Zawgyi #
Flash back Last Night @ Restaurant
ဘုန်းရှိန်ဝါတို့ထွက်သွားပြီးနောက် အူကြောင်ကြောင်ဖြင့် ကောင်းမြတ်မှူးသည် မြသက်ခြယ်နှင့်အတူ ကျသင့်ငွေကို ရှင်းပေးပြီးနောက် ကားပါကင်သို့ထွက်လာလိုက်သည်။ အလာတုန်းက ဘုန်းရှိန်ဝါနှင့် အတူ လာခဲ့၍ ကောင်းမြတ်မှူး ကားကို ဆေးရုံတွင်ထားခဲ့မိသည်။ စောစောပိုင်းက ပြန်မည်ဆိုပြီးမှ မတည့်သော ညီမဖြစ်သူ မြသက်ခြယ်တို့အုပ်စု နှင့်ရောပြီး တစ်ဝိုင်းတည်းထိုင်သည့်အပြင် ၊ ရှေးဝသုန်ဆိုသော ကောင်လေးကို တစ်ချိန်လုံး စိုက်ကြည့်နေသော သူငယ်ချင်းဖြစ်သူကို ဘေးမှ ခပ်မဆိတ်သာ အကဲခတ်ကြည့်နေမိသည်။
သိပ်ပင်မကြာလိုက် သို့သွားသော ကောင်လေးနောက်ကို ဆွေ့ကနဲလိုက်သွားကာ ပခုံးဖက်ပြီး ပြန်လာသော ဘုန်းရှိန်ဝါ ၊ ထိုမျှပင်မက ထိုကောင်လေးကိုလည်း အိမ်တိုင်ရာရောက်လိုက်ပို့ရမည်ဆိုပြီး ဆိုင်ထဲမှ ကော့ပက် ကော့ပက်ဖြင့် ထွက်သွားသော သူငယ်ချင်းကို ကောင်းမြတ်မှူး နားလည်ရခက်နေလေသည်။
" ကိုကောင်းမြတ် တက်လေ ဘာငေးနေတာလဲ "
" အော် အေး "
ကားရှေ့ခန်းတွင် ၀င်ထိုင်လိုက်ပြီးနောက်
" သက်ခြယ် နင်အချိန်ရလား "
ခေါ်သည်ကို လှည့်ကြည့်လာသော မြသက်ခြယ်သည် ကောင်းမြတ်မှူးကို ကြည့်လိုက်ကာ
" ဟုတ် ကိုကောင်းမြတ် ဘာဖြစ်လို့လဲ "
ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီသောက်ရင်း စကားခဏလောက်ပြောရအောင် "
" အိုကေလေ "
သို့ဖြင့် ကောင်းမြတ်မှူး နှင့် မြသက်ခြယ်တို့ Juncity Cityရှိ ကော်ဖီဆိုင်တစ်ဆိုင်သို့ရောက်လာခဲ့ကြသည်။
ကော်ဖီခွက် တစ်ခွက်စီကိုရှေ့ချရင်း
" နင့်သူငယ်ချင်းနဲ့ ရှိန်ဝါနဲ့က ဘာတွေလဲ "
အစမရှိဘဲ မေးချလာသော ကောင်းမြတ်မှူး စကားကြောင့် မြသက်ခြယ် ခေါင်းခါကာ ဆံပင်အဖြားများကို လက်ဖြင့် လိမ်ကျစ်နေရာမှ မော့ကြည့်လိုက်သည်။
YOU ARE READING
??????????????? ????????????????? / ??????????????? ?????????????????
Romance?????????? ???????????????????????????????? ???????????????? ???????????? ???????? ????????? ????????????????? ???????????????????????? ......................... ?????????? ????????????????????????????????? ???????????????? ???????????? ????????...
