抖阴社区

Part15

201 23 6
                                        

Perthဒီနေ့ Ta"ကိုစောင့်နေတာပင် သူလေးကိုပိုင်ဆိုင်ရပြီဆိုကတည်း နေ့တိုင်းပြုံးနေရပြီးပျော်ရွှင်ရတယ် ဘယ်တော့မှလဲစွန့်လွှတ်မှာမဟုတ်ဘူး တစ်သက်လုံးအနားရှိသွားမှာ။ Ta"ကိုစောင့်နေရင်းနဲ့ ဆိုင်တစ်ခါးဖွင့်သံကြားလို့မော့ကြည့်လိုက်တော့ မင်း ။
.
.
.
.
.
.
.
.

"အချစ်....ဒို့ကိုသတိရသေးရဲ့လား"
"မင်း..လေဗီယာ ဒီကိုဘာလာလုပ်တာလဲ ဘယ်လိုသိပြီးရောက်လာတာလည်း"
"ဟန်နီ တောင်းပန်ပါတယ် အချစ်ရယ် ဟန်နီကိုလေအစကတော့ပျော်ရွှင်မှုတွေရော ချမ်းသာမှုတွေရောပေးနိုင်တယ်ထင်လို့ရွေးခဲ့တာပါ ဒါပေမယ့်သူမာ မိန်းမနဲ့ခလေးရှိနေတယ် သူမိန်းမကလည်းမယားငယ်ဆိုပြီးနင်ထုပ်လိုက်လို့...အကျွေးတွေ၀ိုင်းနေလို့ရှိသမျှ အကုန်ဆပ်ခဲ့ရလို့သွားစရာနေရာ မရှိလို့ရောက်လာတာပါ မေကြီးကိုမေပြီး ဒီကိုလိုက်လာခဲ့တာပါ ခွင့်လွှတ်ပေးပါနော်"
"လေဗီယာ မင်းငါ့လက်ကိုလွှတ်စမ်း"
"အခုတော့ဒီလိုပြောပြီပေါ့ လေ ဟင့်.."
"လူတွေကြည့်နေတယ် မင်းမရှက်ဘူးလား မင်းနဲ့ငါကိစ ကပြီးသွားပြီ ငါမှာလည်းချစ်ရမဲ့သူရှိနေပြီ မင်းသွားလိုက်တော့"
ရုတ်တရက် ဆွဲခေါ်သွားတာကြောင့် အစကကြောင်သွားပေမယ့်။
"မင်း ငါလက်ကိုလွှတ်လို့ပြောနေတယ်"
"အရင်ကဆို ဟန်နီဟန်နီနဲ့ ပါးစပ်ဖျားက မချ ခဲ့ဘူး ဘာလို့အခုမုလာစိမ်းကားနေတာလည်းလို့မချစ်တော့ဘူးလား ဟင်"
"ငါ မင်းကိုချစ်တယ်ချစ်ခဲ့တယ်မင်းတစ်ယောက်ထဲကိုပဲချစ်ခဲ့တာ "
Santaကြားလိုက်ရတဲ့ စကားနဲ့ရှေ့မှာရှိနေတဲ့ မြင်ကွင်းထဲကလူနှစ်ယောက်မှာ တစ်ယောက်က Perthဖြစ်နေတယ်။ဒါဆိုခွန့်နာကကြားလိုက်ရတာဘာစကားလည်း Perthကိုယ်တိုင်ကနေပြောလိုက်တာလား။
.
.
Perthဒါပေမယ့် လို့ပြောဖို့လုပ်တဲ့အချိန်မျက်ထောင့် ကနေမြင်လိုက်ရတဲ့ ဖြူလုံးလေး Ta"။
"Ta"နေအုန်း အကိုပြောပြ"
"ဘယ်သွားမလို့လည်း ဟင် ဟန်နီကိုတစ်ယောက်ထဲထားခဲ့မလို့လား"
"အေးဟုတ်တယ် မင်းကြိုက်သလိုနေ  ေချင်ရင် ေ လိုက်"
Ta"
Perthမိုးရွာချလာတာကြောင့်ထီးတစ်လက်ကို ယူရင်းTa"နောက်လိုက်ခဲ့ရသည်။ ဘယ်လောက်အော်ခေါ်"မိုးကသဲကြီးမဲကြီးရွာချနေတာမို့ မိုးသံကိုမကျော်န်ိုင်နောက်ကနေလိုက်နေရုံသာတတ်နိုင်သည်။ တစ်နေရာအရောက်ရပ်ချလိုက်ပြီးထိုင်လိုက်တော့မှPerthလဲအရှိန်လျော့လိုက်သည်။ Perth..Ta"ဆီလာနေတုန်းမှာ ထရပ်လာတဲ့Ta"ကလဲကြသွားတာမို့ လက်ထဲကထီးကိုလွှတ်ချကာ  အပြေးသွားရင်းအော်ခေါ်လိုက်သည်။
"Ta"...သတိထားပါအုန်း Ta"...Ta"
.
.
.
နိီးစပ်ရာ ဆေးရုံကိုပို့ရသည်။ ဆေးသွင်းပြီး နိုးလာရင်သက်သာပြီလို့ပြောတာကြောင့် နိုးတဲ့ထိစောင့်နေခဲ့သည်။
"အ့...အင်းးးး ဘာရောက်နေတာလည်း"
Perthသူလက်ကိုဆုပ်ကိုင်ရင်းအိပ်ပျော်နေတယ် ဆေးရုံလိုပုံစံမျိုး ။မေ့လည်းသွားတုန်းက ကယ်ပေးခဲ့တာ အကို ပေါ့ Ta"လို့ကြားလိုက်တာနားကြားမမှားဘူးပဲ။
"အကို..အကို"
"Ta"အထင်မလွဲပါနဲ့ အကိုနဲ့သူနဲ့မဆိုင်တော့ပါဘူး အရင်ကရည်းစားဖြစ်ခဲ့ကြတာမှန်ပါတယ် အခုအကိုTa"ကိုပဲချစ်တော့တာပါ အကို ကို ယုံပေးပါ Ta"မရှိရင်အသက်မရှင်နိုင်ဘူး အကိုကိုယုံပါ"
အကိုယောင်ပြီးပြောနေတာလား ယုံပါတယ်အကိုရယ် သေချာမသိသေးဘဲ ပြေးထွက်လာခဲ့မိတာအကိုကို ဒုက္ခ ဖြစ်စေမိပြီ။ အကိုကိုကျွန်တော်အဆုံးရှုံးမခံနိုင်တဲ့အတွက်ကြောင့် အကိုပါးစပ်ကနေတစ်ခြားတစ်ယောက်ကိုချစ်တယ်လို့ပြောလိုက်တာကြောင့် ဘာမုမစဉ်းစားနိုင်ခဲ့ဘူး။ Ta"တောင်းပန်ပါတယ်အကိုရယ်။
"ယုံပါတယ် အကို အကိုကိုယုံပါတယ်"
.
.
.
မနက်မိုးလင်း လာခဲ့သည်။ဆေးရုံတစ်ခု ရဲ့ကတင်မှာလဲလျောင်းနေတဲ့ သူလေးကအပြစ်ကင်းစင်မှုနဲ့အတူ နေမကောင်းဖြစ်နေမှုကြောင့် မျက်နှာလှလှလေးမှာ အနည်းငယ်မှိန်နေသရောင် နှုတ်ခမ်းမှာလည်း ရေဓာတ်သိပ်မရတာကြောင့် အနည်းငယ်ခြောက်သွေ့နေသည်။
.
.
Ta"လက်ကို ကိုင်ရင်းနဲ့အိပ်ပျော်သွားခဲ့တာ မနက်ရောက်တော့နိုးလာခဲ့သည်။ ညကတည်းက Ta"အမေရော သူငယ်ချင်းတွေပါပြောထားတာမို့ ခနနေလောက်ဆိုရောက်လောက်တော့မည်။
.
.
စားဖို့အတွက် ကိုယ်တိုင်ဆန်ပြုတ်ကိုသေချာလုပ်ခဲ့ပြီးဆေးရုံလာခဲ့သည်။ မရောက်ကြသေးဘူးပဲ ဘယ်သူမု။
"နိုးနေပြီလား Ta" စားလိုက်အုန်းနော်"
Santaခေါင်းခါလိုက်သည်။ သဘောကမစားချင်သေးဘူးပေါ့။
"စားလိုက်ပါနော်Ta"စားမှအာရှိမှာ"
"တော်ပြီလို့ပြောနေတယ်လေ Perth"
Perth Ta"လက်ကိုကိုင်လိုက်ရင်း။
"Ta" အကိုတောင်းပန်ပါတယ်နော် အကိုရှင်းပြပါ့မယ်အကိုနဲ့သူနဲ့ကဘာမှမပတ်သတ်တော့ပါဘူး Ta"ကြားလိုက်တာကလည်း အမှန်ပါဒါပေမယ့် အရင်ကချစ်ခဲ့တာကိုပြောတာပါ Ta"နော်"
"အခု ရော"
"အခုTa"ကိုဘဲချစ်တော့တာ Ta"တစ်ယောက်ထဲပဲ အကိုရဲ့ချစ်ရဆုံးသူနဲ့ နောက်ဆုံးပဲ"
"အင်း "
"အကိုတောင်းပန်ပါတယ်Ta"အကို တကယ်ချစ်တာပါTa"ကို"
.
.
.Santaညကတည်း ကခွင့်လွှတ်ပြီးသားပါ ဒါပေမယ့် မနက်ရောက်တော့အကိုကို စချင်နေသေးတာမို့ နည်း"လောက်စနေတာပင်။အကိုကို မကြည့်ပဲနေရာကနေကြည့်လိုက်တော့.။
"အကို အကိုငိုနေတယ် ဘာလို့ငိုနေတာလည်း အကိုငိုနေတာမြင်ရရင် Ta"စိတ်မကောင်းဘူး"
"အကို ကိုယုံပါနော်Ta" "
"Ta"ယုံပါတယ် ညကတည်းက အကိုယောင်တုန်းကပြောပြပြီးသွားပါပြီ မနက်အကိုကိုစချင်နေတာကြောင့်စိတ်ဆိုးသလိုဟန်ဆောင်ကြည့်တာပါ"
"တကယ် လား Ta"
"တကယ်ပါအကို"
.
.
.
.
.
.
နှစ်ယောက်သား အကြည့်ချင်းစုံကြရင်းမျက်နှာ နှစ်ခုဟာနီးစပ်လာရင်းလာရင်းလာရင်းနဲ့.......သာသနာဖျတ်တွေက ကွက်တိရောက်လာခဲ့သည်။
.
.
.
"အကိုPerthကျွန်တော်တို့လာ...အို အချိန်မှားလာမိပြီထင်တယ်ဒါဆိုပြန်.."
"လာခဲ့လိုက်တော့မင်းတို့လာခဲ့လိုက်တော့"

.......................................................................

ဖတ်ပေးတဲ့တစ်ယောက်ချင်း စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်💐,[မခါးဘူးလို့တော့ပြောပေး]

?????????????????? ????????????Where stories live. Discover now