抖阴社区

[COMPLETED] ??????????? || ??...

By Boss_want_to_eat_you

664K 82.1K 1.5K

Author: ??????????????? Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[?] ????????????????????????????????????
[?.?] ???????????
[?.?] ???????????
[?.?] ???????????????????????
[?.?] ???????????????????????
[?.?] ??????????????????????????
[?.?] ??????????????????????????
[?.?] ???????????????????
[?.?] ???????????????????
[?] ????????????????
[?] ??????????????????????
[?] ?????????????????????
[?] ???????
[??] ???????????????????????
[??] ??????????????????
[??] ???????????????
[??] ????????????????
[??] ??????????????????????
[??] ????????
[??]??????????????????????????????????
[??] ???????????????????????????
[??] ???????????????????????
[??] ??????????????????
[??] ????????????????????
[??] ????????????????????
[??] ?????????????????
[??] ?????????????????
[??] ?????????????????????????????????????????
[??] ????????? ???????????????????
[??.?] ???????????????????
[??.?] ???????????????????
[??] ??????????????????
[??] ???????????????
[??] ?????????? ???????????????
[??] ????????????? ????????????????????????
[??] ????????????????????
[??] ????????????????????
[??] ???????????????????? ??????????????????? ????????????????
[??] ???????????
[??] ?????? (????????????????????)
[??.?] ???????????????????? ?????????????? ??????????????????????
[??.?] ???????????????????? ???????????????? ????????????????????????
[??.?] ???????????????????? ?????????????? ??????????????????????
[??.?] ???????????????????? ???????????????? ????????????????????????
[??] ?????????????????????????
[??] ?????????????????
[??] ??????????????????????????????
[??] ??????????????????????
[??] ????????
[??] ??????????????????????
[??] ???????????? ????????????????? ??????????????????????????????
[??] ???????????? ????????????????? ??????????????????????????????
[??] ?????????????????
[??] ???????????????????????????????????
[??] ????????????????
[??] ????????????????????????????????
[??] ???????????????????
[??] ????????????
[??] ???????
[??] ??????????
[??] ?????????????????? ????????????????
[??] ?????????????
[??] ???????????
[??] ????????????
[??] ????????????????? ?????????? ??????????????
[??] ????? ????????????????????
[??] ?????????????????????? ????????????????
[??] ??????????????
[??] ???????????????????????
[??] ???????????????
[??.?] ????????????? ????????????
[??.?] ????????????? ????????????
[??] ????????????????????????? ????????????? ???????????????????
[??] ???????????????????????
[??] ??????????
[??] ???????????????
[??.?] ????????????????
[??.?] ????????????????
[??] ???????? ? ????????????????????????????
[??.?] ??????
[??.?] ???????
[??] ??????????????????????????? ??????????????
[??] ??????????????????
[??] ????????????????????????????
[??] ????????????? ??????????????
[??] ???????????????
[??] ???????????
[??] ?????????? ?????????????
[??] ??????????????????????????
[??] ????????
[??] ?????????????
[??] ?????????
[??] ??????????
[??] ???????????????????????????
[??] ?????????????????????????????????????
[??] ??????????????????????????????????????
[??.?] ??????????????????????????????????? ??????????????????
[??.?] ????????????????????????????????? ??????????????????
[??] ??????????????
[??.?] ??????????
[??.?] ??????????
?????????[??] ?????????
?????????[??] ?????????
Author's Series.
????????: ?????????????????????-(?)
????????: ?????????????????????-(?)
????????: ?????????????????????-(?)
???????+??????????????

[??] ??????????? ????????????????

3.3K 534 2
By Boss_want_to_eat_you

အခန်း(၃၇) ဒီရေနက်များ မြင့်တက်လာခြင်း

သူ့ကို ဒီမေးခွန်းဖြင့် စိတ်ရှုပ်ထွေးစေနေစဥ်မှာပင်၊ ယွင်ရှဲ့သည် လှောင်ပြောင်သံပြုကာ ကျန်းရွှင်းယီလက်တွေကြားထဲကနေ သူ့လက်မောင်းကိုဆွဲထုတ်လိုက်သည်။ သူ့ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်ပြီးတော့ သူဟာ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

ကျန်းရွှင်းယီမှာ ဒီလိုဒေါသပေါက်ကွဲမှုကြောင့် အရမ်းကိုပဟေဠိဖြစ်သွားရသည်။ ပြီးတော့ ယွင်ရှဲ့၏ဒေါသက နေ့တစ်ဝက်တောင်မကြာဘူးဆိုတာ သူသိနေတယ်လေ။ ဒါကြောင့် သူလည်း ယွင်ရှဲ့၏နောက်တီးနောက်တောက်အမူအရာကို အမှုမထားတော့ဘူး။ ဟွမ်ရန်ကိုထိန်းသိမ်းထားတဲ့ အခန်းဆီကိုပဲ လမ်းကြောင်းပြောင်းလိုက်ပါ၏။

သူ ခြေလှမ်းနှစ်လှမ်းပဲလှမ်းရသေးသည်။ အချိန်အကြာကြီးပျောက်ဆုံးနေခဲ့ပါသော စနစ်၏ အသံဟာ သူ့စိတ်ထဲတွင် ပဲ့တင်သံထပ်လာသည်။

[ဇာတ်ကြောင်းအကြမ်းဖျဥ်းဖော်ပြချက်: ဗီလိန်ကျန်းရွှင်းယီသည် ငယ်သူငယ်ချင်းဖုန်ချိုးကို ချစ်နေခဲ့ပြီး ဖုန်ချိုး၏နှလုံးသားထဲတွင် ရှိနေခဲ့သော ယွင်ရှဲ့ကို မနာလိုဖြစ်နေခဲ့သည်။ နောက်ဆုံးတွင်၊ စိတ်၏လှုံ့ဆော်ချက်အတိုင်းလိုက်လံလုပ်ဆောင်ခဲ့သည်။ သူဟာ ဖုန်ချိုးတစ်ယောက်တည်းရှိနေတာကို အခွင့်အရေးယူကာ သူမအား မတရားပြုကျင့်ခဲ့သည်။ ထို့နောက် သူသည် ယွင်ရှဲ့၏အရှေ့တွင် ထိုအဖြစ်အပျက်ကို ကြွားလုံးထုတ်ပြီးတော့ သူ၏ကြာရှည်စွာဖြစ်တည်နေခဲ့သော ခံစားချက်တွေကို ထွက်ပေါက်ပေးခဲ့သည်။

နောက်ဆုံးအဆုံးသတ်: ကျန်းရွှင်းယီ၏ဂုဏ်သတင်းဟာ တိုက်ပွဲရှုံးနိမ့်သွားချိန်တွင် ပျက်စီးယိုယွင်းသွားခဲ့ပြီး နာမည်ပျက်ခဲ့ကာ ယွင်ရှဲ့၏သတ်ဖြတ်ခြင်းခံခဲ့ရသည်။

အသစ်ထွက်ရှိလာသည့်မစ်ရှင်: 'ကျန်းရွှင်းယီ'ကို ကူညီပြီးတော့ ဇာတ်ကြောင်းကိုပြီးဆုံးအောင်လုပ်ပါ။ အသေးစိတ်ကိုတော့ သင့်ရဲ့နည်းလမ်းအတိုင်းလုပ်ပါ။

အဆုံးသတ်ပန်းတိုင်: ယွင်ရှဲ့၏သတ်ဖြတ်ခြင်းခံရမည်။

ဆုလာဘ်: အိမ်ကိုပြန်မည့်ပရိုဂရမ်ကို စတင်မည်။]

ကျန်းရွှင်းယီ၏ခြေလှမ်းများရပ်တန့်သွားရသည်။ သူ၏နှလုံးသားမှာလည်း သူ့ရင်ဘတ်ထဲတွင် မိုးချုန်းသံကဲ့သို့ တဒိန်းဒိန်းမြည်နေပါ၏။

သူ့ဇာတ်ကြောင်းက သိပ်မကြာခင်မှာပြီးတော့မယ်လို့ သူ မမျှော်လင့်ထားခဲ့ချေ။ သို့သော်လည်း၊ ဒီစာအုပ်ကြားက ဒီကမ္ဘာကြီးထဲမှာ သူဟာ သတိမမူမိစွာဖြင့် မရေတွက်နိုင်သော နေ့ရက်တွေကို ဖြုန်းတီးပစ်ခဲ့လေသည်... အထောက်အပံ့ပေးရတဲ့ဇာတ်ကောင်တစ်ယောက်အတွက်၊ သူသည် အဓိကဇာတ်ဆောင်နှင့်အတူ လမ်းအရှည်ကြီးကို လိုက်ပါပြီးနေလေပြီ။

သူတွေးဖူးပါသည်။ ဒီနေရာမှာ သူ့ဘဝရဲ့အဓိပ္ပါယ် ဒီတာဝန်တွေကိုပြီးဆုံးအောင်လုပ်ပြီး အိမ်ပြန်ရမယ်ဆိုတာကိုပေါ့။ အဲ့ဒီ့ဆေးရုံကုတင်ပေါ်မှာ အချိန်အကြာကြီးလဲလျောင်းရပြီးနောက်တွင်၊ ယခုကျန်းရွှင်းယီဟာ သူ့မိခင်၏နီရဲနေသောမျက်လုံးများနှင့်သူမ၏မျက်ရည်တွေကို မှတ်မိနေဆဲပင်။ ပြီးတော့ သူ့ဖခင်နှင့်အစ်ကို၏မျက်တွင်းချောင်ကျနေသော မျက်နှာတွေကိုရောပေါ့။ သူတကယ်ကို ပြန်သွားချင်ပါ၏။ သူပြန်လည်နေကောင်းပြီးတော့ ကျန်းမာရေးကောင်းမွန်တဲ့သူ့ကိုယ်သူကို သူတို့ကို ပြသချင်သည်။

ဒါပေမယ့် ဒီအချိန်ကို တကယ်တမ်းရောက်ရှိလာတော့၊ ဘာလို့များ သူ့နှလုံးသားက အရမ်းကို တွန့်ဆုတ်နေပြီးတော့ စိတ်မပါသလို ဖြစ်နေတာပါလိမ့်။

ပြီးတော့ ဒီလိုထွက်ခွာတဲ့နည်းလမ်းကလည်း၊ တကယ့်ကို....

ဒီအထိတွေးမိပြန်တော့၊ သူ့နှလုံးသားဟာ တုန်လှုပ်သွားရသည်။ သူသည် စိတ်ခံစားချက်တွေကို ဆက်လက်ပေါက်ကွဲဖို့ရာ ငြင်းဆန်လိုက်ပြီး စနစ်နှင့်သာ မြန်မြန်ဆန်ဆန် အငြင်းအခုံလုပ်လိုက်သည်။
"ငါက ဖုန်ချိုးကို မတရားပြုကျင့်ရမယ်လို့ မင်းငါ့ကိုပြောလိုက်တာလား။ ဝှက်သယ်ဖာ့ခ်။ ငါ့လာနောက်နေတာလားဟ။ ရုပ်ရှင်နဲ့ ဖလင်ထဲက မင်းသားတွေတောင်မှ အစားထိုးပြီးလုပ်ကြတာလေ။ အစကတည်းက တာဝန်တွေကို ပြီးအောင်လုပ်ဖို့ပဲ ငါလက်ခံထားတာ။ ငါ့ရဲ့ကိုယ့်ကျင့်တရားကို ရောင်းစားဖို့မဟုတ်ဘူး။"

[ဒီစာအုပ်ထဲက အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနှင့်၊ ဒီဇာတ်ကြောင်းကို ကျော်ခွလို့မရပါဘူး။ သင့်ရဲ့တောင်းဆိုချက်ကို ငြင်းပယ်ပါသည်။]

ကျန်းရွှင်းယီ: "....." ဒီလိုမသင့်လျော်တဲ့ခေါင်းစဥ်မျိုးနဲ့ မင်းဆင်ဆာဖြတ်ခံရမှာ မကြောက်ဘူးလား။ အပိုင်းတွေ လော့ခ်ကျမှာကိုရော မစိုးရိမ်ဘူးလား။

[သင့်ရဲ့ဆက်သွယ်ရေးဘာသာစကားက Systemရဲ့နားလည်နိုင်စွမ်းနယ်ပယ်ကို ကျော်လွန်နေပါသည်။ အဓိပ္ပါယ်ဖော်လို့မရနိုင်ပါ။ ကျေးဇူးပြုပြီး မတူညီတဲ့နည်းလမ်းကို ပြောင်းသုံးပေးပါ။]

ကျန်းရွှင်းယီ: "....." တုံးအ,ချင်ယောင်ဆောင်နေတယ်ပေါ့လေ။ တကယ်အရှက်မရှိတာပဲ။

ဒါကိုတွေးတောမိပြီးနောက်မှာ၊ သူ့နှလုံးသားက အခက်အခဲဖြစ်မနေတော့ချေ။ စနစ်က လက်မခံဘူးဆိုတော့လည်း၊ ကောင်းပြီလေ။ ကျန်းရွှင်းယီက စည်းမျဥ်းတွေကိုအမြဲလိုလိုလိုက်နာတတ်တဲ့ လူသစ်လေးမှမဟုတ်တော့ပဲ။ သူက ကိစ္စတော်တော်များများကို ကောင်းကောင်းသိနေပြီးသား။ စနစ်ကကိုယ်စားပြုတဲ့မစ်ရှင်တွေက အရမ်းကိုစည်းကမ်းကြီးပြီး သွေဖီလို့မရဘူး။ ဒါပေမယ့် သေချာဂရုစိုက်တဲ့မျက်လုံးနဲ့ဆိုရင်၊ ယိုစိမ့်နိုင်တဲ့ အပေါက်မရှိဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။ သူက လက်ရှိမှာ ဒီကိစ္စကို ကျော်ခွသွားလို့မရဘူးဆိုတော့၊ သူဒါကို ဘေးပို့ထားဖို့ဆုံးဖြတ်ထားလိုက်ပြီ။ ဘာပဲဖြစ်ဖြစ်လေ၊ ဒါက....အရေးမကြီးပါဘူး။

သူက ဒီမှာ နှစ်တွေအကြာကြီးနေလာပြီးပြီ။ အပိုတစ်ရက်၊ နှစ်ရက်လောက် နေလိုက်ရလို့လည်း ကိစ္စမရှိပါဘူး။ ကျန်းရွှင်းယီသည် အိမ်ကိုပြန်တဲ့ကိစ္စက ဖိစီးစရာကိစ္စမဟုတ်ဘူးလို့ တကယ်ပဲခံစားရ၏။

ဒီအထိစဥ်းစားနေစဥ်မှာပဲ၊ သူဟာ ကံမကောင်းလှတဲ့ဆရာတူညီလေးဟွမ်ရန်ကို သွားရှာပြီးတော့ ဘဝအကြောင်းဟောကြားဖို့ပဲ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ထိုအချိန်မှာပဲ၊ အညံ့စားဝတ်ရုံနှင့်လူအိုကြီးတစ်ယောက်က သူ့ဆီကို လာနေတာကို သူရုတ်တရက်မြင်လိုက်ရသည်။

ဤလူအိုကြီးမှာ မငယ်ရွယ်တော့ချေ။ သို့ပေမယ့် သူ၏စိတ်ဝိညာဥ်ကတော့ ကျန်းမာသန်စွမ်းကာ သန်တုန်းမြန်တုန်းပင်။ သူ၏ကိုယ်ပေါ်က ဝတ်ရုံသည် ရိုးစင်းသော်လည်း ၎င်းတို့မှာ သန့်ရှင်းသပ်ရပ်နေသည်။ ဒီအချိန်မှာ ကျန်းရွှင်းယီသည် စစ်မှန်သောအပြုံးကို ပြုံးလိုက်ပြီး အသံကိုမြှင့်လိုက်သည်။
"ဦးလေးချန်၊ ကျွန်တော်ပြန်လာပြီ။"

ဦးလေးချန်သည် ကျင့်ကြံသူမဟုတ်။ ဒါပေမယ့် အစေခံတစ်ယောက်ဖြစ်ပြီး ထာဝရရှင်သန်သူဆရာတိမင်၏တံတိုင်းဝင်းတစ်ဝိုက်တွင် အလုပ်လုပ်ကိုင်နေသည်မှာ ကျန်းရွှင်းယီငယ်စဥ်ကတည်းကပင်။ သူ့မှာ ကျင့်ကြံသူတွေလိုမျိုး ရှည်ကြာသောသက်တမ်းမရှိသော်လည်းပဲ၊ ထာဝရရှင်သန်သူဆရာတိမင်သည် သူ့အား ဝိညာဥ်ဆေးဝါးအမြောက်အမြားပေးခဲ့သည်။ ဒါကြောင့် သူသည် ပုံမှန်သေမျိုးသက်တမ်းထက် ပိုရှည်အောင် နေနိုင်ခြင်းဖြစ်သည်။ ပြီးတော့ သူသည် ကျန်းရွှင်းယီအရွယ်ရောက်လာတာကိုလည်း ကြည့်နိုင်ခဲ့တယ်လို့ ပြောလို့ရသည်။ သူနှင့်ကျန်းရွှင်းယီကြားက ဆက်ဆံရေးမှာ ထူးကဲသည်။ ကျန်းရွှင်းယီကိုမြင်လိုက်သည်နှင့် သူ၏ရိုးဖြောင့်သောမျက်ခုံးကြားတွင် ပျော်ရွှင်ခြင်းနှင့်မြူးထူးခြင်းဟာ ချက်ချင်းပေါ်ပေါက်လာသည်။ သူသည် အလျင်အမြန်ပဲ တံမြက်စည်းကိုချလိုက်ကာ သူ့လက်ကို ဝတ်ရုံနှင့်သုတ်လိုက်သည်။

ကျန်းရွှင်းယီသည် အရှေ့ကိုလျှောက်သွားကာ သူ့အသွင်အပြင်ကို ဂရုမစိုက်ပါပဲနှင့် သူ့လက်ကို ဆွဲယူလိုက်သည်။
"ဦးလေးချန်၊ ဦးလေးက တစ်နှစ်ထက်တစ်နှစ် ပိုပြီးအိုလာပြီ။ အခုဆိုရင် ရှစ်စွင်းလည်း မရှိတော့ဘူးဆိုတော့၊ ဒီဝင်းထဲမှာ လုပ်စရာအလုပ် သိပ်မရှိတော့ဘူးလေ။ ဦးလေးအနားယူသင့်တယ်။ ဘာလို့ဒါတွေလုပ်နေအုံးမှာလဲ။"

ဦးလေးချန်ဟာ ပြုံးလိုက်ပြီး ကျန်းရွှင်းယီပုခုံးကို ပုတ်လိုက်သည်။
"မင်းလိုမျိုး ကလေးလေးက ငါ့လိုအဖိုးကြီးကို တာဝန်ယူဖို့ ကြိုးစားနေတုန်းပဲလား။ မင်းကိုယ်မင်းအရင်ဂရုစိုက်သင့်တယ်။ ကြည့်စမ်း။ မင်းဝိတ်ကျသွားတယ်။ မင်းလိုမျိုး လူငယ်တွေက အစာစားတိုင်း များများပိုစားဖို့လိုတယ်..."

ကျန်းရွှင်းယီ တိတ်တဆိတ်နားထောင်နေလိုက်သည်။ အရမ်းကိုမှ စိတ်ရှည်သည်းခံတဲ့အတိုင်းအတာနဲ့ပေါ့။ တကယ်တမ်းတော့၊ ဒီဖြစ်စဥ်ကို သူတော်တော်လေးနှစ်ခြိုက်နေတယ်လို့ ပြောလို့ရသည်။ ဘာကြောင့်လဲဆိုတော့ <<ကောင်းကင်ယံထက်က တိမ်လွှာများ>>၏ဇာတ်ကောင်ဖွဲ့စည်းပုံအရ၊ ဦးလေးချန်ဟာ သူ့အဖေဖြစ်နိုင်လောက်သည်။

ကျန်းရွှင်းယီသည် အစေခံ၏သားတစ်ယောက်ဖြစ်၏။

မူရင်းဇာတ်ကြောင်းအရ၊ ဦးလေးချန်ဟာ သူမည်သူဖြစ်ကြောင်းနှင့်သူ၏ဇစ်မြစ်ကို ကောင်းကောင်းကြီးသတိထားမိသော်လည်း၊ ကျန်းရွှင်းယီကိုယ်တိုင်ကတော့ ထိုအထိ မသိရှိခဲ့ချေ။ သို့သော်လည်း၊ သူဒါကို အရမ်းမကြာမီမှာ လေ့လာခဲ့သင့်သည်။ ပြီးတော့ ထုံးစံအတိုင်းပင်၊ ရှာဖွေတွေ့ရှိလာမယ့်ရလဒ်မှာ သူ့ကို အလွန်အမင်းမကျေမနပ်ဖြစ်စေကာ ယွင်ရှဲ့ကို ပိုပြီးမနာလိုဖြစ်လာလိမ့်မယ်။ ဘာလို့လဲဆိုတော့ ယွင်ရှဲ့က စိတ်ဝိညာဥ်စင်မြင့်ကျောက်စိမ်းညီနောင်ထဲကတစ်ယောက်ဖြစ်နေပြီးတော့ ထူးချွန်ပြီး ဂုဏ်သရေရှိတဲ့နောက်ခံအသိုင်းအဝိုင်းရှိသည့်အတွက်ပင်။ ဟုတ်တာပေါ့။ အခုတော့ ကျန်းရွှင်းယီအဲ့လိုမတွေးမိပါဘူး။ အကယ်၍ သူသာ အဲ့ဒီ့သောက်ကျိိုးနည်းလူလိမ်ယွင်ရှဲ့ကို မနာလိုဖြစ်ခဲ့ရင်၊ တို့ဖူးခြောက်ဝယ်ပြီး သူ့ကိုယ်သူသတ်သေပစ်လိုက်တာမှ ပိုကောင်းအုံးမယ်။

ဒါပေမယ့် ဦးလေးချန်ကို သူမြင်လိုက်ရတိုင်း၊ သူ့မှာ အရမ်းကိုကြင်နာတတ်တဲ့ခံစားချက်တွေ အမြဲလိုလိုရှိနေတယ်။ အကယ်၍ သူ့မိသားစုသာ ဒီမှာရှိရင်၊ ဒီနေရာက သူ့အိမ်လို့ခေါ်လို့ရနိုင်လောက်မည်။ သူ့အရင်ဘဝက ဖခင်ဖြစ်သူဟာ အမြဲတမ်းလိုလို ဖော်ရွေပျူငှာပြီးတော့ ခန့်ညားတင့်တယ်သောကိုယ်နှုတ်အမူအရာများဖြင့် ကြော့ကြော့မော့မော့ တန်ဆာဆင်ထားသည်။ အသက်အရွယ်ကြီးရင့်မှုထင်ဟပ်နေသောဒီလူအိုကြီးနှင့် လုံးဝကိုကွဲပြားခြားနားလေသည်။ သို့သော် သူတို့အားလုံးသည် သူ၏ဖခင်တွေပင်။ အခုဆိုရင် ထာဝရရှင်သန်သူဆရာတိမင်မှာ ဒီနေရာတွင်မရှိတော့ပြီ။ ဒီလူအိုကြီးတစ်ယောက်ကသာ ကျန်းရွှင်းယီတွင်ကျန်ရစ်ခဲ့သောအထောက်အပံ့ဖြစ်သည်။

ကျန်းရွှင်းယီ၏မဖော်ရွေသောစရိုက်နှင့်၊ သူသည် ရှည်လျားပြီးတော့လေးတိလေးကန်နိုင်သော 'စားသောက်ခြင်း၊ အိပ်စက်ခြင်းနှင့် အဝတ်ထူထူဝတ်ခြင်း'စသည်တို့ကို ပြုလုပ်ဖို့သတိရရန် မှာကြားသည့် တတွတ်တွတ်ပြောစကားများကို နားထောင်နေခဲ့သည်။ ထို့နောက်၊ သူ့လက်မောင်းထဲသို့အတင်းထိုးထည့်ပေးလိုက်သော အိမ်တွင်ထိန်းသိမ်းထားသည့်ကြက်ဥများကို သူ့လက်ထဲတွင် ကိုင်လျက်သားလေးပင်၊ ဟွမ်ရန်၏အခန်းထဲသို့ ရောက်ရှိလာသည်။

ကျန်းရွှင်းယီမှာ သူ့ကိုညှင်းပန်းနှိပ်စက်လိုသောရည်ရွယ်ချက်မရှိ။ သို့ပေမယ့် ဟွမ်ရန်က မိစ္ဆာဘုရင်ရွှမ်လီ၏ဝင်ပူးခြင်းခံရတဲ့အချိန်ကတည်းက၊ ကြောက်ရွံ့ကြနေကြသောလူတွေအားလုံးဟာ သူ့ကို အကြောင်းတရား၏အဓိကပစ်မှတ်သော့ချက်အဖြစ် ဆက်ဆံခဲ့ကြသည်။ ရလဒ်အနေဖြင့် သူ့ကို ကျန်းရွှင်းယီမြင်လိုက်ချိန်တွင်၊ ဟွမ်ရန်၏ခန္ဓာကိုယ်အား ပုရိတ်ကြိုး ၉မျှင်ဖြင့် ချည်နှောင်ထားကာ သူ၏နှဖူးတွင်လည်း အဝါရောင်အဆောင်စာရွက်ကို ကပ်ထားပါ၏။ သူသည် ကုတင်ပေါ်တွင် ဆန့်ဆန့်ကြီးလဲလျောင်းနေကာ သူ၏ကျောရိုးဟာလည်း ဖြောင့်မတ်နေပြီးတော့ သူ၏မျက်နှာမှာလည်း အချုပ်အနှောင်ကြောင့် ရဲရဲနီမြန်းနေပုံမှာ အသက်ရှင်ရန်အတွက် ဘာမှမကျန်တော့သည့် မုန်လာဥလေးနှင့်တောင် တူလှသည်။

"......." ကျန်းရွှင်းယီ ကျယ်လောင်စွာအော်ရယ်လုနီးပါးပင်။ သူ့နောက်ကလိုက်ကာ အထဲကိုဝင်လာသည့် အစောင့်အကြပ်ဂိုဏ်သားလေးများကို သူလက်ကာပြလိုက်သည်။
"ဒါတွေအားလုံးကဘာအတွက်လဲ။ သူ့ကိုလွှတ်ပေးလိုက်ပါ။"

ဂိုဏ်းသားလေးဟာ တုံ့ဆိုင်းနေကာ အချုပ်အနှောင်ကိုလျှော့ပေးဖို့ရာ မဝံ့မရဲပင်။
"ရှစ်ရှုန်းသတိထားသင့်တယ်။ ဒါ...တကယ်လို့ အစ်ကိုသူနဲ့စကားပြောနေတုန်းမှာ သူအစ်ကို့ကို လှည့်စားသွားမယ်ဆိုရင် ဘယ်လိုလုပ်..."

ကျန်းရွှင်းယီ စကားလုံးတွေကိုမဖြုန်းတီးချင်တော့။ ပြောသာပြောလိုက်သည်။
"အဲ့ဒီ့အတွက် သတ္တိရှိဖို့ အသက်ပေါင်း၈၀၀လောက် သူငှားရလိမ့်မယ်။ ရပါတယ်၊ သူ့ကိုလွှတ်သာလွှတ်ပေးလိုက်ပါ။ ပြီးရင် မင်းသွားလို့ရပြီ။"

ဂိုဏ်းသားလေးဟာ သူစည်းရုံးလို့မရမှန်းမြင်လိုက်ရပြီးတော့ ကျန်းရွှင်းယီစိတ်အခြေအနေကောင်းနေတာကိုလည်း သိလိုက်ရသည်။ ဟွမ်ရန်၏အချုပ်အနှောင်ကို လျှော့ပေးလိုက်ပြီး အဝါရောင်အဆောင်စာရွက်ကို ဖြုတ်ပစ်ဖို့ပဲ သူတတ်နိုင်တော့သည်။ အဲ့ဒီ့နောက်မှာ သူလမ်းလျှောက်ထွက်လာသည်။ ခြေလှမ်းတိုင်းမှာလည်း အနောက်ကိုလှည့်ကြည့်၊လှည့်ကြည့် လုပ်နေသေးသည်။

ဟွမ်ရန်သည် ကိုယ်ကိုလှိမ့်လိုက်ကာ ကုတင်ပေါ်တွင် ထထိုင်လိုက်ပြီးတော့ ကျန်းရွှင်းယီအား သတိအနေအထားနှင့်အကြောက်တရားတို့ဖြင့် ကြည့်နေလေသည်။ ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက်တွင်၊ သူဟာမြန်မြန်ဆန်ဆန်ပင် သူ၏ပုံမှန်ရိုးရိုးသားသားပုံစံလေးဖြင့်ခေါ်လိုက်လေသည်။
"ရှစ်ရှုန်း။"

ကျန်းရွှင်းယီ သူ့ဘာသာသူ ရေနွေးကြမ်းတစ်ခွက်လောင်းထည့်လိုက်ကာ တစ်ငုံသောက်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချသည်။
"ဒီလိုမျိုးမကျေမနပ်ဖြစ်နေပြီး စိတ်ပျက်အားလျော့စေတဲ့မင်းရဲ့ဒီအကြည့်ကသာ မျက်စိပဒေသာဖြစ်စေတယ်။ ရွှမ်လီရဲ့မျက်နှာအမူအရာလုပ်နေတဲ့ဒီမျက်နှာက တော်တော်လေးကြည့်မကောင်းရှုမကောင်းဖြစ်နေခဲ့တာ။"

ဤကဲ့သို့သာမန်ဖြစ်ပုံရသည့်လေသံနှင့် ရင်ဆိုင်လိုက်ရသည်နှင့်၊ ဟွမ်ရန်မှာ ဒီစကားဝိုင်းအား မည်ကဲ့သို့စတင်ရမလဲဆိုတာကို မသိတော့ပါချေ။ ဤအစား၊ သူ့နှုတ်ခမ်းပေါ်က အက်ကွဲကြောင်းအများအပြားကို ကျန်းရွှင်းယီသတိပြုမိလိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် ထာဝရရှင်သန်သူဆရာတိမင် မကွယ်လွန်ခင်က ပုံပန်းသွင်ပြင်အကြောင်း စဥ်းစားမိလိုက်သည်။ သူနောက်တစ်ငုံသောက်ပြီးတော့ ထိုခွက်အား ဟွမ်ရန်၏အရှေ့ကို တိုးပေးလိုက်သည်။
"ရော့၊ ရေနည်းနည်းသောက်လိုက်အုံး။"

ခွက်ကိုယူလိုက်ပြီးနောက်တွင်၊ ဟွမ်ရန်သည် မသောက်ချလိုက်ခင် အနည်းငယ်မျှတုံ့ဆိုင်းသွားသေးသည်။ သူတကယ့်ကိုရေအရမ်းဆာနေတာပင်။ ဒါ့အပြင် ကျန်းရွှင်းယီသာ သူ့ကိုသတ်ချင်ပါက အဆိပ်တောင်မလိုဘူးဆိုတာကို ဟွမ်ရန်သိနေပါ၏။

ကျန်းရွှင်းယီက သူသောက်တာကို ကြည့်နေသည်။ အပြာထဲက တစ်ခုအနေဖြင့် သူမေးလိုက်သည်။
"အဆုံးမှာတော့၊ ရှစ်စွင်းကိုသတ်တာ ဘယ်သူများလဲ။"

ဟွမ်ရန်ရေသီးသွားရသည်။

ကျန်းရွှင်းယီဖြည်းဖြည်းချင်းပြောလိုက်သည်။
"ရွှမ်လီကအဲ့လောက်စွမ်းအားမကြီးဘူး။ အကယ်၍ ရှစ်စွင်းကိုသာ သူသတ်နိုင်တယ်ဆိုရင်၊ ဒီနေ့ယွင်ရှဲ့နဲ့ ငါကြောင့် သူရှုံးနိမ့်သွားပါ့မလား။ ရှစ်တိ၊ ငါတကယ်သိချင်တယ်။ သူက ဘာကြောင့်မင်းကိုဝင်ပူးဖို့ရွေးချယ်ခဲ့တာလဲ။"

ဟွမ်ရန်၏ခန္ဓာကိုယ်တစ်ခုလုံးဟာ ပြင်းပြင်းထန်ထန်တုန်လှုပ်နေသည်။ ဤအချိန်လေးမှာတင်၊ အခန်း၏ဘေးဘက်တွင်ရှိသော ပြတင်းပေါက်မှာ ရုတ်တရက်ပင် 'ကျွီ'ခနဲအသံထွက်လာသည်။ ကျန်းရွှင်းယီခေါင်းလှည့်ကြည့်လိုက်သည်နှင့်၊ ဟွမ်ရန်မှာ ရုတ်တရက်ချင်းကြောက်လန့်တကြားအော်ဟစ်လာပုံမှာ သက်ရှိလူသားတစ်ယောက်၏အသံနှင့်တောင်မတူပါချေ။ သူသည် အပြေးအလွှားဖြင့် ကုတင်ပေါ်ကနေ တွားသွားဆင်းလာကာ ခုန်လိုက်ပြီးတော့ ကျန်းရွှင်းယီ၏ခြေသလုံးကို ဖက်လျက်သားလေးဖြင့် ခါးခါးသီးသီးငိုကြွေးလာတော့သည်။
"ရှစ်ရှုန်း၊ ကျွန်တော်မှားသွားပါတယ်! ကျွန်တော်မှားသွားပါတယ်! ကျွန်တော့ကိုသနားညှာတာပါ။ ကျွန်တော်တကယ်ပဲဘာမှမသိပါဘူး! မိစ္ဆာဘုရင်ရွှမ်လီက၊ သူက အရမ်းကြောက်ဖို့ကောင်းတယ်။ ကျ.ကျ.ကျွန်တော် ထပ်ပြီးတော့ သူဝင်ပူးတာမခံချင်တော့ဘူး!"

"......." ကျန်းရွှင်းယီ လေကြောင့်ပွင့်ကျလာသောပြတင်းပေါက်ကိုကြည့်လိုက်ကာ တိတ်တဆိတ်ပင် သူ့ခေါင်းကိုအနောက်ပြန်လှည့်လိုက်သည်။ ဤကဲ့သို့ အရှက်ရစဖွယ်အမူအကျင့်နှင့်၊ ဟွမ်ရန်သည် တကယ်ပဲ လျို့ဝှက်ပူးပေါင်းကြံစည်ရန်အတွက် လုံးဝကိုသင့်တော်တဲ့အရာတစ်ခုမဟုတ်ပါချေ။

အခန်းထဲသို့တိုးဝင်လာသည့်လေအေးများဟာ တစ်စုံတစ်ယောက်၏စိတ်ကိုကြည်လင်စေသည်။ ထို့ကြောင့် ကျန်းရွှင်းယီသည် အခုအတွက် ဒါကိုရိုးရိုးရှင်းရှင်ပင် လျစ်လျူရှူလိုက်ဖို့ရန် ဆုံးဖြတ်ချက်ချသည်။ သူသည် ဟွမ်ရန်၏ပုခုံးကို ဖိချကာ သူ့ခြေထောက်နှင့်ဝေးရာကို တွန်းပို့လိုက်ပြီးတော့ သူတည်တည်တံ့တံ့မေးလိုက်သည်။
"မင်း တကယ်ဘာမှမသိတာလား။"

ဟွမ်ရန်သည် ခေါင်းအဆက်မပြတ်ငြိမ့်ပြလာကာ တအီအီငိုနေသည်။
"ရှစ်ရှုန်း၊ ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် အစ်ကိုရဲ့ဂိုဏ်းခေါင်းဆောင်ရာထူးကို လုယူဖို့ကြိုးစားနေတာ မ မ မ မဟုတ်ပါဘူး။ အဲ့ဒါက ဟိုအကြီးအကဲနှစ်ယောက်လုပ်တာပါ! ကျွန်တော် တကယ်.."

ကျန်းရွှင်းယီပြောလိုက်သည်။
"ကောင်းပြီလေ။ ဘာမှထပ်ပြောစရာမလိုတော့ဘူး။ ငါအကုန်လုံးကိုသိတယ်။ အကယ်၍ မင်းစားချင်တာတစ်ခုခုရှိရင်၊ ပြောသာပြောလိုက်၊ ငါသူတို့ကို မင်းအတွက်လုပ်ခိုင်းလိုက်မယ်။"

ဟွမ်ရန်: "....."

သူငိုနေတာချက်ချင်းပင်ရပ်သွားရသည်။ မိန်းမောတွေဝေနေကာ သူကျန်းရွှင်းယီကိုကြည့်လာပုံက ဤစကားလုံးတွေကဘာကိုဆိုလိုလဲဆိုတာကို နားမလည်သည့်ပုံပင်။

ကျန်းရွှင်းယီသက်ပြင်းချလိုက်သည်။
"ဂိုဏ်းမှာဒီလိုတွေဖြစ်ပြီးတဲ့နောက်မှာ လင်းယင်ဂိုဏ်းက လက်ရှိမှာ ကသောင်းကနင်းဖြစ်ပြီးတော့ ရှုပ်ယှက်ခတ်နေတယ်။ တင်းကြပ်တဲ့ခေါင်းဆောင်မှုမရှိပဲနဲ့၊ လူထုကို စည်းရုံးသိမ်းသွင်းလို့ရပါ့မလား။ မင်းက စွမ်းအားကြီးဖို့အတွက် ဂိုဏ်းကိုဆန့်ကျင်ပုန်ကန်ခဲ့တာ။ ရှစ်စွင်းရဲ့သေဆုံးမှုက မင်းနဲ့မဆိုင်ရင်တောင်မှ၊ ရှစ်စွင်းမကွယ်လွန်ခင်အချိန်တုန်းက မင်းရဲ့အရိပ်အယောင်ကိုလုံးဝမတွေ့ခဲ့ရဘူး။ မင်းရဲ့စိတ်ထဲမှာရှိနေတဲ့တစ်ခုတည်းသောအတွေးက အကြီးအကဲနှစ်ယောက်နဲ့ပူးပေါင်းကြံစည်ပြီးတော့ ငါ့ကိုဘယ်လိုအပေးအယူလုပ်မလဲဆိုတာပဲ။ ဒီအပြုအမူလေးတစ်ခုနဲ့တင် သေဒဏ်ပေးခဲ့ရမယ့်ရာဇဝတ်မှုဖြစ်နေပြီ။ အကယ်၍ မင်းရဲ့နှလုံးသားထဲမှာ ဆိုးဝါးတဲ့စိတ်ခံစားချက်တွေသာမရှိခဲ့ဘူးဆိုရင်၊ မိစ္ဆာဘုရင်ကို မင်းဘယ်တော့မှဆွဲဆောင်မိမှာမဟုတ်ဘူး။ အခုလူတိုင်းရဲ့နှလုံးသားထဲမှာ သတိနဲ့စိတ်ရှုပ်ထွေးမှုရှိနေပြီ။ မင်းရဲ့အသက်ကို ငါချမ်းသာပေးနိုင်တဲ့နည်းလမ်းမရှိတော့ဘူး။"

ဟွမ်ရန်ကကြက်သေသေနေသည်။ သူ့မျက်လုံးထဲတွင် စိတ်ပျက်အားငယ်ခြင်းများအပြည့်ပင်။ ကျန်းရွှင်းယီ သူ့ကိုနောက်တစ်ခေါက်မကြည့်တော့ပဲ လှည့်ထွက်လာလိုက်တော့သည်။

တံတိုင်းဝင်းထဲကနေ ထွက်လာသည့်အပေါ်၊ ယွင်ရှဲ့မှာ တံခါးကိုနောက်ကျောပေးလျက်သားဖြင့် လက်နောက်ပစ်ထားတာကို သူတွေ့လိုက်ရသည်။ ကျန်းရွှင်းယီနည်းနည်းလေးတောင်မအံ့သြသွားပါ။ အေးဆေးပြောလိုက်ပါ၏။
"ပြတင်းပေါက်အပြင်ကနေပြီးတော့ ငါတို့စကားပြောတာကို ခိုးနားထောင်ရုံကလွဲပြီး ပိုကောင်းတဲ့တစ်ခုခုကို မလုပ်တဲ့ တုံးအတဲ့တစ်ယောက်ကဘယ်သူများလဲလို့ ငါသိချင်နေတာ။ မင်းဖြစ်နေတာကိုး။"

ယွင်ရှဲ့ကအနောက်လှည့်လာသည်။
"ဖက်၊ မင်းခေါင်းဆောင်းပေါ်မှာ ငှက်မွှေးတွေကိုမထားစမ်းပါနဲ့*။ ငါလာမယ်ဆိုရင် မင်းကိုငါ့ခြေသံကြားခွင့်ပေးမလား။"
ဆဲရေးပြောဆိုသံများပစ်သွင်းနေစဥ်မှာပင်၊ သူကူကယ်ရာမဲ့သွားပေမယ့် အရှက်မဲ့စွာနှင့် ကျန်းရွှင်းယီ၏ဝတ်ရုံကော်လာကို ဆွဲလိုက်သည်။
"ပုံမှန်ဆိုရင် မင်းကခက်ထန်ပြီးတော့ ကြမ်းတမ်းတယ်။ ဒါပေမယ့် အကြပ်ရိုက်နေတဲ့အချိန်မျိုးမှာဆိုရင်၊ မင်းက မိန်းကလေးရဲ့နူးညံ့တဲ့နှလုံးသား*ကို ပြသလာတယ်။ ငါပြောမယ်၊ မင်းဘာလို့များ ဟွမ်ရန့်အပေါ်မှာ စကားလုံးတွေဖြုန်းပစ်နေရတာတုန်း။ လက်ဝါးရိုက်ချက်တစ်ချက်နဲ့ဆို အခက်အခဲအကုန်ပြီးသွားမှာပဲ။ သူ့ကိုယ်ပေါ်မှာ အသားနည်းနည်းလေးပဲရှိတာ။ မင်းက အသီးအရွက်တစ်ချို့ထည့်ပေးပြီးတော့ အဲ့ဒါကိုနှစ်သစ်မတိုင်ခင်ထိ သိမ်းထားချင်သေးလို့လား။"

ကျန်းရွှင်းယီမလှုပ်မရှားပင်။ သူ့ကိုယ်ပိုင်ကော်လာကို ဆော့ကစားနေသောယွင်ရှဲ့၏လက်များကို သူငုံကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"ယွင်ရှဲ့"

ယွင်ရှဲ့: "ဟမ်"

ကျန်းရွှင်းယီရုတ်တရက်ပင် တောက်တောက်ပပပြုံးလိုက်ကာ သူ့ညာဘက်ပါးပြင်ပေါ်က ပါးချိုင့်သေးသေးလေးကို ပြသလာသည်။ ယွင်ရှဲ့မှာ ဒီလိုခမ်းနားတဲ့မြင်ကွင်းလေးကြောင့် အသက်ရှုရပ်တန့်လုနီးပါးပင်။ သို့ပေမယ့် ထို့နောက်တွင် ကျန်းရွှင်းယီသည် မျက်နှာပြောင်းလိုက်ကာ သူ့ခြေထောက်ကိုမြှောက်ပြီးတော့ ဒူးခေါင်းကိုကန်လေသည်။
"ငါ့ရှစ်စွင်းသေတာက သိပ်မကြာသေးဘူး။ ငါ့ကလည်း အခုအချိန်မှာ တကယ်ပဲ သောက်ကျိုးနည်းစိတ်ကောင်းဝင်မနေဘူးနော်။ အဲ့ဒီ့အပြင် မင်းရဲ့စိတ်ဆိုးစိတ်ကောက်တာတွေနဲ့ ဒေါသပေါက်ကွဲတာတွေကို ငါနေ့တိုင်းပဲနားထောင်လာခဲ့တာကြာနေပြီ။ မင်းအရိုက်ခံချင်နေတာလား။"

_______________________

*"မင်းမျက်နှာပေါ်မှာ ရွှေသုတ်ထားလိုက်"ဆိုတာက "မင်းတကယ်ဖြစ်နေတာထက် ပိုပြီးတော့ မင်းကိုယ်မင်းလုပ်ပြတယ်"လို့ အဓိပ္ပါယ်ရပါတယ်။

*တစ်ယောက်ယောက်က နှလုံးသားပျော့ပြောင်းတယ်၊ သဘောကောင်းတယ်၊ သနားကရုဏာထားတတ်တယ်။
___________________________________

အမှန်ပြောရရင် ဒီအပိုင်းမှာ ဟွမ်ရန်ကိုတောင် သနားမိသွားတယ် @_@

......

အခန္း(၃၇) ဒီေရနက္မ်ား ျမင့္တက္လာျခင္း

သူ႕ကို ဒီေမးခြန္းျဖင့္ စိတ္ရႈပ္ေထြးေစေနစဥ္မွာပင္၊ ယြင္ရွဲ႕သည္ ေလွာင္ေျပာင္သံျပဳကာ က်န္း႐ႊင္းယီလက္ေတြၾကားထဲကေန သူ႕လက္ေမာင္းကိုဆြဲထုတ္လိုက္သည္။ သူ႕ဝတ္႐ုံလက္ကို တစ္ခ်က္ခါလိုက္ၿပီးေတာ့ သူဟာ ခ်က္ခ်င္းပင္ လွည့္ထြက္သြားေတာ့သည္။

က်န္း႐ႊင္းယီမွာ ဒီလိုေဒါသေပါက္ကြဲမႈေၾကာင့္ အရမ္းကိုပေဟဠိျဖစ္သြားရသည္။ ၿပီးေတာ့ ယြင္ရွဲ႕၏ေဒါသက ေန႕တစ္ဝက္ေတာင္မၾကာဘူးဆိုတာ သူသိေနတယ္ေလ။ ဒါေၾကာင့္ သူလည္း ယြင္ရွဲ႕၏ေနာက္တီးေနာက္ေတာက္အမူအရာကို အမႈမထားေတာ့ဘူး။ ဟြမ္ရန္ကိုထိန္းသိမ္းထားတဲ့ အခန္းဆီကိုပဲ လမ္းေၾကာင္းေျပာင္းလိုက္ပါ၏။

သူ ေျခလွမ္းႏွစ္လွမ္းပဲလွမ္းရေသးသည္။ အခ်ိန္အၾကာႀကီးေပ်ာက္ဆုံးေနခဲ့ပါေသာ စနစ္၏ အသံဟာ သူ႕စိတ္ထဲတြင္ ပဲ့တင္သံထပ္လာသည္။

[ဇာတ္ေၾကာင္းအၾကမ္းဖ်ဥ္းေဖာ္ျပခ်က္: ဗီလိန္က်န္း႐ႊင္းယီသည္ ငယ္သူငယ္ခ်င္းဖုန္ခ်ိဳးကို ခ်စ္ေနခဲ့ၿပီး ဖုန္ခ်ိဳး၏ႏွလုံးသားထဲတြင္ ရွိေနခဲ့ေသာ ယြင္ရွဲ႕ကို မနာလိုျဖစ္ေနခဲ့သည္။ ေနာက္ဆုံးတြင္၊ စိတ္၏လႈံ႕ေဆာ္ခ်က္အတိုင္းလိုက္လံလုပ္ေဆာင္ခဲ့သည္။ သူဟာ ဖုန္ခ်ိဳးတစ္ေယာက္တည္းရွိေနတာကို အခြင့္အေရးယူကာ သူမအား မတရားျပဳက်င့္ခဲ့သည္။ ထို႔ေနာက္ သူသည္ ယြင္ရွဲ႕၏အေရွ႕တြင္ ထိုအျဖစ္အပ်က္ကို ႂကြားလုံးထုတ္ၿပီးေတာ့ သူ၏ၾကာရွည္စြာျဖစ္တည္ေနခဲ့ေသာ ခံစားခ်က္ေတြကို ထြက္ေပါက္ေပးခဲ့သည္။

ေနာက္ဆုံးအဆုံးသတ္: က်န္း႐ႊင္းယီ၏ဂုဏ္သတင္းဟာ တိုက္ပြဲရႈံးနိမ့္သြားခ်ိန္တြင္ ပ်က္စီးယိုယြင္းသြားခဲ့ၿပီး နာမည္ပ်က္ခဲ့ကာ ယြင္ရွဲ႕၏သတ္ျဖတ္ျခင္းခံခဲ့ရသည္။

အသစ္ထြက္ရွိလာသည့္မစ္ရွင္: 'က်န္း႐ႊင္းယီ'ကို ကူညီၿပီးေတာ့ ဇာတ္ေၾကာင္းကိုၿပီးဆုံးေအာင္လုပ္ပါ။ အေသးစိတ္ကိုေတာ့ သင့္ရဲ႕နည္းလမ္းအတိုင္းလုပ္ပါ။

အဆုံးသတ္ပန္းတိုင္: ယြင္ရွဲ႕၏သတ္ျဖတ္ျခင္းခံရမည္။

ဆုလာဘ္: အိမ္ကိုျပန္မည့္ပရိုဂရမ္ကို စတင္မည္။]

က်န္း႐ႊင္းယီ၏ေျခလွမ္းမ်ားရပ္တန့္သြားရသည္။ သူ၏ႏွလုံးသားမွာလည္း သူ႕ရင္ဘတ္ထဲတြင္ မိုးခ်ဳန္းသံကဲ့သို႔ တဒိန္းဒိန္းျမည္ေနပါ၏။

သူ႕ဇာတ္ေၾကာင္းက သိပ္မၾကာခင္မွာၿပီးေတာ့မယ္လို႔ သူ မေမွ်ာ္လင့္ထားခဲ့ေခ်။ သို႔ေသာ္လည္း၊ ဒီစာအုပ္ၾကားက ဒီကမၻာႀကီးထဲမွာ သူဟာ သတိမမူမိစြာျဖင့္ မေရတြက္နိုင္ေသာ ေန႕ရက္ေတြကို ျဖဳန္းတီးပစ္ခဲ့ေလသည္... အေထာက္အပံ့ေပးရတဲ့ဇာတ္ေကာင္တစ္ေယာက္အတြက္၊ သူသည္ အဓိကဇာတ္ေဆာင္ႏွင့္အတူ လမ္းအရွည္ႀကီးကို လိုက္ပါၿပီးေနေလၿပီ။

သူေတြးဖူးပါသည္။ ဒီေနရာမွာ သူ့ဘဝရဲ့အဓိပ္ပါယ် ဒီတာဝန္ေတြကိုၿပီးဆုံးေအာင္လုပ္ၿပီး အိမ္ျပန္ရမယ္ဆိုတာကိုေပါ့။ အဲ့ဒီ့ေဆး႐ုံကုတင္ေပၚမွာ အခ်ိန္အၾကာႀကီးလဲေလ်ာင္းရၿပီးေနာက္တြင္၊ ယခုက်န္း႐ႊင္းယီဟာ သူ႕မိခင္၏နီရဲေနေသာမ်က္လုံးမ်ားႏွင့္သူမ၏မ်က္ရည္ေတြကို မွတ္မိေနဆဲပင္။ ၿပီးေတာ့ သူ႕ဖခင္ႏွင့္အစ္ကို၏မ်က္တြင္းေခ်ာင္က်ေနေသာ မ်က္ႏွာေတြကိုေရာေပါ့။ သူတကယ္ကို ျပန္သြားခ်င္ပါ၏။ သူျပန္လည္ေနေကာင္းၿပီးေတာ့ က်န္းမာေရးေကာင္းမြန္တဲ့သူ႕ကိုယ္သူကို သူတို႔ကို ျပသခ်င္သည္။

ဒါေပမယ့္ ဒီအခ်ိန္ကို တကယ္တမ္းေရာက္ရွိလာေတာ့၊ ဘာလို႔မ်ား သူ႕ႏွလုံးသားက အရမ္းကို တြန့္ဆုတ္ေနၿပီးေတာ့ စိတ္မပါသလို ျဖစ္ေနတာပါလိမ့္။

ၿပီးေတာ့ ဒီလိုထြက္ခြာတဲ့နည္းလမ္းကလည္း၊ တကယ့္ကို....

ဒီအထိေတြးမိျပန္ေတာ့၊ သူ႕ႏွလုံးသားဟာ တုန္လႈပ္သြားရသည္။ သူသည္ စိတ္ခံစားခ်က္ေတြကို ဆက္လက္ေပါက္ကြဲဖို႔ရာ ျငင္းဆန္လိုက္ၿပီး စနစ္ႏွင့္သာ ျမန္ျမန္ဆန္ဆန္ အျငင္းအခုံလုပ္လိုက္သည္။
"ငါက ဖုန္ခ်ိဳးကို မတရားျပဳက်င့္ရမယ္လို႔ မင္းငါ့ကိုေျပာလိုက္တာလား။ ဝွက္သယ္ဖာ့ခ္။ ငါ့လာေနာက္ေနတာလားဟ။ ႐ုပ္ရွင္နဲ႕ ဖလင္ထဲက မင္းသားေတြေတာင္မွ အစားထိုးၿပီးလုပ္ၾကတာေလ။ အစကတည္းက တာဝန္ေတြကို ၿပီးေအာင္လုပ္ဖို႔ပဲ ငါလက္ခံထားတာ။ ငါ့ရဲ႕ကိုယ့္က်င့္တရားကို ေရာင္းစားဖို႔မဟုတ္ဘူး။"

[ဒီစာအုပ္ထဲက အေရးပါတဲ့အခန္းက႑တစ္ခုအေနႏွင့္၊ ဒီဇာတ္ေၾကာင္းကို ေက်ာ္ခြလို႔မရပါဘူး။ သင့္ရဲ႕ေတာင္းဆိုခ်က္ကို ျငင္းပယ္ပါသည္။]

က်န္း႐ႊင္းယီ: "....." ဒီလိုမသင့္ေလ်ာ္တဲ့ေခါင္းစဥ္မ်ိဳးနဲ႕ မင္းဆင္ဆာျဖတ္ခံရမွာ မေၾကာက္ဘူးလား။ အပိုင္းေတြ ေလာ့ခ္က်မွာကိုေရာ မစိုးရိမ္ဘူးလား။

[သင့္ရဲ႕ဆက္သြယ္ေရးဘာသာစကားက Systemရဲ႕နားလည္နိုင္စြမ္းနယ္ပယ္ကို ေက်ာ္လြန္ေနပါသည္။ အဓိပ္ပါယ်ဖော်လို့မရနိုင်ပါ။ ေက်းဇူးျပဳၿပီး မတူညီတဲ့နည္းလမ္းကို ေျပာင္းသုံးေပးပါ။]

က်န္း႐ႊင္းယီ: "....." တုံးအ,ခ်င္ေယာင္ေဆာင္ေနတယ္ေပါ့ေလ။ တကယ္အရွက္မရွိတာပဲ။

ဒါကိုေတြးေတာမိၿပီးေနာက္မွာ၊ သူ႕ႏွလုံးသားက အခက္အခဲျဖစ္မေနေတာ့ေခ်။ စနစ္က လက္မခံဘူးဆိုေတာ့လည္း၊ ေကာင္းၿပီေလ။ က်န္း႐ႊင္းယီက စည္းမ်ဥ္းေတြကိုအၿမဲလိုလိုလိုက္နာတတ္တဲ့ လူသစ္ေလးမွမဟုတ္ေတာ့ပဲ။ သူက ကိစၥေတာ္ေတာ္မ်ားမ်ားကို ေကာင္းေကာင္းသိေနၿပီးသား။ စနစ္ကကိုယ္စားျပဳတဲ့မစ္ရွင္ေတြက အရမ္းကိုစည္းကမ္းႀကီးၿပီး ေသြဖီလို႔မရဘူး။ ဒါေပမယ့္ ေသခ်ာဂ႐ုစိုက္တဲ့မ်က္လုံးနဲ႕ဆိုရင္၊ ယိုစိမ့္နိုင္တဲ့ အေပါက္မရွိဘူးဆိုတာ မျဖစ္နိုင္ဘူးေလ။ သူက လက္ရွိမွာ ဒီကိစၥကို ေက်ာ္ခြသြားလို႔မရဘူးဆိုေတာ့၊ သူဒါကို ေဘးပို႔ထားဖို႔ဆုံးျဖတ္ထားလိုက္ၿပီ။ ဘာပဲျဖစ္ျဖစ္ေလ၊ ဒါက....အေရးမႀကီးပါဘူး။

သူက ဒီမွာ ႏွစ္ေတြအၾကာႀကီးေနလာၿပီးၿပီ။ အပိုတစ္ရက္၊ ႏွစ္ရက္ေလာက္ ေနလိုက္ရလို႔လည္း ကိစၥမရွိပါဘူး။ က်န္း႐ႊင္းယီသည္ အိမ္ကိုျပန္တဲ့ကိစၥက ဖိစီးစရာကိစၥမဟုတ္ဘူးလို႔ တကယ္ပဲခံစားရ၏။

ဒီအထိစဥ္းစားေနစဥ္မွာပဲ၊ သူဟာ ကံမေကာင္းလွတဲ့ဆရာတူညီေလးဟြမ္ရန္ကို သြားရွာၿပီးေတာ့ ဘဝအေၾကာင္းေဟာၾကားဖို႔ပဲ ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္။ ထိုအခ်ိန္မွာပဲ၊ အညံ့စားဝတ္႐ုံႏွင့္လူအိုႀကီးတစ္ေယာက္က သူ႕ဆီကို လာေနတာကို သူ႐ုတ္တရက္ျမင္လိုက္ရသည္။

ဤလူအိုႀကီးမွာ မငယ္႐ြယ္ေတာ့ေခ်။ သို႔ေပမယ့္ သူ၏စိတ္ဝိညာဥ္ကေတာ့ က်န္းမာသန္စြမ္းကာ သန္တုန္းျမန္တုန္းပင္။ သူ၏ကိုယ္ေပၚက ဝတ္႐ုံသည္ ရိုးစင္းေသာ္လည္း ၎တို႔မွာ သန့္ရွင္းသပ္ရပ္ေနသည္။ ဒီအခ်ိန္မွာ က်န္း႐ႊင္းယီသည္ စစ္မွန္ေသာအၿပဳံးကို ၿပဳံးလိုက္ၿပီး အသံကိုျမႇင့္လိုက္သည္။
"ဦးေလးခ်န္၊ ကြၽန္ေတာ္ျပန္လာၿပီ။"

ဦးေလးခ်န္သည္ က်င့္ႀကံသူမဟုတ္။ ဒါေပမယ့္ အေစခံတစ္ေယာက္ျဖစ္ၿပီး ထာဝရရွင္သန္သူဆရာတိမင္၏တံတိုင္းဝင္းတစ္ဝိုက္တြင္ အလုပ္လုပ္ကိုင္ေနသည္မွာ က်န္း႐ႊင္းယီငယ္စဥ္ကတည္းကပင္။ သူ႕မွာ က်င့္ႀကံသူေတြလိုမ်ိဳး ရွည္ၾကာေသာသက္တမ္းမရွိေသာ္လည္းပဲ၊ ထာဝရရွင္သန္သူဆရာတိမင္သည္ သူ႕အား ဝိညာဥ္ေဆးဝါးအေျမာက္အျမားေပးခဲ့သည္။ ဒါေၾကာင့္ သူသည္ ပုံမွန္ေသမ်ိဳးသက္တမ္းထက္ ပိုရွည္ေအာင္ ေနနိုင္ျခင္းျဖစ္သည္။ ၿပီးေတာ့ သူသည္ က်န္း႐ႊင္းယီအ႐ြယ္ေရာက္လာတာကိုလည္း ၾကည့္နိုင္ခဲ့တယ္လို႔ ေျပာလို႔ရသည္။ သူႏွင့္က်န္း႐ႊင္းယီၾကားက ဆက္ဆံေရးမွာ ထူးကဲသည္။ က်န္း႐ႊင္းယီကိုျမင္လိုက္သည္ႏွင့္ သူ၏ရိုးေျဖာင့္ေသာမ်က္ခုံးၾကားတြင္ ေပ်ာ္႐ႊင္ျခင္းႏွင့္ျမဴးထူးျခင္းဟာ ခ်က္ခ်င္းေပၚေပါက္လာသည္။ သူသည္ အလ်င္အျမန္ပဲ တံျမက္စည္းကိုခ်လိဳက္ကာ သူ႕လက္ကို ဝတ္႐ုံႏွင့္သုတ္လိုက္သည္။

က်န္း႐ႊင္းယီသည္ အေရွ႕ကိုေလွ်ာက္သြားကာ သူ႕အသြင္အျပင္ကို ဂ႐ုမစိုက္ပါပဲႏွင့္ သူ႕လက္ကို ဆြဲယူလိုက္သည္။
"ဦးေလးခ်န္၊ ဦးေလးက တစ္ႏွစ္ထက္တစ္ႏွစ္ ပိုၿပီးအိုလာၿပီ။ အခုဆိုရင္ ရွစ္စြင္းလည္း မရွိေတာ့ဘူးဆိုေတာ့၊ ဒီဝင္းထဲမွာ လုပ္စရာအလုပ္ သိပ္မရွိေတာ့ဘူးေလ။ ဦးေလးအနားယူသင့္တယ္။ ဘာလို႔ဒါေတြလုပ္ေနအုံးမွာလဲ။"

ဦးေလးခ်န္ဟာ ၿပဳံးလိုက္ၿပီး က်န္း႐ႊင္းယီပုခုံးကို ပုတ္လိုက္သည္။
"မင္းလိုမ်ိဳး ကေလးေလးက ငါ့လိုအဖိုးႀကီးကို တာဝန္ယူဖို႔ ႀကိဳးစားေနတုန္းပဲလား။ မင္းကိုယ္မင္းအရင္ဂ႐ုစိုက္သင့္တယ္။ ၾကည့္စမ္း။ မင္းဝိတ္က်သြားတယ္။ မင္းလိုမ်ိဳး လူငယ္ေတြက အစာစားတိုင္း မ်ားမ်ားပိုစားဖို႔လိုတယ္..."

က်န္း႐ႊင္းယီ တိတ္တဆိတ္နားေထာင္ေနလိုက္သည္။ အရမ္းကိုမွ စိတ္ရွည္သည္းခံတဲ့အတိုင္းအတာနဲ႕ေပါ့။ တကယ္တမ္းေတာ့၊ ဒီျဖစ္စဥ္ကို သူေတာ္ေတာ္ေလးႏွစ္ၿခိဳက္ေနတယ္လို႔ ေျပာလို႔ရသည္။ ဘာေၾကာင့္လဲဆိုေတာ့ <<ေကာင္းကင္ယံထက္က တိမ္လႊာမ်ား>>၏ဇာတ္ေကာင္ဖြဲ႕စည္းပုံအရ၊ ဦးေလးခ်န္ဟာ သူ႕အေဖျဖစ္နိုင္ေလာက္သည္။

က်န္း႐ႊင္းယီသည္ အေစခံ၏သားတစ္ေယာက္ျဖစ္၏။

မူရင္းဇာတ္ေၾကာင္းအရ၊ ဦးေလးခ်န္ဟာ သူမည္သူျဖစ္ေၾကာင္းႏွင့္သူ၏ဇစ္ျမစ္ကို ေကာင္းေကာင္းႀကီးသတိထားမိေသာ္လည္း၊ က်န္း႐ႊင္းယီကိုယ္တိုင္ကေတာ့ ထိုအထိ မသိရွိခဲ့ေခ်။ သို႔ေသာ္လည္း၊ သူဒါကို အရမ္းမၾကာမီမွာ ေလ့လာခဲ့သင့္သည္။ ၿပီးေတာ့ ထုံးစံအတိုင္းပင္၊ ရွာေဖြေတြ႕ရွိလာမယ့္ရလဒ္မွာ သူ႕ကို အလြန္အမင္းမေက်မနပ္ျဖစ္ေစကာ ယြင္ရွဲ႕ကို ပိုၿပီးမနာလိုျဖစ္လာလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ယြင္ရွဲ႕က စိတ္ဝိညာဥ္စင္ျမင့္ေက်ာက္စိမ္းညီေနာင္ထဲကတစ္ေယာက္ျဖစ္ေနၿပီးေတာ့ ထူးခြၽန္ၿပီး ဂုဏ္သေရရွိတဲ့ေနာက္ခံအသိုင္းအဝိုင္းရွိသည့္အတြက္ပင္။ ဟုတ္တာေပါ့။ အခုေတာ့ က်န္း႐ႊင္းယီအဲ့လိုမေတြးမိပါဘူး။ အကယ္၍ သူသာ အဲ့ဒီ့ေသာက္က်ိိုးနည္းလူလိမ္ယြင္ရွဲ႕ကို မနာလိုျဖစ္ခဲ့ရင္၊ တို႔ဖူးေျခာက္ဝယ္ၿပီး သူ႕ကိုယ္သူသတ္ေသပစ္လိုက္တာမွ ပိုေကာင္းအုံးမယ္။

ဒါေပမယ့္ ဦးေလးခ်န္ကို သူျမင္လိုက္ရတိုင္း၊ သူ႕မွာ အရမ္းကိုၾကင္နာတတ္တဲ့ခံစားခ်က္ေတြ အၿမဲလိုလိုရွိေနတယ္။ အကယ္၍ သူ႕မိသားစုသာ ဒီမွာရွိရင္၊ ဒီေနရာက သူ႕အိမ္လို႔ေခၚလို႔ရနိုင္ေလာက္မည္။ သူ႕အရင္ဘဝက ဖခင္ျဖစ္သူဟာ အၿမဲတမ္းလိုလို ေဖာ္ေ႐ြပ်ဴငွာၿပီးေတာ့ ခန့္ညားတင့္တယ္ေသာကိုယ္ႏႈတ္အမူအရာမ်ားျဖင့္ ေၾကာ့ေၾကာ့ေမာ့ေမာ့ တန္ဆာဆင္ထားသည္။ အသက္အ႐ြယ္ႀကီးရင့္မႈထင္ဟပ္ေနေသာဒီလူအိုႀကီးႏွင့္ လုံးဝကိုကြဲျပားျခားနားေလသည္။ သို႔ေသာ္ သူတို႔အားလုံးသည္ သူ၏ဖခင္ေတြပင္။ အခုဆိုရင္ ထာဝရရွင္သန္သူဆရာတိမင္မွာ ဒီေနရာတြင္မရွိေတာ့ၿပီ။ ဒီလူအိုႀကီးတစ္ေယာက္ကသာ က်န္း႐ႊင္းယီတြင္က်န္ရစ္ခဲ့ေသာအေထာက္အပံ့ျဖစ္သည္။

က်န္း႐ႊင္းယီ၏မေဖာ္ေ႐ြေသာစရိုက္ႏွင့္၊ သူသည္ ရွည္လ်ားၿပီးေတာ့ေလးတိေလးကန္နိုင္ေသာ 'စားေသာက္ျခင္း၊ အိပ္စက္ျခင္းႏွင့္ အဝတ္ထူထူဝတ္ျခင္း'စသည္တို႔ကို ျပဳလုပ္ဖို႔သတိရရန္ မွာၾကားသည့္ တတြတ္တြတ္ေျပာစကားမ်ားကို နားေထာင္ေနခဲ့သည္။ ထို႔ေနာက္၊ သူ႕လက္ေမာင္းထဲသို႔အတင္းထိုးထည့္ေပးလိုက္ေသာ အိမ္တြင္ထိန္းသိမ္းထားသည့္ၾကက္ဥမ်ားကို သူ႕လက္ထဲတြင္ ကိုင္လ်က္သားေလးပင္၊ ဟြမ္ရန္၏အခန္းထဲသို႔ ေရာက္ရွိလာသည္။

က်န္း႐ႊင္းယီမွာ သူ႕ကိုညွင္းပန္းႏွိပ္စက္လိုေသာရည္႐ြယ္ခ်က္မရွိ။ သို႔ေပမယ့္ ဟြမ္ရန္က မိစ္ဆာဘုရင္႐ႊမ္လီ၏ဝင္ပူးျခင္းခံရတဲ့အခ်ိန္ကတည္းက၊ ေၾကာက္႐ြံ႕ၾကေနၾကေသာလူေတြအားလုံးဟာ သူ႕ကို အေၾကာင္းတရား၏အဓိကပစ္မွတ္ေသာ့ခ်က္အျဖစ္ ဆက္ဆံခဲ့ၾကသည္။ ရလဒ္အေနျဖင့္ သူ႕ကို က်န္း႐ႊင္းယီျမင္လိုက္ခ်ိန္တြင္၊ ဟြမ္ရန္၏ခႏၶာကိုယ္အား ပုရိတ္ႀကိဳး ၉မွ်င္ျဖင့္ ခ်ည္ႏွောင္ထားကာ သူ၏ႏွဖူးတြင္လည္း အဝါေရာင္အေဆာင္စာ႐ြက္ကို ကပ္ထားပါ၏။ သူသည္ ကုတင္ေပၚတြင္ ဆန့္ဆန့္ႀကီးလဲေလ်ာင္းေနကာ သူ၏ေက်ာရိုးဟာလည္း ေျဖာင့္မတ္ေနၿပီးေတာ့ သူ၏မ်က္ႏွာမွာလည္း အခ်ဳပ္အႏွောင္ေၾကာင့္ ရဲရဲနီျမန္းေနပုံမွာ အသက္ရွင္ရန္အတြက္ ဘာမွမက်န္ေတာ့သည့္ မုန္လာဥေလးႏွင့္ေတာင္ တူလွသည္။

"......." က်န္း႐ႊင္းယီ က်ယ္ေလာင္စြာေအာ္ရယ္လုနီးပါးပင္။ သူ႕ေနာက္ကလိုက္ကာ အထဲကိုဝင္လာသည့္ အေစာင့္အၾကပ္ဂိုဏ္သားေလးမ်ားကို သူလက္ကာျပလိုက္သည္။
"ဒါေတြအားလုံးကဘာအတြက္လဲ။ သူ႕ကိုလႊတ္ေပးလိုက္ပါ။"

ဂိုဏ္းသားေလးဟာ တုံ႕ဆိုင္းေနကာ အခ်ဳပ္အႏွောင္ကိုေလွ်ာ့ေပးဖို႔ရာ မဝံ့မရဲပင္။
"ရွစ္ရႈန္းသတိထားသင့္တယ္။ ဒါ...တကယ္လို႔ အစ္ကိုသူနဲ႕စကားေျပာေနတုန္းမွာ သူအစ္ကို႔ကို လွည့္စားသြားမယ္ဆိုရင္ ဘယ္လိုလုပ္..."

က်န္း႐ႊင္းယီ စကားလုံးေတြကိုမျဖဳန္းတီးခ်င္ေတာ့။ ေျပာသာေျပာလိုက္သည္။
"အဲ့ဒီ့အတြက္ သတၱိရွိဖို႔ အသက္ေပါင္း၈၀၀ေလာက္ သူငွားရလိမ့္မယ္။ ရပါတယ္၊ သူ႕ကိုလႊတ္သာလႊတ္ေပးလိုက္ပါ။ ၿပီးရင္ မင္းသြားလို႔ရၿပီ။"

ဂိုဏ္းသားေလးဟာ သူစည္း႐ုံးလို႔မရမွန္းျမင္လိုက္ရၿပီးေတာ့ က်န္း႐ႊင္းယီစိတ္အေျခအေနေကာင္းေနတာကိုလည္း သိလိုက္ရသည္။ ဟြမ္ရန္၏အခ်ဳပ္အႏွောင္ကို ေလွ်ာ့ေပးလိုက္ၿပီး အဝါေရာင္အေဆာင္စာ႐ြက္ကို ျဖဳတ္ပစ္ဖို႔ပဲ သူတတ္နိုင္ေတာ့သည္။ အဲ့ဒီ့ေနာက္မွာ သူလမ္းေလွ်ာက္ထြက္လာသည္။ ေျခလွမ္းတိုင္းမွာလည္း အေနာက္ကိုလွည့္ၾကည့္၊လွည့္ၾကည့္ လုပ္ေနေသးသည္။

ဟြမ္ရန္သည္ ကိုယ္ကိုလွိမ့္လိုက္ကာ ကုတင္ေပၚတြင္ ထထိုင္လိုက္ၿပီးေတာ့ က်န္း႐ႊင္းယီအား သတိအေနအထားႏွင့္အေၾကာက္တရားတို႔ျဖင့္ ၾကည့္ေနေလသည္။ ေခတၱမွ်တုံ႕ဆိုင္းေနၿပီးေနာက္တြင္၊ သူဟာျမန္ျမန္ဆန္ဆန္ပင္ သူ၏ပုံမွန္ရိုးရိုးသားသားပုံစံေလးျဖင့္ေခၚလိုက္ေလသည္။
"ရွစ္ရႈန္း။"

က်န္း႐ႊင္းယီ သူ႕ဘာသာသူ ေရႏြေးၾကမ္းတစ္ခြက္ေလာင္းထည့္လိုက္ကာ တစ္ငုံေသာက္လိုက္ၿပီးေနာက္ သက္ျပင္းတစ္ခ်က္ခ်သည္။
"ဒီလိုမ်ိဳးမေက်မနပ္ျဖစ္ေနၿပီး စိတ္ပ်က္အားေလ်ာ့ေစတဲ့မင္းရဲ႕ဒီအၾကည့္ကသာ မ်က္စိပေဒသာျဖစ္ေစတယ္။ ႐ႊမ္လီရဲ႕မ်က္ႏွာအမူအရာလုပ္ေနတဲ့ဒီမ်က္ႏွာက ေတာ္ေတာ္ေလးၾကည့္မေကာင္းရႈမေကာင္းျဖစ္ေနခဲ့တာ။"

ဤကဲ့သို႔သာမန္ျဖစ္ပုံရသည့္ေလသံႏွင့္ ရင္ဆိုင္လိုက္ရသည္ႏွင့္၊ ဟြမ္ရန္မွာ ဒီစကားဝိုင္းအား မည္ကဲ့သို႔စတင္ရမလဲဆိုတာကို မသိေတာ့ပါေခ်။ ဤအစား၊ သူ႕ႏႈတ္ခမ္းေပၚက အက္ကြဲေၾကာင္းအမ်ားအျပားကို က်န္း႐ႊင္းယီသတိျပဳမိလိုက္ကာ ကူကယ္ရာမဲ့စြာျဖင့္ ထာဝရရွင္သန္သူဆရာတိမင္ မကြယ္လြန္ခင္က ပုံပန္းသြင္ျပင္အေၾကာင္း စဥ္းစားမိလိုက္သည္။ သူေနာက္တစ္ငုံေသာက္ၿပီးေတာ့ ထိုခြက္အား ဟြမ္ရန္၏အေရွ႕ကို တိုးေပးလိုက္သည္။
"ေရာ့၊ ေရနည္းနည္းေသာက္လိုက္အုံး။"

ခြက္ကိုယူလိုက္ၿပီးေနာက္တြင္၊ ဟြမ္ရန္သည္ မေသာက္ခ်လိဳက္ခင္ အနည္းငယ္မွ်တုံ႕ဆိုင္းသြားေသးသည္။ သူတကယ့္ကိုေရအရမ္းဆာေနတာပင္။ ဒါ့အျပင္ က်န္း႐ႊင္းယီသာ သူ႕ကိုသတ္ခ်င္ပါက အဆိပ္ေတာင္မလိုဘူးဆိုတာကို ဟြမ္ရန္သိေနပါ၏။

က်န္း႐ႊင္းယီက သူေသာက္တာကို ၾကည့္ေနသည္။ အျပာထဲက တစ္ခုအေနျဖင့္ သူေမးလိုက္သည္။
"အဆုံးမွာေတာ့၊ ရွစ္စြင္းကိုသတ္တာ ဘယ္သူမ်ားလဲ။"

ဟြမ္ရန္ေရသီးသြားရသည္။

က်န္း႐ႊင္းယီျဖည္းျဖည္းခ်င္းေျပာလိုက္သည္။
"႐ႊမ္လီကအဲ့ေလာက္စြမ္းအားမႀကီးဘူး။ အကယ္၍ ရွစ္စြင္းကိုသာ သူသတ္နိုင္တယ္ဆိုရင္၊ ဒီေန႕ယြင္ရွဲ႕နဲ႕ ငါေၾကာင့္ သူရႈံးနိမ့္သြားပါ့မလား။ ရွစ္တိ၊ ငါတကယ္သိခ်င္တယ္။ သူက ဘာေၾကာင့္မင္းကိုဝင္ပူးဖို႔ေ႐ြးခ်ယ္ခဲ့တာလဲ။"

ဟြမ္ရန္၏ခႏၶာကိုယ္တစ္ခုလုံးဟာ ျပင္းျပင္းထန္ထန္တုန္လႈပ္ေနသည္။ ဤအခ်ိန္ေလးမွာတင္၊ အခန္း၏ေဘးဘက္တြင္ရွိေသာ ျပတင္းေပါက္မွာ ႐ုတ္တရက္ပင္ 'ကြၽီ'ခနဲအသံထြက္လာသည္။ က်န္း႐ႊင္းယီေခါင္းလွည့္ၾကည့္လိုက္သည္ႏွင့္၊ ဟြမ္ရန္မွာ ႐ုတ္တရက္ခ်င္းေၾကာက္လန့္တၾကားေအာ္ဟစ္လာပုံမွာ သက္ရွိလူသားတစ္ေယာက္၏အသံႏွင့္ေတာင္မတူပါေခ်။ သူသည္ အေျပးအလႊားျဖင့္ ကုတင္ေပၚကေန တြားသြားဆင္းလာကာ ခုန္လိုက္ၿပီးေတာ့ က်န္း႐ႊင္းယီ၏ေျခသလုံးကို ဖက္လ်က္သားေလးျဖင့္ ခါးခါးသီးသီးငိုေႂကြးလာေတာ့သည္။
"ရွစ္ရႈန္း၊ ကြၽန္ေတာ္မွားသြားပါတယ္! ကြၽန္ေတာ္မွားသြားပါတယ္! ကြၽန္ေတာ့ကိုသနားညွာတာပါ။ ကြၽန္ေတာ္တကယ္ပဲဘာမွမသိပါဘူး! မိစ္ဆာဘုရင္႐ႊမ္လီက၊ သူက အရမ္းေၾကာက္ဖို႔ေကာင္းတယ္။ က်.က်.ကြၽန္ေတာ္ ထပ္ၿပီးေတာ့ သူဝင္ပူးတာမခံခ်င္ေတာ့ဘူး!"

"......." က်န္း႐ႊင္းယီ ေလေၾကာင့္ပြင့္က်လာေသာျပတင္းေပါက္ကိုၾကည့္လိုက္ကာ တိတ္တဆိတ္ပင္ သူ႕ေခါင္းကိုအေနာက္ျပန္လွည့္လိုက္သည္။ ဤကဲ့သို႔ အရွက္ရစဖြယ္အမူအက်င့္ႏွင့္၊ ဟြမ္ရန္သည္ တကယ္ပဲ လ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္ရန္အတြက္ လုံးဝကိုသင့္ေတာ္တဲ့အရာတစ္ခုမဟုတ္ပါေခ်။

အခန္းထဲသို႔တိုးဝင္လာသည့္ေလေအးမ်ားဟာ တစ္စုံတစ္ေယာက္၏စိတ္ကိုၾကည္လင္ေစသည္။ ထို႔ေၾကာင့္ က်န္း႐ႊင္းယီသည္ အခုအတြက္ ဒါကိုရိုးရိုးရွင္းရွင္ပင္ လ်စ္လ်ဴရႉလိုက္ဖို႔ရန္ ဆုံးျဖတ္ခ်က္ခ်သည္။ သူသည္ ဟြမ္ရန္၏ပုခုံးကို ဖိခ်ကာ သူ႕ေျခေထာက္ႏွင့္ေဝးရာကို တြန္းပို႔လိုက္ၿပီးေတာ့ သူတည္တည္တံ့တံ့ေမးလိုက္သည္။
"မင္း တကယ္ဘာမွမသိတာလား။"

ဟြမ္ရန္သည္ ေခါင္းအဆက္မျပတ္ၿငိမ့္ျပလာကာ တအီအီငိုေနသည္။
"ရွစ္ရႈန္း၊ ကြၽန္ေတာ္မွားသြားပါတယ္။ ကြၽန္ေတာ္ အစ္ကိုရဲ႕ဂိုဏ္းေခါင္းေဆာင္ရာထူးကို လုယူဖို႔ႀကိဳးစားေနတာ မ မ မ မဟုတ္ပါဘူး။ အဲ့ဒါက ဟိုအႀကီးအကဲႏွစ္ေယာက္လုပ္တာပါ! ကြၽန္ေတာ္ တကယ္.."

က်န္း႐ႊင္းယီေျပာလိုက္သည္။
"ေကာင္းၿပီေလ။ ဘာမွထပ္ေျပာစရာမလိုေတာ့ဘူး။ ငါအကုန္လုံးကိုသိတယ္။ အကယ္၍ မင္းစားခ်င္တာတစ္ခုခုရွိရင္၊ ေျပာသာေျပာလိုက္၊ ငါသူတို႔ကို မင္းအတြက္လုပ္ခိုင္းလိုက္မယ္။"

ဟြမ္ရန္: "....."

သူငိုေနတာခ်က္ခ်င္းပင္ရပ္သြားရသည္။ မိန္းေမာေတြေဝေနကာ သူက်န္း႐ႊင္းယီကိုၾကည့္လာပုံက ဤစကားလုံးေတြကဘာကိုဆိုလိုလဲဆိုတာကို နားမလည္သည့္ပုံပင္။

က်န္း႐ႊင္းယီသက္ျပင္းခ်လိဳက္သည္။
"ဂိုဏ္းမွာဒီလိုေတြျဖစ္ၿပီးတဲ့ေနာက္မွာ လင္းယင္ဂိုဏ္းက လက္ရွိမွာ ကေသာင္းကနင္းျဖစ္ၿပီးေတာ့ ရႈပ္ယွက္ခတ္ေနတယ္။ တင္းၾကပ္တဲ့ေခါင္းေဆာင္မႈမရွိပဲနဲ႕၊ လူထုကို စည္း႐ုံးသိမ္းသြင္းလို႔ရပါ့မလား။ မင္းက စြမ္းအားႀကီးဖို႔အတြက္ ဂိုဏ္းကိုဆန့္က်င္ပုန္ကန္ခဲ့တာ။ ရွစ္စြင္းရဲ႕ေသဆုံးမႈက မင္းနဲ႕မဆိုင္ရင္ေတာင္မွ၊ ရွစ္စြင္းမကြယ္လြန္ခင္အခ်ိန္တုန္းက မင္းရဲ႕အရိပ္အေယာင္ကိုလုံးဝမေတြ႕ခဲ့ရဘူး။ မင္းရဲ႕စိတ္ထဲမွာရွိေနတဲ့တစ္ခုတည္းေသာအေတြးက အႀကီးအကဲႏွစ္ေယာက္နဲ႕ပူးေပါင္းႀကံစည္ၿပီးေတာ့ ငါ့ကိုဘယ္လိုအေပးအယူလုပ္မလဲဆိုတာပဲ။ ဒီအျပဳအမူေလးတစ္ခုနဲ႕တင္ ေသဒဏ္ေပးခဲ့ရမယ့္ရာဇဝတ္မႈျဖစ္ေနၿပီ။ အကယ္၍ မင္းရဲ႕ႏွလုံးသားထဲမွာ ဆိုးဝါးတဲ့စိတ္ခံစားခ်က္ေတြသာမရွိခဲ့ဘူးဆိုရင္၊ မိစ္ဆာဘုရင္ကို မင္းဘယ္ေတာ့မွဆြဲေဆာင္မိမွာမဟုတ္ဘူး။ အခုလူတိုင္းရဲ႕ႏွလုံးသားထဲမွာ သတိနဲ႕စိတ္ရႈပ္ေထြးမႈရွိေနၿပီ။ မင္းရဲ႕အသက္ကို ငါခ်မ္းသာေပးနိုင္တဲ့နည္းလမ္းမရွိေတာ့ဘူး။"

ဟြမ္ရန္ကၾကက္ေသေသေနသည္။ သူ႕မ်က္လုံးထဲတြင္ စိတ္ပ်က္အားငယ္ျခင္းမ်ားအျပည့္ပင္။ က်န္း႐ႊင္းယီ သူ႕ကိုေနာက္တစ္ေခါက္မၾကည့္ေတာ့ပဲ လွည့္ထြက္လာလိုက္ေတာ့သည္။

တံတိုင္းဝင္းထဲကေန ထြက္လာသည့္အေပၚ၊ ယြင္ရွဲ႕မွာ တံခါးကိုေနာက္ေက်ာေပးလ်က္သားျဖင့္ လက္ေနာက္ပစ္ထားတာကို သူေတြ႕လိုက္ရသည္။ က်န္း႐ႊင္းယီနည္းနည္းေလးေတာင္မအံ့ၾသသြားပါ။ ေအးေဆးေျပာလိုက္ပါ၏။
"ျပတင္းေပါက္အျပင္ကေနၿပီးေတာ့ ငါတို႔စကားေျပာတာကို ခိုးနားေထာင္႐ုံကလြဲၿပီး ပိုေကာင္းတဲ့တစ္ခုခုကို မလုပ္တဲ့ တုံးအတဲ့တစ္ေယာက္ကဘယ္သူမ်ားလဲလို႔ ငါသိခ်င္ေနတာ။ မင္းျဖစ္ေနတာကိုး။"

ယြင္ရွဲ႕ကအေနာက္လွည့္လာသည္။
"ဖက္၊ မင္းေခါင္းေဆာင္းေပၚမွာ ငွက္ေမႊးေတြကိုမထားစမ္းပါနဲ႕*။ ငါလာမယ္ဆိုရင္ မင္းကိုငါ့ေျခသံၾကားခြင့္ေပးမလား။"
ဆဲေရးေျပာဆိုသံမ်ားပစ္သြင္းေနစဥ္မွာပင္၊ သူကူကယ္ရာမဲ့သြားေပမယ့္ အရွက္မဲ့စြာႏွင့္ က်န္း႐ႊင္းယီ၏ဝတ္႐ုံေကာ္လာကို ဆြဲလိုက္သည္။
"ပုံမွန္ဆိုရင္ မင္းကခက္ထန္ၿပီးေတာ့ ၾကမ္းတမ္းတယ္။ ဒါေပမယ့္ အၾကပ္ရိုက္ေနတဲ့အခ်ိန္မ်ိဳးမွာဆိုရင္၊ မင္းက မိန္းကေလးရဲ႕ႏူးညံ့တဲ့ႏွလုံးသား*ကို ျပသလာတယ္။ ငါေျပာမယ္၊ မင္းဘာလို႔မ်ား ဟြမ္ရန့္အေပၚမွာ စကားလုံးေတြျဖဳန္းပစ္ေနရတာတုန္း။ လက္ဝါးရိုက္ခ်က္တစ္ခ်က္နဲ႕ဆို အခက္အခဲအကုန္ၿပီးသြားမွာပဲ။ သူ႕ကိုယ္ေပၚမွာ အသားနည္းနည္းေလးပဲရွိတာ။ မင္းက အသီးအ႐ြက္တစ္ခ်ိဳ႕ထည့္ေပးၿပီးေတာ့ အဲ့ဒါကိုႏွစ္သစ္မတိုင္ခင္ထိ သိမ္းထားခ်င္ေသးလို႔လား။"

က်န္း႐ႊင္းယီမလႈပ္မရွားပင္။ သူ႕ကိုယ္ပိုင္ေကာ္လာကို ေဆာ့ကစားေနေသာယြင္ရွဲ႕၏လက္မ်ားကို သူငုံၾကည့္ကာ တည္ၿငိမ္စြာေျပာလိုက္သည္။
"ယြင္ရွဲ႕"

ယြင္ရွဲ႕: "ဟမ္"

က်န္း႐ႊင္းယီ႐ုတ္တရက္ပင္ ေတာက္ေတာက္ပပၿပဳံးလိုက္ကာ သူ႕ညာဘက္ပါးျပင္ေပၚက ပါးခ်ိဳင့္ေသးေသးေလးကို ျပသလာသည္။ ယြင္ရွဲ႕မွာ ဒီလိုခမ္းနားတဲ့ျမင္ကြင္းေလးေၾကာင့္ အသက္ရႈရပ္တန့္လုနီးပါးပင္။ သို႔ေပမယ့္ ထို႔ေနာက္တြင္ က်န္း႐ႊင္းယီသည္ မ်က္ႏွာေျပာင္းလိုက္ကာ သူ႕ေျခေထာက္ကိုျမႇောက္ၿပီးေတာ့ ဒူးေခါင္းကိုကန္ေလသည္။
"ငါ့ရွစ္စြင္းေသတာက သိပ္မၾကာေသးဘူး။ ငါ့ကလည္း အခုအခ်ိန္မွာ တကယ္ပဲ ေသာက္က်ိဳးနည္းစိတ္ေကာင္းဝင္မေနဘူးေနာ္။ အဲ့ဒီ့အျပင္ မင္းရဲ႕စိတ္ဆိုးစိတ္ေကာက္တာေတြနဲ႕ ေဒါသေပါက္ကြဲတာေတြကို ငါေန႕တိုင္းပဲနားေထာင္လာခဲ့တာၾကာေနၿပီ။ မင္းအရိုက္ခံခ်င္ေနတာလား။"

_______________________

*"မင္းမ်က္ႏွာေပၚမွာ ေ႐ႊသုတ္ထားလိုက္"ဆိုတာက "မင္းတကယ္ျဖစ္ေနတာထက္ ပိုၿပီးေတာ့ မင္းကိုယ္မင္းလုပ္ျပတယ္"လို႔ အဓိပ္ပါယ်ရပါတယ်။

*တစ္ေယာက္ေယာက္က ႏွလုံးသားေပ်ာ့ေျပာင္းတယ္၊ သေဘာေကာင္းတယ္၊ သနားက႐ုဏာထားတတ္တယ္။
___________________________________

အမွန္ေျပာရရင္ ဒီအပိုင္းမွာ ဟြမ္ရန္ကိုေတာင္ သနားမိသြားတယ္ @_@

......

Continue Reading

You'll Also Like

26.4K 3K 18
????????? ??????????? ????????????????? ???????????????????????
1M 94.7K 66
Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Yaoi Status in COO - 64 chapters Full cr...
1.1M 34.2K 21
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Gong - ??????? Shou...
206K 22.7K 70
???????????? ?????????????????? ?????????????????????????????????????????