ကြီးမားခန့်ညားလှသည့် All In ရုံးချူပ်ထဲသို့ Krist ရောက်နေပြီဖြစ်သည်။ဌာနအလိုက် အလုပ်များစည်ကားနေသော လုပ်ငန်းခွင်ကိုကြည့်ကာ သဘောတကျပြုံးမိခဲ့သည်.။ဒါသည် သူ ဖြစ်ချင်သည့် အိပ်မက်၏ လုပ်ငန်းခွင်။ငယ်စဉ်ကတည်းက ဒီဇိုင်နာ အလုပ်ကိုမည်မျှတောင်ရူးသွပ်ခဲ့ရသနည်း။
သူ အပါအ၀င် Pattaya ကလာသည့် ၀န်ထမ်းသစ်လေးသုံးယောက်လုံးက အခု ဒီဇိုင်းဌာန (၃) တွင်ရောက်ရှိနေပြီဖြစ်သည်.။ ဌာနမှူးက လိုအပ်သည်များညွှန်ကြား ပြသပေးနေသည်.။နွေးနွေးထွေးထွေးနှင့် သဘောကောင်းပုံပေါ်သော ဌာနမှူးကြောင့် သူတို့အားလုံးစိတ်ချမ်းသာရပါသည်။ Pattaya ရုံးကို လာနေကျဖြစ်သည့် မန်နေဂျာချူပ်ဆိုသည်ကိုတော့ နောင်များမှဖြင့် စုံစမ်းပါဦးမည်လေ.။
“အသစ်လေးတွေကို P’ ပြောချင်တာကတော့ ဒီလောက်ပါပဲ .။ကြိုးစားကြရမယ်။အလုပ်ကိုအာရုံစိုက်ကြရမယ်.နော်.”
“ဟုတ်ကဲ့ပါ P’ ”
သူတို့သုံးယောက်၏ အသံ တစ်ညီတစ်ညာတည်းထွက်လာတော့ ဌာနမှူး က ပြုံးသည်.။P’Earth ဆိုသည့် ဌာနမှူးအမသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် သွက်လက်ထက်မြက်သည့်ပုံအပြည့်ဖြစ်သည်.။
“မနက်တိုင်းတော့ လက်ထောက်ဒါရိုက်တာချူပ်က လာစစ်လေ့ရှိတယ်.။ဟော--ပြောနေတုန်းရှိသေး--ခဏနော်.”
P’Earth က အနားကနေ ထွက်သွားကာ ဌာနတံခါးဝဆီက ၀င်လာသူကိုသွားရောက်ကြိုဆိုသည်.။ ဌာနထဲရှိ ၀န်ထမ်းများကလည်း ထရပ် ကြိုဆိုကြသည်။
“ဒါက ၀န်ထမ်းသစ်လေးတွေပါ ACD ရှင့်.”
Krist တို့ရှေ့တွင် လာရပ်သည့်သူကို အသာမော့ကြည့်လိုက်သည်.။ အကြည့်ချင်းဆုံသွားသည့်နောက် တစ်ဖက်က မျက်လုံးများ ပြူးသွားသလို Krist လည်း ပါးစပ်လေး အသာ ဟ မိသွားသည်။
“P’Jan…”
“Krist -- ကလေး-”
နှစ်ယောက်သား၏ အသံသည် ခပ်တိုးတိုးသာဖြစ်သည်.။P’Jan ၏အကြည့်တွင် ပျော်နေသည့်ဟန်ပြည့်နှက်နေသော်လည်း krist အကြည့်လွှဲလိုက်သည်။ P’Earth က တစ်ယောက်ချင်းစီကို သေချာမိတ်ဆက်ပေးသည်။နောက်ဆုံး သူ့အလှည့်ရောက် လာချိန်တွင် လက်ဆွဲနှုတ်ဆက်သည့်အခါ Jannak က လက်ဖျားလေးကို မလွှတ်ပေး.။တောင်းပန်သည့်အကြည့်တို့ တိုးလျှိုးနေ သည်။

YOU ARE READING
Happy Ending
Fanfiction#Both with Zawgyi & unicode ??????????????? ????????????????? ????????? ?? ????????????????? ??????????????? ????????????????? ????????? ?? ?????????????????