Z+
အမှောင်ထဲမှာနေရပေမဲ့ vampire တစ်ယောက်အတွက်တော့ ပျော်ဖို့ကောင်းပါတယ်
"brightမင်း သပတ်ခါကျောင်းတက်ဖို့ငါအားလုံးစီစဉ်ပြီးသွားပြီ""Huuu" သောက်လက်စသွေးကို ကုန်အောင်မော့လိုက်ပြီး ဘာတက်နိုင်မှာလဲ လူမဟုတ်ဘဲ လူသားတစ်ယောက်လို နေရအုံးမယ်။အမှောင်ထဲမှာပဲနေရတာကြိုက်တယ် မျက်စိမှိတ်လိုက်တိုင်း မဲမှောင်သွားတဲ့အရသာကိုကြိုက်တယ်။ တိတ်ဆိတ်ခြင်း လွတ်လပ်ခြင်းကိုခံစားရတယ်။
လူသားတွေ အတူနေရတာအစားအသောက်တွေနဲ့ အတူနေရသလိုပဲ။vampire တစ်ယောက်ကလူသားတစ်ယောက် မဖြစ်လာနိုင်သလို လူသားတွေနဲ့လဲ အတူမနေနိုင်ပါဘူး ဘာလို့လဲဆိုတော့ လူတွေကအစာဖြစ်နေလို့။
ကျောင်းပထမဆုံးတက်တဲ့နေ့ဆိုတော့ ပြဿနာမဖြစ်ဖို့ပဲမျှော်လင့်"ဘေးဖယ် ဘေးဖယ်"ရှေ့သွားနှစ်ချောင်းကြီးကြီး ဆံပင်ခပ်ရှုပ်ရှုပ်နဲ့ အလန့်တကြားအော်နေတဲ့ကောင်လေးတစ်ယောက်။
အရှိန်နဲ့မောင်းလာတဲ့ စက်ဘီးက ဘရိတ်မမိဘဲနဲ့ ရှေ့တည့်တည့်ကို ရောက်လာတော့ ဖမ်းလိုက်တယ်။အသာလေးဆိုပေမဲ့ မနည်းဖမ်းလိုက်သလိုဟန်ဆောင်လိုက်သည်။
"ဟူး တော်ပါသေးတယ် ကျေးဇူး"
သူပြောတဲ့စကားကို ဆုံးအောင်နားမထောင်ပဲထွက်လာခဲ့တယ်။ပထမဆုံးနေ့မှာတင် အချိုဆုံးသွေးနံ့ကို ခံစားလိုက်ရတာ ကံဆိုးမှုတစ်ခုပဲ။အပြင်လောကထဲကို ထွက်မလာချင်ဘူး လူတွေနဲ့အနံ့ကိုသည်းမခံနိုင်ဘူး။အထူးသဖြင့် ခုနကတစ်ယောက်အနံ့က အရမ်းမွှေးသည်။နိမိတ်မကောင်းတာပဲ။
"အားလုံးပဲ ကိုယ့်နေရာကိုယ်ထိုင်မယ် ကျောင်းသားအသစ် နှုတ်ဆက်လိုက်"
"Bright ပါ"
"ဒါပဲလား ပြောစရာရှိသေးလား"မျက်လွှာကို ချရင်း ခေါင်းခါပြလိုက်တယ်။
"အင်း ဒါဆို ဟိုလွှတ်နေတဲ့နေရာမှာ ဝင်ထိုင်လိုက် ဒါနဲ့ Win တစ်ယောက်ရော "
ဆရာမပြောတဲ့ နေရာကို ဖြည်းဖြည်းခြင်းလျောက်သွားလိုက်တယ်။ဒီလို ပြတင်းပေါက်နားမှာ ထိုင်ရတာ တကယ်ကောင်းတယ်။အထူးသဖြင့် ဘေးခုံမှာလူရှိမနေဘူး။
