UNICODE
သူ့လက်မောင်းကြားမှာ အိပ်မောကျလာတယ် ထင်ပေမဲ့ အိပ်ရာပေါ် ညင်သာဖွဖွ တင်ပေးလိုက်တည်းက တစ်ဖက်ကို တွန့်လိမ်တွန့်လိမ် တိုးသွားလိုက်တာ ဘာကောင်လေးနဲ့ တူနေမှန်းမသိ။ ကုတင်စွန်းကို ရောက်မှ ငြိမ်ကျသွားပြီး ကွေးကွေးလေး ပြန်အိပ်ပျော်သွားတယ်။ ဘယ်အခြေအနေ ရောက်ရောက် ဘယ်ဘက်ထောင့်ကို အရောက်သွားပြီးမှ စိတ်ချလက်ချ အိပ်တတ်ပုံလေးက ချစ်စရာ။
ညံ့သက်နေစိတ်နဲ့ ဝဲကျနေတဲ့ ဆံနွယ်တွေကို သပ်တင်ပေးမိဆဲမှာ ချာတိတ် ရင်ဘတ်ပေါ်မှာ ယမကာတွေ စွန်းထင်းနေတာ မြင်လိုက်ရတယ်။ ကပ်စေးစေး ဖြစ်နေမှာမို့ စားပွဲပေါ်က ရေစိုတစ်ရှူး ထယူပြီး လည်တိုင်လေးက စလို့ လက်ချောင်းကလေးတွေ၊ ရင်ညွန့်တွေအထိ ဖွဖွတို့သုတ်ပေးနေမိတယ်။
အင်္ကျီကို ပင့်မတင်ချင်လို့ အတွင်းထဲ လက်လျိုပြီး သုတ်ပေးနေပေမဲ့ ခရီးက မရောက်။ တကယ်ဆို ယောက်ျားလေးချင်း ဘာက ပြဿနာလဲလို့ မေးရင် ဖြေစရာမရှိ။ လည်တိုင်လေးနဲ့ နှုတ်ခမ်းလေးကို ငေးမိတိုင်း ချာတိတ် မျက်နှာနား သူ တိုးကပ်သွားမိတာ မကြာမကြာ။
အကြိမ်တိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဘယ်အချိန်မှာ လွတ်ထွက်သွားမယ် သူ မသိ။ နှုတ်ခမ်းထောင့်စွန်းလေးဆီ တစ်ရှူးနဲ့ ဖွဖွတို့မိချိန်မှာ သူ့လက်မောင်း တစ်ဖက်ကို ဖမ်းကိုင် ခံလိုက်ရပြီး...
"ကိုကို့ကို လွမ်းတယ်"
မျက်စိ မဖွင့်ဘဲ ပြောပုံလေးက ဗလုံးဗထွေး။ မဟုတ်မှ အိပ်မက်ထဲမှာ သူ့ကို ရှာဖွေနေသလား။
"ကိုကို ဒီမှာပါ၊ ကိုကိုက ဒီမှာမို့ စိတ်ချလက်ချ အိပ်လို့ ရပါတယ်"
ခေါင်းလေးကို ဖွဖွပုတ်ပေးလိုက်တော့ ပြန်ငြိမ်ကျသွားတယ်။ လှုပ်လီလှုပ်လဲ့ မျက်တောင်ဖျားတို့ကို လက်ညှိုးထိပ်ဖျားနဲ့ ထိတယ် ဆိုရုံလေး တို့ကြည့်မိတော့ ခံစားချက်က ပျော်ဝင်ချင်စရာ။
မှတ်သားဖူးသမျှ သာမန်လူတစ်ယောက်မှာ မျက်တောင်မွေး အရေအတွက်က ပျမ်းမျှအနေနဲ့ အပေါ်မျက်ခမ်းမှာ ၉၀ ကနေ ၁၆၀ ကြား ရှိနိုင်ပြီး အောက်မျက်ခမ်းစပ်မှာတော့ ၇၀ ကနေ ၈၀ ကြား ရှိနိုင်ပါတယ်တဲ့။
ဆိုပေမဲ့ လှိုင်က သူ့တိုက်ခန်းလေးမှာ ချာတိတ် လိုက်အိပ်တဲ့ ညက သူ ရေတွက်ကြည့်ခဲ့သလောက် ချာတိတ်ရဲ့ ဘယ်ဘက်မျက်ဝန်းမှာ အပေါ်အောက်ပေါင်း ၂၈၂ ပင် ရှိပြီး ညာဘက်မှာ ၂၈၅ ပင်တောင် ရှိပါတယ်။
သာမန် လူတွေထက် ပိုကဲတဲ့ ထူထူထဲထဲ မျက်တောင်ရှည်တွေက ကော့ညွတ်မနေဘဲ စင်းကျနေတာမို့ နှစ်ခြိုက်စွာ အိပ်ပျော်ချိန်တိုင်း ဖိကပ် နမ်းပစ်ချင်စရာ။ သူ မကြာခဏ ပစ်မှားမိတဲ့ အလှတရားတစ်ခုပါပဲ။
သန့်ရှင်းရေး လုပ်ပေးနေတာကို မေ့သွားတဲ့ကောင်က ချာတိတ်ဘေးမှာ လှဲချလိုက်မိပြီး မျက်နှာချင်း အကွားအဝေးက နှာဖျားတစ်ထောက်စာသာ ကျန်ပါတယ်။ ဖြစ်နိုင်ရင် ရင်ခွင်ထဲ လုံးချေပြီး အရိုင်းဆန်လိုက်ချင်ပေမဲ့ သူ့အကြည့်က ပါးမို့လေးဆီ ရောက်တော့ သက်ပြင်းရှိုက်ရပြန်တယ်။
ငိုထားတာကော၊ အခန်းပြန်သယ်လာရင်း သူ ဖိနမ်းထားတာပါ ပေါင်းစပ်သွားတော့ မျက်နှာတစ်ခုလုံး ရဲစွေးနေတာ ပေါက်ထွက်လုနီးပါး။ နူးညံ့တဲ့ အသားစိုင်လေးတွေကို တစ်ခါတလေမှာ သူ မနှစ်မြို့ပါ။ ထိလိုက်ရင် ပဲ့ကျသွားမလား။ ခိုးနမ်းရင် လူမိသွားမလား။ အများကြီး လိုက်တွေးနေရတဲ့ အဖြစ်က ပျော်စရာ ဘယ်ကောင်းမှာလဲ။
မူးပြီး ငိုထားတဲ့ မျက်နှာလေးက မနက်ကျ ဖူးယောင်နေမှာ အသေအချာ။ မနေနိုင်တဲ့အဆုံး ရေခဲသေတ္တာဖွင့်၊ အခဲကန့်က ရေခဲတုံးလေးတွေ ယူပြီး ရေစိုတစ်ရှူးနဲ့ ထုတ်ပတ်လို့ အနားပြန်ရောက်လာတယ်။
မျက်ခွံကစလို့ ပါးမို့ကလေးတွေအထိ တို့ကပ်ပေးလိုက်တော့ ညည်းညူသံလေး ကြားလိုက်ရပြီး လွန့်လွန့်လေး ရုန်းကန်လာတယ်။ အအေးဒဏ်ကြောင့် ကသိကအောက် ဖြစ်သွားမယ် ထင်ခဲ့ပေမဲ့ အင်္ကျီစကို ရင်ညွန့်ရောက်အောင် ဆွဲတင်လိုက်တဲ့ ကောင်လေးက...
"ပူတယ်၊ ဒီနေရာက တအား ပူနေတယ်"
"ဟုတ်လား၊ ခဏနော်၊ ကိုကို ရေခဲကပ်ပေးမယ်နော်"
လက်တွေက လှုပ်ရှားနေပေမဲ့ ရင်ဘတ်ဖွေးဖွေးကို သူ ကြာကြာ မကြည့်ရဲ။ ယောက်ျားတစ်ယောက်က ဒီလောက်တောင် ဖူးဖူးစင်မျှ လှနိုင်သတဲ့လား။ ဒါပထမဆုံးပါပဲ။ ချာတိတ်လေးရဲ့ တစ်ကိုယ်လုံးကို သူ နီးနီးကပ်ကပ် မြင်ဖူးတာ ဒါပထမဆုံး။
ဘယ်ယောက်ျား၊ ဘယ်မိန်းမနဲ့မှ လက်ပွန်းတတီး မရှိဖူးပေမဲ့ ရှိုက်ဖိုရှိုက်ငယ် အသွယ်သွယ်ကို မမြင်ဖူးတာတော့ မဟုတ်။ သူ့အနား ချဉ်းကပ်လာဖူးတဲ့ အမျိုးသမီးလှလှတွေနဲ့ ကြုံစဉ်ကတောင် ဒီလို မဖြစ်ခဲ့ဖူးပါလျက် ပြားချပ်ချပ် ရင်ဘတ်လေးနဲ့မှ သူ့အဖြစ်က ဆိုးရွားနေသလို။
"ငါက ဒီလိုကောင် မဟုတ်ဘူး၊ ငါက ဒီလိုကောင် မဟုတ်ဘူး"
ဆိုတာကို ဆက်တိုက် ရွတ်လိုက်၊ လေပူတွေ မှုတ်ထုတ်လိုက်၊ တစ်ယောက်တည်း ရှုပ်နေဆဲမှာ နှာခေါင်းထဲက စီးကျလာတဲ့ ပူခနဲ ခံစားချက်။ ကုတင်ပေါ်က ဝရုန်းသုန်းကား ပြေးဆင်းလာပြီး ရေချိုးခန်းထဲက မှန်ရှေ့ ရပ်လိုက်ချိန်မှာ ထင်တဲ့အတိုင်း နှာခေါင်းသွေးယိုနေပြီ။
ဘဝတစ်လျှောက်လုံး ဆယ်တန်းနှစ်က တစ်ကြိမ်သာ စိတ်ဖိစီးပြီး သွေးယိုဖူးပေမဲ့ အခုတော့ ဘယ်လောက်တောင် ပစ်မှားလိုက်မိလဲမသိ၊ သူ့နှာခေါင်း အတွင်းပိုင်းက နုနယ်တဲ့ သွေးကြောလေးတွေတောင် ပွင့်ထွက်လာသတဲ့လား။
"မင်းကြောင့် ကိုကို ရူးတော့မှာပဲ"
နှာခေါင်းကို လက်နဲ့ ဖိပိတ်ထားပြီး မျက်နှာမော့ထားလျက် ပါးစပ်နဲ့ အသက်ရှူရင်း သူ ရယ်မိတာ အကြာကြီး။ ကျန်လက်တစ်ဖက်နဲ့ သူ့နောက်စိသူ ထုရင်း နေရခက်နေသလို၊ ချာတိတ်ဘေး ပြန်သွားရမှာ ကြောက်နေသလို။
"မဟုတ်ဘူး အဇဋာ၊ မဟုတ်ဘူး၊ ချာတိတ်ကြောင့် မဟုတ်ဘူး၊ မင်း တစ်ပတ်လောက် ဆက်တိုက် အလုပ်ပိပြီး အိပ်ချိန် နည်းလွန်းလို့ ဖြစ်တာ၊ အိပ်ရေးမဝလို့ သွေးအားနည်းတာ ဟုတ်ပြီလား"
ကိုယ့်ကိုယ်ကိုယ် သတိပေးနေပေမဲ့...။
*မဟုတ်ဘူး၊ ရင်ဘတ်ဖွေးဖွေးလေးကြောင့်* လို့ တွေးမိတော့...
"ဟာကွာ၊ မသိတော့ဘူး"
အသံထွက်အောင် ရယ်မိလျက် ဘိုထိုင်ဘေး ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချမိချိန်မှာ အခန်းဝမှာ ဒယီးဒယိုင် ပေါ်လာတဲ့ မျက်နှာလေး။ တစ်ခုခု လုပ်တော့မှာ သိတာမို့ ပြေးချသွားပေမဲ့ အနားမရောက်ခင်...
"အန် ချင် တယ်"
"ဟုတ်ပြီ... ခဏ၊ ခဏ၊ အဲ့နားမှာ မဟုတ်ဘူး၊ ဒီကိုလာ၊ ဒီကိုလာ"
အချိန်မီ လှမ်းပွေ့လိုက်ပေမဲ့ မျက်နှာလေး လည်ကျသွားပြီး...
"ဝေါ့"
အန်ချလိုက်တာ သူ့ရင်ဘတ်ပေါ်မှာ။ သူ့မျက်နှာ ရှုံ့မဲ့သွားပေမဲ့ ဘိုထိုင်ဘေး ချပေးလိုက်ပြီး မငြူစူရက်။
*ကိုယ့်မှာတော့ ကမ္ဘာပျက်မတတ် ရင်ခုန်နေတာ။ ချာတိတ်လေးက ဘာလုပ်လိုက်တာလဲ။
"ကိုကို နှိပ်ပေးမယ်၊ အန်ချင်သေးတယ်မို့လား၊ ထပ်အန်လိုက်နော်"
အိပ်ချင်မူးတူး မျက်နှာလေးနဲ့ သူ့ဘက် လှည့်ကြည့်လာပြီး...
"ဝေါ့"
ထပ်အန်တာလဲ သူ့ရင်ဘတ်ပေါ်မှာပဲ။
"ဟိတ် ချာတိတ်လေး၊ ခင်ဗျား သိပ်ဆိုးနေပါ့လားဟမ်"
မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်နဲ့ ခပ်ဖွဖွ ပုတ်နေပေမဲ့ ပြန်ထူးသံ မကြားရဘဲ...
"ဝေါ့... ဝေါ့"
သူ့ပခုံးကို လက်နှစ်ဖက်နဲ့ ထိန်းကိုင်လျက် သူ့ရင်ခွင်မှာ မျက်နှာအပ်ပြီး မပြီးမချင်း ထိုးအန်နေတော့တာ။ မဟုတ်မှ သူက ဘိုထိုင်ခွက်ကြီးလား။ သူ့မျက်နှာကြီး ရှုံ့တွနေပေမဲ့ ကျောပြင်လေးကို ပွတ်သပ်ပေးမိရင်း...
"ဒီတစ်ခါတော့ ရှိစေတော့၊ နောက်တစ်ခါ အရက်သောက်မယ်ဆို ခင်ဗျားနဲ့ ကျွန်တော် တွေ့ကြတာပေါ့၊ ဟုတ်ပြီလား"
"ဆူ... ဆူ လိုက် တာ လား"
အန်လို့ ဝသွားတဲ့ ငမူးလေးဆီက ဗလုံးဗထွေး ထွက်လာတဲ့ စကား။
သွားတွေပေါ်အောင် ရယ်ပစ်လိုက်တော့ သူ့ဆီ ချိန်ရွယ်ပြီး မျက်စောင်းထိုးနေပြန်တယ်။ များသွားပြီ ချာတိတ်ကလေး။ မင်း ကိုကို့ကို ဘာဖြစ်စေချင်တာလဲ။
"အန်အုံးမလား"
"မ အန် ဘူး"
"ဒါဆို ထ၊ သန့်ရှင်းရေး လုပ်ရအောင်"
အဖုံးပိတ်ထားတဲ့ ဘိုထိုင်ပေါ် ပွေ့တင်လိုက်တော့ သူက ကြမ်းပြင်မှာ ဒူးထောက်လျက် ဖြစ်သွားပြီး အမူးမပြေသေးတဲ့ ချာတိတ်လေးက သူ့ကို မျက်လုံးမှေးမှေးနဲ့ ငုံ့ကြည့်နေတယ်။
"ဘာကြည့်တာလဲ ခင်ဗျား"
"အ ခု ငြို ငြင် နေ တာ လား"
"ငြိုငြင်ချင်ရင် ရင်ဘတ်ပေါ် အန်ချကတည်းက နားရင်းအုပ်လိုက်မှာပေါ့"
ရယ်သံစစနဲ့ ပြောလိုက်ပေမဲ့ ဘယ်လို အဓိပ္ပာယ် ကောက်လိုက်တယ် မသိ၊ မျက်နှာလေး မဲ့ကျသွားပြီး...
"နားရင်း အုပ်ချင်နေတာကိုး၊ အဲ့လိုကိုး"
"ဟိတ်... မဟုတ်ဘူးလေ"
"ကိုကို ရရကို မချစ်ဘူး"
ငိုပြော, ပြောလျက် လက်ကလေးနှစ်ဖက်က သူ့ဆံပင်တွေဆီ ရောက်လာပြီး အားနဲ့ ဖိဆွဲပစ်တာ မလွှတ်တော့။
"ဟေ့ ချာတိတ်၊ လွှတ်၊ ဆံပင် မဆွဲရဘူးလေ၊ ဟာကွာ"
"ကိုကို နာလို့လား၊ နာလား"
"နာတယ်ကွ၊ နာတယ်"
"နာရင် ကိုကို ပြန်လုပ်၊ အင့်"
ခေါင်းလေးကို သူ့ရှေ့ လာထိုးပေးနေတာမို့ ဆွဲခါယမ်းပစ်ရင်း ရယ်ပစ်မိတော့ သူ့ကို ပေစောင်းစောင်း ကြည့်ပြန်တယ်။
"ကိုကို မရယ်နဲ့"
"ဟ... ကိုယ့်ပါးစပ်နဲ့ ကိုယ်လေ"
"ရရကို မချစ်ဘဲ ကိုကို မရယ်ရဘူး"
ရယ်နေတဲ့ သူ့ပါးစပ်ကို လိုက်ပိတ်နေတာမို့ အသည်းယားလာတာ တားမရ။ လာအုပ်ထားတဲ့ လက်ကလေးကို နမ်းပစ်လိုက်ပြီး ချာတိတ် မျက်နှာလေးကို ပင့်မော့ယူလိုက်တော့ ခေါင်းလေးက ချာချာလည်ပြီး ပါလာတယ်။
"ပြောပါအုံး၊ ကျွန်တော်က ခင်ဗျားကို မချစ်ဘူးလို့ ထင်တယ်ပေါ့ ဟုတ်လား"
ငမူးလေးကို စိုက်ကြည့်မိတိုင်း ရမ်းကားချင်စိတ်ကို ထိန်းသိမ်းရတာ မသက်သာ။ သူ့မေးခွန်းကို ထောက်ခံဟန် ခေါင်းလေး ညိတ်ပြနေရင်း သူ့ပခုံးပေါ် မျက်နှာမှောက်သွားလျက် ချက်ချင်း အိပ်ပျော်သွားပြန်တယ်။
"မနက်ကျ မမှတ်မိဘူး ပြောရင် တုတ်ကလေးနဲ့ မေးမေးရိုက်မယ်"
မချင့်မရဲ ကြိမ်းဝါးရင်း တစ်ကိုယ်လုံး သန့်ရှင်းရေး လုပ်ပေး၊ မျက်နှာသစ်ပေးနဲ့ ရေချိုးခန်း ဝတ်ရုံလေး ဝတ်ပေးထားပြီး ကိုယ့်ကိုယ်ကိုယ်လဲ လျင်မြန်စွာ သန့်ရှင်းရေး လုပ်ရ၊ တစ်သက်နဲ့ တစ်ကိုယ် ဟိုတယ်တွေ ရောက်တိုင်း ဘယ်တုန်းကမှ မဝတ်ဖြစ်တဲ့ ရေချိုးခန်းဝတ်ရုံ လဲဝတ်ရနဲ့ ည နှစ်နာရီကြီး သူ ချွေးဒီးဒီး ကျချင်လာတယ်။
"ကလေးဆိုးလေး၊ အခုက စပြီး ကိုကို မင်းကို ဆိုးတော့မှာ"
ခန္ဓာကိုယ်လေးကို မွေ့ရာပေါ် တင်ပြီးတာနဲ့ အပေါ်စီးက နေရာယူလိုက်ရင်း ညစ်ကျယ်ကျယ် ပြုံးလိုက်မိတယ်။ နဖူးလေးနဲ့ ပါးပြင်လေး နှစ်ဖက်ကို ဖိနမ်းပစ်ပြီး ပြုံးနေမိတာ အကြာကြီး။ ဒီလောက် ပင်ပန်းထားရတာ၊ ဒီလောက်တော့ ပြန်ယူသင့်တာပေါ့လို့ ခပ်ရွတ်ရွတ် တွေးပစ်လိုက်မိတယ်။
"ကိုကိုက အခွင့်အရေး ယူတာ မဟုတ်ဘူး၊ ချာတိတ်က စိန်ခေါ်တာ"
ရယ်သံစစနဲ့ ပြောမိရင်း ကိုယ်တိုင် ဝတ်ပေးထားတဲ့ ရေချိုးခန်းဝတ်ရုံကို ပခုံးပေါ်ရုံ ဆွဲချလိုက်ပြီး လည်တိုင်နုနုမှာ မျက်နှာ အပ်ပစ်လိုက်မိတယ်။ နူးညံ့လွန်းတဲ့ အထိအတွေ့က လက်ဖဝါးတွေနဲ့ ကိုင်ဖူးတုန်းကထက် များစွာ သာလွန်နေသလို။ ယောက်ျားလေး ဖြစ်ပြီး ဒီလောက်တောင် ပျော်ဝင်ဖွယ် ကောင်းရပါသလား။
စတင်တုန်းက သာသာဖွဖွ နမ်းဖို့ပါပဲ။ ဘရိတ်မအုပ်နိုင်ခင်မှာ သူ့လောဘက ခေါင်းပြူထွက်လာတယ်။ လည်တိုင်ကျော့ကနေ စတင်လာခဲ့တဲ့ အနမ်းက ရင်ညွန့်တိုင်အောင် ရွေ့လျားသွားပြီး အကြင်နာတွေ ထင်ကျန်ရစ်တဲ့အထိ သူ အရိုင်းဆန်လာတယ်။ နှုတ်ခမ်းလေးဆီ ဦးတည်ချင်ပေမဲ့ သူ့ကိုယ်သူ ဒီလောက်ထိ အလို မလိုက်သင့်။
စက္ကန့်တွေ ရွေ့လျားလာတဲ့အခါ သူ့ရမ်းကားမှုကြောင့် ချာတိတ် ကိုယ်လေး လူးလွန့်လာပြီး သူ့ကို တွန်းချနေတာမို့ လွှတ်မပေးနိုင်စိတ်နဲ့ လက်ဖဝါးလေး နှစ်ဖက်ကို ဆုပ်ကိုင်ပြီး မွေ့ရာဆီ ဖိကပ်ထားမိတယ်။ သူ့အသက်ရှူသံတွေ ပြင်းပြနေပြီး သူ့တစ်ကိုယ်လုံး ပူလောင်လာပုံက ချာတိတ် တစ်ကိုယ်လုံးကို အခုပဲ ဝါးမြိုလိုက်ချင်သလို။
ညှပ်ရိုးလေးကို ဖိနမ်းအပြီးမှာ ရပ်သင့်ပြီ ဆိုတာ နားလည်လာတယ်။ ချာတိတ်အပေါ် အုပ်မိုးထားရာက အိပ်ရာပေါ် လှဲချပစ်ပြီး လိုတာရသွားတဲ့ ကလေးတစ်ယောက်လို သူ့နှုတ်ခမ်းတွေ ကွေးညွတ်နေမိတယ်။ မနက်ရောက်လို့ အနီကွက်တွေ မြင်ရင် ဘယ်လို ရှင်းရမယ် မသိပေမဲ့ နှလုံးသားတစ်ခုလုံး သိမ့်ငြိမ့်နေလိုက်တာ။
*သွားပြီ။ အဇဋာ ဆိုတဲ့ကောင်က သေချာပေါက် ဒုက္ခများပါပြီ။
ရင်ထဲမှာ လှိုင်းထန်နေဆဲ ဖြစ်ပြီး ပါးပြင်နုနုကို လေနဲ့ လှမ်းမှုတ်လိုက်တော့ အိပ်နေရာက မျက်မှောင်လေး စုကြုတ်သွားတယ်။ သူ့ပယောဂကြောင့် အဝတ်လွတ်နေတဲ့ ပခုံးသားလေးကို ပြန်ဖုံးပေးနေရင်း နားသယ်စပ်လေးကို နမ်းမိသွားပြန်တယ်။
"သိလား ချာတိတ်၊ ခင်ဗျားက အရက်ပဲ သောက်တာ၊ ကျွန်တော်က ရူးနေအောင် မူးသွားတာ"
ချာတိတ် လက်ဖမိုးလေးကို ဖွဖွဆုပ်ကိုင်လျက် သူ့နှာဖျားရှေ့ ဖိကပ်ထားပြီး ဝင်သက် ထွက်သက်တိုင်းမှာ နမ်းရှိုက်မိနေရုံမက သူ့ပါးပြင်နဲ့ ပွတ်သပ်မိတာ အခါခါ။ ဒီတစ်ညလုံး သူ အိပ်ဖို့ အစီအစဉ် မရှိ။
"မိုးဦးရနံ့တို့များ သိပ်အေးချမ်းတာပဲနော်၊ ပြောတော့ နောက်ပိုး ပိုးမယ် ဆိုပြီး ဒီလိုပဲ အိပ်နေတော့မှာလား၊ ဘယ်လိုလဲ၊ မထဘူးလား၊ ကိုကို ထပ်နမ်းလိုက်ရမှာလား"
မချင့်မရဲ ကျီစယ်နေတဲ့ သူ့အသံက တိတ်ဆိတ်တဲ့ အခန်းတွင်းမှာ ညံ့သက်နေဆဲ။ နာရီ ကြည့်တော့ မနက် သုံးနာရီခွဲ။ အနမ်းတွေ ဘယ်မျှ ရှိနေပြီ သူ မရေတွက်နိုင်။ သုံးစက္ကန့်ခြား တစ်ခါ နမ်းနေတာမို့ တစ်ချက်တစ်ချက် မျက်နှာလေး မဲ့သွားတိုင်း အသည်းယားလာတာ တားမရ။
"နာလို့လား၊ အင်းပါ၊ ရှေ့လျှောက် နမ်းတိုင်း မစူးရအောင် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေကို ကိုကိုက ဂရုစိုက်မယ်၊ ဟုတ်ပြီလား၊ အခုတော့ အတူ အိပ်ရအောင်ကွာ၊ ကိုကို မအိပ်ရင် ချာတိတ် မျက်နှာလေး ပေါက်ထွက်သွားလိမ့်မယ် ထင်တယ်"
မကြားမှန်း သိပေမဲ့ ရင်ခွင်ထဲ သိမ်းပွေ့လိုက်ပြီး လှုပ်မရအောင် မြွေတစ်ကောင်လို ရစ်ပတ်ထားမိတယ်။ ချာတိတ် ဆံနွယ်တွေကြား မျက်နှာအပ်ထားရင်း ကြည်နူးစိတ်နဲ့ မှေးခနဲ ဖြစ်သွားချိန်မှာ သူ့ရင်ဘတ်ပေါ် ရွစိရွစိ တက်လာတဲ့ အသိကြောင့် ဆတ်ခနဲ လန့်နိုးလာတယ်။
မဟုတ်သေးဘူး။ ဒါက ဘယ်လိုတောင် ချစ်စရာကောင်းရတာလဲ။ မိုးဦးရနံ့က သူ့ကို ဘာဖြစ်စေချင်တာလဲ။
အံ့ဩရင်ခုန်နေဆဲမှာ ပက်လက်လှန်ထားတဲ့ သူ့ရင်ဘတ်ပေါ် ကြက်ပေါက်ကလေး တုံ့နှေး တုံ့နှေး တက်လာသလို ခန္ဓာကိုယ်ပေါ်မှာ ကုပ်တက် တွားသွားနေရင်း သူ့ခေါင်းပါ ခွကျော်သွားပြီး ကုတင် ခေါင်းရင်းဘက် ရောက်သွားတယ်။
မျက်လုံး မဖွင့်ဘဲ လုပ်နေတာမို့ အိပ်မက်ယောင်နေမှန်း သိပြီး အသည်းတယားယား လိုက်ကြည့်နေဆဲမှာ သူ့ခေါင်းပေါ်က တစ်ဆင့် သူ့ခြေဖျား ရောက်အောင် လေးဘက်ထောက်လျက် ပြန်ဆင်းသွားပြန်တယ်။
အထက်အောက် ငါးကြိမ်လောက် တက်လိုက်ဆင်းလိုက် လုပ်အပြီးမှာ သူ့တစ်ကိုယ်လုံး ဟိုဟိုဒီဒီ လိုက်စမ်းနေရင်း ဆံပင်တွေ စဆွဲတယ်။ နားရွက်တွေကို စမ်းမိမှ ငြိမ်ကျသွားပြီး သူ့ရင်ဘတ်ပေါ် မျက်နှာမှောက်ချလျက် သူ့နားရွက်ကို အားနဲ့ ဖဲ့ရွဲ့နေရင်း မပီမသ ပြောတာက...
"ပုန်းညက်ပင်က ဆိုးလိုက်တာ"
"ဟမ်"
"ဒီအပွင့်က မလိမ္မာလို့ ခူးရခက်တယ်၊ ကိုကို ပြန်လာမှ ခူးတော့မယ်"
"ဟေ့... ခင်ဗျား"
နဖူးလေးကို ထုချလိုက်ပေမဲ့ သူ့ရင်ဘတ်ပေါ်မှာ အိပ်မောကျသွားတာမို့ ရယ်နေမိတာ ရပ်မရ။ ဘယ့်နှယ် ကိုယ့်ခင်ပွန်းကိုယ် ပုန်းညက်ပင်နဲ့ မှားတက်သတဲ့လား။ မဟုတ်မှ အိမ်မှာ သူ မရှိချိန်တိုင်း ပုန်းညက်ပင်ပေါ် တက်တက်ခူးလေသလား။
လှစ်ခနဲ စိုးရိမ်သွားပေမဲ့ အခုအခြေအနေမှာ သူ့ဆန္ဒတွေ ပြည့်ဝနေတယ် မဟုတ်လား။ နှစ်ယောက်သားက ခန္ဓာကိုယ်ချင်း ပူးကပ်နေပြီး ချာတိတ်လေးက မွေ့ရာပေါ်မှာ အိပ်နေတဲ့အလား သက်သောင့်သက်သာနဲ့ သူ့ရင်ဘတ်ပေါ်မှာ နှစ်ခြိုက်စွာ အိပ်နေခဲ့ပါပြီ။
^^
"ကိုကိုရေ"
ဆတ်ခနဲ နိုးသွားချိန်မှာ ရေချိုးခန်းထဲက ပြေးထွက်လာတဲ့ ကလေးလေးက သူ့ဘေး နီးကပ်စွာ ဝင်ထိုင်တယ်။ နာရီကြည့်တော့ မနက် ၉ နာရီ။ တစ်ညလုံး အိပ်မပျော်တဲ့ သူက မနက် ၈ နာရီကတည်းက ကိုယ်လက် သန့်စင်ထားပေမဲ့ အဲ့အချိန်မှာ ချာတိတ်လေးက မနိုးသေး။
ကုတင်ဘေးမှာ ခုံဆွဲထိုင်ပြီး မျက်နှာလေးကို ငေးကြည့်မိရင်း သူ မှေးခနဲ ဖြစ်သွားတာမို့ ဘယ်အချိန် နိုးသွားပြီး ဘယ်အချိန် ဆင်းသွားလိုက်မှန်း မသိလိုက်။ မျက်လုံးတွေ ကျိန်းစပ်နေတာမို့ တစ်ချက် သန်းဝေလိုက်ပြီးနောက်...
"အင်း... ဘာဖြစ်လို့လဲ"
"ရရကို ကြည့်ပါအုံး ကိုကိုရယ်"
ငိုသံနဲ့ ပြောလျက် သူ့ဘေး ပိုကပ်လာပြီး မျက်နှာလေးကို အတင်းလိုက်ပြတယ်။
"ဘာလို့လဲ၊ ဒီအတိုင်းပါပဲ"
"ရရ အဘိုးကြီး ဖြစ်သွားပြီလားဟင်"
"ပေါက်ပေါက်ရှာရှာ၊ ဘယ်သူပြောလဲ"
"မှန် ပြောတာ၊ မှန် ပြောတာ"
"ဟမ်... ဘာဖြစ်တယ်"
"ဒီမှာလေ ရရ မျက်နှာကြီးက နီတွတ်နေပြီး မျက်လုံးတွေ ပိတ်သိတ်နေတယ် ကိုကိုရဲ့၊ ရရ လက်မောင်းတွေ၊ လည်ပင်းတွေနဲ့ ရင်ဘတ်တွေမှာလဲ အနီစက်တွေမှ အများကြီး၊ အဲ့တာ ရရ အဘိုးကြီး ဖြစ်လာလို့ပေါ့"
ပူပူထူထူနဲ့ တစ်ဖက် လှည့်ပစ်လိုက်ပေမဲ့ မသိတတ် မလိမ္မာလေးက သူ့မျက်နှာကို လိုက်ကြည့်နေပြီး...
"ရရ သေတော့မှာလားဟင်"
"ကျစ်... မဟုတ်တာ၊ အနီစက်ထွက်ပြီး မျက်နှာရဲတိုင်း သေမယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ"
ပြောခါမှ ဟီးခနဲ ငိုချလိုက်တာမို့ သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားမိတယ်။ မဟုတ်မှ သူ့ကို နှာဘူးကောင်လို့ ထင်သွားပြီလား။ ခွင့်ပြုချက် မရှိဘဲ တရားလွန် ခိုးနမ်းလိုက်တာ လွန်သွားမှန်း သူ သိပါတယ်။
"ဟေ့... မငိုရဘူးလေ၊ မငိုရဘူး၊ အဲ့လို ငိုတော့ ကိုကို ဘယ်လို နေရမလဲဟင်"
မျက်ရည် သုတ်ပေးဖို့ လက်လှမ်းလိုက်ပေမဲ့ သူ့လက်ကို ဖမ်းဆွဲလိုက်ပြီး...
"ကိုကို မသိလို့နော်၊ ရရ ဘိုးဘိုးကြီး မဆုံးခင်က တစ်ကိုယ်လုံး အနီစက်တွေ ထွက်လာပြီး သွေးမတည့်မှု ဖြစ်တာ သိလား၊ အဲ့ကတည်းက ဘိုးဘိုးကြီးက အရွယ်ပိုကျလာပြီး ရရ အခုဖြစ်သလို မျက်နှာကြီးက ပိတ်သိပ်လာပြီး သိပ်မကြာခင် ဆုံးသွားတာလို့"
သူ ထင်သလို မဟုတ်တာမို့ စိတ်သက်သာရာ ရသွားပေမဲ့ အဘိုး ဆုံးတဲ့အကြောင်းကို စိတ်မကောင်း ဖြစ်ပေးရမဲ့အစား ရယ်ချင်လာတာ တားမရ။ မိုးဦးရနံ့ကို ချစ်ရမှာ ကြောက်တဲ့အထဲ ဒါတွေလဲ ပါတယ်။ တစ်ချက်တစ်ချက် ကလေးပေါက်စနဲ့ တူတူသွားတိုင်း အသက်မပြည့်သေးတဲ့ ကလေးကို အမြတ်ထုတ်မိသလို မလုံမလဲ ဖြစ်လာတာ တားမရ။
*မစိုးရိမ်နဲ့ ကိုကို့ကြောင့် ဖြစ်တာ၊ ဒီကိုကိုက အများကြီး နမ်းထားလို့ ဖြစ်တာ၊ ဟုတ်ပြီလား။
လို့ ဘယ်လိုများ သူ ပြောရပါ့။ ဟူး... ခက်ပါကောလား အဇဋာ။
"ဒီမှာ ကိုယ့်ကို ကြည့်စမ်း"
ခပ်ဆတ်ဆတ် ပြောလိုက်တော့ မျက်နှာမဲ့မဲ့လေးနဲ့ သူ့ကို ကြည့်လာတယ်။
"ဘာတွေ လျှောက်တွေးနေတာလဲ ခင်ဗျား ဘာမှ မဖြစ်ဘူး စိတ်ချ"
"ကိုကို ဘယ်လိုသိ"
"ခင်ဗျား ညက လူမှန်း မသိအောင် မူးနေတာ မမှတ်မိဘူးလား"
နဖူးလေးကို လက်နဲ့ တောက်ပစ်လိုက်တော့ အနောက်ကို ယိုင်ကျသွားပြီး ပါးစပ်ကို လက်ဖဝါးလေးနဲ့ ဖိအုပ်ပြီး သူ့ကို ပြူးတူးပြဲတဲ ကြည့်တယ်။ တကယ်ကို ပုန်းညက်ပန်းတွေထက် ပိုလှတယ်။
"ဟင် မူးတယ်တဲ့လား၊ မဟုတ်မှ ရရ အရက် သောက်မိတာလား"
"ဪ... ဪ"
"တေဇက အချိုရည်လို့ ပြောပါတယ် ကိုကိုရဲ့"
"ခင်ဗျား သူငယ်ချင်းကို ကြပ်ကြပ်ယုံ သိလား၊ အဲ့အချိုရည် သောက်ပြီးတဲ့ နောက်ပိုင်းကို ပြန်တွေးကြည့်ပါလား"
မျက်မှောင်တွေ ကြုတ်ပစ်ပြီး ဆံပင်တွေ ထိုးဖွနေပေမဲ့ စဉ်းစားလို့ ရပုံမရ။ ဒီအခြေအနေကို သူ ကိုယ်တိုင် ဘာလို့ ဘဝင်မကျ ဖြစ်သွားမှန်း မသိ။ ဒါဆို ညက လူကြီးတစ်ယောက်လို ချစ်ရေးဆိုမှုက ဒီအတိုင်း လေထဲ ပျောက်ရှသွားပြီလား။
"အချိုရည် သောက်ပြီး တေဇ ထိုင်ရစ်တာကို နားထောင်ပေးတာ အထိပဲ မှတ်မိတယ် ကိုကို"
"ခင်ဗျားက လူဆိုးပဲ"
နားရွက်ဖျားကို လက်နဲ့ လှမ်းတောက်လိုက်တော့ သူ့ပါးကို မေးဖျားနဲ့ လာပွတ်ရင်း...
"ကိုကို့ကို ရစ်မိသေးလားဟင်"
"ရစ်မရစ် သိချင်ရင် အိပ်ရာပေါ် ကြည့်လိုက်ပေါ့၊ ရေချိုးခန်းထဲမှာလဲ ရှိလိမ့်မယ်"
"ဗျာ"
"ဆံပင်အကျွတ်တွေ တွေ့လား"
သူ ပြောလိုက်မှ ဆံပင်တွေ ဖြဲယဲလိုက်ရှာရင်း ခေါင်းညိတ်ပြတယ်။
"တွေ့သမျှ ဆံပင်ရေထား"
"ဆယ့်ငါးပင် ကိုကို"
"အဲ့တာ ခင်ဗျား ဆွဲထားတဲ့ ကျွန်တော့် ဆံပင်တွေ"
ပြောပြီး ထရပ်လိုက်ပေမဲ့ သူ့ကို အတင်း ပြန်ဆွဲလိုက်တာမို့...
"ဟာ... ဟေ့၊ မဆွဲနဲ့လေ"
နှစ်ယောက်သား မွေ့ရာပေါ် လုံးထွေး ကျသွားတော့ သူက အောက်က ဖြစ်နေပြီး ချာတိတ်က သူ့အပေါ်မှာ။ အနေအထားကို တွေးမိပုံမရဘဲ မျက်နှာလေး ပျက်နေပုံက အော်ငိုချင်သလို။ ဘာအခုမှ ကြောက်ပါပြီလဲလို့ မေးမေးပြီး ရိုက်ချင်စရာလေး။
"ရရ တောင်းပန်တယ်နော်၊ ကိုကို မကျေနပ်ရင် ရရ ဆံပင်ကို ပြန်ဆွဲနော်၊ ရရက မကောင်းဘူးမို့လား ကိုကို"
"အင်းပေါ့ ဘယ်ကောင်းမှာလဲ၊ ဘာမှ မမှတ်မိဘူး ဆိုတာ မလွန်လွန်းဘူးလား ခင်ဗျားက"
"တောင်းပန်ပါတယ် ကိုကို"
ပြောရင်း သူ့ရင်ဘတ်ပေါ် မျက်နှာမှောက်ချလိုက်ပြီး မျက်ရည်ကျလာတာမို့...
"ဟေ့...ကွာ၊ မငိုနဲ့လေ၊ ကိုယ် ဆူနေလို့လား"
"ကိုကို့ မျက်နှာကြီး တည်နေတယ်လေ"
"ဒါဖြင့် တစ်ညလေးအတွင်း အပျော်ကြံ ခံလိုက်ရတာကို ကျွန်တော်က ရယ်နေရမှာလား"
သူ့စကားမှာ မျက်လုံးလေး ဝိုင်းလာလျက်...
"ဟင်... အဲ့တာက ဘာကို..."
"အရက်မူးနေလို့ မမှတ်မိဘူးတဲ့လား၊ ရက်စက်လှချည်လား၊ ခင်ဗျား မူးပေမဲ့ ကျွန်တော်မှ မမူးတာ၊ ဘယ်မှာလဲ ကျွန်တော့်အတွက် တရားမျှတမှု"
"ဗျာ"
သူ ဆက်ပြီး သည်းမခံနိုင်။ မချင့်မရဲ ဆွဲချလိုက်မှုကြောင့် သူ့မျက်နှာပေါ် နီးကပ်လာတဲ့ နဖူးလေးကို ဖိနမ်းပစ်ရုံမက ပါးလေးနှစ်ဖက်ကိုပါ ခပ်ရမ်းရမ်း နမ်းပစ်လိုက်တော့ မယုံနိုင်သလို ပြူးကြည့်နေတယ်။ အသည်းတယားယားနဲ့ ခါးလေးကနေ သိမ်းပွေ့ပြီး နေရာ လဲပစ်လိုက်တော့ သူက အပေါ်စီးက ဖြစ်သွားပြီး ခေါ်သံ တိုးတိုးလေး ထွက်လာတယ်။
"ကိုကို"
"အင်း"
"ဟို... ကိုကို ဘာလုပ်"
"အကြွေးတောင်းမလို့"
"ဟင်"
"မမေ့အောင် မှတ်ထားလို့ သတိပေးခဲ့သားပဲ"
ကိုကို့ လက်ချောင်းတွေ ရရ နှုတ်ခမ်းသားပေါ် ရှပ်ပြေးလာတဲ့အခါ လူတစ်ကိုယ်လုံး တုန်ခိုက်လာတယ်။ ကိုကို ညံ့သက်ချိန်တိုင်း ရရအတွက် ပြေးပေါက်မရှိသလို အသက်ကို လုရှူစဉ်မှာ ရရ လက်ဖဝါးကို ပွတ်သပ်နေတဲ့ ကိုကိုက သူ့ပါးပြင်ဆီ ဖိကပ်ပစ်တယ်။
အထိအတွေ့မှာ မိန်းမောလျက် ရင်တလှပ်လှပ် ခုန်နေတုန်း...
"ခင်ဗျား အသားအရေက တကယ် အထိမခံတာပဲ"
"ဘာ... ဘာလို့လဲဟင်"
"ထိလိုက်တာနဲ့ ချက်ချင်း ရဲတက်လာလို့"
"အဲ့လောက်လဲ မဟုတ်ဘဲနဲ့"
ပြုံးနေတဲ့ ကိုကို့ကြောင့် ရရလဲ နေရမခက်တော့သလို ကိုကိုနဲ့အတူ လိုက်ပြုံးမိရင်း ကိုကို့မျက်နှာပေါ်က မွေးညင်းပေါက်လေးတွေကို ငေးကြည့် ပျော်ဝင်နေမိတယ်။
"ဟုတ်တယ်၊ ဟုတ်လွန်းလို့ တစ်ခါ ထိရဖို့ အများကြီး အားနာရတယ်"
ထိုစကားမှာ ခေါင်းခါယမ်းလျက်...
"ရဲတာက မွေးကတည်းကပါ ကိုကိုရယ်၊ အထိမခံတာတော့ မဟုတ်ပါဘူးနော်၊ မယုံရင် ကိုကို ထိကြည့်ပါလား၊ ရရ အသားမှ ပဲ့ကျမသွားတာ"
ကိုကို့ဆီ ပါးကြီး ထိုးပေးတော့ ကိုကိုက ခပ်တိုးတိုး ရယ်တယ်။
"မဟုတ်မှ ခင်ဗျားမှာ မ, ဟော်မုန်း များနေတာလား"
ကိုကို့စကားက ချက်ကောင်း ထိသွားတာမို့ ပူထူသွားပေမဲ့ ဟန်မပျက် ထိန်းရင်း ပြုံးနေမိတယ်။ မ, ဟော်မုန်းများလို့ ကိုယ်ဝန်ပါ ဆောင်နိုင်ကြောင်းတော့ ပြောပြဖြစ်မယ် မထင်တော့ပါဘူး။
ရရ ငြိမ်သွားမှန်း သိတော့ ရရ နားရွက်ဖျားလေးကို လက်ညှိုး လက်မကွေးလေးနဲ့ လှမ်းတောက်လျက် ကိုကို သက်ပြင်းရှိုက်တယ်။ ဒီတစ်လော ရရပဲ စိတ်ထင်တာလား မသိ၊ ကိုကို ရရကို မျက်နှာအညှိုးမခံပါ။
သယ်ပိုးထားရတဲ့ ရင်တွင်းအနာတွေ အကြောင်းလဲ တစ်ခွန်းမှ မပြော။ တစ်ခါတစ်ရံ ရရ နှုတ်က ကိုကိုကြီးနဲ့ မမသက်လျာ အမည်ကို လွှတ်ခနဲ ထွက်မိရင်တောင် ကိုကိုက မကြားဟန်ဆောင်ပါတယ်။
ဘယ်လောက်တောင် ငြိမ်လိုက်မိလဲ မသိ၊ တစ်ဖက် လှည့်ထားမိတဲ့ ရရ မျက်နှာကို ညင်သာဖွဖွ အုပ်ကိုင်လို့ မျက်နှာချင်းဆိုင် ဖြစ်သွားအောင် ကိုကို လှည့်ယူတယ်။ မျက်လွှာချထားတဲ့ ရရ မျက်လုံးကို မြင်ရအောင် မေးဖျားကနေ ပင့်မော့ကြည့်ပြန်တယ်။
"ကိုယ်... ဒီအတိုင်း စတာလေ"
"ဗျာ"
"စိတ်မကောင်း ဖြစ်သွားတာလား"
"မဟုတ်ပါဘူး"
"မိန်းကလေးနဲ့ တူနေတာ မဟုတ်ဘဲ ကိုယ့်အတွက် ဒီအတိုင်း..."
ရရ တွေးမိတာ တစ်မျိုး။ ကိုကို ထင်တာက တစ်မျိုး ဖြစ်ပုံပါပဲ။ ပြောလက်စကို ရပ်လိုက်တဲ့ ကိုကိုက ခဏငြိမ်သွားပြီး ပြောရခက်သလို လည်တိုင်ကို အတန်ကြာ ဖိပွတ်နေပြန်တယ်။ ပြီးမှ အက်ရှရှ ထွက်လာတာက...
"ထိလိုက်မိသမျှ အစိတ်အပိုင်းတွေက ကိုယ့်အတွက် သိပ်နုနယ်နေလို့"
"ဗျာ"
"တစ်ခါတလေ ယောက်ျားလေး ဆိုတာ ကိုယ် မေ့မေ့သွားတယ်"
ရရ မျက်လုံးဝိုင်းနေမှန်း သိတော့ ကိုကိုက ရရ ဆံပင်တွေကို အသာဆွဲဖွတယ်။
"အထင်မလွဲနဲ့၊ မိန်းကလေး ဖြစ်စေချင်တာ မဟုတ်ဘူး"
ပြောလိုက်၊ ရပ်လိုက်၊ အကြည့်လွှဲလိုက်၊ အတန်ကြာ ငေးစိုက်လိုက်နဲ့ ကိုကို တစ်ယောက်တည်း အလုပ်ရှုပ်နေဟန်။ သက်ပြင်းရှိုက်သံကိုလဲ နီးနီးကပ်ကပ် ကြားရပါသေးတယ်။
"ဒီအတိုင်း နုနုနယ်နယ် ဝင်းဝင်းမွတ်မွတ်လေးမို့ အံ့ဩရတာ မကြာခဏပဲ"
ဒီစကားမှာ အသည်းဘဝင် လှပ်တုန်သွားတဲ့ ရရက ဖိန်းတိန်းရှိန်းတိန်း ဖြစ်လာပြီး ကိုကို့လက်မောင်းကြီးဆီ မျက်နှာဝှက်လိုက်မိတယ်။
"အဲ့လောက်လဲ မဟုတ်ဘဲနဲ့ ကိုကို ဒီလို ပြောရင် ရရ ရှက်တယ် သိလား"
ကိုကို့ဆီက ရယ်သံချိုကို ကြားနေရပြီး...
"မဟုတ် ရှိမလား၊ ကိုယ်လို လူကြမ်းက ပြောတာမို့ ယုံ"
"လူကြမ်း မဟုတ်ဘဲနဲ့ လူကြမ်းပဲ ပြောနေတယ်၊ ရရ မကြိုက်ပါဘူးနော်"
ကိုကို့ မျက်ဝန်းတွေ မှေးကျဉ်းသွားပုံက ရရကို အသည်းယားလာဟန်။ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်တဲ့ ကိုကိုက ရရ လက်ဖမိုးလေးကို ဆိုးဆိုးဆတ်ဆတ် ဆွဲယူထောင်ပြီး ကိုကို့လက်ဖဝါးကြီးနဲ့ အသာဖိကပ်တယ်။
"ဒီမှာ တွေ့လား၊ ချာတိတ်လက်က ကိုယ့်လက် တစ်ခြမ်းစာတောင် မရှိဘူး"
"ဘာဆိုင်လို့လဲနော်"
နားမထောင်တဲ့ ကိုကိုက ရရ လက်ဖမိုးလေးက တစ်ဆင့် လက်ကောက်ဝတ်လေးဆီ ပွတ်သပ်လာတယ်။
"ညီမလေး လက်တောင် ခင်ဗျားထက် ကြီးတယ်"
"မဟုတ်ဘဲနဲ့"
"အရပ်ကလဲ ညီမလေးနဲ့ အတူတူလောက်ပဲ"
"ရရက မမထက် ရှည်ပါတယ်နော်"
"ခန္ဓာကိုယ်ကလဲ ညီမလေးလိုပဲ၊ တကယ်ကို လူသေးသေးလေး"
နှစ်ယောက်ကြား အကြောင်းပြချက် မရှိ ငြိမ်ကျသွားပေမဲ့ ကိုကိုက စူးနစ်စွာ ငေးနေဆဲ။ ကိုကို့မျက်ဝန်းတွေ ရီဝေနေပုံက ရူးသွပ်ချင်စရာ။ မိန်းမောနေဆဲမှာ ကိုကို့ လက်ဖဝါးတစ်ဖက်က ရရ ရင်ဘတ်ဆီ ဖွဖွတင်လာတာမို့ နှလုံးခုန်သံက ဝုန်းဒိုင်းကြဲလာတယ်။
"ရင်ခွင်လေးက တကယ် သေးသေးလေး"
ပြောင်းလဲသွားတဲ့ အမူအရာနဲ့ တိုးတိမ်လွန်းတဲ့ ကိုကို့ အသံက အဝေးကြီးက ပြေးလာရသလို မောပန်းနေဟန်။ နီးကပ်နေတဲ့ အနေအထားမှာ ကြက်သီး မွေးညင်းကလေးတွေ အုံကြွလာရုံမက ရရ တစ်ကိုယ်လုံး တောင့်တင်းလာတယ်။
"ဆံနွယ်လေးက ပျော့အိနေတယ်"
ညင်သာစွာ သပ်ချလိုက်တဲ့ ကိုကို့ လက်ဖဝါးအောက်မှာ ဆံနွယ်တို့က အလူးအလှိမ့် ဝပ်တွားကြတယ်။
"ပါးပြင်က သွေးကြောလေးတွေ ကိုယ် အမြဲ မြင်နေရတယ်"
စပါးတင်မှဲ့ကလေးဆီ လက်ညှိုးထိပ်လေးနဲ့ အတန်ကြာ ထိတွေ့နေပြန်တယ်။
"ဒီလက်ဖမိုးလေး..."
ရရ လက်ချောင်း တစ်ချောင်းချင်းဆီထိ ဖိအုပ် ဆုပ်ကိုင်လာတဲ့ ကိုကို့လက်ဖဝါးရဲ့ နွေးထွေးမှု။
အချစ်နာကျရင် ဖြေဆေး မရှိဘူးတဲ့။
ကိုကို ဘာလို့ ဒီလို လုပ်နေလဲ မသိပေမဲ့ ဒီအခိုက်အတန့်လေးမှာ အချစ်နာကျပြီး ဒုက္ခရောက်တော့မဲ့ လူက ရရ ဖြစ်လာတယ်။ ကိုကို့ လက်ညှိုးကလေး ရှပ်ပြေးသွားတဲ့ နေရာတိုင်းမှာ အကြင်နာတွေ ဖိတ်စင်ကျခဲ့သလို ရရ ငိုချင်လာတယ်။
"မျက်တောင်တွေ ဘာလို့ အဲ့လောက် ရှည်ရတာလဲ"
ကိုကို့ လေသံတိုးက လွဲလို့ ဝန်းကျင်တစ်ခွင်က ငြိမ်သက်နေဆဲ။ ကိုကို အသိစိတ် လွတ်နေသလို ရရ ကိုယ်တိုင် မှင်တက်နေမိဆဲ။
"မျက်လုံးလေးတွေက အမြဲ ရယ်ပြနေသလို"
မျက်ခွံတွေပေါ် ရောက်လာတဲ့ ကိုကို့လက်ချောင်းတွေက ဖွဖွရွရွ။
"ဒါကြောင့် ခင်ဗျား ဝမ်းနည်းရင် သိပ်သိသာတာ"
"ကိုကို"
နှလုံးသားထဲက လျှံကျလာသလို ခေါ်လိုက်ပေမဲ့ ကိုကိုက မထူး။ နှုတ်ခမ်းဖျားတို့ လှုပ်ခတ်ရုံ ကိုကို ဆက်ပြောနေတာက...
"သိပ်လှတယ်"
"ဟင်"
"ပုန်းညက်တွေထက် ပိုပြီး..."
"....."
"တခြား ပန်းကလေးတွေထက် ပိုပြီး..."
"....."
"အရေပြား အပေါ်ယံလွှာထက် နှလုံးသားက ပိုလှမှန်း သိပါတယ်"
"ကိုကို"
"အနားမှာ ရှိပေးလို့ ကျေးဇူးတင်ရတယ်"
ရင်ခုန်လွန်းလို့ မူးမေ့ချင်လာပေမဲ့ မြတ်နိုးမဝဟန် ငေးကြည့်နေတဲ့ မျက်ဝန်းတွေကို လွှဲဖယ်ရမှာ နှမြောသလို၊ နှလုံးသားထဲမှာ သိမ်းထုတ် မှတ်တမ်းတင်နေမိတယ်။
*ချစ်လိုက်ရတာ ကိုကိုရယ်။
စက္ကန့်တွေ ပြောင်းလဲလာတဲ့အခါ စကားတစ်ခွန်းမှ မပြောတော့တဲ့ ကိုကိုက ရရ နားသန်သီးလေးကို ပွတ်သပ်လာတယ်။ ထိုမှတစ်ဆင့် လည်တိုင်နဲ့ မေးဖျားဆီမှာ အတန်ကြာ ဖွဖွရွရွ။ ထပ်ဆင့် ကူးသွားတဲ့အခါ ပါးနှစ်ဖက်ဆီ ရောက်လာပုံက ညင်သာဖွဖွ။
"အနီစက်တွေအတွက် တောင်းပန်တယ်နော်"
"ဗျာ"
တစ်ခုခုကို တွေးမိပြီး လှိုက်ခနဲ ပူထူသွားပေမဲ့ ကိုကို့ အကြည့်က ရရ နှုတ်ခမ်းသားဆီ စူးနစ်လာတယ်။ သက်ပြင်းရှိုက်သံ ကြားနေရပေမဲ့ မရွေ့လျားနိုင်တဲ့ ဒြပ်ဝထ္ထုတွေလို မျက်ဝန်းနှစ်စုံက အထပ်ထပ် ရစ်ပတ်နေမိဆဲ။
အိပ်ရာပေါ်မှာ အပေါ်အောက် ဖြစ်နေပြီး ကိုကို ညှို့ထားတဲ့အတိုင်း မော့မော့ကလေး ဖြစ်နေတဲ့ ရရက ငုံ့ကိုင်းကြည့်နေတဲ့ ကိုကိုနဲ့ လွန်စွာ နီးကပ်နေတယ်။ ရူးသွပ်ချင်စရာ အနေအထားမှာ အသက်ကို ဝဝမရှူရဲ။ မီးစာထဲ ပစ်ထည့်လိုက်တဲ့ ဖယောင်းလုံးကလေးလို ကိုကို့အကြည့်အောက်မှာ နှလုံးသားက နှစ်လို့ပျော်ဝင်ခဲ့ပါတယ်။
"ဒီနှုတ်ခမ်းလေးတွေက..."
ရရ အောက်နှုတ်ခမ်းပေါ် ကိုကို့လက်မလေး ရောက်လာတဲ့အခါ မျက်နှာနှစ်ခုက သည်းထိပ်ရင်ဖို အကွာအဝေးကို ရောက်ရှိလာတယ်။ တောင့်မခံနိုင်စိတ်နဲ့ မျက်ဝန်းတွေကို မှိတ်ချလိုက်ပေမဲ့ မွေ့ရာက အိခနဲ နိမ့်ဆင်းသွားပြီး ကိုကို အောက်ဆင်းသွားတယ်။
"မနက်ဖြန် မင်္ဂလာပွဲတက်ဖို့ ဈေးဝယ် ထွက်ရအောင်"
"ကိုကို"
တိုးတိမ်စွာ ခေါ်လိုက်ပေမဲ့ ကိုကိုက လှည့်မကြည့်။
"ကိုယ်ခဏ လမ်းလျှောက်ထွက်အုံးမယ်၊ အဆင်သင့် လုပ်ထားနော်"
"ဟင့်အင်း... ကိုကို"
ခြေလှမ်းပြင်နေတဲ့ ကိုကို့ကို အနောက်က ပြေးဖက်လိုက်တော့ ရရ လက်တွေကို ဖိအုပ်ကိုင်လာတယ်။
"အခု မလွှတ်ရင် ချာတိတ် တစ်ကိုယ်လုံး အနီစက်တွေ ပြည့်ကုန်လိမ့်မယ်"
ပြန်မဖြေဘဲ ကိုကို့ကျောပြင်ကို မျက်နှာနဲ့ ထိတိုက်ထားလျက် ခေါင်းသွင်သွင် ခါယမ်းပစ်လိုက်တော့ ရရဘက် လှည့်ကြည့်လာတယ်။ ကိုကို့မျက်ဝန်းတွေမှာ နက်ရှိုင်းတဲ့ အရောင်တချို့ကို မြင်လိုက်ရပြီး သက်ပြင်းရှိုက်သံ ကြားလိုက်ရတယ်။
"မိုးဦးရနံ့"
"ဗျာ"
"သိချင်တာက ကိုကို မင်းကို..."
"....."
"ကိုကို မင်းကို နမ်းလို့ရလား"
ရင်တလှပ်လှပ် ဖြစ်လာပြီး ရရ ခန္ဓာကိုယ် ယိုင်ကျသွားတဲ့အခါ ခါးတစ်ဝိုက်ဆီ ကိုကို့လက်တွေ လျင်မြန်စွာ ရောက်လာတယ်။ မြွေတစ်ကောင်လို ရစ်ပတ်လိုက်တာမို့ ရရ တစ်ကိုယ်လုံး ကိုကို့ရင်ခွင်ကြားမှာ မော့မော့လေး ဖြစ်နေတယ်။
"တစ်ကနေ ငါး အထိ ရေမယ်"
"ဟင်"
"ပြေးချင် ပြေးလို့ ရတယ်၊ လက်မခံချင် ငြင်းလို့ ရတယ်၊ အလို မရှိရင် ကိုကို ရပ်လိုက်မှာ"
မှင်တက်စွာ ငေးကြည့်မိဆဲမှာ ကိုကို့ ရေတွက်သံ စ, ကြားလိုက်ရတယ်။
"တစ်"
"....."
"နှစ်"
"....."
"သုံး"
ရုတ်ချည်း ထိကပ်လာတဲ့ ကိုကို့ နှုတ်ခမ်းသားက ပူလောင်ပြင်းပြစွာ။ ပွတ်တိုက်သွားတဲ့ နေရာတိုင်းက မီးပွင့်လာသလို တောင့်ခံနိုင်ဖို့ ခက်တဲ့ အနမ်းက ရစ်ပတ် နှောင်တွယ်လာတယ်။ တောင့်မခံနိုင်ဘဲ ဒူးညွှတ် ခွေကျသွားတော့ ကြမ်းပြင်ပေါ် ကိုကိုပါ ထိုင်ချလိုက်ပြီး ပြင်းပြတဲ့ အနမ်းတို့နဲ့ ရရကို ဝါးမြိုနေဆဲ။
"ကိုကို"
ကိုကို့ အနမ်းမှာ အထိန်းအကွပ်တွေ မရှိ။ ဒီအတိုင်းဆို ခက်လိမ့်မယ်။ အသက်ရှူမဝလို့ ရင်ဘတ်ကို ထုပြီး တားလိုက်ပေမဲ့ ကိုကိုက မရပ်တန့်။ အဲ့ဒီ အချိန်လေးအတွင်း သွားချင်း ထိခတ်သံတွေ ထွက်လာသလို၊ ခေါင်းချင်း တိုက်မိကြတာ မကြာခဏ။
"ကိုကို"
"အင်း"
ထူးလိုက်ပေမဲ့ ရရကို လွှတ်မပေး။ ကိုကို နမ်းနေပုံက ကလေးလေး တစ်ယောက်ကို ချစ်လွန်းလို့ မငိုငိုအောင် ဖက်ကိုက်နေသလို။ ကိုကို နမ်းမရအောင် မျက်နှာလေးကို ယမ်းပစ်လိုက်ပြီး...
"ကို... ကိုကို ပြောတော့ ငါးထိ ရေမယ်ဆို"
ကိုကို လူဆိုးကြောင့် ရရအသံတွေ ယိုင်နေသလို၊ နှလုံးသားတစ်ခုလုံး မောပန်းလှိုက်ခါနေတယ်။
"ဝမ်းနည်းရမယ် ထင်တယ်"
"ဗျာ"
"ထွက်ပြေးသွားရင် ကိုကို ဝမ်းနည်းရမယ် ထင်လို့"
ထပ်တစ်ကြိမ် ဖိကပ်လာတဲ့ အနမ်းမှာ ဘယ်သူက ဘယ်သူ့ကို ကိုက်မိမှန်း မသိဘဲ နှုတ်ခမ်းသားတင်မက လျှာတွေပါ ထုံကျဉ်လာသလို၊ ဘယ်သူက ဘယ်သူ့ကို တိုက်ပစ်မိမှန်းမသိ နဖူးကြောတွေ ကျိန်းစပ်လာတယ်။ ကိုကို့ ဆံပင်တွေကို ရရ ဆွဲထားမိတာ သိနေပြီး နမ်းနေရင်း အံချော်ချော်သွားတဲ့ ကိုကိုက ရရ နှုတ်ခမ်းကို လိုက်ဖမ်းနေတာမျိုးလဲ ရှိတယ်။
ဗရုတ်ဗရက် ဆန်တဲ့ အနမ်းမှာ သွေးအရသာ ခံစားလိုက်မိတော့ ကိုကို့အတွက် စိုးရိမ်သွားမိတယ်။ ကိုကို့ ရင်ဘတ်ကို လက်နဲ့ ထောက်ပစ်လိုက်ပြီး အသက်ကို လုရှူလိုက်တော့ ကိုကိုက မျက်မှောင်ကြုတ်တယ်။
"ကိုကို"
"နောက်မှ ပြောကွာ"
ကိုကို့ရင်ခွင်ထဲ နောက်တစ်ကြိမ် ပြန်ပါသွားပေမဲ့ အနမ်းမခံတော့ဘဲ ကိုကို့မျက်နှာကို လက်နှစ်ဖက်နဲ့ ထိန်းကိုင်လိုက်ပြီး...
"ရရ သွားကျိုးတော့မယ်လို့"
"ခင်ဗျား အရင် ကိုက်တာလေ"
"ကိုကို အရင် ကိုက်တာပါ"
"အင်း... ထားလိုက်တော့"
ကိုကို့မျက်နှာ နောက်တစ်ကြိမ် ငုံ့ကိုင်းလာချိန်မှာ...
"ကိုကို"
"အင်း"
ကိုကို့အသံက စိတ်ပျက်လက်ပျက်။
"မဟုတ်မှ ရရပဲ မဟုတ်ဘူးလားဟင်"
ကိုကို့နှုတ်ခမ်းတွေ စွတ်စိုနေဆဲမို့ နှလုံးသားက ပူနွေးလှိုက်ခုန်လာပြန်တယ်။ ကိုကို့ကြောင့် ရူးတော့မှာပဲ။ ကိုကို့အောက်နှုတ်ခမ်းက ရရကြောင့် ပေါက်သွားပုံ ရပြီး ထိုနေရာလေးကို လက်နဲ့ ထိကြည့်လိုက်တော့ ရရလက်ဖမိုးကို ကိုကိုက ဖိနမ်းပြန်တယ်။
"အခု ဘာသိချင်တာလဲ၊ မြန်မြန်မေးကွာ"
အသက်ရှူသံနဲ့ လုံးထွေးနေတဲ့ ကိုကို့အသံက ခပ်လောလော ဖြစ်နေပြီး ရရ နှုတ်ခမ်းဆီက အကြည့်မလွှဲ။
"တကယ်ပဲ ကိုကို..."
"အင်း... တကယ်ပဲ ဘာဖြစ်လဲ"
"ကိုကို အခုမှ နမ်းဖူးတာလားဟင်"
ကိုကို့မျက်နှာ ဖျန်းခနဲ ရဲတက်သွားတာမို့ ရရ မျက်လုံးပြူးသွားမိတယ်။ မဟုတ်မှ ရရတင်မဟုတ် ကိုကို့အတွက်ပါ အနမ်းဦးလား။ ကိုကိုက ဒီလောက်တောင် ဖြူစင်သတဲ့လား။ ဒါကြောင့်များ နမ်းပုံက နှစ်ယောက်စလုံး အတွက် ဗရုတ်သုတ်ခတွေ ဖြစ်ကုန်တာလား။
"ဘုရားရေ... အနှစ်သုံးဆယ်လုံးလုံး ကိုကို ဘာတွေ လုပ်နေခဲ့တာလဲဟင်"
ရရ ထအော်လိုက်တော့ ဆံပင်တွေ ထိုးဖွလိုက်တဲ့ ကိုကိုက မျက်နှာလွှဲပစ်တယ်။
"ရုတ်တရက်ကြီး ခင်ဗျား ကျွန်တော့်ကို ဒီလို ပြောမှ ဖြစ်မှာလား"
"မဟုတ်ဘူးလေ ကိုကိုရဲ့၊ ရရက ၁၉ နှစ် မပြည့်သေးလို့ မနမ်းဖူးတာ ထားပါတော့၊ ကိုကို မနမ်းဖူးတာကျ ရရ နားမလည်ဘူးလေ၊ ဒီအရွယ်ထိ အမြီးမပေါက်ခဲ့တော့ ကိုကိုက ဘာမျောက်ကြီး ဖြစ်ခဲ့တာလဲဟင်"
"ချင်ပန်ဇီ ဖြစ်ခဲ့မှာပေါ့ အဟွန်း"
ခပ်သဲ့သဲ့ ရယ်လျက် ရရ တစ်ကိုယ်လုံး ကိုကို့လက်မောင်းတွေကြား စွေ့ခနဲ ပါသွားခဲ့ပြီး ကုတင်ပေါ် ပစ်ချခံလိုက်ရတယ်။ ထို့နောက် အပေါ်စီးကနေ ကိုကို အုပ်မိုးလာပြီး...
"အဇဋာလို့ ခေါ်တယ်"
"ဟင်"
"ဘယ်သူ့ကို လာအထင်သေးနေတာလဲ၊ ခင်ဗျား"
"ကိုကို"
ကိုကို့နှုတ်ခမ်းဖျားက ရရဆီ နီးကပ်လာပြီး ကြက်သီးထဖွယ် ပြောလိုက်တာက...
"ကိုယ်အခု ဆိုးတော့မှာ"
"ဗျာ"
"ထပ်လှောင်ပြောင်နိုင်မလား ကြည့်ရသေးတာပေါ့"
"ကိုကို၊ ဟိုလေ... ရရက နောက်... နောက်တာပါ"
လူးလွန့်ရုန်းလိုက်ပေမဲ့ နားမထောင်တော့တဲ့ ကိုကိုက ရရ လက်တွေကို ဖိအုပ်ကိုင်ပြီး စကားပြောခွင့်ပါ ထပ်မပေး။ ကိုကိုက အတတ်မြန်ပုံ ပေါ်ခဲ့ပါတယ်။ ဒီတစ်ခါ ဖိကပ်လာတဲ့ နှုတ်ခမ်းဖျားက နူးညံ့ပြီး နွေးလွန်းနေသလို၊ မွတ်သိပ်နေတဲ့ ကိုကို့ အကြင်နာအောက်မှာ မေ့မေ့မူးမူး ဖြစ်လာတယ်။
ကိုကိုဟာ ချစ်တယ်လို့တော့ မပြောခဲ့ဘဲ အနမ်းတို့နဲ့ ထပ်ခါထပ်ခါ ချည်နှောင်တယ်။ စက္ကန့်ကနေ မိနစ်တွေ ပြောင်းလာသည့်တိုင် အနမ်းတို့ဟာ နွေးမြလှိုက်ဖိုနေဆဲ ဖြစ်ပြီး တပ်မက်မှုတွေ ရောယှက်နေပေမဲ့ ရမ္မက်အဆင့်ထိ ပြောင်းလဲ မသွားအောင် ကိုကို ထိန်းသိမ်းခဲ့ပါတယ်။
"ရရက အများကြီး ချစ်ပါတယ်"
^^
ဆက်ရန်
ချစ်တဲ့အသွဲ့^^
၂.၁၁.၂၀၂၂ ဗုဒ္ဓဟူးနေ့
(ညက သူငယ်ချင်းက ဖုန်းလှမ်းဆက်တယ်။ သူ သဘောကျတဲ့ ပေ့ချ်လေး တစ်ခုက အဘိုင်တို့ ရီဗျူးတက်လာပြီတဲ့။ အိပ်မနေနဲ့ စာထရေး ဆိုလို့ အမြှောက် မကြိုက်တဲ့ သွဲ့က ဟီးဟီး ဟီးဟီးနဲ့ ရယ်ပြီး အပိုင်းရှည်ကြီး ထရေးလိုက်ပါတယ်။ မေတ္တာနဲ့ ညွှန်းဆိုပေးသမျှ တစ်ဦးတစ်ယောက်ချင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ရှင်။ အပိုင်းသစ်ဟာ တစ်ပတ်အတွင်းပါပဲနော်။ ကျန်းမာချမ်းမြေ့ကြပါစေ)
+++++
ZAWGYI
သူ႔လက္ေမာင္းၾကားမွာ အိပ္ေမာက်လာတယ္ ထင္ေပမဲ့ အိပ္ရာေပၚ ညင္သာဖြဖြ တင္ေပးလိုက္တည္းက တစ္ဖက္ကို တြန႔္လိမ္တြန႔္လိမ္ တိုးသြားလိုက္တာ ဘာေကာင္ေလးနဲ႔ တူေနမွန္းမသိ။ ကုတင္စြန္းကို ေရာက္မွ ၿငိမ္က်သြားၿပီး ေကြးေကြးေလး ျပန္အိပ္ေပ်ာ္သြားတယ္။ ဘယ္အေျခအေန ေရာက္ေရာက္ ဘယ္ဘက္ေထာင့္ကို အေရာက္သြားၿပီးမွ စိတ္ခ်လက္ခ် အိပ္တတ္ပုံေလးက ခ်စ္စရာ။
ညံ့သက္ေနစိတ္နဲ႔ ဝဲက်ေနတဲ့ ဆံႏြယ္ေတြကို သပ္တင္ေပးမိဆဲမွာ ခ်ာတိတ္ ရင္ဘတ္ေပၚမွာ ယမကာေတြ စြန္းထင္းေနတာ ျမင္လိုက္ရတယ္။ ကပ္ေစးေစး ျဖစ္ေနမွာမို႔ စားပြဲေပၚက ေရစိုတစ္ရႉး ထယူၿပီး လည္တိုင္ေလးက စလို႔ လက္ေခ်ာင္းကေလးေတြ၊ ရင္ၫြန႔္ေတြအထိ ဖြဖြတို႔သုတ္ေပးေနမိတယ္။
အက်ႌကို ပင့္မတင္ခ်င္လို႔ အတြင္းထဲ လက္လ်ိဳၿပီး သုတ္ေပးေနေပမဲ့ ခရီးက မေရာက္။ တကယ္ဆို ေယာက္်ားေလးခ်င္း ဘာက ျပႆနာလဲလို႔ ေမးရင္ ေျဖစရာမရွိ။ လည္တိုင္ေလးနဲ႔ ႏႈတ္ခမ္းေလးကို ေငးမိတိုင္း ခ်ာတိတ္ မ်က္ႏွာနား သူ တိုးကပ္သြားမိတာ မၾကာမၾကာ။
အႀကိမ္တိုင္းမွာ ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမဲ့ ဘယ္အခ်ိန္မွာ လြတ္ထြက္သြားမယ္ သူ မသိ။ ႏႈတ္ခမ္းေထာင့္စြန္းေလးဆီ တစ္ရႉးနဲ႔ ဖြဖြတို႔မိခ်ိန္မွာ သူ႔လက္ေမာင္း တစ္ဖက္ကို ဖမ္းကိုင္ ခံလိုက္ရၿပီး...
"ကိုကို႔ကို လြမ္းတယ္"
မ်က္စိ မဖြင့္ဘဲ ေျပာပုံေလးက ဗလုံးဗေထြး။ မဟုတ္မွ အိပ္မက္ထဲမွာ သူ႔ကို ရွာေဖြေနသလား။
"ကိုကို ဒီမွာပါ၊ ကိုကိုက ဒီမွာမို႔ စိတ္ခ်လက္ခ် အိပ္လို႔ ရပါတယ္"
ေခါင္းေလးကို ဖြဖြပုတ္ေပးလိုက္ေတာ့ ျပန္ၿငိမ္က်သြားတယ္။ လႈပ္လီလႈပ္လဲ့ မ်က္ေတာင္ဖ်ားတို႔ကို လက္ညႇိဳးထိပ္ဖ်ားနဲ႔ ထိတယ္ ဆို႐ုံေလး တို႔ၾကည့္မိေတာ့ ခံစားခ်က္က ေပ်ာ္ဝင္ခ်င္စရာ။
မွတ္သားဖူးသမွ် သာမန္လူတစ္ေယာက္မွာ မ်က္ေတာင္ေမြး အေရအတြက္က ပ်မ္းမွ်အေနနဲ႔ အေပၚမ်က္ခမ္းမွာ ၉၀ ကေန ၁၆၀ ၾကား ရွိႏိုင္ၿပီး ေအာက္မ်က္ခမ္းစပ္မွာေတာ့ ၇၀ ကေန ၈၀ ၾကား ရွိႏိုင္ပါတယ္တဲ့။
ဆိုေပမဲ့ လႈိင္က သူ႔တိုက္ခန္းေလးမွာ ခ်ာတိတ္ လိုက္အိပ္တဲ့ ညက သူ ေရတြက္ၾကည့္ခဲ့သေလာက္ ခ်ာတိတ္ရဲ႕ ဘယ္ဘက္မ်က္ဝန္းမွာ အေပၚေအာက္ေပါင္း ၂၈၂ ပင္ ရွိၿပီး ညာဘက္မွာ ၂၈၅ ပင္ေတာင္ ရွိပါတယ္။
သာမန္ လူေတြထက္ ပိုကဲတဲ့ ထူထူထဲထဲ မ်က္ေတာင္ရွည္ေတြက ေကာ့ၫြတ္မေနဘဲ စင္းက်ေနတာမို႔ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ခ်ိန္တိုင္း ဖိကပ္ နမ္းပစ္ခ်င္စရာ။ သူ မၾကာခဏ ပစ္မွားမိတဲ့ အလွတရားတစ္ခုပါပဲ။
သန႔္ရွင္းေရး လုပ္ေပးေနတာကို ေမ့သြားတဲ့ေကာင္က ခ်ာတိတ္ေဘးမွာ လွဲခ်လိုက္မိၿပီး မ်က္ႏွာခ်င္း အကြားအေဝးက ႏွာဖ်ားတစ္ေထာက္စာသာ က်န္ပါတယ္။ ျဖစ္ႏိုင္ရင္ ရင္ခြင္ထဲ လုံးေခ်ၿပီး အ႐ိုင္းဆန္လိုက္ခ်င္ေပမဲ့ သူ႔အၾကည့္က ပါးမို႔ေလးဆီ ေရာက္ေတာ့ သက္ျပင္းရႈိက္ရျပန္တယ္။
ငိုထားတာေကာ၊ အခန္းျပန္သယ္လာရင္း သူ ဖိနမ္းထားတာပါ ေပါင္းစပ္သြားေတာ့ မ်က္ႏွာတစ္ခုလုံး ရဲေစြးေနတာ ေပါက္ထြက္လုနီးပါး။ ႏူးညံ့တဲ့ အသားစိုင္ေလးေတြကို တစ္ခါတေလမွာ သူ မႏွစ္ၿမိဳ႕ပါ။ ထိလိုက္ရင္ ပဲ့က်သြားမလား။ ခိုးနမ္းရင္ လူမိသြားမလား။ အမ်ားႀကီး လိုက္ေတြးေနရတဲ့ အျဖစ္က ေပ်ာ္စရာ ဘယ္ေကာင္းမွာလဲ။
မူးၿပီး ငိုထားတဲ့ မ်က္ႏွာေလးက မနက္က် ဖူးေယာင္ေနမွာ အေသအခ်ာ။ မေနႏိုင္တဲ့အဆုံး ေရခဲေသတၱာဖြင့္၊ အခဲကန႔္က ေရခဲတုံးေလးေတြ ယူၿပီး ေရစိုတစ္ရႉးနဲ႔ ထုတ္ပတ္လို႔ အနားျပန္ေရာက္လာတယ္။
မ်က္ခြံကစလို႔ ပါးမို႔ကေလးေတြအထိ တို႔ကပ္ေပးလိုက္ေတာ့ ညည္းညဴသံေလး ၾကားလိုက္ရၿပီး လြန႔္လြန႔္ေလး ႐ုန္းကန္လာတယ္။ အေအးဒဏ္ေၾကာင့္ ကသိကေအာက္ ျဖစ္သြားမယ္ ထင္ခဲ့ေပမဲ့ အက်ႌစကို ရင္ၫြန႔္ေရာက္ေအာင္ ဆြဲတင္လိုက္တဲ့ ေကာင္ေလးက...
"ပူတယ္၊ ဒီေနရာက တအား ပူေနတယ္"
"ဟုတ္လား၊ ခဏေနာ္၊ ကိုကို ေရခဲကပ္ေပးမယ္ေနာ္"
လက္ေတြက လႈပ္ရွားေနေပမဲ့ ရင္ဘတ္ေဖြးေဖြးကို သူ ၾကာၾကာ မၾကည့္ရဲ။ ေယာက္်ားတစ္ေယာက္က ဒီေလာက္ေတာင္ ဖူးဖူးစင္မွ် လွႏိုင္သတဲ့လား။ ဒါပထမဆုံးပါပဲ။ ခ်ာတိတ္ေလးရဲ႕ တစ္ကိုယ္လုံးကို သူ နီးနီးကပ္ကပ္ ျမင္ဖူးတာ ဒါပထမဆုံး။
ဘယ္ေယာက္်ား၊ ဘယ္မိန္းမနဲ႔မွ လက္ပြန္းတတီး မရွိဖူးေပမဲ့ ရႈိက္ဖိုရႈိက္ငယ္ အသြယ္သြယ္ကို မျမင္ဖူးတာေတာ့ မဟုတ္။ သူ႔အနား ခ်ဥ္းကပ္လာဖူးတဲ့ အမ်ိဳးသမီးလွလွေတြနဲ႔ ႀကဳံစဥ္ကေတာင္ ဒီလို မျဖစ္ခဲ့ဖူးပါလ်က္ ျပားခ်ပ္ခ်ပ္ ရင္ဘတ္ေလးနဲ႔မွ သူ႔အျဖစ္က ဆိုး႐ြားေနသလို။
"ငါက ဒီလိုေကာင္ မဟုတ္ဘူး၊ ငါက ဒီလိုေကာင္ မဟုတ္ဘူး"
ဆိုတာကို ဆက္တိုက္ ႐ြတ္လိုက္၊ ေလပူေတြ မႈတ္ထုတ္လိုက္၊ တစ္ေယာက္တည္း ရႈပ္ေနဆဲမွာ ႏွာေခါင္းထဲက စီးက်လာတဲ့ ပူခနဲ ခံစားခ်က္။ ကုတင္ေပၚက ဝ႐ုန္းသုန္းကား ေျပးဆင္းလာၿပီး ေရခ်ိဳးခန္းထဲက မွန္ေရွ႕ ရပ္လိုက္ခ်ိန္မွာ ထင္တဲ့အတိုင္း ႏွာေခါင္းေသြးယိုေနၿပီ။
ဘဝတစ္ေလွ်ာက္လုံး ဆယ္တန္းႏွစ္က တစ္ႀကိမ္သာ စိတ္ဖိစီးၿပီး ေသြးယိုဖူးေပမဲ့ အခုေတာ့ ဘယ္ေလာက္ေတာင္ ပစ္မွားလိုက္မိလဲမသိ၊ သူ႔ႏွာေခါင္း အတြင္းပိုင္းက ႏုနယ္တဲ့ ေသြးေၾကာေလးေတြေတာင္ ပြင့္ထြက္လာသတဲ့လား။
"မင္းေၾကာင့္ ကိုကို ႐ူးေတာ့မွာပဲ"
ႏွာေခါင္းကို လက္နဲ႔ ဖိပိတ္ထားၿပီး မ်က္ႏွာေမာ့ထားလ်က္ ပါးစပ္နဲ႔ အသက္ရႉရင္း သူ ရယ္မိတာ အၾကာႀကီး။ က်န္လက္တစ္ဖက္နဲ႔ သူ႔ေနာက္စိသူ ထုရင္း ေနရခက္ေနသလို၊ ခ်ာတိတ္ေဘး ျပန္သြားရမွာ ေၾကာက္ေနသလို။
"မဟုတ္ဘူး အဇဋာ၊ မဟုတ္ဘူး၊ ခ်ာတိတ္ေၾကာင့္ မဟုတ္ဘူး၊ မင္း တစ္ပတ္ေလာက္ ဆက္တိုက္ အလုပ္ပိၿပီး အိပ္ခ်ိန္ နည္းလြန္းလို႔ ျဖစ္တာ၊ အိပ္ေရးမဝလို႔ ေသြးအားနည္းတာ ဟုတ္ၿပီလား"
ကိုယ့္ကိုယ္ကိုယ္ သတိေပးေနေပမဲ့...။
*မဟုတ္ဘူး၊ ရင္ဘတ္ေဖြးေဖြးေလးေၾကာင့္* လို႔ ေတြးမိေတာ့...
"ဟာကြာ၊ မသိေတာ့ဘူး"
အသံထြက္ေအာင္ ရယ္မိလ်က္ ဘိုထိုင္ေဘး ၾကမ္းျပင္ေပၚ ေျခပစ္လက္ပစ္ ထိုင္ခ်မိခ်ိန္မွာ အခန္းဝမွာ ဒယီးဒယိုင္ ေပၚလာတဲ့ မ်က္ႏွာေလး။ တစ္ခုခု လုပ္ေတာ့မွာ သိတာမို႔ ေျပးခ်သြားေပမဲ့ အနားမေရာက္ခင္...
"အန္ ခ်င္ တယ္"
"ဟုတ္ၿပီ... ခဏ၊ ခဏ၊ အဲ့နားမွာ မဟုတ္ဘူး၊ ဒီကိုလာ၊ ဒီကိုလာ"
အခ်ိန္မီ လွမ္းေပြ႕လိုက္ေပမဲ့ မ်က္ႏွာေလး လည္က်သြားၿပီး...
"ေဝါ့"
အန္ခ်လိုက္တာ သူ႔ရင္ဘတ္ေပၚမွာ။ သူ႔မ်က္ႏွာ ရႈံ႕မဲ့သြားေပမဲ့ ဘိုထိုင္ေဘး ခ်ေပးလိုက္ၿပီး မျငဴစူရက္။
*ကိုယ့္မွာေတာ့ ကမာၻပ်က္မတတ္ ရင္ခုန္ေနတာ။ ခ်ာတိတ္ေလးက ဘာလုပ္လိုက္တာလဲ။
"ကိုကို ႏွိပ္ေပးမယ္၊ အန္ခ်င္ေသးတယ္မို႔လား၊ ထပ္အန္လိုက္ေနာ္"
အိပ္ခ်င္မူးတူး မ်က္ႏွာေလးနဲ႔ သူ႔ဘက္ လွည့္ၾကည့္လာၿပီး...
"ေဝါ့"
ထပ္အန္တာလဲ သူ႔ရင္ဘတ္ေပၚမွာပဲ။
"ဟိတ္ ခ်ာတိတ္ေလး၊ ခင္ဗ်ား သိပ္ဆိုးေနပါ့လားဟမ္"
မ်က္ႏွာေလးကို လက္ဖဝါးႏွစ္ဖက္နဲ႔ ခပ္ဖြဖြ ပုတ္ေနေပမဲ့ ျပန္ထူးသံ မၾကားရဘဲ...
"ေဝါ့... ေဝါ့"
သူ႔ပခုံးကို လက္ႏွစ္ဖက္နဲ႔ ထိန္းကိုင္လ်က္ သူ႔ရင္ခြင္မွာ မ်က္ႏွာအပ္ၿပီး မၿပီးမခ်င္း ထိုးအန္ေနေတာ့တာ။ မဟုတ္မွ သူက ဘိုထိုင္ခြက္ႀကီးလား။ သူ႔မ်က္ႏွာႀကီး ရႈံ႕တြေနေပမဲ့ ေက်ာျပင္ေလးကို ပြတ္သပ္ေပးမိရင္း...
"ဒီတစ္ခါေတာ့ ရွိေစေတာ့၊ ေနာက္တစ္ခါ အရက္ေသာက္မယ္ဆို ခင္ဗ်ားနဲ႔ ကြၽန္ေတာ္ ေတြ႕ၾကတာေပါ့၊ ဟုတ္ၿပီလား"
"ဆူ... ဆူ လိုက္ တာ လား"
အန္လို႔ ဝသြားတဲ့ ငမူးေလးဆီက ဗလုံးဗေထြး ထြက္လာတဲ့ စကား။
သြားေတြေပၚေအာင္ ရယ္ပစ္လိုက္ေတာ့ သူ႔ဆီ ခ်ိန္႐ြယ္ၿပီး မ်က္ေစာင္းထိုးေနျပန္တယ္။ မ်ားသြားၿပီ ခ်ာတိတ္ကေလး။ မင္း ကိုကို႔ကို ဘာျဖစ္ေစခ်င္တာလဲ။
"အန္အုံးမလား"
"မ အန္ ဘူး"
"ဒါဆို ထ၊ သန႔္ရွင္းေရး လုပ္ရေအာင္"
အဖုံးပိတ္ထားတဲ့ ဘိုထိုင္ေပၚ ေပြ႕တင္လိုက္ေတာ့ သူက ၾကမ္းျပင္မွာ ဒူးေထာက္လ်က္ ျဖစ္သြားၿပီး အမူးမေျပေသးတဲ့ ခ်ာတိတ္ေလးက သူ႔ကို မ်က္လုံးေမွးေမွးနဲ႔ ငုံ႔ၾကည့္ေနတယ္။
"ဘာၾကည့္တာလဲ ခင္ဗ်ား"
"အ ခု ၿငိဳ ျငင္ ေန တာ လား"
"ၿငိဳျငင္ခ်င္ရင္ ရင္ဘတ္ေပၚ အန္ခ်ကတည္းက နားရင္းအုပ္လိုက္မွာေပါ့"
ရယ္သံစစနဲ႔ ေျပာလိုက္ေပမဲ့ ဘယ္လို အဓိပၸာယ္ ေကာက္လိုက္တယ္ မသိ၊ မ်က္ႏွာေလး မဲ့က်သြားၿပီး...
"နားရင္း အုပ္ခ်င္ေနတာကိုး၊ အဲ့လိုကိုး"
"ဟိတ္... မဟုတ္ဘူးေလ"
"ကိုကို ရရကို မခ်စ္ဘူး"
ငိုေျပာ, ေျပာလ်က္ လက္ကေလးႏွစ္ဖက္က သူ႔ဆံပင္ေတြဆီ ေရာက္လာၿပီး အားနဲ႔ ဖိဆြဲပစ္တာ မလႊတ္ေတာ့။
"ေဟ့ ခ်ာတိတ္၊ လႊတ္၊ ဆံပင္ မဆြဲရဘူးေလ၊ ဟာကြာ"
"ကိုကို နာလို႔လား၊ နာလား"
"နာတယ္ကြ၊ နာတယ္"
"နာရင္ ကိုကို ျပန္လုပ္၊ အင့္"
ေခါင္းေလးကို သူ႔ေရွ႕ လာထိုးေပးေနတာမို႔ ဆြဲခါယမ္းပစ္ရင္း ရယ္ပစ္မိေတာ့ သူ႔ကို ေပေစာင္းေစာင္း ၾကည့္ျပန္တယ္။
"ကိုကို မရယ္နဲ႔"
"ဟ... ကိုယ့္ပါးစပ္နဲ႔ ကိုယ္ေလ"
"ရရကို မခ်စ္ဘဲ ကိုကို မရယ္ရဘူး"
ရယ္ေနတဲ့ သူ႔ပါးစပ္ကို လိုက္ပိတ္ေနတာမို႔ အသည္းယားလာတာ တားမရ။ လာအုပ္ထားတဲ့ လက္ကေလးကို နမ္းပစ္လိုက္ၿပီး ခ်ာတိတ္ မ်က္ႏွာေလးကို ပင့္ေမာ့ယူလိုက္ေတာ့ ေခါင္းေလးက ခ်ာခ်ာလည္ၿပီး ပါလာတယ္။
"ေျပာပါအုံး၊ ကြၽန္ေတာ္က ခင္ဗ်ားကို မခ်စ္ဘူးလို႔ ထင္တယ္ေပါ့ ဟုတ္လား"
ငမူးေလးကို စိုက္ၾကည့္မိတိုင္း ရမ္းကားခ်င္စိတ္ကို ထိန္းသိမ္းရတာ မသက္သာ။ သူ႔ေမးခြန္းကို ေထာက္ခံဟန္ ေခါင္းေလး ညိတ္ျပေနရင္း သူ႔ပခုံးေပၚ မ်က္ႏွာေမွာက္သြားလ်က္ ခ်က္ခ်င္း အိပ္ေပ်ာ္သြားျပန္တယ္။
"မနက္က် မမွတ္မိဘူး ေျပာရင္ တုတ္ကေလးနဲ႔ ေမးေမး႐ိုက္မယ္"
မခ်င့္မရဲ ႀကိမ္းဝါးရင္း တစ္ကိုယ္လုံး သန႔္ရွင္းေရး လုပ္ေပး၊ မ်က္ႏွာသစ္ေပးနဲ႔ ေရခ်ိဳးခန္း ဝတ္႐ုံေလး ဝတ္ေပးထားၿပီး ကိုယ့္ကိုယ္ကိုယ္လဲ လ်င္ျမန္စြာ သန႔္ရွင္းေရး လုပ္ရ၊ တစ္သက္နဲ႔ တစ္ကိုယ္ ဟိုတယ္ေတြ ေရာက္တိုင္း ဘယ္တုန္းကမွ မဝတ္ျဖစ္တဲ့ ေရခ်ိဳးခန္းဝတ္႐ုံ လဲဝတ္ရနဲ႔ ည ႏွစ္နာရီႀကီး သူ ေခြၽးဒီးဒီး က်ခ်င္လာတယ္။
"ကေလးဆိုးေလး၊ အခုက စၿပီး ကိုကို မင္းကို ဆိုးေတာ့မွာ"
ခႏၶာကိုယ္ေလးကို ေမြ႕ရာေပၚ တင္ၿပီးတာနဲ႔ အေပၚစီးက ေနရာယူလိုက္ရင္း ညစ္က်ယ္က်ယ္ ၿပဳံးလိုက္မိတယ္။ နဖူးေလးနဲ႔ ပါးျပင္ေလး ႏွစ္ဖက္ကို ဖိနမ္းပစ္ၿပီး ၿပဳံးေနမိတာ အၾကာႀကီး။ ဒီေလာက္ ပင္ပန္းထားရတာ၊ ဒီေလာက္ေတာ့ ျပန္ယူသင့္တာေပါ့လို႔ ခပ္႐ြတ္႐ြတ္ ေတြးပစ္လိုက္မိတယ္။
"ကိုကိုက အခြင့္အေရး ယူတာ မဟုတ္ဘူး၊ ခ်ာတိတ္က စိန္ေခၚတာ"
ရယ္သံစစနဲ႔ ေျပာမိရင္း ကိုယ္တိုင္ ဝတ္ေပးထားတဲ့ ေရခ်ိဳးခန္းဝတ္႐ုံကို ပခုံးေပၚ႐ုံ ဆြဲခ်လိုက္ၿပီး လည္တိုင္ႏုႏုမွာ မ်က္ႏွာ အပ္ပစ္လိုက္မိတယ္။ ႏူးညံ့လြန္းတဲ့ အထိအေတြ႕က လက္ဖဝါးေတြနဲ႔ ကိုင္ဖူးတုန္းကထက္ မ်ားစြာ သာလြန္ေနသလို။ ေယာက္်ားေလး ျဖစ္ၿပီး ဒီေလာက္ေတာင္ ေပ်ာ္ဝင္ဖြယ္ ေကာင္းရပါသလား။
စတင္တုန္းက သာသာဖြဖြ နမ္းဖို႔ပါပဲ။ ဘရိတ္မအုပ္ႏိုင္ခင္မွာ သူ႔ေလာဘက ေခါင္းျပဴထြက္လာတယ္။ လည္တိုင္ေက်ာ့ကေန စတင္လာခဲ့တဲ့ အနမ္းက ရင္ၫြန႔္တိုင္ေအာင္ ေ႐ြ႕လ်ားသြားၿပီး အၾကင္နာေတြ ထင္က်န္ရစ္တဲ့အထိ သူ အ႐ိုင္းဆန္လာတယ္။ ႏႈတ္ခမ္းေလးဆီ ဦးတည္ခ်င္ေပမဲ့ သူ႔ကိုယ္သူ ဒီေလာက္ထိ အလို မလိုက္သင့္။
စကၠန႔္ေတြ ေ႐ြ႕လ်ားလာတဲ့အခါ သူ႔ရမ္းကားမႈေၾကာင့္ ခ်ာတိတ္ ကိုယ္ေလး လူးလြန႔္လာၿပီး သူ႔ကို တြန္းခ်ေနတာမို႔ လႊတ္မေပးႏိုင္စိတ္နဲ႔ လက္ဖဝါးေလး ႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီး ေမြ႕ရာဆီ ဖိကပ္ထားမိတယ္။ သူ႔အသက္ရႉသံေတြ ျပင္းျပေနၿပီး သူ႔တစ္ကိုယ္လုံး ပူေလာင္လာပုံက ခ်ာတိတ္ တစ္ကိုယ္လုံးကို အခုပဲ ဝါးၿမိဳလိုက္ခ်င္သလို။
ညႇပ္႐ိုးေလးကို ဖိနမ္းအၿပီးမွာ ရပ္သင့္ၿပီ ဆိုတာ နားလည္လာတယ္။ ခ်ာတိတ္အေပၚ အုပ္မိုးထားရာက အိပ္ရာေပၚ လွဲခ်ပစ္ၿပီး လိုတာရသြားတဲ့ ကေလးတစ္ေယာက္လို သူ႔ႏႈတ္ခမ္းေတြ ေကြးၫြတ္ေနမိတယ္။ မနက္ေရာက္လို႔ အနီကြက္ေတြ ျမင္ရင္ ဘယ္လို ရွင္းရမယ္ မသိေပမဲ့ ႏွလုံးသားတစ္ခုလုံး သိမ့္ၿငိမ့္ေနလိုက္တာ။
*သြားၿပီ။ အဇဋာ ဆိုတဲ့ေကာင္က ေသခ်ာေပါက္ ဒုကၡမ်ားပါၿပီ။
ရင္ထဲမွာ လႈိင္းထန္ေနဆဲ ျဖစ္ၿပီး ပါးျပင္ႏုႏုကို ေလနဲ႔ လွမ္းမႈတ္လိုက္ေတာ့ အိပ္ေနရာက မ်က္ေမွာင္ေလး စုၾကဳတ္သြားတယ္။ သူ႔ပေယာဂေၾကာင့္ အဝတ္လြတ္ေနတဲ့ ပခုံးသားေလးကို ျပန္ဖုံးေပးေနရင္း နားသယ္စပ္ေလးကို နမ္းမိသြားျပန္တယ္။
"သိလား ခ်ာတိတ္၊ ခင္ဗ်ားက အရက္ပဲ ေသာက္တာ၊ ကြၽန္ေတာ္က ႐ူးေနေအာင္ မူးသြားတာ"
ခ်ာတိတ္ လက္ဖမိုးေလးကို ဖြဖြဆုပ္ကိုင္လ်က္ သူ႔ႏွာဖ်ားေရွ႕ ဖိကပ္ထားၿပီး ဝင္သက္ ထြက္သက္တိုင္းမွာ နမ္းရႈိက္မိေန႐ုံမက သူ႔ပါးျပင္နဲ႔ ပြတ္သပ္မိတာ အခါခါ။ ဒီတစ္ညလုံး သူ အိပ္ဖို႔ အစီအစဥ္ မရွိ။
"မိုးဦးရနံ႔တို႔မ်ား သိပ္ေအးခ်မ္းတာပဲေနာ္၊ ေျပာေတာ့ ေနာက္ပိုး ပိုးမယ္ ဆိုၿပီး ဒီလိုပဲ အိပ္ေနေတာ့မွာလား၊ ဘယ္လိုလဲ၊ မထဘူးလား၊ ကိုကို ထပ္နမ္းလိုက္ရမွာလား"
မခ်င့္မရဲ က်ီစယ္ေနတဲ့ သူ႔အသံက တိတ္ဆိတ္တဲ့ အခန္းတြင္းမွာ ညံ့သက္ေနဆဲ။ နာရီ ၾကည့္ေတာ့ မနက္ သုံးနာရီခြဲ။ အနမ္းေတြ ဘယ္မွ် ရွိေနၿပီ သူ မေရတြက္ႏိုင္။ သုံးစကၠန႔္ျခား တစ္ခါ နမ္းေနတာမို႔ တစ္ခ်က္တစ္ခ်က္ မ်က္ႏွာေလး မဲ့သြားတိုင္း အသည္းယားလာတာ တားမရ။
"နာလို႔လား၊ အင္းပါ၊ ေရွ႕ေလွ်ာက္ နမ္းတိုင္း မစူးရေအာင္ ႏႈတ္ခမ္းေမြး၊ မုတ္ဆိတ္ေမြးေတြကို ကိုကိုက ဂ႐ုစိုက္မယ္၊ ဟုတ္ၿပီလား၊ အခုေတာ့ အတူ အိပ္ရေအာင္ကြာ၊ ကိုကို မအိပ္ရင္ ခ်ာတိတ္ မ်က္ႏွာေလး ေပါက္ထြက္သြားလိမ့္မယ္ ထင္တယ္"
မၾကားမွန္း သိေပမဲ့ ရင္ခြင္ထဲ သိမ္းေပြ႕လိုက္ၿပီး လႈပ္မရေအာင္ ေႁမြတစ္ေကာင္လို ရစ္ပတ္ထားမိတယ္။ ခ်ာတိတ္ ဆံႏြယ္ေတြၾကား မ်က္ႏွာအပ္ထားရင္း ၾကည္ႏူးစိတ္နဲ႔ ေမွးခနဲ ျဖစ္သြားခ်ိန္မွာ သူ႔ရင္ဘတ္ေပၚ ႐ြစိ႐ြစိ တက္လာတဲ့ အသိေၾကာင့္ ဆတ္ခနဲ လန႔္ႏိုးလာတယ္။
မဟုတ္ေသးဘူး။ ဒါက ဘယ္လိုေတာင္ ခ်စ္စရာေကာင္းရတာလဲ။ မိုးဦးရနံ႔က သူ႔ကို ဘာျဖစ္ေစခ်င္တာလဲ။
အံ့ဩရင္ခုန္ေနဆဲမွာ ပက္လက္လွန္ထားတဲ့ သူ႔ရင္ဘတ္ေပၚ ၾကက္ေပါက္ကေလး တုံ႔ေႏွး တုံ႔ေႏွး တက္လာသလို ခႏၶာကိုယ္ေပၚမွာ ကုပ္တက္ တြားသြားေနရင္း သူ႔ေခါင္းပါ ခြေက်ာ္သြားၿပီး ကုတင္ ေခါင္းရင္းဘက္ ေရာက္သြားတယ္။
မ်က္လုံး မဖြင့္ဘဲ လုပ္ေနတာမို႔ အိပ္မက္ေယာင္ေနမွန္း သိၿပီး အသည္းတယားယား လိုက္ၾကည့္ေနဆဲမွာ သူ႔ေခါင္းေပၚက တစ္ဆင့္ သူ႔ေျခဖ်ား ေရာက္ေအာင္ ေလးဘက္ေထာက္လ်က္ ျပန္ဆင္းသြားျပန္တယ္။
အထက္ေအာက္ ငါးႀကိမ္ေလာက္ တက္လိုက္ဆင္းလိုက္ လုပ္အၿပီးမွာ သူ႔တစ္ကိုယ္လုံး ဟိုဟိုဒီဒီ လိုက္စမ္းေနရင္း ဆံပင္ေတြ စဆြဲတယ္။ နား႐ြက္ေတြကို စမ္းမိမွ ၿငိမ္က်သြားၿပီး သူ႔ရင္ဘတ္ေပၚ မ်က္ႏွာေမွာက္ခ်လ်က္ သူ႔နား႐ြက္ကို အားနဲ႔ ဖဲ့႐ြဲ႕ေနရင္း မပီမသ ေျပာတာက...
"ပုန္းညက္ပင္က ဆိုးလိုက္တာ"
"ဟမ္"
"ဒီအပြင့္က မလိမၼာလို႔ ခူးရခက္တယ္၊ ကိုကို ျပန္လာမွ ခူးေတာ့မယ္"
"ေဟ့... ခင္ဗ်ား"
နဖူးေလးကို ထုခ်လိုက္ေပမဲ့ သူ႔ရင္ဘတ္ေပၚမွာ အိပ္ေမာက်သြားတာမို႔ ရယ္ေနမိတာ ရပ္မရ။ ဘယ့္ႏွယ္ ကိုယ့္ခင္ပြန္းကိုယ္ ပုန္းညက္ပင္နဲ႔ မွားတက္သတဲ့လား။ မဟုတ္မွ အိမ္မွာ သူ မရွိခ်ိန္တိုင္း ပုန္းညက္ပင္ေပၚ တက္တက္ခူးေလသလား။
လွစ္ခနဲ စိုးရိမ္သြားေပမဲ့ အခုအေျခအေနမွာ သူ႔ဆႏၵေတြ ျပည့္ဝေနတယ္ မဟုတ္လား။ ႏွစ္ေယာက္သားက ခႏၶာကိုယ္ခ်င္း ပူးကပ္ေနၿပီး ခ်ာတိတ္ေလးက ေမြ႕ရာေပၚမွာ အိပ္ေနတဲ့အလား သက္ေသာင့္သက္သာနဲ႔ သူ႔ရင္ဘတ္ေပၚမွာ ႏွစ္ၿခိဳက္စြာ အိပ္ေနခဲ့ပါၿပီ။
^^
"ကိုကိုေရ"
ဆတ္ခနဲ ႏိုးသြားခ်ိန္မွာ ေရခ်ိဳးခန္းထဲက ေျပးထြက္လာတဲ့ ကေလးေလးက သူ႔ေဘး နီးကပ္စြာ ဝင္ထိုင္တယ္။ နာရီၾကည့္ေတာ့ မနက္ ၉ နာရီ။ တစ္ညလုံး အိပ္မေပ်ာ္တဲ့ သူက မနက္ ၈ နာရီကတည္းက ကိုယ္လက္ သန႔္စင္ထားေပမဲ့ အဲ့အခ်ိန္မွာ ခ်ာတိတ္ေလးက မႏိုးေသး။
ကုတင္ေဘးမွာ ခုံဆြဲထိုင္ၿပီး မ်က္ႏွာေလးကို ေငးၾကည့္မိရင္း သူ ေမွးခနဲ ျဖစ္သြားတာမို႔ ဘယ္အခ်ိန္ ႏိုးသြားၿပီး ဘယ္အခ်ိန္ ဆင္းသြားလိုက္မွန္း မသိလိုက္။ မ်က္လုံးေတြ က်ိန္းစပ္ေနတာမို႔ တစ္ခ်က္ သန္းေဝလိုက္ၿပီးေနာက္...
"အင္း... ဘာျဖစ္လို႔လဲ"
"ရရကို ၾကည့္ပါအုံး ကိုကိုရယ္"
ငိုသံနဲ႔ ေျပာလ်က္ သူ႔ေဘး ပိုကပ္လာၿပီး မ်က္ႏွာေလးကို အတင္းလိုက္ျပတယ္။
"ဘာလို႔လဲ၊ ဒီအတိုင္းပါပဲ"
"ရရ အဘိုးႀကီး ျဖစ္သြားၿပီလားဟင္"
"ေပါက္ေပါက္ရွာရွာ၊ ဘယ္သူေျပာလဲ"
"မွန္ ေျပာတာ၊ မွန္ ေျပာတာ"
"ဟမ္... ဘာျဖစ္တယ္"
"ဒီမွာေလ ရရ မ်က္ႏွာႀကီးက နီတြတ္ေနၿပီး မ်က္လုံးေတြ ပိတ္သိတ္ေနတယ္ ကိုကိုရဲ႕၊ ရရ လက္ေမာင္းေတြ၊ လည္ပင္းေတြနဲ႔ ရင္ဘတ္ေတြမွာလဲ အနီစက္ေတြမွ အမ်ားႀကီး၊ အဲ့တာ ရရ အဘိုးႀကီး ျဖစ္လာလို႔ေပါ့"
ပူပူထူထူနဲ႔ တစ္ဖက္ လွည့္ပစ္လိုက္ေပမဲ့ မသိတတ္ မလိမၼာေလးက သူ႔မ်က္ႏွာကို လိုက္ၾကည့္ေနၿပီး...
"ရရ ေသေတာ့မွာလားဟင္"
"က်စ္... မဟုတ္တာ၊ အနီစက္ထြက္ၿပီး မ်က္ႏွာရဲတိုင္း ေသမယ္လို႔ ခင္ဗ်ားကို ဘယ္သူေျပာလဲ"
ေျပာခါမွ ဟီးခနဲ ငိုခ်လိုက္တာမို႔ သူ လႈပ္လႈပ္ရွားရွား ျဖစ္သြားမိတယ္။ မဟုတ္မွ သူ႔ကို ႏွာဘူးေကာင္လို႔ ထင္သြားၿပီလား။ ခြင့္ျပဳခ်က္ မရွိဘဲ တရားလြန္ ခိုးနမ္းလိုက္တာ လြန္သြားမွန္း သူ သိပါတယ္။
"ေဟ့... မငိုရဘူးေလ၊ မငိုရဘူး၊ အဲ့လို ငိုေတာ့ ကိုကို ဘယ္လို ေနရမလဲဟင္"
မ်က္ရည္ သုတ္ေပးဖို႔ လက္လွမ္းလိုက္ေပမဲ့ သူ႔လက္ကို ဖမ္းဆြဲလိုက္ၿပီး...
"ကိုကို မသိလို႔ေနာ္၊ ရရ ဘိုးဘိုးႀကီး မဆုံးခင္က တစ္ကိုယ္လုံး အနီစက္ေတြ ထြက္လာၿပီး ေသြးမတည့္မႈ ျဖစ္တာ သိလား၊ အဲ့ကတည္းက ဘိုးဘိုးႀကီးက အ႐ြယ္ပိုက်လာၿပီး ရရ အခုျဖစ္သလို မ်က္ႏွာႀကီးက ပိတ္သိပ္လာၿပီး သိပ္မၾကာခင္ ဆုံးသြားတာလို႔"
သူ ထင္သလို မဟုတ္တာမို႔ စိတ္သက္သာရာ ရသြားေပမဲ့ အဘိုး ဆုံးတဲ့အေၾကာင္းကို စိတ္မေကာင္း ျဖစ္ေပးရမဲ့အစား ရယ္ခ်င္လာတာ တားမရ။ မိုးဦးရနံ႔ကို ခ်စ္ရမွာ ေၾကာက္တဲ့အထဲ ဒါေတြလဲ ပါတယ္။ တစ္ခ်က္တစ္ခ်က္ ကေလးေပါက္စနဲ႔ တူတူသြားတိုင္း အသက္မျပည့္ေသးတဲ့ ကေလးကို အျမတ္ထုတ္မိသလို မလုံမလဲ ျဖစ္လာတာ တားမရ။
*မစိုးရိမ္နဲ႔ ကိုကို႔ေၾကာင့္ ျဖစ္တာ၊ ဒီကိုကိုက အမ်ားႀကီး နမ္းထားလို႔ ျဖစ္တာ၊ ဟုတ္ၿပီလား။
လို႔ ဘယ္လိုမ်ား သူ ေျပာရပါ့။ ဟူး... ခက္ပါေကာလား အဇဋာ။
"ဒီမွာ ကိုယ့္ကို ၾကည့္စမ္း"
ခပ္ဆတ္ဆတ္ ေျပာလိုက္ေတာ့ မ်က္ႏွာမဲ့မဲ့ေလးနဲ႔ သူ႔ကို ၾကည့္လာတယ္။
"ဘာေတြ ေလွ်ာက္ေတြးေနတာလဲ ခင္ဗ်ား ဘာမွ မျဖစ္ဘူး စိတ္ခ်"
"ကိုကို ဘယ္လိုသိ"
"ခင္ဗ်ား ညက လူမွန္း မသိေအာင္ မူးေနတာ မမွတ္မိဘူးလား"
နဖူးေလးကို လက္နဲ႔ ေတာက္ပစ္လိုက္ေတာ့ အေနာက္ကို ယိုင္က်သြားၿပီး ပါးစပ္ကို လက္ဖဝါးေလးနဲ႔ ဖိအုပ္ၿပီး သူ႔ကို ျပဴးတူးၿပဲတဲ ၾကည့္တယ္။ တကယ္ကို ပုန္းညက္ပန္းေတြထက္ ပိုလွတယ္။
"ဟင္ မူးတယ္တဲ့လား၊ မဟုတ္မွ ရရ အရက္ ေသာက္မိတာလား"
"ဪ... ဪ"
"ေတဇက အခ်ိဳရည္လို႔ ေျပာပါတယ္ ကိုကိုရဲ႕"
"ခင္ဗ်ား သူငယ္ခ်င္းကို ၾကပ္ၾကပ္ယုံ သိလား၊ အဲ့အခ်ိဳရည္ ေသာက္ၿပီးတဲ့ ေနာက္ပိုင္းကို ျပန္ေတြးၾကည့္ပါလား"
မ်က္ေမွာင္ေတြ ၾကဳတ္ပစ္ၿပီး ဆံပင္ေတြ ထိုးဖြေနေပမဲ့ စဥ္းစားလို႔ ရပုံမရ။ ဒီအေျခအေနကို သူ ကိုယ္တိုင္ ဘာလို႔ ဘဝင္မက် ျဖစ္သြားမွန္း မသိ။ ဒါဆို ညက လူႀကီးတစ္ေယာက္လို ခ်စ္ေရးဆိုမႈက ဒီအတိုင္း ေလထဲ ေပ်ာက္ရွသြားၿပီလား။
"အခ်ိဳရည္ ေသာက္ၿပီး ေတဇ ထိုင္ရစ္တာကို နားေထာင္ေပးတာ အထိပဲ မွတ္မိတယ္ ကိုကို"
"ခင္ဗ်ားက လူဆိုးပဲ"
နား႐ြက္ဖ်ားကို လက္နဲ႔ လွမ္းေတာက္လိုက္ေတာ့ သူ႔ပါးကို ေမးဖ်ားနဲ႔ လာပြတ္ရင္း...
"ကိုကို႔ကို ရစ္မိေသးလားဟင္"
"ရစ္မရစ္ သိခ်င္ရင္ အိပ္ရာေပၚ ၾကည့္လိုက္ေပါ့၊ ေရခ်ိဳးခန္းထဲမွာလဲ ရွိလိမ့္မယ္"
"ဗ်ာ"
"ဆံပင္အကြၽတ္ေတြ ေတြ႕လား"
သူ ေျပာလိုက္မွ ဆံပင္ေတြ ၿဖဲယဲလိုက္ရွာရင္း ေခါင္းညိတ္ျပတယ္။
"ေတြ႕သမွ် ဆံပင္ေရထား"
"ဆယ့္ငါးပင္ ကိုကို"
"အဲ့တာ ခင္ဗ်ား ဆြဲထားတဲ့ ကြၽန္ေတာ့္ ဆံပင္ေတြ"
ေျပာၿပီး ထရပ္လိုက္ေပမဲ့ သူ႔ကို အတင္း ျပန္ဆြဲလိုက္တာမို႔...
"ဟာ... ေဟ့၊ မဆြဲနဲ႔ေလ"
ႏွစ္ေယာက္သား ေမြ႕ရာေပၚ လုံးေထြး က်သြားေတာ့ သူက ေအာက္က ျဖစ္ေနၿပီး ခ်ာတိတ္က သူ႔အေပၚမွာ။ အေနအထားကို ေတြးမိပုံမရဘဲ မ်က္ႏွာေလး ပ်က္ေနပုံက ေအာ္ငိုခ်င္သလို။ ဘာအခုမွ ေၾကာက္ပါၿပီလဲလို႔ ေမးေမးၿပီး ႐ိုက္ခ်င္စရာေလး။
"ရရ ေတာင္းပန္တယ္ေနာ္၊ ကိုကို မေက်နပ္ရင္ ရရ ဆံပင္ကို ျပန္ဆြဲေနာ္၊ ရရက မေကာင္းဘူးမို႔လား ကိုကို"
"အင္းေပါ့ ဘယ္ေကာင္းမွာလဲ၊ ဘာမွ မမွတ္မိဘူး ဆိုတာ မလြန္လြန္းဘူးလား ခင္ဗ်ားက"
"ေတာင္းပန္ပါတယ္ ကိုကို"
ေျပာရင္း သူ႔ရင္ဘတ္ေပၚ မ်က္ႏွာေမွာက္ခ်လိုက္ၿပီး မ်က္ရည္က်လာတာမို႔...
"ေဟ့...ကြာ၊ မငိုနဲ႔ေလ၊ ကိုယ္ ဆူေနလို႔လား"
"ကိုကို႔ မ်က္ႏွာႀကီး တည္ေနတယ္ေလ"
"ဒါျဖင့္ တစ္ညေလးအတြင္း အေပ်ာ္ႀကံ ခံလိုက္ရတာကို ကြၽန္ေတာ္က ရယ္ေနရမွာလား"
သူ႔စကားမွာ မ်က္လုံးေလး ဝိုင္းလာလ်က္...
"ဟင္... အဲ့တာက ဘာကို..."
"အရက္မူးေနလို႔ မမွတ္မိဘူးတဲ့လား၊ ရက္စက္လွခ်ည္လား၊ ခင္ဗ်ား မူးေပမဲ့ ကြၽန္ေတာ္မွ မမူးတာ၊ ဘယ္မွာလဲ ကြၽန္ေတာ့္အတြက္ တရားမွ်တမႈ"
"ဗ်ာ"
သူ ဆက္ၿပီး သည္းမခံႏိုင္။ မခ်င့္မရဲ ဆြဲခ်လိုက္မႈေၾကာင့္ သူ႔မ်က္ႏွာေပၚ နီးကပ္လာတဲ့ နဖူးေလးကို ဖိနမ္းပစ္႐ုံမက ပါးေလးႏွစ္ဖက္ကိုပါ ခပ္ရမ္းရမ္း နမ္းပစ္လိုက္ေတာ့ မယုံႏိုင္သလို ျပဴးၾကည့္ေနတယ္။ အသည္းတယားယားနဲ႔ ခါးေလးကေန သိမ္းေပြ႕ၿပီး ေနရာ လဲပစ္လိုက္ေတာ့ သူက အေပၚစီးက ျဖစ္သြားၿပီး ေခၚသံ တိုးတိုးေလး ထြက္လာတယ္။
"ကိုကို"
"အင္း"
"ဟို... ကိုကို ဘာလုပ္"
"အေႂကြးေတာင္းမလို႔"
"ဟင္"
"မေမ့ေအာင္ မွတ္ထားလို႔ သတိေပးခဲ့သားပဲ"
ကိုကို႔ လက္ေခ်ာင္းေတြ ရရ ႏႈတ္ခမ္းသားေပၚ ရွပ္ေျပးလာတဲ့အခါ လူတစ္ကိုယ္လုံး တုန္ခိုက္လာတယ္။ ကိုကို ညံ့သက္ခ်ိန္တိုင္း ရရအတြက္ ေျပးေပါက္မရွိသလို အသက္ကို လုရႉစဥ္မွာ ရရ လက္ဖဝါးကို ပြတ္သပ္ေနတဲ့ ကိုကိုက သူ႔ပါးျပင္ဆီ ဖိကပ္ပစ္တယ္။
အထိအေတြ႕မွာ မိန္းေမာလ်က္ ရင္တလွပ္လွပ္ ခုန္ေနတုန္း...
"ခင္ဗ်ား အသားအေရက တကယ္ အထိမခံတာပဲ"
"ဘာ... ဘာလို႔လဲဟင္"
"ထိလိုက္တာနဲ႔ ခ်က္ခ်င္း ရဲတက္လာလို႔"
"အဲ့ေလာက္လဲ မဟုတ္ဘဲနဲ႔"
ၿပဳံးေနတဲ့ ကိုကို႔ေၾကာင့္ ရရလဲ ေနရမခက္ေတာ့သလို ကိုကိုနဲ႔အတူ လိုက္ၿပဳံးမိရင္း ကိုကို႔မ်က္ႏွာေပၚက ေမြးညင္းေပါက္ေလးေတြကို ေငးၾကည့္ ေပ်ာ္ဝင္ေနမိတယ္။
"ဟုတ္တယ္၊ ဟုတ္လြန္းလို႔ တစ္ခါ ထိရဖို႔ အမ်ားႀကီး အားနာရတယ္"
ထိုစကားမွာ ေခါင္းခါယမ္းလ်က္...
"ရဲတာက ေမြးကတည္းကပါ ကိုကိုရယ္၊ အထိမခံတာေတာ့ မဟုတ္ပါဘူးေနာ္၊ မယုံရင္ ကိုကို ထိၾကည့္ပါလား၊ ရရ အသားမွ ပဲ့က်မသြားတာ"
ကိုကို႔ဆီ ပါးႀကီး ထိုးေပးေတာ့ ကိုကိုက ခပ္တိုးတိုး ရယ္တယ္။
"မဟုတ္မွ ခင္ဗ်ားမွာ မ, ေဟာ္မုန္း မ်ားေနတာလား"
ကိုကို႔စကားက ခ်က္ေကာင္း ထိသြားတာမို႔ ပူထူသြားေပမဲ့ ဟန္မပ်က္ ထိန္းရင္း ၿပဳံးေနမိတယ္။ မ, ေဟာ္မုန္းမ်ားလို႔ ကိုယ္ဝန္ပါ ေဆာင္ႏိုင္ေၾကာင္းေတာ့ ေျပာျပျဖစ္မယ္ မထင္ေတာ့ပါဘူး။
ရရ ၿငိမ္သြားမွန္း သိေတာ့ ရရ နား႐ြက္ဖ်ားေလးကို လက္ညႇိဳး လက္မေကြးေလးနဲ႔ လွမ္းေတာက္လ်က္ ကိုကို သက္ျပင္းရႈိက္တယ္။ ဒီတစ္ေလာ ရရပဲ စိတ္ထင္တာလား မသိ၊ ကိုကို ရရကို မ်က္ႏွာအညႇိဳးမခံပါ။
သယ္ပိုးထားရတဲ့ ရင္တြင္းအနာေတြ အေၾကာင္းလဲ တစ္ခြန္းမွ မေျပာ။ တစ္ခါတစ္ရံ ရရ ႏႈတ္က ကိုကိုႀကီးနဲ႔ မမသက္လ်ာ အမည္ကို လႊတ္ခနဲ ထြက္မိရင္ေတာင္ ကိုကိုက မၾကားဟန္ေဆာင္ပါတယ္။
ဘယ္ေလာက္ေတာင္ ၿငိမ္လိုက္မိလဲ မသိ၊ တစ္ဖက္ လွည့္ထားမိတဲ့ ရရ မ်က္ႏွာကို ညင္သာဖြဖြ အုပ္ကိုင္လို႔ မ်က္ႏွာခ်င္းဆိုင္ ျဖစ္သြားေအာင္ ကိုကို လွည့္ယူတယ္။ မ်က္လႊာခ်ထားတဲ့ ရရ မ်က္လုံးကို ျမင္ရေအာင္ ေမးဖ်ားကေန ပင့္ေမာ့ၾကည့္ျပန္တယ္။
"ကိုယ္... ဒီအတိုင္း စတာေလ"
"ဗ်ာ"
"စိတ္မေကာင္း ျဖစ္သြားတာလား"
"မဟုတ္ပါဘူး"
"မိန္းကေလးနဲ႔ တူေနတာ မဟုတ္ဘဲ ကိုယ့္အတြက္ ဒီအတိုင္း..."
ရရ ေတြးမိတာ တစ္မ်ိဳး။ ကိုကို ထင္တာက တစ္မ်ိဳး ျဖစ္ပုံပါပဲ။ ေျပာလက္စကို ရပ္လိုက္တဲ့ ကိုကိုက ခဏၿငိမ္သြားၿပီး ေျပာရခက္သလို လည္တိုင္ကို အတန္ၾကာ ဖိပြတ္ေနျပန္တယ္။ ၿပီးမွ အက္ရွရွ ထြက္လာတာက...
"ထိလိုက္မိသမွ် အစိတ္အပိုင္းေတြက ကိုယ့္အတြက္ သိပ္ႏုနယ္ေနလို႔"
"ဗ်ာ"
"တစ္ခါတေလ ေယာက္်ားေလး ဆိုတာ ကိုယ္ ေမ့ေမ့သြားတယ္"
ရရ မ်က္လုံးဝိုင္းေနမွန္း သိေတာ့ ကိုကိုက ရရ ဆံပင္ေတြကို အသာဆြဲဖြတယ္။
"အထင္မလြဲနဲ႔၊ မိန္းကေလး ျဖစ္ေစခ်င္တာ မဟုတ္ဘူး"
ေျပာလိုက္၊ ရပ္လိုက္၊ အၾကည့္လႊဲလိုက္၊ အတန္ၾကာ ေငးစိုက္လိုက္နဲ႔ ကိုကို တစ္ေယာက္တည္း အလုပ္ရႈပ္ေနဟန္။ သက္ျပင္းရႈိက္သံကိုလဲ နီးနီးကပ္ကပ္ ၾကားရပါေသးတယ္။
"ဒီအတိုင္း ႏုႏုနယ္နယ္ ဝင္းဝင္းမြတ္မြတ္ေလးမို႔ အံ့ဩရတာ မၾကာခဏပဲ"
ဒီစကားမွာ အသည္းဘဝင္ လွပ္တုန္သြားတဲ့ ရရက ဖိန္းတိန္းရွိန္းတိန္း ျဖစ္လာၿပီး ကိုကို႔လက္ေမာင္းႀကီးဆီ မ်က္ႏွာဝွက္လိုက္မိတယ္။
"အဲ့ေလာက္လဲ မဟုတ္ဘဲနဲ႔ ကိုကို ဒီလို ေျပာရင္ ရရ ရွက္တယ္ သိလား"
ကိုကို႔ဆီက ရယ္သံခ်ိဳကို ၾကားေနရၿပီး...
"မဟုတ္ ရွိမလား၊ ကိုယ္လို လူၾကမ္းက ေျပာတာမို႔ ယုံ"
"လူၾကမ္း မဟုတ္ဘဲနဲ႔ လူၾကမ္းပဲ ေျပာေနတယ္၊ ရရ မႀကိဳက္ပါဘူးေနာ္"
ကိုကို႔ မ်က္ဝန္းေတြ ေမွးက်ဥ္းသြားပုံက ရရကို အသည္းယားလာဟန္။ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္လိုက္တဲ့ ကိုကိုက ရရ လက္ဖမိုးေလးကို ဆိုးဆိုးဆတ္ဆတ္ ဆြဲယူေထာင္ၿပီး ကိုကို႔လက္ဖဝါးႀကီးနဲ႔ အသာဖိကပ္တယ္။
"ဒီမွာ ေတြ႕လား၊ ခ်ာတိတ္လက္က ကိုယ့္လက္ တစ္ျခမ္းစာေတာင္ မရွိဘူး"
"ဘာဆိုင္လို႔လဲေနာ္"
နားမေထာင္တဲ့ ကိုကိုက ရရ လက္ဖမိုးေလးက တစ္ဆင့္ လက္ေကာက္ဝတ္ေလးဆီ ပြတ္သပ္လာတယ္။
"ညီမေလး လက္ေတာင္ ခင္ဗ်ားထက္ ႀကီးတယ္"
"မဟုတ္ဘဲနဲ႔"
"အရပ္ကလဲ ညီမေလးနဲ႔ အတူတူေလာက္ပဲ"
"ရရက မမထက္ ရွည္ပါတယ္ေနာ္"
"ခႏၶာကိုယ္ကလဲ ညီမေလးလိုပဲ၊ တကယ္ကို လူေသးေသးေလး"
ႏွစ္ေယာက္ၾကား အေၾကာင္းျပခ်က္ မရွိ ၿငိမ္က်သြားေပမဲ့ ကိုကိုက စူးနစ္စြာ ေငးေနဆဲ။ ကိုကို႔မ်က္ဝန္းေတြ ရီေဝေနပုံက ႐ူးသြပ္ခ်င္စရာ။ မိန္းေမာေနဆဲမွာ ကိုကို႔ လက္ဖဝါးတစ္ဖက္က ရရ ရင္ဘတ္ဆီ ဖြဖြတင္လာတာမို႔ ႏွလုံးခုန္သံက ဝုန္းဒိုင္းႀကဲလာတယ္။
"ရင္ခြင္ေလးက တကယ္ ေသးေသးေလး"
ေျပာင္းလဲသြားတဲ့ အမူအရာနဲ႔ တိုးတိမ္လြန္းတဲ့ ကိုကို႔ အသံက အေဝးႀကီးက ေျပးလာရသလို ေမာပန္းေနဟန္။ နီးကပ္ေနတဲ့ အေနအထားမွာ ၾကက္သီး ေမြးညင္းကေလးေတြ အုံႂကြလာ႐ုံမက ရရ တစ္ကိုယ္လုံး ေတာင့္တင္းလာတယ္။
"ဆံႏြယ္ေလးက ေပ်ာ့အိေနတယ္"
ညင္သာစြာ သပ္ခ်လိုက္တဲ့ ကိုကို႔ လက္ဖဝါးေအာက္မွာ ဆံႏြယ္တို႔က အလူးအလွိမ့္ ဝပ္တြားၾကတယ္။
"ပါးျပင္က ေသြးေၾကာေလးေတြ ကိုယ္ အၿမဲ ျမင္ေနရတယ္"
စပါးတင္မွဲ႔ကေလးဆီ လက္ညႇိဳးထိပ္ေလးနဲ႔ အတန္ၾကာ ထိေတြ႕ေနျပန္တယ္။
"ဒီလက္ဖမိုးေလး..."
ရရ လက္ေခ်ာင္း တစ္ေခ်ာင္းခ်င္းဆီထိ ဖိအုပ္ ဆုပ္ကိုင္လာတဲ့ ကိုကို႔လက္ဖဝါးရဲ႕ ေႏြးေထြးမႈ။
အခ်စ္နာက်ရင္ ေျဖေဆး မရွိဘူးတဲ့။
ကိုကို ဘာလို႔ ဒီလို လုပ္ေနလဲ မသိေပမဲ့ ဒီအခိုက္အတန႔္ေလးမွာ အခ်စ္နာက်ၿပီး ဒုကၡေရာက္ေတာ့မဲ့ လူက ရရ ျဖစ္လာတယ္။ ကိုကို႔ လက္ညႇိဳးကေလး ရွပ္ေျပးသြားတဲ့ ေနရာတိုင္းမွာ အၾကင္နာေတြ ဖိတ္စင္က်ခဲ့သလို ရရ ငိုခ်င္လာတယ္။
"မ်က္ေတာင္ေတြ ဘာလို႔ အဲ့ေလာက္ ရွည္ရတာလဲ"
ကိုကို႔ ေလသံတိုးက လြဲလို႔ ဝန္းက်င္တစ္ခြင္က ၿငိမ္သက္ေနဆဲ။ ကိုကို အသိစိတ္ လြတ္ေနသလို ရရ ကိုယ္တိုင္ မွင္တက္ေနမိဆဲ။
"မ်က္လုံးေလးေတြက အၿမဲ ရယ္ျပေနသလို"
မ်က္ခြံေတြေပၚ ေရာက္လာတဲ့ ကိုကို႔လက္ေခ်ာင္းေတြက ဖြဖြ႐ြ႐ြ။
"ဒါေၾကာင့္ ခင္ဗ်ား ဝမ္းနည္းရင္ သိပ္သိသာတာ"
"ကိုကို"
ႏွလုံးသားထဲက လွ်ံက်လာသလို ေခၚလိုက္ေပမဲ့ ကိုကိုက မထူး။ ႏႈတ္ခမ္းဖ်ားတို႔ လႈပ္ခတ္႐ုံ ကိုကို ဆက္ေျပာေနတာက...
"သိပ္လွတယ္"
"ဟင္"
"ပုန္းညက္ေတြထက္ ပိုၿပီး..."
"....."
"တျခား ပန္းကေလးေတြထက္ ပိုၿပီး..."
"....."
"အေရျပား အေပၚယံလႊာထက္ ႏွလုံးသားက ပိုလွမွန္း သိပါတယ္"
"ကိုကို"
"အနားမွာ ရွိေပးလို႔ ေက်းဇူးတင္ရတယ္"
ရင္ခုန္လြန္းလို႔ မူးေမ့ခ်င္လာေပမဲ့ ျမတ္ႏိုးမဝဟန္ ေငးၾကည့္ေနတဲ့ မ်က္ဝန္းေတြကို လႊဲဖယ္ရမွာ ႏွေျမာသလို၊ ႏွလုံးသားထဲမွာ သိမ္းထုတ္ မွတ္တမ္းတင္ေနမိတယ္။
*ခ်စ္လိုက္ရတာ ကိုကိုရယ္။
စကၠန႔္ေတြ ေျပာင္းလဲလာတဲ့အခါ စကားတစ္ခြန္းမွ မေျပာေတာ့တဲ့ ကိုကိုက ရရ နားသန္သီးေလးကို ပြတ္သပ္လာတယ္။ ထိုမွတစ္ဆင့္ လည္တိုင္နဲ႔ ေမးဖ်ားဆီမွာ အတန္ၾကာ ဖြဖြ႐ြ႐ြ။ ထပ္ဆင့္ ကူးသြားတဲ့အခါ ပါးႏွစ္ဖက္ဆီ ေရာက္လာပုံက ညင္သာဖြဖြ။
"အနီစက္ေတြအတြက္ ေတာင္းပန္တယ္ေနာ္"
"ဗ်ာ"
တစ္ခုခုကို ေတြးမိၿပီး လႈိက္ခနဲ ပူထူသြားေပမဲ့ ကိုကို႔ အၾကည့္က ရရ ႏႈတ္ခမ္းသားဆီ စူးနစ္လာတယ္။ သက္ျပင္းရႈိက္သံ ၾကားေနရေပမဲ့ မေ႐ြ႕လ်ားႏိုင္တဲ့ ျဒပ္ဝထၳဳေတြလို မ်က္ဝန္းႏွစ္စုံက အထပ္ထပ္ ရစ္ပတ္ေနမိဆဲ။
အိပ္ရာေပၚမွာ အေပၚေအာက္ ျဖစ္ေနၿပီး ကိုကို ညႇိဳ႕ထားတဲ့အတိုင္း ေမာ့ေမာ့ကေလး ျဖစ္ေနတဲ့ ရရက ငုံ႔ကိုင္းၾကည့္ေနတဲ့ ကိုကိုနဲ႔ လြန္စြာ နီးကပ္ေနတယ္။ ႐ူးသြပ္ခ်င္စရာ အေနအထားမွာ အသက္ကို ဝဝမရႉရဲ။ မီးစာထဲ ပစ္ထည့္လိုက္တဲ့ ဖေယာင္းလုံးကေလးလို ကိုကို႔အၾကည့္ေအာက္မွာ ႏွလုံးသားက ႏွစ္လို႔ေပ်ာ္ဝင္ခဲ့ပါတယ္။
"ဒီႏႈတ္ခမ္းေလးေတြက..."
ရရ ေအာက္ႏႈတ္ခမ္းေပၚ ကိုကို႔လက္မေလး ေရာက္လာတဲ့အခါ မ်က္ႏွာႏွစ္ခုက သည္းထိပ္ရင္ဖို အကြာအေဝးကို ေရာက္ရွိလာတယ္။ ေတာင့္မခံႏိုင္စိတ္နဲ႔ မ်က္ဝန္းေတြကို မွိတ္ခ်လိုက္ေပမဲ့ ေမြ႕ရာက အိခနဲ နိမ့္ဆင္းသြားၿပီး ကိုကို ေအာက္ဆင္းသြားတယ္။
"မနက္ျဖန္ မဂၤလာပြဲတက္ဖို႔ ေဈးဝယ္ ထြက္ရေအာင္"
"ကိုကို"
တိုးတိမ္စြာ ေခၚလိုက္ေပမဲ့ ကိုကိုက လွည့္မၾကည့္။
"ကိုယ္ခဏ လမ္းေလွ်ာက္ထြက္အုံးမယ္၊ အဆင္သင့္ လုပ္ထားေနာ္"
"ဟင့္အင္း... ကိုကို"
ေျခလွမ္းျပင္ေနတဲ့ ကိုကို႔ကို အေနာက္က ေျပးဖက္လိုက္ေတာ့ ရရ လက္ေတြကို ဖိအုပ္ကိုင္လာတယ္။
"အခု မလႊတ္ရင္ ခ်ာတိတ္ တစ္ကိုယ္လုံး အနီစက္ေတြ ျပည့္ကုန္လိမ့္မယ္"
ျပန္မေျဖဘဲ ကိုကို႔ေက်ာျပင္ကို မ်က္ႏွာနဲ႔ ထိတိုက္ထားလ်က္ ေခါင္းသြင္သြင္ ခါယမ္းပစ္လိုက္ေတာ့ ရရဘက္ လွည့္ၾကည့္လာတယ္။ ကိုကို႔မ်က္ဝန္းေတြမွာ နက္ရႈိင္းတဲ့ အေရာင္တခ်ိဳ႕ကို ျမင္လိုက္ရၿပီး သက္ျပင္းရႈိက္သံ ၾကားလိုက္ရတယ္။
"မိုးဦးရနံ႔"
"ဗ်ာ"
"သိခ်င္တာက ကိုကို မင္းကို..."
"....."
"ကိုကို မင္းကို နမ္းလို႔ရလား"
ရင္တလွပ္လွပ္ ျဖစ္လာၿပီး ရရ ခႏၶာကိုယ္ ယိုင္က်သြားတဲ့အခါ ခါးတစ္ဝိုက္ဆီ ကိုကို႔လက္ေတြ လ်င္ျမန္စြာ ေရာက္လာတယ္။ ေႁမြတစ္ေကာင္လို ရစ္ပတ္လိုက္တာမို႔ ရရ တစ္ကိုယ္လုံး ကိုကို႔ရင္ခြင္ၾကားမွာ ေမာ့ေမာ့ေလး ျဖစ္ေနတယ္။
"တစ္ကေန ငါး အထိ ေရမယ္"
"ဟင္"
"ေျပးခ်င္ ေျပးလို႔ ရတယ္၊ လက္မခံခ်င္ ျငင္းလို႔ ရတယ္၊ အလို မရွိရင္ ကိုကို ရပ္လိုက္မွာ"
မွင္တက္စြာ ေငးၾကည့္မိဆဲမွာ ကိုကို႔ ေရတြက္သံ စ, ၾကားလိုက္ရတယ္။
"တစ္"
"....."
"ႏွစ္"
"....."
"သုံး"
႐ုတ္ခ်ည္း ထိကပ္လာတဲ့ ကိုကို႔ ႏႈတ္ခမ္းသားက ပူေလာင္ျပင္းျပစြာ။ ပြတ္တိုက္သြားတဲ့ ေနရာတိုင္းက မီးပြင့္လာသလို ေတာင့္ခံႏိုင္ဖို႔ ခက္တဲ့ အနမ္းက ရစ္ပတ္ ေႏွာင္တြယ္လာတယ္။ ေတာင့္မခံႏိုင္ဘဲ ဒူးၫႊတ္ ေခြက်သြားေတာ့ ၾကမ္းျပင္ေပၚ ကိုကိုပါ ထိုင္ခ်လိုက္ၿပီး ျပင္းျပတဲ့ အနမ္းတို႔နဲ႔ ရရကို ဝါးၿမိဳေနဆဲ။
"ကိုကို"
ကိုကို႔ အနမ္းမွာ အထိန္းအကြပ္ေတြ မရွိ။ ဒီအတိုင္းဆို ခက္လိမ့္မယ္။ အသက္ရႉမဝလို႔ ရင္ဘတ္ကို ထုၿပီး တားလိုက္ေပမဲ့ ကိုကိုက မရပ္တန႔္။ အဲ့ဒီ အခ်ိန္ေလးအတြင္း သြားခ်င္း ထိခတ္သံေတြ ထြက္လာသလို၊ ေခါင္းခ်င္း တိုက္မိၾကတာ မၾကာခဏ။
"ကိုကို"
"အင္း"
ထူးလိုက္ေပမဲ့ ရရကို လႊတ္မေပး။ ကိုကို နမ္းေနပုံက ကေလးေလး တစ္ေယာက္ကို ခ်စ္လြန္းလို႔ မငိုငိုေအာင္ ဖက္ကိုက္ေနသလို။ ကိုကို နမ္းမရေအာင္ မ်က္ႏွာေလးကို ယမ္းပစ္လိုက္ၿပီး...
"ကို... ကိုကို ေျပာေတာ့ ငါးထိ ေရမယ္ဆို"
ကိုကို လူဆိုးေၾကာင့္ ရရအသံေတြ ယိုင္ေနသလို၊ ႏွလုံးသားတစ္ခုလုံး ေမာပန္းလႈိက္ခါေနတယ္။
"ဝမ္းနည္းရမယ္ ထင္တယ္"
"ဗ်ာ"
"ထြက္ေျပးသြားရင္ ကိုကို ဝမ္းနည္းရမယ္ ထင္လို႔"
ထပ္တစ္ႀကိမ္ ဖိကပ္လာတဲ့ အနမ္းမွာ ဘယ္သူက ဘယ္သူ႔ကို ကိုက္မိမွန္း မသိဘဲ ႏႈတ္ခမ္းသားတင္မက လွ်ာေတြပါ ထုံက်ဥ္လာသလို၊ ဘယ္သူက ဘယ္သူ႔ကို တိုက္ပစ္မိမွန္းမသိ နဖူးေၾကာေတြ က်ိန္းစပ္လာတယ္။ ကိုကို႔ ဆံပင္ေတြကို ရရ ဆြဲထားမိတာ သိေနၿပီး နမ္းေနရင္း အံေခ်ာ္ေခ်ာ္သြားတဲ့ ကိုကိုက ရရ ႏႈတ္ခမ္းကို လိုက္ဖမ္းေနတာမ်ိဳးလဲ ရွိတယ္။
ဗ႐ုတ္ဗရက္ ဆန္တဲ့ အနမ္းမွာ ေသြးအရသာ ခံစားလိုက္မိေတာ့ ကိုကို႔အတြက္ စိုးရိမ္သြားမိတယ္။ ကိုကို႔ ရင္ဘတ္ကို လက္နဲ႔ ေထာက္ပစ္လိုက္ၿပီး အသက္ကို လုရႉလိုက္ေတာ့ ကိုကိုက မ်က္ေမွာင္ၾကဳတ္တယ္။
"ကိုကို"
"ေနာက္မွ ေျပာကြာ"
ကိုကို႔ရင္ခြင္ထဲ ေနာက္တစ္ႀကိမ္ ျပန္ပါသြားေပမဲ့ အနမ္းမခံေတာ့ဘဲ ကိုကို႔မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔ ထိန္းကိုင္လိုက္ၿပီး...
"ရရ သြားက်ိဳးေတာ့မယ္လို႔"
"ခင္ဗ်ား အရင္ ကိုက္တာေလ"
"ကိုကို အရင္ ကိုက္တာပါ"
"အင္း... ထားလိုက္ေတာ့"
ကိုကို႔မ်က္ႏွာ ေနာက္တစ္ႀကိမ္ ငုံ႔ကိုင္းလာခ်ိန္မွာ...
"ကိုကို"
"အင္း"
ကိုကို႔အသံက စိတ္ပ်က္လက္ပ်က္။
"မဟုတ္မွ ရရပဲ မဟုတ္ဘူးလားဟင္"
ကိုကို႔ႏႈတ္ခမ္းေတြ စြတ္စိုေနဆဲမို႔ ႏွလုံးသားက ပူေႏြးလႈိက္ခုန္လာျပန္တယ္။ ကိုကို႔ေၾကာင့္ ႐ူးေတာ့မွာပဲ။ ကိုကို႔ေအာက္ႏႈတ္ခမ္းက ရရေၾကာင့္ ေပါက္သြားပုံ ရၿပီး ထိုေနရာေလးကို လက္နဲ႔ ထိၾကည့္လိုက္ေတာ့ ရရလက္ဖမိုးကို ကိုကိုက ဖိနမ္းျပန္တယ္။
"အခု ဘာသိခ်င္တာလဲ၊ ျမန္ျမန္ေမးကြာ"
အသက္ရႉသံနဲ႔ လုံးေထြးေနတဲ့ ကိုကို႔အသံက ခပ္ေလာေလာ ျဖစ္ေနၿပီး ရရ ႏႈတ္ခမ္းဆီက အၾကည့္မလႊဲ။
"တကယ္ပဲ ကိုကို..."
"အင္း... တကယ္ပဲ ဘာျဖစ္လဲ"
"ကိုကို အခုမွ နမ္းဖူးတာလားဟင္"
ကိုကို႔မ်က္ႏွာ ဖ်န္းခနဲ ရဲတက္သြားတာမို႔ ရရ မ်က္လုံးျပဴးသြားမိတယ္။ မဟုတ္မွ ရရတင္မဟုတ္ ကိုကို႔အတြက္ပါ အနမ္းဦးလား။ ကိုကိုက ဒီေလာက္ေတာင္ ျဖဴစင္သတဲ့လား။ ဒါေၾကာင့္မ်ား နမ္းပုံက ႏွစ္ေယာက္စလုံး အတြက္ ဗ႐ုတ္သုတ္ခေတြ ျဖစ္ကုန္တာလား။
"ဘုရားေရ... အႏွစ္သုံးဆယ္လုံးလုံး ကိုကို ဘာေတြ လုပ္ေနခဲ့တာလဲဟင္"
ရရ ထေအာ္လိုက္ေတာ့ ဆံပင္ေတြ ထိုးဖြလိုက္တဲ့ ကိုကိုက မ်က္ႏွာလႊဲပစ္တယ္။
"႐ုတ္တရက္ႀကီး ခင္ဗ်ား ကြၽန္ေတာ့္ကို ဒီလို ေျပာမွ ျဖစ္မွာလား"
"မဟုတ္ဘူးေလ ကိုကိုရဲ႕၊ ရရက ၁၉ ႏွစ္ မျပည့္ေသးလို႔ မနမ္းဖူးတာ ထားပါေတာ့၊ ကိုကို မနမ္းဖူးတာက် ရရ နားမလည္ဘူးေလ၊ ဒီအ႐ြယ္ထိ အၿမီးမေပါက္ခဲ့ေတာ့ ကိုကိုက ဘာေမ်ာက္ႀကီး ျဖစ္ခဲ့တာလဲဟင္"
"ခ်င္ပန္ဇီ ျဖစ္ခဲ့မွာေပါ့ အဟြန္း"
ခပ္သဲ့သဲ့ ရယ္လ်က္ ရရ တစ္ကိုယ္လုံး ကိုကို႔လက္ေမာင္းေတြၾကား ေစြ႕ခနဲ ပါသြားခဲ့ၿပီး ကုတင္ေပၚ ပစ္ခ်ခံလိုက္ရတယ္။ ထို႔ေနာက္ အေပၚစီးကေန ကိုကို အုပ္မိုးလာၿပီး...
"အဇဋာလို႔ ေခၚတယ္"
"ဟင္"
"ဘယ္သူ႔ကို လာအထင္ေသးေနတာလဲ၊ ခင္ဗ်ား"
"ကိုကို"
ကိုကို႔ႏႈတ္ခမ္းဖ်ားက ရရဆီ နီးကပ္လာၿပီး ၾကက္သီးထဖြယ္ ေျပာလိုက္တာက...
"ကိုယ္အခု ဆိုးေတာ့မွာ"
"ဗ်ာ"
"ထပ္ေလွာင္ေျပာင္ႏိုင္မလား ၾကည့္ရေသးတာေပါ့"
"ကိုကို၊ ဟိုေလ... ရရက ေနာက္... ေနာက္တာပါ"
လူးလြန႔္႐ုန္းလိုက္ေပမဲ့ နားမေထာင္ေတာ့တဲ့ ကိုကိုက ရရ လက္ေတြကို ဖိအုပ္ကိုင္ၿပီး စကားေျပာခြင့္ပါ ထပ္မေပး။ ကိုကိုက အတတ္ျမန္ပုံ ေပၚခဲ့ပါတယ္။ ဒီတစ္ခါ ဖိကပ္လာတဲ့ ႏႈတ္ခမ္းဖ်ားက ႏူးညံ့ၿပီး ေႏြးလြန္းေနသလို၊ မြတ္သိပ္ေနတဲ့ ကိုကို႔ အၾကင္နာေအာက္မွာ ေမ့ေမ့မူးမူး ျဖစ္လာတယ္။
ကိုကိုဟာ ခ်စ္တယ္လို႔ေတာ့ မေျပာခဲ့ဘဲ အနမ္းတို႔နဲ႔ ထပ္ခါထပ္ခါ ခ်ည္ေႏွာင္တယ္။ စကၠန႔္ကေန မိနစ္ေတြ ေျပာင္းလာသည့္တိုင္ အနမ္းတို႔ဟာ ေႏြးျမလႈိက္ဖိုေနဆဲ ျဖစ္ၿပီး တပ္မက္မႈေတြ ေရာယွက္ေနေပမဲ့ ရမၼက္အဆင့္ထိ ေျပာင္းလဲ မသြားေအာင္ ကိုကို ထိန္းသိမ္းခဲ့ပါတယ္။
"ရရက အမ်ားႀကီး ခ်စ္ပါတယ္"
^^
ဆက္ရန္
ခ်စ္တဲ့အသြဲ႕^^
၂.၁၁.၂၀၂၂ ဗုဒၶဟူးေန႔
(ညက သူငယ္ခ်င္းက ဖုန္းလွမ္းဆက္တယ္။ သူ သေဘာက်တဲ့ ေပ့ခ်္ေလး တစ္ခုက အဘိုင္တို႔ ရီဗ်ဴးတက္လာၿပီတဲ့။ အိပ္မေနနဲ႔ စာထေရး ဆိုလို႔ အေျမႇာက္ မႀကိဳက္တဲ့ သြဲ႕က ဟီးဟီး ဟီးဟီးနဲ႔ ရယ္ၿပီး အပိုင္းရွည္ႀကီး ထေရးလိုက္ပါတယ္။ ေမတၱာနဲ႔ ၫႊန္းဆိုေပးသမွ် တစ္ဦးတစ္ေယာက္ခ်င္းကို စိတ္ရင္းနဲ႔ ေက်းဇူးတင္ပါတယ္ရွင္။ အပိုင္းသစ္ဟာ တစ္ပတ္အတြင္းပါပဲေနာ္။ က်န္းမာခ်မ္းေျမ့ၾကပါေစ)
+++++