"မင်း ဘယ်လိုလုပ်မှာလဲ သေချာပြီလား"
"အေး"
Henderyမလုပ်ချင်ဆုံး အလုပ်ဟာ နောက်ဆုံးတော့ သူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့သည်။တက္ကသိုလ်ပြီးမှ အလုပ်စရန် စဥ်းစားထားသော်လည်း မစောင့်နိုင်တော့သော Shanghaiမှ ကြော်ငြာကုမ္ပဏီများကြောင့် တက္ကသိုလ်တတိယနှစ်နှင့် အလုပ်က စရချေပြီ။henderyတစ်ယောက်တည်းပင်မဟုတ် yang yangကပါ အလုပ်တူတူလုပ်နေရရှာသည်။
ယခုလည်းFinlandမှ နေ၍ ရိုက်ရတော့မည့်ကြော်ငြာစာချုပ်ကို ကြည့်ကာ စိတ်လေခြင်း များစွာဖြင့်။
"ဒါဆို အတည်ပြုပြီးသွားပြီပေါ့နော် နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့လောက်ကြရင် စပါမယ်ဗျာ့"
"သြော် ဟုတ် ဟုတ်"
"ဒါဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါဗျ"
Yang yangရောက်လာသည့် လူများကို လိုက်ပို့ပေးပြီးသည် အထိ henderyမှာ ငူငူကြီးထိုင်နေမိသည်။
"မင်း အဆင်ပြေတာရော သေချာရဲ့လား"
Yang yangအမေးကို ခေါင်းသာညိတ်ပြလိုက်သည်။ထွေထွေထူးထူးလည်း ဘာမှပြောပြချင်မနေတော့။
Henderyစိတ်ထဲ ရှိနေသည်ကxiaojun။နောက်တစ်ကြိမ်သာxiaojunနှင့် တွေ့မိရင် သံသရာတစ်ပတ် ပြန်လှည်လာမည်ကို စိုးရိမ်သောကြောင့်သာ။သို့ပေမယ့်xiaojunကိုတော့ သူအလွန်တွေ့ချင်မိသည်။
အစ်ကိုkunကလည်း ကျောင်းပြီးသွားပြီဖြစ်၍ Finlandမှာပဲ အခြေချပြီး အလုပ်လုပ်နေကာ အခုချိန်မှxiaojunအကြောင်း သိချင်ပါတယ်ဆိုလျှင်တောင် သိရတော့မည့်မဟုတ်ပေ။
မျက်နှာလေးပဲ ဖြစ်ဖြစ်မြင်လိုက်ရရင် သူကျေနပ်နေပါပြီ။
---
တီ! တီ! တီ!
မနက်၅နာရီ alarmကြောင့် xiaojunအိပ်ချင်မူးတူး ကုန်းထနေရသည်။Juneလရောက်နေပြီဖြစ်သော်လည်း Shanghaiရဲ့ အေးငွေ့လေးက အနည်းငယ်ကျန်နေသေးသော်ကြောင့် အိပ်ယာထဲမှ နှပ်ချင်နေသည့် စိတ်ကများနေသည်။
မတက်သာပဲ ထလိုက်ကာ သေချာဖီးလိမ်းပြင်ဆင်ပြီး မနေ့တည်းက ပြင်ဆင်ထားသည့် ဘွဲ့ဝတ်စုံကို ကျကျနနဝတ်ဆင်လိုက်သည်။သူပြင်ဆင်ပြီးတော့ အချိန်မှာ ၈နာရီပင်ထိုးတော့မည်။
