မနက်ခင်း စောစောစီးစီးထ ရေချိုးပြင်ဆင်ပြီးတာနဲ့ မသုံးစဖူးရေမွှေးကိုပါ ဖျန်းလိုက်၏။ သူက သန့်ရှင်းသပ်ရပ်စွာနေတတ်ပေမယ့် ရေမွှေးလိုမျိုး ပစ္စည်းတွေသုံးလေ့သုံးထ တော့မရှိပေ။Poonအိတ်ပြင်ပေးတုန်းက ထည့်လာတာမို့ ရှိနေခြင်းပင်။
မှန်ထဲမှ မိမိကိုယ်မိမိ သေသေချာချာပြန်ကြည့်ရှုစစ်ဆေးပြီး အရာအားလုံး အဆင်ပြေနေမှ အိမ်တော်ဘက်ကို ထွက်လာလိုက်သည်။အိမ်ကြီးရဲ့ နှစ်လွှာမြှောက်က မြင်နေရတဲ့ ပြတင်းပေါက်လေးကိုလှမ်းမျှော်ကြည့်မိတော့ နှုတ်ခမ်းများက ထိန်းမရစွာ ပြုံးနေမိသည်။
သခင်လေးရဲ့ နှုတ်ခမ်းနုနုတွေရဲ့ အရသာကို သူအခုထိခံစားနေရဆဲပင်။ မျက်နှာချင်းဆိုင်ရမှာကို အနည်းငယ် စိုးရိမ်မိပေမယ့် ပွန်းက မိန်းကလေးတစ်ယောက်မှမဟုတ်တာကြောင့် ရှက်နေတာမျိုးတော့မဖြစ်မိပါ။
အိမ်ကြီးထဲရောက်လာတော့ အရင်ကလိုပဲ အိမ်အကူကောင်မလေးတွေပြင်ပေးတဲ့ ကော်ဖီနဲ့ ပေါင်မုန့်တွေကို အမြန်စားလိုက်ကာ ဂိုဒေါင်ထဲမှ ကားကို ထုတ်လိုက်ပြီး သခင်လေးအား အဆင်သင့်စောင့်ကြိုနေလိုက်သည်။
မနေ့ညက သူတို့ နမ်းနေရင်း သခင်လေးက အိပ်ပျော်သွားတာ ။ အရမ်းကိုရဲတင်းတဲ့ သခင်လေးက ပွန်းကို တစ်ပြန် ခွထိုင်ပြီး နင့်နင့်သီးသီးနမ်းရှိုက်ပြစ်တာများ အသက်အရွယ်နဲ့ပင်မလိုက်ချေ။
မနေ့ညကမြင်ကွင်းများကို ပြန်လည်တွေးတောနေရင်း မျက်နှာကပြုံးနေမိတာများ တားမရဆီးမရ။ ခေါင်းငုံ့ကာ ပြုံးနေရင်း ကြားလိုက်ရတဲ့ ခပ်အေးအေးအသံကြောင့် မော့ကြည့်လိုက်တော့ သူပူပူနွေးနွေးနနမ်းထားတဲ့ သူ့သခင်လေး ပင်။
ကျောင်းယူနီဖောင်း နဲ့ ကျောပိုးအိတ်လေး လက်တစ်ဖက်က ပျင်းရ်ိပျင်းတွဲ ဆွဲထားပုံကအစ အူယားစရာ။ စောစောစီးစီးထရလို့ စိတ်မကြည်တဲ့ ပုံလေးပေါက်နေသည့်တိုင် မျက်နှာလှလှလေးက ကြည်လင်ကာ လှပနေဆဲ။
"ပွန်း .."
ခပ်ဆောင့်ဆောင့်ထွက်လာတဲ့ အသံကြားမှ အသိဝင်ကာ -
