"မင်းလားကွ...ငါ့သားကိုဖြားယောင်းတာ"
ခွက်!!!!!
ဝရုန်း!!!!!!!
"အား...ပါး...ဦးးးးကိုမလုပ်နဲ့...သားမှားတာ...ပါး...သား_မှား_တာ"
"တိတ်စမ်း...ငါမွေးထားတာယောကျာ်းကွ...မင်းကမိန်းမလို...တောက်ခ်..!!!"
ကျွန်တော်ရှေ့ကကွယ်ထားတဲ့ကိုယ်သေးသေးလေး တုန်ကနဲဖြစ်သွားတဲ့ထိ လန့်နေရှာရပီ!
ကျွန်တော်ရဲ့ မထိန်းသိမ်းလိုက်မှုကြီးက ခုလိုရလာဒ်ဆိုးတွေ ဖြစ်စေရပီ!
ဖခင်ရှေ့မှာ ဒူးထောက်ပီး လက်ဆန့်ကာထားတဲ့ ကလေးက ကျွန်တော်ထက် ရဲရင့်သူပမာ!
ဘေဘီအိမ်ထိ လိုက်ပို့ပီး စီစဉ်သင့်သည်တို့ကို စီစဉ်ပီးမှ အသိပေးမယ်လို့ နှစ်ဦးသဘောတူ ခဲ့ပေမဲ့ ဘေဘီဖခင်ထံ သတင်းက အရောက်မြန်ခဲ့လေပီ!
တစ်ညတာ အိမ်ပြန်မရောက်ခဲ့တဲ့သားငယ်လေးကို ပူပန်ဇောနဲ့ညလုံးပေါက်ရှာဖွေခဲ့တဲ့ ဘေဘီဖခင်က တော်ပါတယ်!
မိုးမလင်းခင်မှာပဲ ဘေဘီကို ကျွန်တော်ရင်ခွင်ထဲက ဆွဲထုတ်ခဲ့တာမို့ ကျွန်တော်ပါ ဒီနေရာမှာ ဒူးပင်မထောက်နိုင်ပဲ ပြိုလဲနေရတာပါ!
အသက်ကြီးပေမဲ့ အားသန်တုန်းပါပဲ
ယောက္ခမကြီးရယ်!ကျွန်တော်မေးရိုးကြီး စောင်းသွားပီတောင်ထင်ရတယ်!
လက်ဆန့်ကာတားထားတဲ့ ဘေဘီလက်ကိုဆွဲချကာ ထူထစေပီး ပြောသင့်သည်တို့ကိုပြောရမယ်!
ဧည့်ခန်းထဲမှာ ငိုနေတဲ့မိခင်ကို နှစ်သိပ်နေတဲ့ ဘေဘီနဲ့ဆင်ဆင်တူတဲ့ မိန်းကလေး(၃)ယောက်က ဘေဘီအစ်မတွေ ဖြစ်ဟန်တူတယ်!
ငိုနေပေမဲ့လည်းသိပ် ပြင်းပြင်းထန်ထန် ဝင်ပြောခြင်းမရှိတဲ့ ဘေဘီမိခင်နဲ့အစ်မတွေက ဘေဘီဘက်ကလို့ပဲတွက်စထားကာ ဖခင်ကိုစကားစစ်ခင်းရမည်!
ဘေဘီကိုမထားခဲ့တော့ဘူး ကျွန်တော်အိမ်အပါခေါ်တော့မည်!
ဒီဆုံးဖြတ်ချက်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဘေဘီကို ဘေဘီမိဘတွေထက် ပိုချစ်ပေးမည်!
ဒါက ဘေဘီအပေါ်လွန်ကျူးမိသည်ဆိုတာထက် မိသားစုပြစ်ပယ်ခံရတော့မယ့် ကလေးငယ်တစ်ယောက်ဖြစ်အောင် လုပ်လိုက်မိတဲ့ ကျွန်တော်အမှားကို ပေးဆပ်ရင်း ဘေဘီကိုပျော်ရွှင်စေချင်စိတ် သက်သက်သာ!

YOU ARE READING
????????? (?????????)
Romance(Zawgyi + Unicode) OffGun fanfic?????? (Completed) OffGun fanfic?????? (Completed) (29/3/2019~14/6/2019)