Chapter 7.1 – ဇာတ်လိုက်ရှို့က ရေနွေးပူနှင့် ရင်ဆိုင်နေရသည့် ဝက်သေတစ်ကောင်အလား အကြောက်အလန့် ကင်းမဲ့လွန်းလှ၏
ထန်ထန်က ကတုံးနှင့် လူသန်ကြီးကို လျစ်လျူရှုကာ စန်းကျူ၏ လည်ပင်းရှိ ကျောက်စိမ်းဆွဲသီးကိုသာ နီရဲနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
စပ်စုလိုသည့် အကြည့်များဖြင့် ဝိုင်းအုံကာ အကြည့်ခံလိုက်ရသည့်အတွက် စန်းကျူမှာလည်း တစ်မုဟုတ်ချင်း အနေခက်လာတော့သည်။ သူက အံကို တင်းတင်းကြိတ်ကာ အားလုံး၏ အကြည့်အောက်မှာပင် ဆွဲကြိုးအား အင်္ကျီအောက်သို့ ပြန်ထည့်လိုက်၏။
စန်းကျူက ဖြစ်သင့်ဖြစ်ထိုက်သည့် လုပ်ရပ်တစ်ခုကို လုပ်နေသည့်အလား တည်ငြိမ်နေသည့်တိုင် အတွင်းစိတ်ထဲတွင်မူ သူ့နှလုံးသားက အပြင်ဘက်သို့ ခုန်ထွက်လာလုမတတ် ရင်တဒိတ်ဒိတ်ခုန်နေပြီဖြစ်သည်။
စက္ကန့်ပိုင်းမျှ အကြာတွင် ထန်ထန်က မျက်လုံးများ နီမြန်းနေကာ မသိမသာ အက်ကွဲနေသည့် အသံလေးဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“အဲဒီ့ကျောက်စိမ်းဆွဲသီးက ကျွန်တော့်ရဲ့ ဆုံးသွားတဲ့အမေ ပိုင်တဲ့ပစ္စည်းပါ။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြန်ပေးပါ။”
လူအုပ်ကြီးထံမှ တီးတိုး ဆွေးနွေးသံများ ဆက်တိုက် ပေါ်ထွက်လာတော့သည်။ လူသန်ကြီး ရှုန်ကျန်းနှင့် အခြား အဖွဲ့ဝင်များပင်လျှင် ပဟေဠိ ဖြစ်သွားရှာတော့၏။
“ပေါက်စ ...”
ရှုန်ကျန်းက ရုတ်တရက် အေးစိမ့်လာသည့် လေထုကို ခံစားမိလိုက်သည့်အတွက် အခေါ်အဝေါ်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။
“ကောင်လေး။ မင်း အမှတ်မမှားဘူးဆိုတာ သေချာရဲ့လား။ ဒီဆွဲသီးက စန်းကျူ ငယ်ငယ်လေးကတည်းက ရှိလာတဲ့ပစ္စည်းနော်။ မင်းရဲ့ .. အဟမ်း .. ဒေါ်လေး ချန်ထားခဲ့တဲ့ပစ္စည်းဆိုတာ မဟုတ်လောက်ဘူး ထင်တာပဲ။”
သူက ပတ်ဝန်းကျင်ကို အလေးမထားတတ်သူတစ်ဦး ဖြစ်သော်ငြား ဖျပ်ခနဲ လှည့်ကြည့်လိုက်မိသည့် တစ်ခဏတွင် ကောင်လေး၏ လက်ကောက်ဝတ်ပေါ်ရှိ ခြေရာခံစက်ကို တွေ့မိသည့်အခါ ရှုန်ကျန်းမှာ မင်သက်သွားမိရှာတော့သည်။

YOU ARE READING
Gang Sex ????????????? ?????????????????? ???????????????????? ?????????
Fantasy??? ????????????????? ???????? ????????????????? ????????????????? ???????????? ??????????????????????? ???????? ??????????? ??????????????? ????????? ?????????? ???????????? ?????????? ???????????? ????? ????????? ?????????? ?????????????? ????????...