抖阴社区

??????? - ?? (Zawgyi + Unicode)

25.5K 2.9K 161
                                        

For Zawgyi

ပြန်ထွက်လာတော့မှပဲ ခြံဝက ဆိုင်းဘုတ်သေးသေးလေးကို မြင်သည် ။ "ခိုလှုံရာ"....တဲ့ ။ အဓိပ္ပါယ်ရှိလိုက်တဲ့ နာမည်လေး ။

ကားပေါ်ရောက်တဲ့အထိ ဦးသာမျက်နှာပေါ်မှ အပြုံးတို့က ပျောက်မသွားသေး ။ ဦးသာအနေနဲ့ ထိုကလေးလေးတွေကို တော်တော်ချစ်မှန်း ထိုအပြုံးတွေက သက်သေခံနေလေသည် ။ ကလေးတွေကို ကြည့်ရင်း ပြုံးတဲ့ ဦးသာရဲ့အပြုံးတွေဟာ ဘယ်လောက်များ လှိုက်လှိုက်လှဲလှဲရှိလဲဆိုရင် နဂို ကလေးမချစ်တတ်တဲ့ ချမ်းတောင် ဦးသာထံမှ မေတ္တာတွေကူးစက်ကာ အလိုလို လိုက်ပြုံးမိသည်အထိ ။

" ဦးသာ "

" အင်း "

" ဒီဂေဟာလေးကို ဦးသာတာဝန်ယူပြီး လှူထားတဲ့အကြောင်း မသဲပြောပြလို့ ကျွန်တော် အကုန်သိပြီးပြီ "

" ဟုတ်လား "

" အခုလိုလုပ်ဖို့ ဘယ်လိုစိတ်ကူးရသွားတာလဲဟင် "

ချမ်းရဲ့မေးခွန်းဆုံးတော့ ဦးသာရဲ့ မျက်နှာက တည်သွားကာ သက်ပြင်းတစ်ချက်ချလိုက်လေတော့..... ။

ဘုရားရေ.... ခက်ခက်ခဲခဲ မြင်တွေ့ခွင့်ရထားတဲ့ ဒီမျက်နှာပေါ်ကအပြုံးတွေကို မေးခွန်းတစ်ခုနဲ့ ကျွန်တော်ကိုယ်တိုင်ပဲ ဖျောက်ဖျက်လိုက်မိတာလား ။

" အခု မဖြေလို့ရမလား "

" ဗျာ... "

" မင်းမေးခွန်းကိုလေ ၊ အခု မဖြေဘဲ နောက်မှ...အင်း...တစ်ချိန်ချိန်ပေါ့ ၊ အဲ့ဒီကျမှ ဖြေလို့ရမလား "

" ရ... ရပါတယ် ၊ ဦးသာအဆင်မပြေရင် မဖြေပါနဲ့ ၊ ကျွန်တော်က ဟိုဒင်း...ဒီ ဒီတိုင်းပဲ.... "

" မဖြေချင်လို့မဟုတ်ဘူး ၊ တစ်ခွန်းတည်းဖြေလိုက်ရုံနဲ့ မလုံလောက်တဲ့ အကြောင်းအရာတွေမို့ ၊ တစ်နေ့ကျမှ အေးအေးဆေးဆေး ပြောပြတော့မယ် "

" ဟုတ် ရပါတယ် ဦးသာ ၊ ဒါနဲ့လေ နောက်တစ်ခါ ခိုလှုံရာ ကို ဦးသာသွားတိုင်း ကျွန်တော့်ကို ခေါ်ပါနော် "

" ဘာလို့လဲ ၊ မင်းက ကလေးမချစ်တတ်ဘူးမဟုတ်လား "

" အင်း ကလေးတော့ မချစ်တတ်ဘူး ၊ ဒါပေမယ့် ကျွန်တော်မချစ်တတ်တဲ့ ကလေးတွေထဲမှာ ခိုလှုံရာ က ကလေးတွေမပါဘူး "

??????? ???? ( ??????? ???? )Completed Where stories live. Discover now