抖阴社区

[COMPLETED] ??????????? || ??...

By Boss_want_to_eat_you

665K 82.2K 1.5K

Author: ??????????????? Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[?] ????????????????????????????????????
[?.?] ???????????
[?.?] ???????????
[?.?] ???????????????????????
[?.?] ???????????????????????
[?.?] ??????????????????????????
[?.?] ??????????????????????????
[?.?] ???????????????????
[?.?] ???????????????????
[?] ????????????????
[?] ??????????????????????
[?] ?????????????????????
[?] ???????
[??] ???????????????????????
[??] ??????????????????
[??] ???????????????
[??] ????????????????
[??] ??????????????????????
[??] ????????
[??]??????????????????????????????????
[??] ???????????????????????????
[??] ???????????????????????
[??] ??????????????????
[??] ????????????????????
[??] ????????????????????
[??] ?????????????????
[??] ?????????????????
[??] ?????????????????????????????????????????
[??] ????????? ???????????????????
[??.?] ???????????????????
[??.?] ???????????????????
[??] ??????????????????
[??] ???????????????
[??] ?????????? ???????????????
[??] ????????????? ????????????????????????
[??] ????????????????????
[??] ????????????????????
[??] ???????????????????? ??????????????????? ????????????????
[??] ???????????
[??] ?????? (????????????????????)
[??.?] ???????????????????? ?????????????? ??????????????????????
[??.?] ???????????????????? ???????????????? ????????????????????????
[??.?] ???????????????????? ?????????????? ??????????????????????
[??.?] ???????????????????? ???????????????? ????????????????????????
[??] ??????????? ????????????????
[??] ?????????????????????????
[??] ?????????????????
[??] ??????????????????????????????
[??] ??????????????????????
[??] ????????
[??] ??????????????????????
[??] ???????????? ????????????????? ??????????????????????????????
[??] ???????????? ????????????????? ??????????????????????????????
[??] ?????????????????
[??] ???????????????????????????????????
[??] ????????????????
[??] ????????????????????????????????
[??] ???????????????????
[??] ????????????
[??] ???????
[??] ??????????
[??] ?????????????????? ????????????????
[??] ?????????????
[??] ???????????
[??] ????????????
[??] ????????????????? ?????????? ??????????????
[??] ????? ????????????????????
[??] ?????????????????????? ????????????????
[??] ??????????????
[??] ???????????????????????
[??] ???????????????
[??.?] ????????????? ????????????
[??.?] ????????????? ????????????
[??] ????????????????????????? ????????????? ???????????????????
[??] ???????????????????????
[??] ??????????
[??.?] ????????????????
[??.?] ????????????????
[??] ???????? ? ????????????????????????????
[??.?] ??????
[??.?] ???????
[??] ??????????????????????????? ??????????????
[??] ??????????????????
[??] ????????????????????????????
[??] ????????????? ??????????????
[??] ???????????????
[??] ???????????
[??] ?????????? ?????????????
[??] ??????????????????????????
[??] ????????
[??] ?????????????
[??] ?????????
[??] ??????????
[??] ???????????????????????????
[??] ?????????????????????????????????????
[??] ??????????????????????????????????????
[??.?] ??????????????????????????????????? ??????????????????
[??.?] ????????????????????????????????? ??????????????????
[??] ??????????????
[??.?] ??????????
[??.?] ??????????
?????????[??] ?????????
?????????[??] ?????????
Author's Series.
????????: ?????????????????????-(?)
????????: ?????????????????????-(?)
????????: ?????????????????????-(?)
???????+??????????????

[??] ???????????????

2.3K 458 29
By Boss_want_to_eat_you

!unicode!

အခန်း(၆၇) မင်းရူးနေတာလား။

.....

သူရှူထုတ်လိုက်သည့်ထွက်လေမှာ သူချောင်းဆိုးလိုက်သည့်အခါ သွေးအပြည့်ပင်။ ရွှမ်လီသည် ခန်းမထဲရှိအရှုပ်ထုပ်တွေကိုကြည့်ကာ ဒေါသထွက်ရသလို နောင်တလဲရမိသည်။ ကျန်းရွှင်းယီကိုအဝေးခေါ်သွားဖို့ရာ နည်းလမ်းမရှိတော့။ ရုတ်ခြည်းပင်၊ သူတစ်ပတ်လှည့်ကာ ဖုန်ချိုး၏မျက်နှာကိုခပ်ပြင်းပြင်းရိုက်ချပစ်လိုက်သည်။
"ဒီမိန်းမကတော့၊ အသက်ရှင်ရတာငြီးငွေ့နေပြီထင်တယ်။"

ဖုန်ချိုးသည် မိစ္ဆာဘုရင်ရွှမ်လီ၏ရက်စက်ကြမ်းကြုတ်သောစရိုက်နှင့် အလွန်ရင်းနှီးပေသည်။ အခြေအနေမကောင်းမှန်းမြင်လိုက်ရတော့ သူမအလျင်အမြန်ငိုချင်းချလိုက်သည်။
"အရှင်! ကျွန်မရဲ့အရှင်! သူအရင်တိုက်ခိုက်တာပါ။ ကျွန်မက..ဒီကိုယ်လုပ်တော်က အရှင့်ကိုဂရုစိုက်တာမို့လို့ သဝန်တိုမိသွားရုံပါပဲ။ ကျေးဇူးပြုပြီး ကျွန်မဖခင်ရဲ့ဂုဏ်သတင်းကို ထောက်ထားဆင်ခြင်ပေးတော်မူပါ.."

မိစ္ဆာဘုရင်ရွှမ်လီပြက်ရယ်ပြုလိုက်သည်။
"မင်းက ငါ့ကိုဂရုစိုက်တယ်ပေါ့လေ? ငါဘာမှမသိဘူးလို့ထင်မနေနဲ့။ မင်းကယွင်ရှဲ့ကိုပဲ အရေးစိုက်တာမဟုတ်ဘူးလား။ ဘာရယ်၊ မင်းအဖေနဲ့ပတ်သတ်ပြီး မင်းကဘာပြောချင်သေးလို့လဲ။ မင်းအဖေက ယွင်ရှဲ့သတ်တာခံလိုက်ရပြီပဲကို!"

ကျန်းရွှင်းယီခေါင်းလှည့်ကြည့်မိတော့ ဖုန်ချိုးမျက်လုံးများရုတ်တရက်ပြူးကျယ်ကာ လှိုင်းခတ်နေသည့်အသံဖြင့် သူမပြောလာတော့သည်။
"မဖြစ်နိုင်ဘူး!"

မိစ္ဆာဘုရင်ရွှမ်လီသရော်လိုက်ကာ သူမနှင့်အဓိပ္ပါယ်မရှိတာတွေပြောနေတာကို ရပ်တန့်လိုက်သည်။ သူလက်ဆန့်ကာ ဖုန်ချိုး၏လည်မျိုကို ဆုပ်ကိုင်လိုက်သည်။
"ဒါဆိုလဲ မင်းမြေအောက်ကမ္ဘာကိုသွားပြီး သူ့ကိုသွားမေးလိုက်တော့ပေါ့!"

ကျန်းရွှင်းယီအသက်ရှူရအနည်းငယ်အဆင်ပြေလာကာ သူ့လက်ကိုသုံး၍ မတ်မတ်ရပ်နိုင်အောင်ဖြည်းဖြည်းချင်းကြိုးစားလိုက်သည်။ ချီရှစ်ကျိုတစ်ယောက်ဖုန်ချီကိုအနိုင်ယူကာ သူ့ဆီလာမလို့လုပ်နေတာကို သူမြင်လိုက်ရတာကြောင့် သူတည်ငြိမ်စွာ​အနောက်နည်းနည်းဆုတ်လိုက်ပြီး သူ့ကိုအသာကန်လိုက်တော့ ချီရှစ်ကျိုဟာ ​​​ခြေလှမ်းတွေကိုချက်ချင်းရပ်ပစ်လိုက်ချေသည်။

ရွှမ်လီသည် ဖုန်ချိုးအား တုံ့ဆိုင်းခြင်းအလျှင်းမရှိပါဘဲ ဒီအတိုင်းသတ်ပစ်ကာ သူ၏မိန်းမများနှင့်ကိုယ်လုပ်တော်များ၏အနောက်၌ ချန်ရစ်ထားခဲ့သည်။ သူဟာ ကျန်းရွှင်းယီ၏ခါးကို ညာဘက်လက်နှင့် ဆုပ်ကိုင်ထားကာ ပြတင်းပေါက်မှခုန်ထွက်လိုက်ပြီးနောက် ဘေးထိပ်ဖျားဆီသို့ ပြေးလွှားလိုက်လေသည်။

အေးစက်စက်လေပြေမှာ ရေခဲဓားသွားသဖွယ် ခံစားမိကာ သူဟာလည်းပဲ အစကတော့ မူးဝေနေလေသည်။ သို့သော် နောက်ပိုင်း၌ ရွှမ်လီ၏အရှိန်ဟာ တကယ်တမ်း နှေးသွားပုံပေါ်သလို သူခံစားလိုက်ရသည်။ သူမည်သည့်အားအင်မျှထုတ်မသုံးနိုင်ပေ။ သူသည် ရိုးရိုးစင်းစင်းပင် မျက်လုံးမှိတ်ကာ သူ၏အာရုံကြောများကို ငြိမ်သက်စေ၏။ သူစတင်တွေးတောလိုက်ပြီးနောက်၌ သူတဖြည်းဖြည်းနားလည်လာရသည် - ရွှမ်လီဟာ စွမ်းအင်ကိုထိန်းသိမ်းဖို့ရာ မှီခိုအားထားရသည့် မှော်စက်ဝန်းကိုချိုးဖျက်ခဲ့သော ယွင်ရှဲ့နှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ရွှမ်လီက ယွင်ရှဲ့၏လက်ထဲ၌ ဒဏ်ရာရခဲ့ပြီး ယခုမူလွတ်မြောက်ချင်နေတာဖြစ်ကောင်းဖြစ်နိုင်ပေမည်။

သူစဥ်းစားမိရင်းဖြင့် ရွှမ်လီကရုတ်တရက်ရပ်တန့်လိုက်ကာ သူ့ကိုမြေကြီးပေါ်တင်ပေးပြီး သူ့ဘေး၌ဝင်ထိုင်ကာ အသက်ပြင်းပြင်းရှုလေသည်။

ကျန်းရွှင်းယီစကားမဆိုဘဲ မျက်လုံးဖွင့်လိုက်သည်။ ပတ်ပတ်လည်တွင်ပျံ့ကြဲနေသည်များမှာ သစ်ရွက်ဝါများဖြစ်ပြီး သူ့ခေါင်းထက်ရှိ သစ်ကိုင်းတွေဟာလည်း ညကောင်းကင်ယံထက်သို့ တိုက်ရိုက်ညွှန်ပြနေချေသည်။ ၎င်းတို့ကိုကြည့်ရသည်မှာ တောနက်ထဲမှဖြစ်သည့်ပုံပေါ်သည်။ သူ့နံဘေး၌မူ၊ မိစ္ဆာဘုရင်ရွှမ်လီ၏အဝတ်အစားမှာ စုတ်ပြဲကာ သူ၏မျက်နှာသည် မီးခိုးရောင်သန်းနေပြီး သေဆုံးတော့မည့်အရိပ်အယောင်ပြသနေလေပြီ။

ကျန်းရွှင်းယီသိနေပါသည်၊ ဒါဟာ ဘာလို့လဲဆိုတော့ လက်ကျန်စွမ်းအင်ဟာ သူ၏ခန္ဓာကိုယ်ကို ဆက်ထိန်းသိမ်းထားဖို့ရာ ထောက်ပံ့ခြင်းမရှိတော့တာကြောင့်ပင်။ သို့သည့်တိုင်၊ မိစ္ဆာဘုရင်ရွှမ်လီသည် နှစ်ပေါင်းတစ်ရာကျော် ထင်ရှားကျော်စောလာခဲ့ကာ သာမန်လူတစ်ယောက်မဟုတ်ပေ။ ကျန်းရွှင်းယီကိုယ်၌ကလည်း ဒဏ်ရာရထားသည်ဖြစ်ရာ ဒီအတိုင်းတိတ်တိတ်လေးထိုင်ပြီး တိုက်ခိုက်ဖို့အခွင့်ရေးမယူဘဲ ဝိညာဥ်စွမ်းအင်ကိုသုံးကာ သူ့ဒဏ်ရာအနာကျက်အောင် ကုသနေလိုက်သည်။

ရွှမ်လီဟာ တစ်အောင့်မျှအနားယူပြီးနောက် ဘေးကိုလှည့်ကြည့်မိတော့ ကျန်းရွှင်းယီဟာ သစ်ပင်ပင်စည်ကိုတိတ်တဆိတ်မှီရင်း တရားထိုင်နေသည်ကို မြင်လိုက်ရသည်။ အပြုံးတစ်ပွင့်ဖြင့် သူပြောမိသည်။
"ကျန်းသခင်လေးက ဉာဏ်ပညာကြီးမားတဲ့ယောက်ျားတစ်ယောက်ပဲ၊ သူ့မှာသိမြင်နိုင်စွမ်းရှိတယ်။ ကိုယ်မင်းကိုတကယ်သဘောကျမိတယ်ကွာ။"

ကျန်းရွှင်းယီမျက်လုံးမှိတ်ထားကာ မထူးခြားမခြားနားပြောလိုက်သည်။
"မင်းဒီအခြေအနေထိရောက်နေပြီပဲ၊ ဘာလို့အသုံးမဝင်တဲ့စကားတွေ​ပြောနေရသေးတာလဲ။ မင်းမပြောရင် မင်းတကယ်သေရလိမ့်မယ်။ ကျောက်စိမ်းဘယ်မှာရှိလဲဆိုတာ ငါ့ကိုပြောပြတာကောင်းလိမ့်မယ်နော်။ ငါ့ဆရာကဘယ်လိုသေသွားတာလဲ။ ချန်လီရဲ့နှလုံးကရော ဘာလို့အစအနမကျန်ပျောက်သွားရတာလဲ။"

အစကတော့ သူ့မှာခံစားချက်များများစားစားမရှိပေ။ သို့သော် ဤစကားလုံးတွေကိုပြောပြီးနောက်၌ ရွှမ်လီဟာ ယုတ်မာသောလုပ်ရပ်များစွာကိုတကယ်ပဲလုပ်ခဲ့ကြောင်း သူရုတ်ခြည်းသဘောပေါက်သွားရသည်၊ သေစမ်း။ သူ့ကိုမှမသတ်ရင် မင်းဘယ်သူ့ကိုသွားသတ်မှာတုန်းဟ။ အကယ်၍ မင်းသာ သူ့အသက်ကို ကိုယ်ခန္ဓာ၈၀၀​နှင့် လဲလှယ်ရင်တောင်မှ၊ ဤခပ်ဆိုးဆိုးဘော့စ်နှင့် အလေးချိန်မတူညီနိုင်ပေ။ ၎င်းသည်ကား စိတ်ဝိညာဥ်စွမ်းအင်လက်တစ်ဆုပ်စာဖြင့်သာ ရနိုင်ပေလိမ့်မည်။

မူရင်းစာအုပ်ထဲ၌၊ နှစ်တစ်သောင်းမြေခွေးသဖွယ် အဓိကဇာတ်ဆောင်ယွင်ရှဲ့ဟာ ကောက်ကျစ်စဥ်းလဲပြီး အရှက်ကင်းမဲ့ကာ ရွှမ်လီဟာလည်း အပိုင်းနှစ်ဆယ်ထပ်ပို၍ အသက်မရှင်နိုင်လောက်ပေ။

ကျန်းရွှင်းယီဒါကိုတွေးကြည့်မိတော့ သူ၏နှုတ်ခမ်းထောင့်စွန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်မိချေသည်။ ရုတ်တရက် သူ့ပုခုံးနွေးထွေးသွားရသည်။ မိစ္ဆာဘုရင်ရွှမ်လီသည် ဘေးကိုမှီကာ သူ့ပုခုံးပေါ် လက်တင်လိုက်တာဖြစ်၏။

ကျန်းရွှင်းယီဦးခေါင်းခွံထုံထိုင်းသွားသလို ခံစားလိုက်ရသည်။
"မင်းဘာလုပ်တာလဲ။"

မိစ္ဆာဘုရင်ရွှမ်လီသည် အသံခပ်နိမ့်နိမ့်ဖြင့် ရယ်မောလာပေသည်။
"အားရွှင်း? ငါပြောတာတွေကအဓိပ္ပါယ်မရှိဘူးလို့ မင်းထင်နေတယ်ပေါ့။ ဒါပေမဲ့ ယွင်ရှဲ့မင်းကိုအမြဲပြောပြောနေတာကြတော့ရော။ သူကမင်းကိုချစ်တယ်။ ယွင်ရှဲ့ကမင်းကိုချစ်နေတာကျတော့ မင်းလက်ခံနိုင်ပြီး သူနဲ့သေအတူရှင်မကွာနေသွားဖို့ဆန္ဒရှိတယ်ပေါ့လေ?"

သူဟာ ပထမစကားလုံးနှစ်လုံးကို ပြောရင်းဖြင့် တန့်သွားကာ သရဲတစ်ကောင်ကိုခေါ်နေသည့်အလား အလွန်တရာပေါ့ပါးစွာပြောနေလေသည်။ ကျန်းရွှင်းယီသည် သူ၏သံနေသံထားကြောင့် လှောင်ရယ်တော့မည်အပြု၊ နောက်ထပ်စကားလုံးတွေကိုကြားလိုက်ရပြီး သူနောက်ပြန်ဆုတ်ကာ သူနားကြားမှားသည်ဟူ၍ ထင်လိုက်မိသည်။
"မင်း၊ မင်းပြောလိုက်တာက ယွင်ရှဲ့ကဘာ?"

မိစ္ဆာဘုရင်ရွှမ်လီသည် သူ၏အမူအရာအား မြင်လိုက်ချိန်တွင် ရှော့ခ်ရသွားတော့သည်။ ကျန်းရွှင်းယီကိုအချိန်အတော်ကြာကြည့်လိုက်ပြီးနောက်၌၊ တစ်ဖက်လူဟာ ဟန်ဆောင်နေပုံမပေါ်မှန်း သဘောပေါက်သွားကာ အသားကုန်ရယ်ချလိုက်မိသည်။
"ဒီတော့ မင်းတကယ်မသိဘူးပေါ့? မင်းမသိခဲ့ဘူးပေါ့လေ! သနားစရာပဲ ငါအစကတော့.....ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာ ဒါက တစ်ဖက်သတ်အချစ်ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားမိဘူး!"

ယွင်ရှဲ့၏သိုဝှက်သောအချစ်ဘဝသည်ကား တကယ့်ကို အလွန်ပင်ခါးသက်ကာ သူသည် သူ၏ပုံမှန်မျက်နှာထားနှင့် အမူအကျင့်ကိုထိန်းသိမ်းထားနိုင်သေး၏။ သူ ထိုအကြောင်းပိုစဥ်းစားမိလေ၊ မိစ္ဆာဘုရင်ရွှမ်လီအတွက် ပို၍ရယ်စရာကောင်းလေပင်။
"ကျန်းသခင်လေး ၊ ကျန်းရွှင်းယီ ၊ ယွင်ရှဲ့က မင်းကိုနှစ်တွေအများကြီး ချစ်မြတ်နိုးနေခဲ့တာ။ မင်းနဲ့နီးကပ်လာတဲ့သူတွေအားလုံးမြင်နိုင်မှာကို ငါစိုးရိမ်မိတယ်၊ ဒါပေမဲ့ မင်းကဘာမှမသိဘူးတဲ့လား? မင်း....ဟားဟားဟား၊ မင်းက ရူးနေတာလားပဲ။"

ကျန်းရွှင်းယီ: "....."

သူသည် ခေတ်သစ်ကမ္ဘာ၌ ငယ်စဥ်ကတည်းက နေမကောင်းဖြစ်​နေသည်ဖြစ်ရာ သူ၏စရိုက်မှာ အနည်းငယ်သီးသန့်ဆန်ပြီး လူတွေနှင့်ထိတွေ့ဆက်ဆံခြင်းလည်းသိပ်မရှိခဲ့ပေ။ သူဒီကိုကူးပြောင်းလာခဲ့ပြီးနောက်၌၊ သူဟာ ကြည်လင်ရှင်းသန့်သောနှလုံးသားနှင့် လိုအင်ရမ္မက်နည်းရမည့် ကျင့်ကြံသူတစ်ဦးဖြစ်လာခဲ့ပေ၏။ သူသည် ခံစားချက်ဆိုင်ရာကိစ္စများကို ဆတ်ဆတ်ထိမခံနိုင်သည့်သူ တကယ်မဟုတ်ပေ။ ရွှမ်လီ၏စကားများဟာ ကောင်းကင်ဘုံကို ထိုးဖောက်သွားသည့်တိမ်များသဖွယ် ကမ္ဘာသစ်တံခါးကိုဖွင့်လှစ်ပေးလိုက်လေသည်။

ယွင်ရှဲ့၏ချောမောလှပသောမျက်နှာက သူ့မျက်စိရှေ့၌ရုတ်တရက်ပေါ်လာပြီး ပုံမှန်ရယ်သံ၊ သူ၏စကားများ၊ သူ၏အပြုအမူတွေအားလုံးဟာ သူ့စိတ်ထဲတွင်တစ်ခုပြီးတစ်ခု စတင်ဖြတ်ပြေးသွားလေသည်။ ရုတ်တရက်ပင်၊ ထူးဆန်းကာ အဓိပ္ပါယ်မရှိဘူးဟူ၍ တွေးထားခဲ့သောလုပ်ရပ်များ၌ အကြောင်းပြချက်ခိုင်လုံသောရှင်းပြချက်များရှိနေ၏။ သို့ပေသိ၊ အမှားမခံနိုင်သည့်တစ်စုံတစ်ယောက်ဟာ ဤကဲ့သို့လျို့ဝှက်ချက်မျိုးကို အချိန်အကြာကြီးဘယ်လိုသယ်ဆောင်ထားနိုင်မှန်း သူ မသိတော့ချေ။ သူနှင့်အတူလွတ်မြောက်လာချိန်၊ တစ်ယောက်ဓားနှင့်တစ်ယောက်ရင်ဆိုင်ရချိန်၊ ခါးသီးစွာစောင့်ဆိုင်းရချိန် လက်ရှိအချိန်အထိတစ်လျှောက်လုံး....သူ့မှာဘယ်လိုစိတ်အခြေအနေရှိနေခဲ့လိမ့်မည်နည်း။

အတိတ်၏ပုံရိပ်များသူ့စိတ်ထဲ၌ ပြန်လည်မြင်ယောင်လာသည်နှင့် ကျန်းရွှင်းယီ၏နှလုံးသားမှာ ဒရမ်သဖွယ် ခုန်လှုပ်နေသည်မှာ သူဘယ်တုန်းကမှဂရုမစိုက်ခဲ့သည့် သူ့ဦးနှောက်၏အပိုင်းလေးကို မမြင်နိုင်သောဓားသွားချွန်ဖြင့် ဖွင့်ထုတ်လိုက်သည့်နှယ်။ ဤတဒဂ်၌ သူရုတ်တရက်အများကြီးနားလည်လိုက်သလို ခံစားမိပေမဲ့ သူဘာမှနားမလည်သလိုခံစားမိပြန်သည်...

မတိုင်ခင်က ကျန်းရွှင်းယီကို သူထိပါးလိုက်ချိန်၌ ကျန်းရွှင်းယီဘယ်လောက်ရွံရှာနေမှန်း ရွှမ်လီမှတ်မိနေဆဲပင်။
ဒါပေမဲ့ အခုချိန်မှာကျန်းရွှင်းယီ၏အမူအရာဟာ သူ့နှလုံးသားကိုစုန်းစုန်းနစ်မြှုပ်စေလေသည်။ ဘာပဲဖြစ်နေပါစေ၊ ကျန်းရွှင်းယီဟာ ယွင်ရှဲ့ကိုမရိုက်နှက်မည်မှန်း သူသိနေပါသည်။

သို့ပေမဲ့ လူသားတွေဟာ ဤကဲ့သို့ထူးဆန်းသောသတ္တဝါများဖြစ်ကြ၏။ အကယ်၍ သူတို့လိုချင်တာကိုမရဘူးဆိုလျှင်၊ ဒါမှမဟုတ်၊ တစ်ယောက်ယောက်က သူတို့ထပ် မျှော်လင့်ချက်ပိုရှိပြီး ၊ သူတို့ထက်ပို၍သာလွန်နေမည်ဆိုလျှင်၊ ၎င်းတို့ဟာ ဒေါသပိုထွက်လာပေလိမ့်မည်...ပြောစရာမလိုပင်၊ မိစ္ဆာဘုရင်ရွှမ်လီဟာ နဂိုကတည်းက ယန်ရှန်းဂိုဏ်းခေါင်းဆောင်နှင့်ရန်ဘက်များဖြစ်နေခဲ့သည်ပင်။

ရွှမ်လီသည် ကျန်းရွှင်းယီ၏ဖြူဖျော့ကာ လှပနုနယ်သောမျက်နှာလေးကိုကြည့်လိုက်ပြီး သူ၏အကြည့်ဟာ အောက်သို့ဆင်းသက်သွားချေသည်။ နောက်မှလိုက်လာသည်က သေးသွယ်သောလည်တိုင်ဖြူဖြူ၊ လှပသောညှပ်ရိုးလေး....ကျန်းရွှင်းယီသည် အလွန်အန္တရာယ်ကြီးလွန်းကာ မုန်းစရာကောင်းလှပြီး တစ်ခါတစ်လေကျ သူ့ကိုတကယ်သတ်ပစ်ချင်မိသည့်တိုင် သူ့ကိုတကယ်.....

မိစ္ဆာဘုရင်ရွှမ်လီ၏လက်မှာ မတိုင်ခင်ကအတိုင်းပင် သူ၏ပုခုံးပေါ်၌ရှိနေဆဲဖြစ်ပြီး သူ၏အသက်ရှုနှုန်းကား သတိလက်လွတ်မြန်ဆန်လာကာ အသံနိမ့်ဖြင့်တီးတိုးပြောလိုက်သည်။
"မင်းအဆင်ပြေသွားပြီလား။"

သူပို၍နီးကပ်စွာကိုင်းလိုက်ကာ နူးညံ့ပျော့ပြောင်းစွာဖြင့် ဆက်၍တီးတိုးပြောလာသည်။
"မင်းပိုကောင်းသွားပြီဆိုရင် ကိုယ်တို့အကြွေးဆပ်ရအောင်လေ။"

ကျန်းရွှင်းယီသည် ရွှမ်လီ၏ယုတ်မာမှုပမာဏကို ရှင်းလင်းစွာသိထားကာ သူ့စိတ်တွေရှုပ်ထွေးနေဆဲဖြစ်ပေမဲ့ သူကျင့်ကြံလာသောနှစ်များဟာ သူ့အားအကန့်အသတ်မရှိသောထက်ရှမှုကို ပေးစွမ်းလေသည်။ တစ်ဖက်လူက ပြောလာသည့်အခါ၊ သူသတိချပ်လိုက်ရသည်။

ရုတ်ခြည်းပင်၊ တစ်ဖက်လူ၏လက်က သူ့ပုခုံးကိုပြင်းထန်စွာဖိချလာကာ သူ့ပုခုံးအားနာကျင်စေလေသည်။ ရွှမ်လီကိုကြည့်ရသည်မှာ နောက်ဆုံးအကြိမ်ကလိုမျိုး သူ့အရိုးတွေအကုန်လုံးကိုချိုးပစ်တော့မည်မှန်း ကျန်းရွှင်းယီချက်ချင်းသဘောပေါက်သွားရသည်။

ကျန်းရွှင်းယီသည် အချိန်အတန်ကြာ တရားထိုင်နေခဲ့သည်ဖြစ်ရာ မတိုင်ခင်ကလိုမျိုး အားအင်မရှိသည်မဟုတ်။

သူ့လက်ကိုရုတ်ခြည်းဆန့်ထုတ်ကာ ရွှမ်လီ၏လက်ကောက်ဝတ်ကိုမြဲမြံစွာဆုပ်ကိုင်ထားလိုက်ပြီး နောက်လက်တစ်ဖက်က အရင်ဒဏ်ရာကိုမေ့ထားကာ အမြန်ဝေ့ဝဲကာဖြင့် တစ်ဖက်လူ၏ရင်ဘတ်ကိုရိုက်ချလိုက်ပေသည်။

ရွှမ်လီသည် သူဟာ ဒူးလေး၏အစွန်း၌ရှိနေကြောင်း မြင်လိုက်ရကာ ကျန်းရွှင်းယီ၏အားနည်းသောခုခံနိုင်စွမ်းကို ဂရုမစိုက်တော့ပေ။ သူ့နှုတ်ခမ်းထက်၌ ရက်စက်သောအပြုံးတစ်ခုချိတ်ဆွဲကာ သူ၏လက်ဖဝါးများကိုဆန့်ထုတ်လိုက်ချေသည်။

သို့သည့်တိုင်၊ သူ၏လက်ဝါးမှာ တစ်ဖက်လူနှင့်ရိုက်ခတ်သွားပြီး အနောက်သို့ဆုတ်သွားရသည့်သူဟာ သူဖြစ်လိမ့်မည်မှန်း မထင်မှတ်ထားမိပေ။

ကျန်းရွှင်းယီ၏မပျောက်ကင်းသေးသောအရိုးမှာ အဆစ်ပြန်လွဲသွား၍ နာကျင်မှုဟာအလွန်ပြင်းထန်လှကာ သူ့နှဖူးပေါ်၌ချွေးစေးများထွက်လာတော့သည်။ သူသည် သတိမမူမိစွာဖြင့် သူ့လက်ပေါ်ကလက်စွပ်ကို ကိုင်လိုက်မိကာ အေးစက်စက်အထိအတွေ့ဟာသူ၏နာကျင်မှုကို အနည်းကျဥ်းမျှသက်သာစေလေသည်။ ထို့နောက်ချက်ချင်းပင်၊ ဒါဟာ ယွင်ရှဲ့ပိုင်ဆိုင်တာဖြစ်ကြောင်း သတိရသွားကာ သူ၏မျက်နှာပူလာရလေသည်။

မိစ္ဆာဘုရင်ရွှမ်လီ ၊ ယွင်ရှဲ့နှင့် ကျန်းရွှင်းယီတို့သည် ကြိမ်ဖန်များစွာ တိုက်ကွက်လဲလှယ်ဖူးသည်ဖြစ်ရာ သူတို့ဟာ တစ်ဦးချင်းစီ၏လှုပ်ရှားမှုများကို အရေးစိုက်ခဲ့ကြသည်။ မိစ္ဆာဘုရင်ရွှမ်လီမတ်တပ်ထရပ်ကာ ခါးသက်သက်ပြောလိုက််သည်။
"ယွင်ရှဲ့?"

ကျန်းရွှင်းယီ သူနှင့်ပေါက်ကရတွေပြောမနေတော့ပေ၊ သူ့ခြေဖနောင့်ကိုပြန်သိမ်းကာ ထွက်သွားမည်အပြု၊ မိစ္ဆာဘုရင်ရွှမ်လီကရုတ်တရက်ဆဲရေးလာလေသည်။ သူ၏ဒဏ်ရာကို မေ့ပျောက်ထားပြီး သူ၏လက်မောင်းများမှာ ဆန့်ထွက်လာကာ သူ၏​ခြေလက်များမှာ ရှည်လျား၊ ထူထဲလာပြီးနောက် ၎င်းဟာ နောက်ဆုံးထွက်သက်၌ ကျန်းရွှင်းယီကိုဖမ်းဆွဲလာတော့သည်။

ကျန်းရွှင်းယီသည် လေဟာနယ်ထဲ၌ လှည့်ကာ လားရာချက်ချင်းပြောင်းလိုက်ပြီး ညာဘက်ကိုပျံသန်းကာ ရှောင်တိမ်းလိုက်ပေမဲ့ သူ့နောက်မှလူတစ်ယောက်ရုတ်တရက်ရောက်လာခဲ့ကာ သူ့ကျောပြင်ပေါ်လက်မောင်းတင်ထားရင်း ရွှမ်လီ၏ဖမ်းဆွဲချက်ကိုငြင်းပယ်လိုက်ပြီးနောက် ကျန်းရွှင်းယီအား သူ၏လက်မောင်းထဲ၌ထည့်ဖက်ထားကာ ရွှမ်လီ၏လက်ဝါးစာကို သူ့အတွက်တားဆီးပေးလာတော့သည်။

စိတ်ဝိညာဥ်စွမ်းအင်ကား အလွန်တရာရင်းနှီးလွန်းလှသည်ဖြစ်ရာ လှည့်မကြည့်ဘဲနှင့် မှတ်မိနိုင်ပေသည်။ ကျန်းရွှင်းယီရှော့ခ်ရသွားကာ လွှတ်ခနဲပြောလိုက်မိချေသည်။
"ယွင်ရှဲ့!"

----------

ဤနေရာ၌ ယွင်ရှဲ့ပေါ်လာခြင်းကား တိုက်ဆိုင်မှုသက်သက်မျှမဟုတ်။

သူနှင့်ကျိုးကျန့်ဖန်ဟာ မြေအောက်အကျဥ်းတိုက်အနီးအနားရှိ အခြေတည်ဆောက်ခြင်းမြေပုံကို ရှာတွေ့သွားကြပြီးနောက်၌၊ သူတို့မရပ်တန့်တော့ဘဲ အတွင်းသို့တည့်တည့်မတ်မတ်ဝင်လိုက်ကြကာ ကံခေသောလူတွေကိုထည့်ပိတ်ထားသည့်နေရာဆီသို့ တစ်ချိုးတည်းလျှောက်လာခဲ့ကြ၏။

ဤအကျဥ်းတိုက်ကား မြေအောက်တွင်တည်ဆောက်ထားကာ သဘာဝကျကျပင် အတွင်း၌လုံးဝသက်တောင့်သက်တာမရှိလှ။ ၎င်းသည် အလွန်အမင်းစိုစွတ်နေကာ လေထုမှာလည်း မြေဆီလွှာအနံ့ပျံ့နှံ့နေ၍ လူတွေ၏လည်ချောင်းကိုယားယံစေလေသည်။ ကျန်းရွှင်းယီ၏ရှေ့မှောက်၌ အမြဲတစေနူးညံ့ကာ ပြုံးပျော်ရွှင်နေတတ်သောယွင်ရှဲ့မှာ ယခုအချိန်တွင်တော့ ပေါက်ကရတွေမပြောဘဲ ကျိုးကျန့်ဖန်၏အနောက်ကနေ မျက်မှောင်မကြုတ်ဘဲ လိုက်ပါလာခဲ့သည်။

စကြ်လမ်းရှည်ကြီး၏ဘေးတစ်ဖက်တစ်ချက်စီ၌ အကျဥ်းတိုက်များစီတန်းနေသည်၊ အကျဥ်းတိုက်နှစ်လုံးစီ၏အပြင်ဘက်တွင် ရေနံဆီမီးအိမ်အသေးလေးတစ်ခုရှိ၏။ အလင်းရောင်မှာ အလွန်မှိန်ပျသည့်တိုင် လူတွေ၏အရိပ်ကိုပြသဖို့ရာတော့ လုံလောက်လေသည်။ သူနှင့် ကျိုးကျန့်ဖန်သည် တစ်လှမ်းပြီးတစ်လှမ်းလျှောက်ဝင်လာခဲ့ကြပြီး ပထမဆုံးအကျဥ်းတိုက်ထဲရှိတစ်စုံတစ်ယောက်ဟာ ချက်ချင်းထအော်လာခဲ့သည်။

ယွင်ရှဲ့က အလွန်လျင်မြန်စွာတုံ့ပြန်လိုက်သည်၊ ၎င်းပါးစပ်ဟပြီးအသံမပြုရသေးမီမှာပင်၊ ယွင်ရှဲ့လက်ချောင်းများဖြင့်အမူအရာပြကာ အသံနိမ့်နိမ့်ဖြင့်အမိန့်ပေးလိုက်၏။
"တိတ်တိတ်နေစမ်း!"

ထိုယောက်ျား၏ပါးစပ်မှာ ဆွဲဆိတ်ခံလိုက်ရသည့်အလား ရုတ်တရက်ပိတ်သွားကာ မည်သည့်အသံမျှထပ်မထွက်တော့ပေ။ ပြီးနောက်၊ ယွင်ရှဲ့သည် နောက်ထပ်အကာအကွယ်နည်းလမ်းကို ချက်ချင်းထုတ်သုံးလိုက်ပြီး ဤနေရာလွတ်အား အပြင်ဖက်ကမ္ဘာမှသီးခြားခွဲထုတ်လိုက်ကာ သူတို့၏လှုပ်ရှားမှုများကို အပြင်ဖက်ရှိအစောင့်များမကြားအောင် ကာကွယ်လိုက်ချေ၏။

____________________________________________

ဘာသာပြန်သူခေါက်ဆွဲ၏ပြဇာတ်ငယ်လေး:

အကူလေးရွှမ်လီ: "ကျန်းသခင်လေး၊ ယွင်ရှဲ့က မင်းကိုကြိုက်နေတာကြာလှပြီကွ...မင်းမသိဘူးပေါ့လေ...ဟားဟားဟား....တုံးရန်ကော!"

ကြီးမြတ်သောယွင်ရှဲ့: *ရွှမ်လီကိုဒေါသတကြီးဖြင့်ကြည့်*"မင်းပါးစပ်ပိတ်ထား!!"

ထို့နောက် ယွင်ရှဲ့ဟာ ကျန်းရွှင်းယီကိုမျက်နှာငယ်လေးဖြင့်ကြည့်လိုက်ရင်း
"အားရွှင်း...ကိုယ်..ကိုယ်.."

ကမ္ဘာ့အပြင်ဘက်ရောက်နေသောကျန်းရွှင်းယီ: "...." ငါဘယ်သူလဲ? ငါဒီကိုဘာလို့ရောက်နေတာလဲ။ ယွင်ရှဲ့က ငါ့ကိုကြိုက်တယ်? အဲ့ဒါကဘာကိုဆိုလိုတာလဲ? ငါနားလည်သလိုလို၊ နားမလည်သလိုလိုပဲ.....

______________________________________________

!zawgyi!

အခန္း(၆၇) မင္း႐ူးေနတာလား။

.....

သူရႉထုတ္လိုက္သည့္ထြက္ေလမွာ သူေခ်ာင္းဆိုးလိုက္သည့္အခါ ေသြးအျပည့္ပင္။ ႐ႊမ္လီသည္ ခန္းမထဲရွိအရႈပ္ထုပ္ေတြကိုၾကည့္ကာ ေဒါသထြက္ရသလို ေနာင္တလဲရမိသည္။ က်န္း႐ႊင္းယီကိုအေဝးေခၚသြားဖို႔ရာ နည္းလမ္းမရွိေတာ့။ ႐ုတ္ျခည္းပင္၊ သူတစ္ပတ္လွည့္ကာ ဖုန္ခ်ိဳး၏မ်က္ႏွာကိုခပ္ျပင္းျပင္းရိုက္ခ်ပစ္လိုက္သည္။
"ဒီမိန္းမကေတာ့၊ အသက္ရွင္ရတာၿငီးေငြ႕ေနၿပီထင္တယ္။"

ဖုန္ခ်ိဳးသည္ မိစ္ဆာဘုရင္႐ႊမ္လီ၏ရက္စက္ၾကမ္းၾကဳတ္ေသာစရိုက္ႏွင့္ အလြန္ရင္းႏွီးေပသည္။ အေျခအေနမေကာင္းမွန္းျမင္လိုက္ရေတာ့ သူမအလ်င္အျမန္ငိုခ်င္းခ်လိဳက္သည္။
"အရွင္! ကြၽန္မရဲ႕အရွင္! သူအရင္တိုက္ခိုက္တာပါ။ ကြၽန္မက..ဒီကိုယ္လုပ္ေတာ္က အရွင့္ကိုဂ႐ုစိုက္တာမို႔လို႔ သဝန္တိုမိသြား႐ုံပါပဲ။ ေက်းဇူးျပဳၿပီး ကြၽန္မဖခင္ရဲ႕ဂုဏ္သတင္းကို ေထာက္ထားဆင္ျခင္ေပးေတာ္မူပါ.."

မိစ္ဆာဘုရင္႐ႊမ္လီျပက္ရယ္ျပဳလိုက္သည္။
"မင္းက ငါ့ကိုဂ႐ုစိုက္တယ္ေပါ့ေလ? ငါဘာမွမသိဘူးလို႔ထင္မေနနဲ႕။ မင္းကယြင္ရွဲ႕ကိုပဲ အေရးစိုက္တာမဟုတ္ဘူးလား။ ဘာရယ္၊ မင္းအေဖနဲ႕ပတ္သတ္ၿပီး မင္းကဘာေျပာခ်င္ေသးလို႔လဲ။ မင္းအေဖက ယြင္ရွဲ႕သတ္တာခံလိုက္ရၿပီပဲကို!"

က်န္း႐ႊင္းယီေခါင္းလွည့္ၾကည့္မိေတာ့ ဖုန္ခ်ိဳးမ်က္လုံးမ်ား႐ုတ္တရက္ျပဴးက်ယ္ကာ လွိုင္းခတ္ေနသည့္အသံျဖင့္ သူမေျပာလာေတာ့သည္။
"မျဖစ္နိုင္ဘူး!"

မိစ္ဆာဘုရင္႐ႊမ္လီသေရာ္လိုက္ကာ သူမနှင့်အဓိပ္ပါယ်မရှိတာတွေပြောနေတာကို ရပ္တန့္လိုက္သည္။ သူလက္ဆန့္ကာ ဖုန္ခ်ိဳး၏လည္မ်ိဳကို ဆုပ္ကိုင္လိုက္သည္။
"ဒါဆိုလဲ မင္းေျမေအာက္ကမၻာကိုသြားၿပီး သူ႕ကိုသြားေမးလိုက္ေတာ့ေပါ့!"

က်န္း႐ႊင္းယီအသက္ရႉရအနည္းငယ္အဆင္ေျပလာကာ သူ႕လက္ကိုသုံး၍ မတ္မတ္ရပ္နိုင္ေအာင္ျဖည္းျဖည္းခ်င္းႀကိဳးစားလိုက္သည္။ ခ်ီရွစ္က်ိဳတစ္ေယာက္ဖုန္ခ်ီကိုအနိုင္ယူကာ သူ႕ဆီလာမလို႔လုပ္ေနတာကို သူျမင္လိုက္ရတာေၾကာင့္ သူတည္ၿငိမ္စြာအေနာက္နည္းနည္းဆုတ္လိုက္ၿပီး သူ႕ကိုအသာကန္လိုက္ေတာ့ ခ်ီရွစ္က်ိဳဟာ ေျခလွမ္းေတြကိုခ်က္ခ်င္းရပ္ပစ္လိုက္ေခ်သည္။

႐ႊမ္လီသည္ ဖုန္ခ်ိဳးအား တုံ႕ဆိုင္းျခင္းအလွ်င္းမရွိပါဘဲ ဒီအတိုင္းသတ္ပစ္ကာ သူ၏မိန္းမမ်ားႏွင့္ကိုယ္လုပ္ေတာ္မ်ား၏အေနာက္၌ ခ်န္ရစ္ထားခဲ့သည္။ သူဟာ က်န္း႐ႊင္းယီ၏ခါးကို ညာဘက္လက္ႏွင့္ ဆုပ္ကိုင္ထားကာ ျပတင္းေပါက္မွခုန္ထြက္လိုက္ၿပီးေနာက္ ေဘးထိပ္ဖ်ားဆီသို႔ ေျပးလႊားလိုက္ေလသည္။

ေအးစက္စက္ေလေျပမွာ ေရခဲဓားသြားသဖြယ္ ခံစားမိကာ သူဟာလည္းပဲ အစကေတာ့ မူးေဝေနေလသည္။ သို႔ေသာ္ ေနာက္ပိုင္း၌ ႐ႊမ္လီ၏အရွိန္ဟာ တကယ္တမ္း ႏွေးသြားပုံေပၚသလို သူခံစားလိုက္ရသည္။ သူမည္သည့္အားအင္မွ်ထုတ္မသုံးနိုင္ေပ။ သူသည္ ရိုးရိုးစင္းစင္းပင္ မ်က္လုံးမွိတ္ကာ သူ၏အာ႐ုံေၾကာမ်ားကို ၿငိမ္သက္ေစ၏။ သူစတင္ေတြးေတာလိုက္ၿပီးေနာက္၌ သူတျဖည္းျဖည္းနားလည္လာရသည္ - ႐ႊမ္လီဟာ စြမ္းအင္ကိုထိန္းသိမ္းဖို႔ရာ မွီခိုအားထားရသည့္ ေမွာ္စက္ဝန္းကိုခ်ိဳးဖ်က္ခဲ့ေသာ ယြင္ရွဲ႕ႏွင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေကာင္းျဖစ္နိုင္သည္။ ႐ႊမ္လီက ယြင္ရွဲ႕၏လက္ထဲ၌ ဒဏ္ရာရခဲ့ၿပီး ယခုမူလြတ္ေျမာက္ခ်င္ေနတာျဖစ္ေကာင္းျဖစ္နိုင္ေပမည္။

သူစဥ္းစားမိရင္းျဖင့္ ႐ႊမ္လီက႐ုတ္တရက္ရပ္တန့္လိုက္ကာ သူ႕ကိုေျမႀကီးေပၚတင္ေပးၿပီး သူ႕ေဘး၌ဝင္ထိုင္ကာ အသက္ျပင္းျပင္းရႈေလသည္။

က်န္း႐ႊင္းယီစကားမဆိုဘဲ မ်က္လုံးဖြင့္လိုက္သည္။ ပတ္ပတ္လည္တြင္ပ်ံ့ႀကဲေနသည္မ်ားမွာ သစ္႐ြက္ဝါမ်ားျဖစ္ၿပီး သူ႕ေခါင္းထက္ရွိ သစ္ကိုင္းေတြဟာလည္း ညေကာင္းကင္ယံထက္သို႔ တိုက္ရိုက္ၫႊန္ျပေနေခ်သည္။ ၎တို႔ကိုၾကည့္ရသည္မွာ ေတာနက္ထဲမွျဖစ္သည့္ပုံေပၚသည္။ သူ႕နံေဘး၌မူ၊ မိစ္ဆာဘုရင္႐ႊမ္လီ၏အဝတ္အစားမွာ စုတ္ၿပဲကာ သူ၏မ်က္ႏွာသည္ မီးခိုးေရာင္သန္းေနၿပီး ေသဆုံးေတာ့မည့္အရိပ္အေယာင္ျပသေနေလၿပီ။

က်န္း႐ႊင္းယီသိေနပါသည္၊ ဒါဟာ ဘာလို႔လဲဆိုေတာ့ လက္က်န္စြမ္းအင္ဟာ သူ၏ခႏၶာကိုယ္ကို ဆက္ထိန္းသိမ္းထားဖို႔ရာ ေထာက္ပံ့ျခင္းမရွိေတာ့တာေၾကာင့္ပင္။ သို႔သည့္တိုင္၊ မိစ္ဆာဘုရင္႐ႊမ္လီသည္ ႏွစ္ေပါင္းတစ္ရာေက်ာ္ ထင္ရွားေက်ာ္ေစာလာခဲ့ကာ သာမန္လူတစ္ေယာက္မဟုတ္ေပ။ က်န္း႐ႊင္းယီကိုယ္၌ကလည္း ဒဏ္ရာရထားသည္ျဖစ္ရာ ဒီအတိုင္းတိတ္တိတ္ေလးထိုင္ၿပီး တိုက္ခိုက္ဖို႔အခြင့္ေရးမယူဘဲ ဝိညာဥ္စြမ္းအင္ကိုသုံးကာ သူ႕ဒဏ္ရာအနာက်က္ေအာင္ ကုသေနလိုက္သည္။

႐ႊမ္လီဟာ တစ္ေအာင့္မွ်အနားယူၿပီးေနာက္ ေဘးကိုလွည့္ၾကည့္မိေတာ့ က်န္း႐ႊင္းယီဟာ သစ္ပင္ပင္စည္ကိုတိတ္တဆိတ္မွီရင္း တရားထိုင္ေနသည္ကို ျမင္လိုက္ရသည္။ အၿပဳံးတစ္ပြင့္ျဖင့္ သူေျပာမိသည္။
"က်န္းသခင္ေလးက ဉာဏ္ပညာႀကီးမားတဲ့ေယာက္်ားတစ္ေယာက္ပဲ၊ သူ႕မွာသိျမင္နိုင္စြမ္းရွိတယ္။ ကိုယ္မင္းကိုတကယ္သေဘာက်မိတယ္ကြာ။"

က်န္း႐ႊင္းယီမ်က္လုံးမွိတ္ထားကာ မထူးျခားမျခားနားေျပာလိုက္သည္။
"မင္းဒီအေျခအေနထိေရာက္ေနၿပီပဲ၊ ဘာလို႔အသုံးမဝင္တဲ့စကားေတြေျပာေနရေသးတာလဲ။ မင္းမေျပာရင္ မင္းတကယ္ေသရလိမ့္မယ္။ ေက်ာက္စိမ္းဘယ္မွာရွိလဲဆိုတာ ငါ့ကိုေျပာျပတာေကာင္းလိမ့္မယ္ေနာ္။ ငါ့ဆရာကဘယ္လိုေသသြားတာလဲ။ ခ်န္လီရဲ႕ႏွလုံးကေရာ ဘာလို႔အစအနမက်န္ေပ်ာက္သြားရတာလဲ။"

အစကေတာ့ သူ႕မွာခံစားခ်က္မ်ားမ်ားစားစားမရွိေပ။ သို႔ေသာ္ ဤစကားလုံးေတြကိုေျပာၿပီးေနာက္၌ ႐ႊမ္လီဟာ ယုတ္မာေသာလုပ္ရပ္မ်ားစြာကိုတကယ္ပဲလုပ္ခဲ့ေၾကာင္း သူ႐ုတ္ျခည္းသေဘာေပါက္သြားရသည္၊ ေသစမ္း။ သူ႕ကိုမွမသတ္ရင္ မင္းဘယ္သူ႕ကိုသြားသတ္မွာတုန္းဟ။ အကယ္၍ မင္းသာ သူ႕အသက္ကို ကိုယ္ခႏၶာ၈၀၀ႏွင့္ လဲလွယ္ရင္ေတာင္မွ၊ ဤခပ္ဆိုးဆိုးေဘာ့စ္ႏွင့္ အေလးခ်ိန္မတူညီနိုင္ေပ။ ၎သည္ကား စိတ္ဝိညာဥ္စြမ္းအင္လက္တစ္ဆုပ္စာျဖင့္သာ ရနိုင္ေပလိမ့္မည္။

မူရင္းစာအုပ္ထဲ၌၊ ႏွစ္တစ္ေသာင္းေျမေခြးသဖြယ္ အဓိကဇာတ္ေဆာင္ယြင္ရွဲ႕ဟာ ေကာက္က်စ္စဥ္းလဲၿပီး အရွက္ကင္းမဲ့ကာ ႐ႊမ္လီဟာလည္း အပိုင္းႏွစ္ဆယ္ထပ္ပို၍ အသက္မရွင္နိုင္ေလာက္ေပ။

က်န္း႐ႊင္းယီဒါကိုေတြးၾကည့္မိေတာ့ သူ၏ႏႈတ္ခမ္းေထာင့္စြန္းမွာ ကူကယ္ရာမဲ့စြာျဖင့္ ၿပဳံးလိုက္မိေခ်သည္။ ႐ုတ္တရက္ သူ႕ပုခုံးႏြေးေထြးသြားရသည္။ မိစ္ဆာဘုရင္႐ႊမ္လီသည္ ေဘးကိုမွီကာ သူ႕ပုခုံးေပၚ လက္တင္လိုက္တာျဖစ္၏။

က်န္း႐ႊင္းယီဦးေခါင္းခြံထုံထိုင္းသြားသလို ခံစားလိုက္ရသည္။
"မင္းဘာလုပ္တာလဲ။"

မိစ္ဆာဘုရင္႐ႊမ္လီသည္ အသံခပ္နိမ့္နိမ့္ျဖင့္ ရယ္ေမာလာေပသည္။
"အား႐ႊင္း? ငါပြောတာတွေကအဓိပ္ပါယ်မရှိဘူးလို့ မင္းထင္ေနတယ္ေပါ့။ ဒါေပမဲ့ ယြင္ရွဲ႕မင္းကိုအၿမဲေျပာေျပာေနတာၾကေတာ့ေရာ။ သူကမင္းကိုခ်စ္တယ္။ ယြင္ရွဲ႕ကမင္းကိုခ်စ္ေနတာက်ေတာ့ မင္းလက္ခံနိုင္ၿပီး သူနဲ႕ေသအတူရွင္မကြာေနသြားဖို႔ဆႏၵရွိတယ္ေပါ့ေလ?"

သူဟာ ပထမစကားလုံးႏွစ္လုံးကို ေျပာရင္းျဖင့္ တန့္သြားကာ သရဲတစ္ေကာင္ကိုေခၚေနသည့္အလား အလြန္တရာေပါ့ပါးစြာေျပာေနေလသည္။ က်န္း႐ႊင္းယီသည္ သူ၏သံေနသံထားေၾကာင့္ ေလွာင္ရယ္ေတာ့မည္အျပဳ၊ ေနာက္ထပ္စကားလုံးေတြကိုၾကားလိုက္ရၿပီး သူေနာက္ျပန္ဆုတ္ကာ သူနားၾကားမွားသည္ဟူ၍ ထင္လိုက္မိသည္။
"မင္း၊ မင္းေျပာလိုက္တာက ယြင္ရွဲ႕ကဘာ?"

မိစ္ဆာဘုရင္႐ႊမ္လီသည္ သူ၏အမူအရာအား ျမင္လိုက္ခ်ိန္တြင္ ေရွာ့ခ္ရသြားေတာ့သည္။ က်န္း႐ႊင္းယီကိုအခ်ိန္အေတာ္ၾကာၾကည့္လိုက္ၿပီးေနာက္၌၊ တစ္ဖက္လူဟာ ဟန္ေဆာင္ေနပုံမေပၚမွန္း သေဘာေပါက္သြားကာ အသားကုန္ရယ္ခ်လိဳက္မိသည္။
"ဒီေတာ့ မင္းတကယ္မသိဘူးေပါ့? မင္းမသိခဲ့ဘူးေပါ့ေလ! သနားစရာပဲ ငါအစကေတာ့.....ဒီေလာက္ႏွစ္ေတြၾကာၿပီးတဲ့ေနာက္မွာ ဒါက တစ္ဖက္သတ္အခ်စ္ျဖစ္ေနလိမ့္မယ္လို႔ ငါမထင္ထားမိဘူး!"

ယြင္ရွဲ႕၏သိုဝွက္ေသာအခ်စ္ဘဝသည္ကား တကယ့္ကို အလြန္ပင္ခါးသက္ကာ သူသည္ သူ၏ပုံမွန္မ်က္ႏွာထားႏွင့္ အမူအက်င့္ကိုထိန္းသိမ္းထားနိုင္ေသး၏။ သူ ထိုအေၾကာင္းပိုစဥ္းစားမိေလ၊ မိစ္ဆာဘုရင္႐ႊမ္လီအတြက္ ပို၍ရယ္စရာေကာင္းေလပင္။
"က်န္းသခင္ေလး ၊ က်န္း႐ႊင္းယီ ၊ ယြင္ရွဲ႕က မင္းကိုႏွစ္ေတြအမ်ားႀကီး ခ်စ္ျမတ္နိုးေနခဲ့တာ။ မင္းနဲ႕နီးကပ္လာတဲ့သူေတြအားလုံးျမင္နိုင္မွာကို ငါစိုးရိမ္မိတယ္၊ ဒါေပမဲ့ မင္းကဘာမွမသိဘူးတဲ့လား? မင္း....ဟားဟားဟား၊ မင္းက ႐ူးေနတာလားပဲ။"

က်န္း႐ႊင္းယီ: "....."

သူသည္ ေခတ္သစ္ကမၻာ၌ ငယ္စဥ္ကတည္းက ေနမေကာင္းျဖစ္ေနသည္ျဖစ္ရာ သူ၏စရိုက္မွာ အနည္းငယ္သီးသန့္ဆန္ၿပီး လူေတြႏွင့္ထိေတြ႕ဆက္ဆံျခင္းလည္းသိပ္မရွိခဲ့ေပ။ သူဒီကိုကူးေျပာင္းလာခဲ့ၿပီးေနာက္၌၊ သူဟာ ၾကည္လင္ရွင္းသန့္ေသာႏွလုံးသားႏွင့္ လိုအင္ရမၼက္နည္းရမည့္ က်င့္ႀကံသူတစ္ဦးျဖစ္လာခဲ့ေပ၏။ သူသည္ ခံစားခ်က္ဆိုင္ရာကိစၥမ်ားကို ဆတ္ဆတ္ထိမခံနိုင္သည့္သူ တကယ္မဟုတ္ေပ။ ႐ႊမ္လီ၏စကားမ်ားဟာ ေကာင္းကင္ဘုံကို ထိုးေဖာက္သြားသည့္တိမ္မ်ားသဖြယ္ ကမၻာသစ္တံခါးကိုဖြင့္လွစ္ေပးလိုက္ေလသည္။

ယြင္ရွဲ႕၏ေခ်ာေမာလွပေသာမ်က္ႏွာက သူ႕မ်က္စိေရွ႕၌႐ုတ္တရက္ေပၚလာၿပီး ပုံမွန္ရယ္သံ၊ သူ၏စကားမ်ား၊ သူ၏အျပဳအမူေတြအားလုံးဟာ သူ႕စိတ္ထဲတြင္တစ္ခုၿပီးတစ္ခု စတင္ျဖတ္ေျပးသြားေလသည္။ ႐ုတ္တရက္ပင္၊ ထူးဆန္းကာ အဓိပ္ပါယ်မရှိဘူးဟူ၍ ေတြးထားခဲ့ေသာလုပ္ရပ္မ်ား၌ အေၾကာင္းျပခ်က္ခိုင္လုံေသာရွင္းျပခ်က္မ်ားရွိေန၏။ သို႔ေပသိ၊ အမွားမခံနိုင္သည့္တစ္စုံတစ္ေယာက္ဟာ ဤကဲ့သို႔လ်ိဳ႕ဝွက္ခ်က္မ်ိဳးကို အခ်ိန္အၾကာႀကီးဘယ္လိုသယ္ေဆာင္ထားနိုင္မွန္း သူ မသိေတာ့ေခ်။ သူႏွင့္အတူလြတ္ေျမာက္လာခ်ိန္၊ တစ္ေယာက္ဓားႏွင့္တစ္ေယာက္ရင္ဆိုင္ရခ်ိန္၊ ခါးသီးစြာေစာင့္ဆိုင္းရခ်ိန္ လက္ရွိအခ်ိန္အထိတစ္ေလွ်ာက္လုံး....သူ႕မွာဘယ္လိုစိတ္အေျခအေနရွိေနခဲ့လိမ့္မည္နည္း။

အတိတ္၏ပုံရိပ္မ်ားသူ႕စိတ္ထဲ၌ ျပန္လည္ျမင္ေယာင္လာသည္ႏွင့္ က်န္း႐ႊင္းယီ၏ႏွလုံးသားမွာ ဒရမ္သဖြယ္ ခုန္လႈပ္ေနသည္မွာ သူဘယ္တုန္းကမွဂ႐ုမစိုက္ခဲ့သည့္ သူ႕ဦးႏွောက္၏အပိုင္းေလးကို မျမင္နိုင္ေသာဓားသြားခြၽန္ျဖင့္ ဖြင့္ထုတ္လိုက္သည့္ႏွယ္။ ဤတဒဂ္၌ သူ႐ုတ္တရက္အမ်ားႀကီးနားလည္လိုက္သလို ခံစားမိေပမဲ့ သူဘာမွနားမလည္သလိုခံစားမိျပန္သည္...

မတိုင္ခင္က က်န္း႐ႊင္းယီကို သူထိပါးလိုက္ခ်ိန္၌ က်န္း႐ႊင္းယီဘယ္ေလာက္႐ြံရွာေနမွန္း ႐ႊမ္လီမွတ္မိေနဆဲပင္။
ဒါေပမဲ့ အခုခ်ိန္မွာက်န္း႐ႊင္းယီ၏အမူအရာဟာ သူ႕ႏွလုံးသားကိုစုန္းစုန္းနစ္ျမႇုပ္ေစေလသည္။ ဘာပဲျဖစ္ေနပါေစ၊ က်န္း႐ႊင္းယီဟာ ယြင္ရွဲ႕ကိုမရိုက္ႏွက္မည္မွန္း သူသိေနပါသည္။

သို႔ေပမဲ့ လူသားေတြဟာ ဤကဲ့သို႔ထူးဆန္းေသာသတၱဝါမ်ားျဖစ္ၾက၏။ အကယ္၍ သူတို႔လိုခ်င္တာကိုမရဘူးဆိုလွ်င္၊ ဒါမွမဟုတ္၊ တစ္ေယာက္ေယာက္က သူတို႔ထပ္ ေမွ်ာ္လင့္ခ်က္ပိုရွိၿပီး ၊ သူတို႔ထက္ပို၍သာလြန္ေနမည္ဆိုလွ်င္၊ ၎တို႔ဟာ ေဒါသပိုထြက္လာေပလိမ့္မည္...ေျပာစရာမလိုပင္၊ မိစ္ဆာဘုရင္႐ႊမ္လီဟာ နဂိုကတည္းက ယန္ရွန္းဂိုဏ္းေခါင္းေဆာင္ႏွင့္ရန္ဘက္မ်ားျဖစ္ေနခဲ့သည္ပင္။

႐ႊမ္လီသည္ က်န္း႐ႊင္းယီ၏ျဖဴေဖ်ာ့ကာ လွပႏုနယ္ေသာမ်က္ႏွာေလးကိုၾကည့္လိုက္ၿပီး သူ၏အၾကည့္ဟာ ေအာက္သို႔ဆင္းသက္သြားေခ်သည္။ ေနာက္မွလိုက္လာသည္က ေသးသြယ္ေသာလည္တိုင္ျဖဴျဖဴ၊ လွပေသာညွပ္ရိုးေလး....က်န္း႐ႊင္းယီသည္ အလြန္အႏၱရာယ္ႀကီးလြန္းကာ မုန္းစရာေကာင္းလွၿပီး တစ္ခါတစ္ေလက် သူ႕ကိုတကယ္သတ္ပစ္ခ်င္မိသည့္တိုင္ သူ႕ကိုတကယ္.....

မိစ္ဆာဘုရင္႐ႊမ္လီ၏လက္မွာ မတိုင္ခင္ကအတိုင္းပင္ သူ၏ပုခုံးေပၚ၌ရွိေနဆဲျဖစ္ၿပီး သူ၏အသက္ရႈႏႈန္းကား သတိလက္လြတ္ျမန္ဆန္လာကာ အသံနိမ့္ျဖင့္တီးတိုးေျပာလိုက္သည္။
"မင္းအဆင္ေျပသြားၿပီလား။"

သူပို၍နီးကပ္စြာကိုင္းလိုက္ကာ ႏူးညံ့ေပ်ာ့ေျပာင္းစြာျဖင့္ ဆက္၍တီးတိုးေျပာလာသည္။
"မင္းပိုေကာင္းသြားၿပီဆိုရင္ ကိုယ္တို႔အေႂကြးဆပ္ရေအာင္ေလ။"

က်န္း႐ႊင္းယီသည္ ႐ႊမ္လီ၏ယုတ္မာမႈပမာဏကို ရွင္းလင္းစြာသိထားကာ သူ႕စိတ္ေတြရႈပ္ေထြးေနဆဲျဖစ္ေပမဲ့ သူက်င့္ႀကံလာေသာႏွစ္မ်ားဟာ သူ႕အားအကန့္အသတ္မရွိေသာထက္ရွမႈကို ေပးစြမ္းေလသည္။ တစ္ဖက္လူက ေျပာလာသည့္အခါ၊ သူသတိခ်ပ္လိုက္ရသည္။

႐ုတ္ျခည္းပင္၊ တစ္ဖက္လူ၏လက္က သူ႕ပုခုံးကိုျပင္းထန္စြာဖိခ်လာကာ သူ႕ပုခုံးအားနာက်င္ေစေလသည္။ ႐ႊမ္လီကိုၾကည့္ရသည္မွာ ေနာက္ဆုံးအႀကိမ္ကလိုမ်ိဳး သူ႕အရိုးေတြအကုန္လုံးကိုခ်ိဳးပစ္ေတာ့မည္မွန္း က်န္း႐ႊင္းယီခ်က္ခ်င္းသေဘာေပါက္သြားရသည္။

က်န္း႐ႊင္းယီသည္ အခ်ိန္အတန္ၾကာ တရားထိုင္ေနခဲ့သည္ျဖစ္ရာ မတိုင္ခင္ကလိုမ်ိဳး အားအင္မရွိသည္မဟုတ္။

သူ႕လက္ကို႐ုတ္ျခည္းဆန့္ထုတ္ကာ ႐ႊမ္လီ၏လက္ေကာက္ဝတ္ကိုၿမဲၿမံစြာဆုပ္ကိုင္ထားလိုက္ၿပီး ေနာက္လက္တစ္ဖက္က အရင္ဒဏ္ရာကိုေမ့ထားကာ အျမန္ေဝ့ဝဲကာျဖင့္ တစ္ဖက္လူ၏ရင္ဘတ္ကိုရိုက္ခ်လိဳက္ေပသည္။

႐ႊမ္လီသည္ သူဟာ ဒူးေလး၏အစြန္း၌ရွိေနေၾကာင္း ျမင္လိုက္ရကာ က်န္း႐ႊင္းယီ၏အားနည္းေသာခုခံနိုင္စြမ္းကို ဂ႐ုမစိုက္ေတာ့ေပ။ သူ႕ႏႈတ္ခမ္းထက္၌ ရက္စက္ေသာအၿပဳံးတစ္ခုခ်ိတ္ဆြဲကာ သူ၏လက္ဖဝါးမ်ားကိုဆန့္ထုတ္လိုက္ေခ်သည္။

သို႔သည့္တိုင္၊ သူ၏လက္ဝါးမွာ တစ္ဖက္လူႏွင့္ရိုက္ခတ္သြားၿပီး အေနာက္သို႔ဆုတ္သြားရသည့္သူဟာ သူျဖစ္လိမ့္မည္မွန္း မထင္မွတ္ထားမိေပ။

က်န္း႐ႊင္းယီ၏မေပ်ာက္ကင္းေသးေသာအရိုးမွာ အဆစ္ျပန္လြဲသြား၍ နာက်င္မႈဟာအလြန္ျပင္းထန္လွကာ သူ႕ႏွဖူးေပၚ၌ေခြၽးေစးမ်ားထြက္လာေတာ့သည္။ သူသည္ သတိမမူမိစြာျဖင့္ သူ႕လက္ေပၚကလက္စြပ္ကို ကိုင္လိုက္မိကာ ေအးစက္စက္အထိအေတြ႕ဟာသူ၏နာက်င္မႈကို အနည္းက်ဥ္းမွ်သက္သာေစေလသည္။ ထို႔ေနာက္ခ်က္ခ်င္းပင္၊ ဒါဟာ ယြင္ရွဲ႕ပိုင္ဆိုင္တာျဖစ္ေၾကာင္း သတိရသြားကာ သူ၏မ်က္ႏွာပူလာရေလသည္။

မိစ္ဆာဘုရင္႐ႊမ္လီ ၊ ယြင္ရွဲ႕ႏွင့္ က်န္း႐ႊင္းယီတို႔သည္ ႀကိမ္ဖန္မ်ားစြာ တိုက္ကြက္လဲလွယ္ဖူးသည္ျဖစ္ရာ သူတို႔ဟာ တစ္ဦးခ်င္းစီ၏လႈပ္ရွားမႈမ်ားကို အေရးစိုက္ခဲ့ၾကသည္။ မိစ္ဆာဘုရင္႐ႊမ္လီမတ္တပ္ထရပ္ကာ ခါးသက္သက္ေျပာလိုက္္သည္။
"ယြင္ရွဲ႕?"

က်န္း႐ႊင္းယီ သူႏွင့္ေပါက္ကရေတြေျပာမေနေတာ့ေပ၊ သူ႕ေျခဖေနာင့္ကိုျပန္သိမ္းကာ ထြက္သြားမည္အျပဳ၊ မိစ္ဆာဘုရင္႐ႊမ္လီက႐ုတ္တရက္ဆဲေရးလာေလသည္။ သူ၏ဒဏ္ရာကို ေမ့ေပ်ာက္ထားၿပီး သူ၏လက္ေမာင္းမ်ားမွာ ဆန့္ထြက္လာကာ သူ၏ေျခလက္မ်ားမွာ ရွည္လ်ား၊ ထူထဲလာၿပီးေနာက္ ၎ဟာ ေနာက္ဆုံးထြက္သက္၌ က်န္း႐ႊင္းယီကိုဖမ္းဆြဲလာေတာ့သည္။

က်န္း႐ႊင္းယီသည္ ေလဟာနယ္ထဲ၌ လွည့္ကာ လားရာခ်က္ခ်င္းေျပာင္းလိုက္ၿပီး ညာဘက္ကိုပ်ံသန္းကာ ေရွာင္တိမ္းလိုက္ေပမဲ့ သူ႕ေနာက္မွလူတစ္ေယာက္႐ုတ္တရက္ေရာက္လာခဲ့ကာ သူ႕ေက်ာျပင္ေပၚလက္ေမာင္းတင္ထားရင္း ႐ႊမ္လီ၏ဖမ္းဆြဲခ်က္ကိုျငင္းပယ္လိုက္ၿပီးေနာက္ က်န္း႐ႊင္းယီအား သူ၏လက္ေမာင္းထဲ၌ထည့္ဖက္ထားကာ ႐ႊမ္လီ၏လက္ဝါးစာကို သူ႕အတြက္တားဆီးေပးလာေတာ့သည္။

စိတ္ဝိညာဥ္စြမ္းအင္ကား အလြန္တရာရင္းႏွီးလြန္းလွသည္ျဖစ္ရာ လွည့္မၾကည့္ဘဲႏွင့္ မွတ္မိနိုင္ေပသည္။ က်န္း႐ႊင္းယီေရွာ့ခ္ရသြားကာ လႊတ္ခနဲေျပာလိုက္မိေခ်သည္။
"ယြင္ရွဲ႕!"

----------

ဤေနရာ၌ ယြင္ရွဲ႕ေပၚလာျခင္းကား တိုက္ဆိုင္မႈသက္သက္မွ်မဟုတ္။

သူႏွင့္က်ိဳးက်န့္ဖန္ဟာ ေျမေအာက္အက်ဥ္းတိုက္အနီးအနားရွိ အေျခတည္ေဆာက္ျခင္းေျမပုံကို ရွာေတြ႕သြားၾကၿပီးေနာက္၌၊ သူတို႔မရပ္တန့္ေတာ့ဘဲ အတြင္းသို႔တည့္တည့္မတ္မတ္ဝင္လိုက္ၾကကာ ကံေခေသာလူေတြကိုထည့္ပိတ္ထားသည့္ေနရာဆီသို႔ တစ္ခ်ိဳးတည္းေလွ်ာက္လာခဲ့ၾက၏။

ဤအက်ဥ္းတိုက္ကား ေျမေအာက္တြင္တည္ေဆာက္ထားကာ သဘာဝက်က်ပင္ အတြင္း၌လုံးဝသက္ေတာင့္သက္တာမရွိလွ။ ၎သည္ အလြန္အမင္းစိုစြတ္ေနကာ ေလထုမွာလည္း ေျမဆီလႊာအနံ႕ပ်ံ့ႏွံ႕ေန၍ လူေတြ၏လည္ေခ်ာင္းကိုယားယံေစေလသည္။ က်န္း႐ႊင္းယီ၏ေရွ႕ေမွာက္၌ အၿမဲတေစႏူးညံ့ကာ ၿပဳံးေပ်ာ္႐ႊင္ေနတတ္ေသာယြင္ရွဲ႕မွာ ယခုအခ်ိန္တြင္ေတာ့ ေပါက္ကရေတြမေျပာဘဲ က်ိဳးက်န့္ဖန္၏အေနာက္ကေန မ်က္ေမွာင္မၾကဳတ္ဘဲ လိုက္ပါလာခဲ့သည္။

စၾက္လမ္းရွည္ႀကီး၏ေဘးတစ္ဖက္တစ္ခ်က္စီ၌ အက်ဥ္းတိုက္မ်ားစီတန္းေနသည္၊ အက်ဥ္းတိုက္ႏွစ္လုံးစီ၏အျပင္ဘက္တြင္ ေရနံဆီမီးအိမ္အေသးေလးတစ္ခုရွိ၏။ အလင္းေရာင္မွာ အလြန္မွိန္ပ်သည့္တိုင္ လူေတြ၏အရိပ္ကိုျပသဖို႔ရာေတာ့ လုံေလာက္ေလသည္။ သူႏွင့္ က်ိဳးက်န့္ဖန္သည္ တစ္လွမ္းၿပီးတစ္လွမ္းေလွ်ာက္ဝင္လာခဲ့ၾကၿပီး ပထမဆုံးအက်ဥ္းတိုက္ထဲရွိတစ္စုံတစ္ေယာက္ဟာ ခ်က္ခ်င္းထေအာ္လာခဲ့သည္။

ယြင္ရွဲ႕က အလြန္လ်င္ျမန္စြာတုံ႕ျပန္လိုက္သည္၊ ၎ပါးစပ္ဟၿပီးအသံမျပဳရေသးမီမွာပင္၊ ယြင္ရွဲ႕လက္ေခ်ာင္းမ်ားျဖင့္အမူအရာျပကာ အသံနိမ့္နိမ့္ျဖင့္အမိန့္ေပးလိုက္၏။
"တိတ္တိတ္ေနစမ္း!"

ထိုေယာက္်ား၏ပါးစပ္မွာ ဆြဲဆိတ္ခံလိုက္ရသည့္အလား ႐ုတ္တရက္ပိတ္သြားကာ မည္သည့္အသံမွ်ထပ္မထြက္ေတာ့ေပ။ ၿပီးေနာက္၊ ယြင္ရွဲ႕သည္ ေနာက္ထပ္အကာအကြယ္နည္းလမ္းကို ခ်က္ခ်င္းထုတ္သုံးလိုက္ၿပီး ဤေနရာလြတ္အား အျပင္ဖက္ကမၻာမွသီးျခားခြဲထုတ္လိုက္ကာ သူတို႔၏လႈပ္ရွားမႈမ်ားကို အျပင္ဖက္ရွိအေစာင့္မ်ားမၾကားေအာင္ ကာကြယ္လိုက္ေခ်၏။

____________________________________________

ဘာသာျပန္သူေခါက္ဆြဲ၏ျပဇာတ္ငယ္ေလး:

အကူေလး႐ႊမ္လီ: "က်န္းသခင္ေလး၊ ယြင္ရွဲ႕က မင္းကိုႀကိဳက္ေနတာၾကာလွၿပီကြ...မင္းမသိဘူးေပါ့ေလ...ဟားဟားဟား....တုံးရန္ေကာ!"

ႀကီးျမတ္ေသာယြင္ရွဲ႕: *႐ႊမ္လီကိုေဒါသတႀကီးျဖင့္ၾကည့္*"မင္းပါးစပ္ပိတ္ထား!!"

ထို႔ေနာက္ ယြင္ရွဲ႕ဟာ က်န္း႐ႊင္းယီကိုမ်က္ႏွာငယ္ေလးျဖင့္ၾကည့္လိုက္ရင္း
"အား႐ႊင္း...ကိုယ္..ကိုယ္.."

ကမၻာ့အျပင္ဘက္ေရာက္ေနေသာက်န္း႐ႊင္းယီ: "...." ငါဘယ္သူလဲ? ငါဒီကိုဘာလို႔ေရာက္ေနတာလဲ။ ယြင္ရွဲ႕က ငါ့ကိုႀကိဳက္တယ္? အဲ့ဒါကဘာကိုဆိုလိုတာလဲ? ငါနားလည္သလိုလို၊ နားမလည္သလိုလိုပဲ.....

______________________________________________

Continue Reading

You'll Also Like

183K 25.5K 48
Novel???????????????????????????????????? Description ???? ????????????? Start Date - 9.12.2022 End date - ~Just Fan translation ~
1.9M 271K 163
???? ????????????????????????????? ???????????????????? ???????????????? ????????????????? ?????????????????? ????????????????? ?????????????????????...
237K 26.8K 45
[ ??????????????? ???????????????? ] Start Date - 13.2.2021 End Date - 23.5.2021
286K 42.1K 120
Type: Web Novel Author: Long Qi 龙柒 English Translator: xiin Associated Name: Rong Guang 荣光[电竞] I don't own this novel. It is just translation and fu...