Unicode:
လှေကားနှင့်အနီးဆုံး အတန်းထဲသို့ သူပြေးဝင်လိုက်ကာ လုံးဝ အသက်ရှူမဝဖြစ်နေခဲ့သည်။ထိတ်လန့်တကြားဖြစ်ရာကနေ သူ့အသံသည် ပိုမိုမြင့်တက်နေလင့်ကစား သူ့စကားလုံး များသည် မထင်မှတ်လောက်အောင် ကျိုးကြောင်းဆီလျော်နေသေးပေသည်။
“အောက်လှေကားမှာ တစ်ခုခုဖြစ်နေတယ်။ ဗြောင်းဆန်နေတာပဲ”
စာမေးပွဲကြီးကြပ်သူက ချောက်ချားသွားသော်လည်း မဆိုင်းမတွပင် စုန့်ဖေးကို မောင်းထုတ်ဖို့ မာဆတ်ဆတ်ပြောလိုက်သည်။
" ငါတို့စာစစ်နေတယ်။မင်းက ဘယ်ဌာနကလဲ။ ထွက်သွား”
"တစ်စုံတစ်ခု တကယ်ဖြစ်ခဲ့တယ်။ ကျွန်တော် ခင်ဗျားကို လာရှုပ်နေတာမဟုတ်ဘူး။”
စုန့်ဖေးသည် စိတ်လှုပ်ရှားစွာအော်လိုက်သည်။သူ တစ်ခုခု ထလုပ်မတတ်ဖြစ်ပုံရနေသည်။
စိတ်အနှောင့်အယှက်ဖြစ်ရာမှ အခန်းလယ်ရှိစာမေးပွဲဖြေနေသောကျောင်းသားများသည် ဒေါသထွက်နေကြလေပြီ။ သည်လောက်စိတ်ရှည်နေသေးသော ကြီးကြပ်သူကိုမြင်နေရ သောကြောင့် ထိုင်ခုံတချွတ်ချွတ်မြည်သံများနှင့် သူတို့ထဲမှ ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက် လောက်ထပြီး တပြိုင်နက်တည်း ပေါက်ကွဲကြကုန်သည် _
"F*ck!"
“မင်းဘာစောက်ရမ်းလုပ်နေတာလဲ”
"ဘာလဲကွာ"
စုန့်ဖေးသည် ယခုတွင် လူဝိုင်းခံထားရသော်လည်း စိတ်အားထက်သန်နေခဲ့၏။ ထို့ကြောင့် သူသည် အတန်းထဲသို့ ဒေါင်းတင်မောင်းတင် လှမ်းဝင်သွားလိုက်သည်။
သူတို့အကုန်လုံးသည် ငယ်ရွယ်ကြပြီး အားမာန်အပြည့်ဖြစ်သည်။ ထို့ကြောင့် တရားမျှတမှုရရန်စိတ်ခံစားချက်နှင့် မျှော်လင့်ထားသော်လည်း ဘယ်သူမှ တိုက်ခိုက်ရာတွင် မစွမ်းဆောင်နိုင်ပေ။သို့သော် “ပြစ်မှုကျူးလွန်သူ” ပြေးဝင်လာ သည်ကို မြင်ရခြင်းက လက်တွေ့ဆန်စွာ အထုခံရအောင် တောင်းပန်သလိုဖြစ်ပြီး မတ်တပ်ရပ်သောလူငယ်ကျောင်းဖော် ခုနှစ်ယောက် ရှစ်ယောက်လောက်က သည်စိတ်အားတက်ကြွမှုမျိုးကို မနိုင်နင်းသလောက်ဖြစ်နေ၏။
YOU ARE READING
????????????????????
ChickLitGenres _ Horror, Survival, Apocalypse, Modern, Action, School, Comedy, Romance, Friendship
