Zawgyi
"ဂျိမ်း ဆိုတာ ဘယ်သူလဲ ထွက်ခဲ့စမ်း!"
ဟိန်းခနဲထွက်သွားတဲ့ အသံနဲ့အတူ စားသောက်
ဆိုင်က လူတွေက သူတို့ကို ကွက်ကြည့်
ကွက်ကြည့်နဲ့ လှည့်ကြည့်လာကြတယ်။
ဘေးကမိုက်ခ် ကတော့ မျက်စိမျက်နှာ
ပျက်လျက်။"ရိပေါ် တော်ပါတော့ကွာ ဒီလိုစားသောက်
ဆိုင်မှာ သူမရှိလောက်ပါဘူး ပြန်ရအောင်"မရှိဘူး ပြောတာထက်ကို မရှိစေချင်တာ။ ရိပေါ်
အကြောင်းကို မိုက်ခ်က ကောင်းကောင်းသိ
တယ်။အခုလည်း လူအများအပြားရှိနေတဲ့ စားသောက်
ဆိုင်မှာတောင် အော်လားဟစ်လားလုပ်ရဲတာ
နည်းတဲ့ သတ္တိလား။"မင်းငြိမ်ငြိမ်နေ မိုက်ခ်။ သူဒီမှာ ရှိမှန်းငါသိ
တယ် ဟေ့ကောင် မင်းသတ္တိမရှိဘူးလား ဟမ်!
သူများဟာကိုမှ နှိုက်စားချင်တဲ့ကောင် ဘာလဲ
မစားလိုက်ရလို့ ရှက်ပြီးမထွက်လာရဲတော့တာ
လား!"ထပ်မံဟိန်းထွက်သွားတဲ့အသံကြောင့်
မိုက်ခ်ကတော့ အခြေမဟန်တော့မှန်းသိလိုက်
ပြီ။ မကြာလိုက်ပါ။ ထိုင်ခုံပေါ်မှ လူတစ်ယောက်
ထလာပြီး သူတို့ဆီကို တည့်တည့်လျှောက်လာ
သည်။ပုံစံကြည့်ရုံနဲ့ နည်းတဲ့အဆင့်အတန်းက မဟုတ်
မှန်း သိသာသည်။ ရိပေါ်ကတော့ အေးအေး
ဆေးဆေးပင် နှုတ်ခမ်းတစ်ဖက်ကို တွန့်ကွေး
နေအောင် ပြုံးလိုက်ပြီး"ဒါဖြင့် ခင်ဗျားက ဂျိမ်းပေါ့ ဘယ်လိုလဲ
လုစားရတာ အရသာရှိရဲ့လား""ဒါပေါ့ သိပ်ရှိတာပေါ့ မင်းအစ်မကလည်း
အရသာရှိမယ့် ပုံလေ"ဒေါသထွက်သွားတဲ့ ရိပေါ်က လျင်မြန်စွာပင်
အသင့်ပါလာသော တုတ်နှင့် ဂျိမ်းဆိုသော
လူကို အားကုန်လွဲရိုက်လိုက်လေသည်။ရုတ်တရက်ဆန် သလို မျှော်လင့်မထားတဲ့
အချိန်မို့ ထိုလူမှာ အငိုက်မိကာ လဲကျသွားလေ
သည်။ခေါင်းမှ နဖူးပေါ်သို့ စီးကျလာသော သွေး
တွေက မြင်မကောင်း။"မင်း!"
ဒေါသတကြီးဖြင့် ပြန်အော်ဟစ်လာသော လူကို
ရိပေါ် နောက်တစ်ကြိမ် အားကုန်လွဲရိုက်လိုက်ပြီး
မြေပြင်နှင့် မျက်နှာမှိတ်ဆက်ကာ ငြိမ်သက်သွား
လေသည်။

YOU ARE READING
Only You (Complete)
Fanfiction????????????? ??????????????????? ???????????? ????????????? ??????????????????? ??????????... ???????????? ??????????????????? ???????????? ????????????? ??????????????????? ??????????...