလစ်နေခဲ့တာမနေ့ကတစ်နေ့ကုန်ပဲ။တစ်ကိုယ်လုံးခြစ်ခြစ်တောက်အောင် အဖျားတွေတက်နေခဲ့လို့ ဆေးတွေဆက်တိုက်သွင်းရတာလည်း တစ်ညလုံးပဲ။ဒီတော့ဘယ်မလဲ...စိတ်ချရပါတယ်ဆိုတဲ့အခြေအနေ။
ကိုယ့်စိတ် ကိုယ်သာသိပါတယ်။ကလေးနေမကောင်းရင်ကိုယ်ကအလိုလိုစိတ်ဆတ်နေတတ်တာ လူပါသတ်ပစ်ချင်မိတဲ့အထိပဲ။အခုလည်း ကလေးသတိရမလာသေးတဲ့အနေအထားအတွက် ဝုန်းဒိုင်းကျဲလို့ တာဝန်ခံဒေါက်တာတစ်ယောက်ကိုဆွဲထိုးပြီး အလုပ်ဖြုတ်ပစ်ထားသေးတယ်။ကိုယ်ပိုင်တဲ့ဆေးရုံမို့ အခုလိုထင်တိုင်းကျဲနိုင်ခြင်းပါပဲ။ကိုယ်လွန်မှန်းသိတယ်။ဒါပေမဲ့စိတ်ကမှမထိန်းနိုင်ခဲ့ဘဲ...။
ဂျစ်တူးနဲ့ပတ်သက်ရင် ခံစားချက်ကိုဟန်ဆောင်ပြီးတောင် မထိန်းချုပ်နိုင်တော့တာ ကိုယ့်ရဲ့အားနည်းချက်ပါလေ...။အမှား၊အမှန်ဆုံးဖြတ်နိုင်စွမ်းတွေဝေဝါးကုန်တာများ အရူးကြီးတစ်ယောက်နဲ့တောင်တူမယ်ထင်ရဲ့။
ဘယ့်နှယ်လဲ ခိုက်ရန်ရှင်း...။
မင်းအတော်ပြောင်းလဲသွားတာပဲ။အချစ်ဆိုတာ မလိုအပ်ပါဘူးလို့ အခုငြင်းချင်သေးလား?မင်းငြင်းနိုင်သေးရဲ့လား?''ဟင်း!!´´
ကိုယ့်ကိုကိုယ်အံ့သြစွာ မေးခွန်းတွေထုတ်လျက် သက်ပြင်းတစ်ချက် လေးတွဲစွာချမိပြန်သည်။ဆေးပိုက်တွေယှက်သွယ်ထားသော လက်ဖဝါးလေးတစ်ဖက်အား ဖွဖွဆုပ်ကိုင်ရင်း ပါးပြင်ဆီထိကပ်ထား၍ သတိရမလာသေးတဲ့မျက်နှာနုနုလေးကိုငေးစိုက်ကြည့်နေမိ၏။

YOU ARE READING
?'?????????????...?????????'?
Romance'??????????????????????? ??????????????????????????????????????????? ?????? ???????????...' ???????????????? × ??????????????