抖阴社区

~7~

9.1K 1K 75
                                        

(Unicode)

"ပါမောက္ခ ဂျွန် ပါမောက္ခ"

နားထဲ၌ ဌာနမှူးဂန်ရဲ့ အသံကိုကြားရတာကြောင့် သူ မျက်လုံးပွင့်လာမိ။

ခရီးပင်ပန်းဒဏ်ကြောင့်လားမ​ပြောတတ် အရမ်းအိပ်လို့ကောင်းခဲ့သည်။

"ပါမောက္ခ လန်းသွားအောင်ရေချိုးလိုက်ပါလား"

"ဟုတ်ကဲ့"

ပေါ့ပါးဖြစ်စေမဲ့ ရှပ်အဖြူတစ်ထည်နဲ ဘောင်းဘီတိုကို ယူကာ သူထွက်လာလိုက်သည်။

မှောင်ရီစဖြစ်နေပေမဲ့လည်း မြင်သာနေသောအခြေနေကြောင့် သူဘာမှမစိုးရိမ်။

ထရံတွေသာ ပတ်ထားသော ရေချိုးခန်းထဲသို့ သူဝင်လိုက်ပြီး ကိုယ်လက်မျက်နှာသစ်နေတုန်း..

"ချောက်!"

သစ်ကိုင်းခြောက်ကျိုးသံကြောင့် သူလှည့်ကြည့်လိုက်တော့ ဖြတ်ပြေးသွားသောအရိပ်တစ်ခု..။

ထရံပေါက်ကနေ မဲမဲ အရိပ်သာလှမ်းမြင်လိုက်တာကြောင့်သူ လန့်သွားမိ။ကိုယ့်နယ် ကိုယ်မြေမဟုတ်တာကြောင့် စိုးရိမ်စိတ်ကတော့ ရှိနေခဲ့သည်။

အမြန်ချိုးပြီးကာ ပင် သုတ်သုတ်ထွက်လာလိုက်တော့ ဌာနမှူးဂန်ဖြင့်တန်းတိုးတာကြောင့် သူနည်းနည်းစိတ်လျော့လိုက်သည်။

"ပါမောက္ခ ဂျွန် ဦးလေးမင် တို့ကခေါ်နေပြီ"

"ကျွန်တော်လိုက်ခဲ့မယ် အရင်သွားနှင့်ကျပါ"

"ဟုတ် ဒါဆိုအရင်သွားနှင့်လိုက်မယ်"

လူကြီးတွေကိုမစောင့်စေချင်တာကြောင့် အမြန်ပင်ဘအင်္ကျီလဲကာ သူထွက်လာလိုက်သည်။သူရောက်တော့ အားလုံးက စကားပြောကာ စောင့်နေကြတာကြောင့် သူလဲအားနာကာ

"တောင်းပန်ပါတယ် နဲနဲနောက်ကျ"

ဘေးရိပ်ကနေဖြတ်ခနဲမြင်လိုက်ရတဲ့ သူ​ကြောင့် သူပြောလက်စ ရပ်သွားရသည်။

တွေ့လိုက်ရတဲ့သူကြောင့် ဂျောင်ဂု မျက်ခုံးများပင့်တက်ကာ ဘာစကားမှမဆိုနိုင်တော့..
တစ်သက်မှာ သူနဲ့သာဖြစ်ဖူးတဲ့ရင်ခုန်သံတစ့ချို့က သူ့ဘေးနားက မြင်လိုက်ရတဲ့ လေးထောင့်ဆန်အပြုံးပိုင်ရှင်ကြောင့် ပြန်လည်နိုးထလာခဲ့သည်။

Epilogue Where stories live. Discover now