抖阴社区

10(Z+U)

3.9K 392 28
                                        

ပြီးခဲ့တစ်ပတ်လုံးလုံး chanyeolသည် သူကတိပေးခဲ့သလိုပင် baekhyunကိုချစ်တဲ့အကြောင်းထပ်မပြောခဲ့သလို အဖြေလည်းမတောင်းခဲ့ပါ..။ထိုသို့ငြိမ်နေရခြင်းသည်
baekhyunရှက်ပြီး သူ့ကိုရှောင်နေမှာကို မလိုလား၍သာ...။ပါးစပ်ကထုက်မပြောပေမယ့်
အမူရာများဖြင့်ဂရုစိုက်ခြင်းကိုပြသည်..။
baekhyunရုံးလာချိန်တိုင်း chanyeolကုမ္ပဏီအပေါက်ဝကနေ ရပ်စောင့်နေတက်ပြီး baekhyunရောက်မှသာ ဓာတ်လှေကားအတူစီးပြီး ရုံးခန်းရှိရာသွားသည်...။ညနေရုံးဆင်းချိန်တိုင်း baekhyunတိုက်ခန်းရှိခန်းရှိရာသို့ သူကိုယ်တိုင်လိုက်ပို့သည်....။baekhyunကလိုက်မပို့ဖို့ငြင်းသော်လည်းမရ...။ဒီအခွင့်ရေးလေးတော့ ပေးပါလို့မျက်နှာငယ်လေးနဲ့ တောင်းဆိုလာပြန်တော့ ချစ်ရသူမျက်နှာမညိုးစေဖို့အရေး
baekhyunအရေးပေမို့ မငြင်းရက်ခဲ့ပါ...။

နေ့လည်ပိုင်းထမင်းစားချိန်တွင်လည်း baekhyunရောက်လာသည်နှင့် စားပွဲပေါ်မှာထမင်းဝိုင်းက အဆင်သင့်ပြင်ထားပြီးဖြစ်သည်..။ထမင်းထဲမှာ ပဲနီစေ့လေးတွေပါလာတဲ့အခါ
တစ်စေ့မကျန် ရွေးဖယ်ပေးတက်သည်...။ငါးဟင်းပါတဲ့အခါ ကိုယ်တိုင်အရိုးနွင်ပေးတက်ပြီး
တစ်ခါတစ်ခါbaekhyun ထမင်းစားနေတာကို
တစ်စိမ့်စိမ့်ထိုင်ကြည့်နေတက်ပြန်​သေးသည်။
ကဲ ဒီလိုလူမျိုးကိုမှ baekhyunပြန်မချစ်ရင်
ဘယ်လိုလူမျိုးကို သွားချစ်ရမှာတဲ့လဲ...။
မခြွေခင်ကတည်းက ကြွေနေတဲ့သူပါဆို
ဒီလိုဂရုစိုက်မှုတွေကြားမှာ တင်းထားတဲ့စိတ်တွေ ပြိုလဲရတာအကြိမ်ကြိမ်။
chanyeolသာ နောက်တစ်ကြိမ်ဖွင့်ဟလာခဲ့
ရင် ပြန်လည်ဝန်ခံဖို့အတွက် baekhyunရင်ထဲမှစကားလုံးတစ်ချို့က အဆင်သင့်စောင့်
ကြိုနေပြီဖြစ်သည်....။

"မထွက်တော့ဘူးလား hyunငယ်..."

ဓာတ်လှေကားစီးရင်း စဉ်းစားခန်းဖွင့်နေမိတာ
ရုံးခန်းရှိရာအထပ်ရောက်လို့ တံခါးပွင့်သွားမှန်း
တောင်မသိလိုက်..။chanyeolအသံကြားမှ သတိပြန်ဝင်လာတော့သည်..။

"ထွက်မှာပေါ့ chanyeol shiကလည်း.."

"ဘာတွေများစဉ်းစားနေလို့ တံခါးပွင့်တာတောင်မသိရတာလဲ...
အခက်ခဲရှိရင် ကိုယ့်ကိုပြောလေကိုယ်တက်နိုင်တာဆို ကူညီပေးလို့ရအောင်"

I Want YouWhere stories live. Discover now