ယွမ်ဆွေဖုန်း က ကျောက်ယွင်ချီ ကို တိုက်ခိုက်နေတဲ့ ဧရိယာအပြင်ဖက်ကို သာသာယာယာပဲ ပို့လိုက်နိုင်ပြီး သူ့တယောက်ထဲ အောက်ကနေ၀ိုင်းပြီး တိုက်ခိုက် တာကိုလှည့်ပတ်ေ၇ှာင်နေ၇တယ်။သူ့၇ဲ့ ဆောင်ဓားကို အောက်စိုက်လိုက်ပြီး မြေပေါ်က လူတွေကို သာသာယာယာပဲ တိုက်ကာ ကိုယ်ကို လှည့်လိုက်တယ်။ တဖက်လူတွေ အေ၇ာက်စီတိုင်း၇ဲ့ ကိုယ်ပေါ်က သွေးတွေကျနေပြီး နောက်ဆုတ်ဖို့လဲ စိတ်မကူးကြဘူး။
ယွမ်ဆွေဖုန်း က သဘောကျစွာ တဟားဟား အော်၇ယ်ပြီး ကျောက်ယွင်ချီ ဆီသွားဖို့ ပြင်တယ်။ ၇ုတ်တ၇က် သူမထင်မှတ်တဲ့ နေ၇ာကနေပြီး လူတယောက်က လေအလျင်လိုပဲ သူ့ဆီပြေးလာတယ်။
ဒီအတွင်းအားက သူနဲ့ယှဉ်ရင်တောင် အနည်းငယ်ပဲ ကွာခြားနိုင်တယ်။ဒီငှက်ဂိုဏ်းထဲမှာလဲ ဒီလိုအဆင့်မြင့်တဲ့လူလဲ ရှိတယ်ပေါ့?!!
ယွမ်ဆွေဖုန်းးက လေထဲပျံလိုက်ပြီး သူ့ကိုတိုက်ခိုက်လာတဲ့သူနဲ့ ထိပ်တိုက်တွေ့လိုက်တယ်။ရင်ဘတ်ကသွေးကြောကနေပြီး အရေးပေါ် အနက်ရောင်အလင်းတစ်ခု ထိမိသွားတယ်။သူ့စိတ်ထဲကနေပြီးးး
"အခြေနေ မကောင်းဘူး။"တစ်ဖက်က ကျောက်ယွင်ချီကလည်း တစ်ကိုယ်လုံးနက်မှောင်နေတဲ့လူက ယွမ်ဆွေဖုန်းရဲ့ပုခုံးကို ရိုက်ချလိုက်တာကို ငေးငေးငိုင်ငိုင်ကြည့်နေတယ်။မျက်စိရှေ့မှာပဲ သူ့ရှောင်ယွမ်ရဲ့ ပုခုံးကနေ သွေးကွက်ကြီးပေါ်ထွက်လာတယ်။
နောက် တစ်ချိန်ထဲမှာပဲ ဘယ်ကပစ်လိုက်တဲ့ မြားလဲမသိဘူး ကိုယ်အပေါ်ပိုင်းပုခုံးကိုထိသွားလို့ လတ်ဆတ်တဲ့ အနီရောင်သွေးတွေက သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖုံးကွယ်နေပြီး
လူကလည်း မြေပေါ်လိမ့်ပြီးကျလာတယ်။ယွမ်ဆွေဖုန်း ဒီလို ခြုံခိုတိုက်ခိုက်ခံရမယ်လို့ ယွမ်ဆွေဖုန်းအပြင် သူ့ကိုဝိုင်းထားတဲ့ ငှက်အဖွဲ့ကလည်း မထင်ထားကြတာကြောင့် အားလုံးခေတ္တငေးကြောင်သွားကြတယ်။

YOU ARE READING
Idiot Seme
RomanceMy first fic Birthday present for you @mamachittu ?????????? ?????????? ???? ????????????? ??????????????? YouTube ?Bl China romance voice ??? ????????????????? ???????????????????????????? update ??????????? ?????? ?????????????? ????????????...