"အငယ်ရေ မပြီးသေးဘူးလား ။ဒီမှာ အငယ့်သူငယ်ချင်းတွေနဲ့အစ်မနှိုင်းတို့စောင့်နေတာကြာလှပေါ့ ။"
အခန်းအပြင်ဘက်မှ ထွက်ပေါ်လာသော မ ၏အသံကြားမှ ကမန်းကရမ်းထထိုင်မိသည် ။ အစောကြီးကတည်းကပြီးစီးနေပြီဖြစ်သော်လည်း ကုတင်ပေါ်တွင်သာငုတ်တုတ်ငိုင်နေမိသည်မှာ ဘယ်လောက်တောင်ကြာခဲ့လိုက်သလဲ ။သဏ္ဌန့်၏စကားလုံးတွေနှင့်တောင်စဉ်မရသော အတွေးတွေဟာ သူ့ခေါင်းတစ်ခုလုံးအပြည့်နေရာယူထားလေသည်။ ကိုယ်ဟာ တကယ်ပဲ သဏ္ဌန့်အပေါ်မှာ မတရားခဲ့သူမဟုတ်လား ။
"ဒီနေ့ကစပြီး နင်နဲ့ငါနဲ့ သူငယ်ချင်းမဟုတ်တော့ဘူး လွန်းသွေးငယ်။ ကိုယ့်အပေါ်နည်းနည်းလေးမှ မကောင်းတဲ့သူငယ်ချင်းကို ငါဆက်ပြီး မပေါင်းနိုင်တော့ဘူး ။ ဒါကြောင့် သူငယ်ချင်းအဖြစ်ကရပ်စဲကြတာပေါ့ ။"
နောက်ဆုံး သူပြောခဲ့တဲ့စကားကိုပြန်ကြားယောင်မိပြီး လူကယိုင်ချင်ချင်ဖြစ်လာသည် ။ သွေးရဲ့ စွာတေးလန်ငယ်သူငယ်ချင်းမလေးဟာ တကယ်ကြီးပြတ်သားသွားရင် ခက်ရချည်ရဲ့ ။
"အဝတ်အစားလေးလဲတာကို ကြာလိုက်တာ အငယ်ရယ် "
"ပြီးပြီဆိုလည်း သွားကြစို့လေ မမသိမ့် ။ ခေတ် ဗိုက်ဆာနေတာကြာပြီ ။"
"ဟုတ်တယ် ။ယွန်းလည်း မနက်ကတည်းကဆာနေတာ ။"
ယွန်းနှင့်ခေတ်၏တစ်ယောက်တစ်ပေါက်ပြောသံတွေကို မ ကခေါင်းလေးသာငြိမ့်ပြပြီး မျက်နှာပျက်နေသည့်သူ့ကိုသာအကဲခတ်နေလေသည် ။ထို့ကြောင့် မလုံမလဲဖြင့် အကြည့်လွဲကာ
"မောင်ကော !
"မောင်နဲ့မုဒွိသဏ္ဌန်နဲ့က သွားနှင့်ပြီလေ သွေးရဲ့ ။ဟိုက စောင့်နေမယ်တဲ့ ။"
"ဪ ..!
ယွန်း၏ပြန်ဖြေသံကြားမှ မေးမိတဲ့ကိုယ့်ပါးစပ်ကိုပိတ်ရိုက်ချင်သွားသည် ။ ဒါထက်ပို၍ ကိုယ့်ကိုယ်ကိုဒေါသထွက်မိသည်ကား တီတီ့ဆီသို့အကြည့်ရောက်မိတာပင် ။ ကြည်လင်နေသည့်မျက်နှာလေးကနေ ဝမ်းနည်းနာကျင်သွားသည့်မျက်နှာလေးအဖြစ်သို့ကူးပြောင်းသွားသည်ကို မြင်ဖြစ်အောင်မြင်လိုက်ရသည် ။ ချစ်ရဲ့သားနဲ့ တီတီရယ် ဟုသာ တီးတိုးလေးရေရွတ်လိုက်မိတော့သည် ။
_______
"ဒါဆို သဏ္ဌန်နဲ့မောင်နဲ့ ချစ်သူတွေလို့သတ်မှတ်လို့ရပြီပေါ့နော် "
ဘုန်းသက်ဇူးမောင်ဆီမှ ထွက်ပေါ်သော စကားကြောင့် ခြေထောက်ကိုဖုန်မတင်စေရန် ဂရုစိုက်လျှောက်နေသည့်ကြားမှ မော့ကြည့်လိုက်မိသည် ။ သူမနဲ့ဆုံတိုင်း အမြဲကြည်လင်ရွှင်မြူးနေသည့် ဘုန်းသက်ဇူးမောင်က အခုလည်း ကြည်လင်လန်းဆန်းလို့နေပါသည် ။ရုပ်ချောလွန်းသည်ဟု မဆိုနိုင်ပေမယ့်လည်း မောင်ကအတော်လေးကြည့်ကောင်းကာသန့်ပါသည် ။
"အွန်း "
"ဟာ ပျော်လိုက်တာ သဏ္ဌန်ရယ် မောင်ပျော်လိုက်တာ ။"
လိုချင်နေသော အဖြေကိုရသွားတော့ အပျော်လွန်စွာဖြင့် ဘုန်းသက်ဇူးမောင်က ထခုန်လေသည် ။ လွန်းသွေးငယ်နဲ့ စကားများပြီးနောက်ပိုင်း ဘုန်းသက်ဇူးမောင်နှင့်ပို၍ နီးနီးကပ်ကပ်ရှိလာသည်မှာ လုံးဝငြင်းလို့မရသည့်အမှန်တရား ။ဒါထက်ပို၍ ရည်းစားနေရာကိုပါ တရားဝင်ရသွားတော့ နောက်ဆက်လာမည့် သူတို့နှစ်ဦး၏အခြေအနေတွေဟာ ဘယ်လိုေတွဖြစ်လာနိုင်လိမ့်မလဲ ။ မုဒွိ တွေးရင်းရင်မောရပြန်သည် ။
သူမတို့နှစ်ဦး ဘေးချင်းယှဉ်လျက်လျှောက်နေသည်မို့ မထိတထိလာလာ ထိမိနေသည့် မောင့်လက်ကို မသိမသာရှောင်ရတာ လွယ်တော့မလွယ်ပေ။
"မောင် သဏ္ဌန့်အပေါ်မှာ သစ္စာရှိပါ့မယ် ။"
"အပြောနဲ့မဟုတ်ပဲ လက်တွေ့နဲ့ပဲသက်သေပြပါ ဘုန်းသက်ဇူးမောင်ရယ် ။ ကျွန်မက လေကြီးတဲ့သူတွေဆိုအထင်မကြီးတတ်ဘူး ။"
ငြင်သာစွာဆုတ်ကိုင်လာသည့် မောင့်လက်ကိုပုတ်ချရင်း လေသံမာမာဖြင့် ပြောလိုက်တော့ သိသိသာသာပျက်ယွင်းသွားသည့် သူ့မျက်နှာ ။ မုဒွိလည်း ပြောချင်ရာပြောပြီးကာမှ အားနာသွားကာ
"ဆောရီး ကျွန်မပြောချင်တာက!
"ရပါတယ်ဗျာ ။ မောင်နားလည်ပါတယ် ။ "
ဘာကိုနားလည်တယ်ပြောမှန်းမသိသော်လည်း ခေါင်းသာငြိမ့်ပြလိုက်သည် ။သူလည်းရှည်ရှည်ဝေးဝေးရှင်းမပြချင်ဘူးမဟုတ်လား ။
"မောင် တွေ့ဖူးသမျှ မိန်းမတွေထဲမှာ သဏ္ဌန့်လိုမိန်းကလေးမျိုးတစ်ယောက်မှမတွေ့ဖူးဘူး ။ဘာပဲဖြစ်ဖြစ် ပွင့်လင်းပြီးဟန်မဆောင်တတ်တာက သဏ္ဌန့်ရဲ့ထူးခြားချက်ပဲ ။ "
မောင့်စကားေကြာင့် သူမဟက်ဟက်ပက်ပက်ရယ်လိုက်မိပြန်သည် ။ဒါက မုဒွိရဲ့ထူးခြားချက်တဲ့လား ။ မုဒွိကတော့ဖြင့် အားနည်းချက်လို့ပဲထင်ထားခဲ့တာကိုလေ ။
"တွေ့လား သဏ္ဌန်ကရယ်လိုက်ရင်လည်း အရမ်းလှတာ !
"အဟွန်း ! အဲ့လောက်တောင်ပဲလား ။"
"ဟင့်အင်း !အဲ့ထက်ပိုတယ် ။"
စကားတစ်ပြောပြောဖြင့် သူတို့နှစ်ဦးလမ်းလျှောက်လာခဲ့ကြရာ ဦးတည်ရာမုန့်ဟင်းခါးဆိုင်သို့ပင်ရောက်ရှိခဲ့လေပြီဖြစ်၏ သူတို့နှစ်ဦးဆိုင်ထဲသို့ဝင်သည်နှင့် ဆိုင်ထဲရှိလူအများ၏မျက်လုံးတွေသည် သူတို့နှစ်ဦးဆီမှမခွာ ။ အရပ်အမောင်းမတိမ်းမယိမ်းနှင့် သူတို့နှစ်ဦးကို သမီးရည်းစားလို့ထင်ကြမှာမလွဲဧကန်ပင်ဖြစ်လိမ့်မည်။
"အကိုလေးနဲ့အမလေး ဘာစားမလဲဗျ "
"မုန့်ဟင်းခါး တစ်ပွဲ "
စိတ်မြန်မြန်ပဲ မုဒွိက သူစားချင်တာကိုမှာလိုက်သည် ။ မောင်ကတော့ မုန့်ဟင်းခါးမကြိုက်လို့ပဲလားမသိပါ ၊အင်တင်တင်လုပ်နေသည်။
"အာ မုန့်ဟင်းခါးအပြင်အခြားဘာတွေရသေးလဲ ။"
"ရှမ်းရပါတယ်ဗျ ၊ဆန်စီး နဲ့မုန့်တီ လည်းရတယ် ။"
"ဒါဆို မုန့်တီတစ်ပွဲ ။"
"မုန့်ဟင်းခါးမကြိုက်ဘူးလား ။"
"ဟုတ်တယ် မောင်က မုန့်ဟင်းခါးမကြိုက်ဘူးလေ "
ထိုစကားကိုမောင်က ရှက်သလိုဖြင့် ခေါင်းလေးကုတ်ရင်းဖြေပါသည် ။ ထို့နောက် စားပွဲပေါ်တွင်ချထားပေးသော ဓာတ်ဘူးကိုကောက်ကိုင်ကာရေနွေးငဲ့နေသည် ။
"ဟဲ့ကောင်မ ငါတို့ကိုပလစ်ပြီးသာယာနေတယ်ပေါ့လေ ။"
ရောက်ရောက်ခြင်း ယွန်းကမုဒွိ၏ပုခုံးတစ်ဖက်ကိုပုတ်ကာ ထိုသို့ပြောလေသည် ။ နောက်လှည့်ကြည့်မိပေမယ့် ချက်ချင်းပင်ပြန်လှည့်ကာ ခပ်တည်တည်နေလိုက်သည် ။
"မုဒွိသဏ္ဌန်က ချေလိုက်တာ "
ခေတ်က ယွန်းအစားမကျပ်မနပ်ဖြင့်ထိုစကားကိုဆိုပါသည် ။တီးတိုးကလေးသာဖြစ်သော်လည်း နားပါးသည့် သူကတော့အသေချာကြီးကြားလိုက်ရသည် ။ မတတ်နိုင်ဘူး ၊ချေတယ်ဆိုတော့လည်း ချေတာပေါ့လေ ၊မုဒွိသဏ္ဌန်ကဘာကိုစောက်ဂရုစိုက်ရမှာလဲ ။
"မုန့်ဟင်းခါး နှစ်ပွဲ ရှမ်းတစ်ပွဲ ၊ဆန်းစီးတစ်ပွဲ "
"ဟင် ဆန်စီးလား အငယ် ၊ ပြောတော့ မုန့်ဟင်းခါးစားချင်တာဆို ။"
"အာ ဒီရောက်မှ စိတ်ပြောင်းသွားလို့ မ။"
အားလုံး ဆိုင်ထဲရောက်မှ ရုတ်တရက်မိုးဟာထရွာလာပါသည်။ မိုးအေးအေးနဲ့မုန့်ဟင်းခါး စားရတာကြိုက်တတ်တဲ့သဏ္ဌန့်အဖို့တော့ ရှယ်ပဲပေါ့ ။
"အဟွတ် အဟွတ် !
"ရရဲ့လား တီတီနှိုင်း !ကျွန်တော်ရေသွားယူလိုက်ရမလား ။"
"အဟွတ် ရ ရပါတယ် ကလေး ၊တို့အဆင်ပြေပါတယ် ။"
"ငရုတ်သီးတွေအများကြီးထည့်မစားနဲ့နော် သဏ္ဌန် ၊ဗိုက်အောင့်လိမ့်မယ် ။"
မောင့်၏ အကဲပိုနေမှုကြောင့် သူတို့အားလုံး မုဒွိသဏ္ဌန်ကိုခေါင်းထောင်ကြည့်မိသွားသည် ။သုံမှုန်နေသော မျက်နှာနှင့် ခေါင်းငြိမ့်ပြသည့် သဏ္ဌန့်ကြောင့် သွေး ရိပ်မိလိုက်ပါသည် ။
""မိုးတွေက သည်းလာလိုက်တာ ! ဒီပုံစံနဲ့တို့တွေဘယ်လိုပြန်ရပါ့ ။"
မုဒွိသဏ္ဌန်အပါအဝင် အကုန်လုံးက အစားအသောက်ကိုသာ မဲနေသော်လည်း တီတီကတော့ သည်းကြီးမဲကြီး ရွာနေသည့်မိုးကိုသာငေးကြည့်နေသည် ။ ငယ်ငယ်ကတည်းက မိုးရာသီဆိုခနခနဖျားတတ်သည့် တီတီက အခုလည်းအဟွတ်ဟွတ်နှင့်ချောင်းတွေဆိုးနေလေသည်။
"အဟွတ် !!အဟွတ် !!အဟွတ် !!"
" အချမ်းပြေအောင် ရေနွေးလေး !!
"အင့် သောက်လိုက် !
မောင့်၏စကားပင်မဆုံးသေးပဲ ဇွက်ကနဲခွက်ကိုဆွဲယူကာ တီတီ့ရှေ့သို့ချပေးလိုက်သည့် သဏ္ဌန့်၏လုပ်ရပ်ကြောင့် တစ်ဖွဲ့လုံးမျက်လုံးအဝိုင်းသားလေးေတွနှင့် ။ ဘယ်လောက်ပဲ တုံးအကြသည်ပဲပြောပြော အရာရာသူစိတ်ရှိတိုင်းပြုမှုတတ်တဲ့သဏ္ဌန့်၏အကျင့်ကြောင့် ခေတ်အပြင် ယွန်းတို့ပါရိပ်မိကြတော့မည် ။
"မင်းဖို့သက်သက်ငဲ့ပေးထားတဲ့ရေနွေး ~အဟွတ် !တို့မသောက်ပါဘူး ။
မောင်က သဏ္ဌန်၏လုပ်ရပ်အတွက် အနည်းငယ်ကြောင်အမ်းသွားသော်လည်း တီတီ့၏စကားကြောင့် အားနာသွားဟန်ဖြင့်
"ဟို အဲ့လိုလည်းမဟုတ်ရပါဘူးဗျာ "
"သောက်လိုက်ပါ တီတီ ။ဒါက တီတီ့ဖို့သက်သက်ငဲ့ပေးထားတဲ့ရေနွေးပါ ။"
ထိုအခါကြမှ တီတီက ပြုံးကာ သွေး ကမ်းပေးသည့်ရေနွေးခွက်ကိုယူကာ ကြည်ကြည်ဖြူဖြူသောက်ပါသည် ။ မ ကတော့ အိမ်ရောက်မှ အဖျားတိုင်းပေးပြီး လိုအပ်တဲ့ဆေးတွေပေးရမည်ဟုဆိုနေသည် ။
"ဒီလောက်မိုးတွေရွာနေတာ သူပြန်ဖို့ရာတွေးနေတာတော့ မဟုတ်ေလာက်ပါဘူးနော် ။"
မျက်နှာပျက်စွာဖြင့် ထထွက်သွားသော သဏ္ဌန့်ကိုကြည့်ကာ ယွန်းကမျက်လုံးပြူးလေးဖြင့်ပြောနေတုန်းမှာပင် မောင်ကပါထသွားလေသည် ။
"မုဒွိသဏ္ဌန်နဲ့မောင့်ကိုကြည့်ရတာ မရိုးတော့ဘူးနော် ။သူတို့နှစ်ယောက်ဖြစ်နေတာများလား ။"
"မဟုတ်လောက်ပါဘူး ယွန်းရယ် !
ယွန်း၏ထင်မြင်ချက်ဟာ ဖြစ်နိုင်ချေများသော်လည်း သွေး လက်မခံချင်စွာဖြင့်ငြင်းဆိုမိသည် ။သူ မောင့်အပေါ်မှာခံစားချက်မရှိဘူးဆိုတာ အခြားသူတွေအတွက်မသိသာပေမယ့် သူ့အတွက်ကတော့သိသာလွန်းသည်လေ ။
****
"လုပ်ရက်လိုက်တာ ကလေးငယ်ရယ် ၊မင်းငါ့အပေါ်သိပ်ရက်စက်တာပဲ ..!
ရင်တွေနာလိုက်တာ ။သူမ မဟုတ်သောတစ်ယောက်နဲ့ သာယာကြည်နူးနေသော မြင်ကွင်းကိုသူဘယ်လိုကြည့်ရက်နိုင်မှာလဲ ။တမင် မူပိုကာလုပ်ပြနေမှန်းသိသော်လည်း အသည်းနှလုံးကိုဆွဲညှစ်ထားသလိုပဲနာပါသည်။
အပြင်ကနေပြန်ရောက်ရောက်ခြင်းမှာပဲ ဘယ်လိုမှဟန်မဆောင်နိုင်တော့သည့်အဆုံး အခန်းထဲသို့ပြေးဝင်ငိုကြွေးခဲ့ရသည့် သူမအဖြစ်ကို ကလေးငယ်သိရင်တော့လား ။ ချစ်ရဲ့သားနဲ့ ကိုယ့်စိတ်ကိုချုပ်တည်းထားရတာ ဘယ်လောက်တောင်နာကျင်ရသလဲဆိုတာ မင်းသိမှာမဟုတ်ဘူး ကလေးငယ် ။ ကိုယ့်ချစ်သူတစ်ယောက်လုံးရှိပါလျက်နဲ့ ၊ကိုယ့်ထက်အများကြီးငယ်တဲ့ကလေးမတစ်ယောက်အပေါ်ကိုမှ တိမ်းညွှတ်သွားမိသည့် မိမိကိုယ်ကိုလည်းယူကြုံးမရဖြစ်မိသည် ။
"ချစ်တယ် ရှင်ကကျွန်မကိုချစ်တယ်ပေါ့ ၊ဟုတ်လား
ဟုတ်လားလို့ ။"
"နှိုင်းအိမ့်လွန်းညိုလို့ ကျွန်မမေးနေတယ်လေ ။"
မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းတောက်တောက်ေလးတွေနှင့် ရန်မတွေ့ယုံတစ်မယ်အဖြေတောင်းနေသော ကလေးမကို သူအရှက်သည်းနေရင်းမှပင်
"အွန်း !တို့မင်းကိုချစ်မိပြီထင်ပါရဲ့ ။
"...... !
မျက်စိစုံမှိတ်ပြီးခေါင်းလေးငြိမ့်ကာ အဖြေပေးလိုက်ပေမယ့် သူ့ဆီမှဘာသံမှထွက်မလာတော့ ။ပျော်လွန်းစို့၍ ပြေးခုန်ပြီး ကမယ်ထင်ထားတာ မှားသွားသည် ။
"ဟယ်တော် ဘာဖြစ်သွားတာတုန်း ။ဘာလို့ငိုရတာလဲ ကလေးမရယ် ။"
"မယုံနိုင်လို့ ရှင်ကကျွန်မကိုချစ်တယ်ဆိုတာ လုံးဝမယုံနိုင်ဘူး ။"
"ချစ်တယ်ကွယ် ၊ဒီလောက်ပဲ ။ တို့အများကြီးမပြောချင်ဘူး ။"
ခနတွင်းချင်းပဲရင်ခွင်သေးသေးလေးထဲသို့ရောက်ရှိသွားသည့် သူမ အဖြစ်ဟာ ဘယ်လောက်တောင်ရယ်ရခင်ငိုရခက်ဖြစ်လိုက်သလဲ ။ကလေးငယ်ဆီမှ
ပထမဆုံး ရရှိခဲ့သည့်အနမ်းတစ်ပွင့်ဟာ နဖူးပေါ်မှာတဲ့လား ။ ရင်ခွင်ကသေးသော်လည်း နွေးပါသည် ။ ပထမဆုံး ကလေးငယ်ခြွေခဲ့သော အနမ်းတစ်ပွင့်ဟာ အရောင်ပါသော်လည်း အေးချမ်းစေပါသည် ။
"ကျွန်မ ရှင့်အတွက်ဇီဇဝါပန်းလိုလူဖြစ်ပေးမယ် ။"
"ဘယ်လို "
"ဇီဇဝါပန်းလိုလူလေ ။အဆင်းမရှိတော့ပဲ ညိုးနွမ်းခြောက်ကပ်သွားရင်တောင်မှ ရနံ့ကတော့ပြယ်မသွားဘူးမဟုတ်လား ။ကျွန်မလည်းအဲ့သလိုပဲ ၊ကျွန်မဘဝမှာရှင်ဆိုတာမရှိတော့ရင်တောင် မပြယ်သောချစ်ခြင်းတွေနဲ့ဆက်ပြီးချစ်နေမိအုံးမှာ ....!
1.7.2024
8:20PM
𝑻𝒉𝒘𝒂𝒚64
ဆက်ရန် ။
______
Zawgyi
"အငယ္ေရ မၿပီးေသးဘူးလား ။ဒီမွာ အငယ့္သူငယ္ခ်င္းေတြနဲ႕အစ္မႏွိုင္းတို႔ေစာင့္ေနတာၾကာလွေပါ့ ။"
အခန္းအျပင္ဘက္မွ ထြက္ေပၚလာေသာ မ ၏အသံၾကားမွ ကမန္းကရမ္းထထိုင္မိသည္ ။ အေစာႀကီးကတည္းကၿပီးစီးေနၿပီျဖစ္ေသာ္လည္း ကုတင္ေပၚတြင္သာငုတ္တုတ္ငိုင္ေနမိသည္မွာ ဘယ္ေလာက္ေတာင္ၾကာခဲ့လိုက္သလဲ ။သဏၭန႔္၏စကားလုံးေတြႏွင့္ေတာင္စဥ္မရေသာ အေတြးေတြဟာ သူ႕ေခါင္းတစ္ခုလုံးအျပည့္ေနရာယူထားေလသည္။ ကိုယ္ဟာ တကယ္ပဲ သဏၭန႔္အေပၚမွာ မတရားခဲ့သူမဟုတ္လား ။
"ဒီေန႕ကစၿပီး နင္နဲ႕ငါနဲ႕ သူငယ္ခ်င္းမဟုတ္ေတာ့ဘူး လြန္းေသြးငယ္။ ကိုယ့္အေပၚနည္းနည္းေလးမွ မေကာင္းတဲ့သူငယ္ခ်င္းကို ငါဆက္ၿပီး မေပါင္းနိုင္ေတာ့ဘူး ။ ဒါေၾကာင့္ သူငယ္ခ်င္းအျဖစ္ကရပ္စဲၾကတာေပါ့ ။"
ေနာက္ဆုံး သူေျပာခဲ့တဲ့စကားကိုျပန္ၾကားေယာင္မိၿပီး လူကယိုင္ခ်င္ခ်င္ျဖစ္လာသည္ ။ ေသြးရဲ႕ စြာေတးလန္ငယ္သူငယ္ခ်င္းမေလးဟာ တကယ္ႀကီးျပတ္သားသြားရင္ ခက္ရခ်ည္ရဲ႕ ။
"အဝတ္အစားေလးလဲတာကို ၾကာလိုက္တာ အငယ္ရယ္ "
"ၿပီးၿပီဆိုလည္း သြားၾကစို႔ေလ မမသိမ့္ ။ ေခတ္ ဗိုက္ဆာေနတာၾကာၿပီ ။"
"ဟုတ္တယ္ ။ယြန္းလည္း မနက္ကတည္းကဆာေနတာ ။"
ယြန္းႏွင့္ေခတ္၏တစ္ေယာက္တစ္ေပါက္ေျပာသံေတြကို မ ကေခါင္းေလးသာၿငိမ့္ျပၿပီး မ်က္ႏွာပ်က္ေနသည့္သူ႕ကိုသာအကဲခတ္ေနေလသည္ ။ထို႔ေၾကာင့္ မလုံမလဲျဖင့္ အၾကည့္လြဲကာ
"ေမာင္ေကာ !
"ေမာင္နဲ႕မုဒြိသဏၭန္နဲ႕က သြားႏွင့္ၿပီေလ ေသြးရဲ႕ ။ဟိုက ေစာင့္ေနမယ္တဲ့ ။"
"ဪ ..!
ယြန္း၏ျပန္ေျဖသံၾကားမွ ေမးမိတဲ့ကိုယ့္ပါးစပ္ကိုပိတ္ရိုက္ခ်င္သြားသည္ ။ ဒါထက္ပို၍ ကိုယ့္ကိုယ္ကိုေဒါသထြက္မိသည္ကား တီတီ့ဆီသို႔အၾကည့္ေရာက္မိတာပင္ ။ ၾကည္လင္ေနသည့္မ်က္ႏွာေလးကေန ဝမ္းနည္းနာက်င္သြားသည့္မ်က္ႏွာေလးအျဖစ္သို႔ကူးေျပာင္းသြားသည္ကို ျမင္ျဖစ္ေအာင္ျမင္လိုက္ရသည္ ။ ခ်စ္ရဲ႕သားနဲ႕ တီတီရယ္ ဟုသာ တီးတိုးေလးေရ႐ြတ္လိုက္မိေတာ့သည္ ။
_______
"ဒါဆို သဏၭန္နဲ႕ေမာင္နဲ႕ ခ်စ္သူေတြလို႔သတ္မွတ္လို႔ရၿပီေပါ့ေနာ္ "
ဘုန္းသက္ဇူးေမာင္ဆီမွ ထြက္ေပၚေသာ စကားေၾကာင့္ ေျခေထာက္ကိုဖုန္မတင္ေစရန္ ဂ႐ုစိုက္ေလွ်ာက္ေနသည့္ၾကားမွ ေမာ့ၾကည့္လိုက္မိသည္ ။ သူမနဲ႕ဆုံတိုင္း အၿမဲၾကည္လင္႐ႊင္ျမဴးေနသည့္ ဘုန္းသက္ဇူးေမာင္က အခုလည္း ၾကည္လင္လန္းဆန္းလို႔ေနပါသည္ ။႐ုပ္ေခ်ာလြန္းသည္ဟု မဆိုနိုင္ေပမယ့္လည္း ေမာင္ကအေတာ္ေလးၾကည့္ေကာင္းကာသန႔္ပါသည္ ။
"အြန္း "
"ဟာ ေပ်ာ္လိုက္တာ သဏၭန္ရယ္ ေမာင္ေပ်ာ္လိုက္တာ ။"
လိုခ်င္ေနေသာ အေျဖကိုရသြားေတာ့ အေပ်ာ္လြန္စြာျဖင့္ ဘုန္းသက္ဇူးေမာင္က ထခုန္ေလသည္ ။ လြန္းေသြးငယ္နဲ႕ စကားမ်ားၿပီးေနာက္ပိုင္း ဘုန္းသက္ဇူးေမာင္ႏွင့္ပို၍ နီးနီးကပ္ကပ္ရွိလာသည္မွာ လုံးဝျငင္းလို႔မရသည့္အမွန္တရား ။ဒါထက္ပို၍ ရည္းစားေနရာကိုပါ တရားဝင္ရသြားေတာ့ ေနာက္ဆက္လာမည့္ သူတို႔ႏွစ္ဦး၏အေျခအေနေတြဟာ ဘယ္လိုေတွဖြစ်လာနိုင်လိမ့်မလဲ ။ မုဒြိ ေတြးရင္းရင္ေမာရျပန္သည္ ။
သူမတို႔ႏွစ္ဦး ေဘးခ်င္းယွဥ္လ်က္ေလွ်ာက္ေနသည္မို႔ မထိတထိလာလာ ထိမိေနသည့္ ေမာင့္လက္ကို မသိမသာေရွာင္ရတာ လြယ္ေတာ့မလြယ္ေပ။
"ေမာင္ သဏၭန႔္အေပၚမွာ သစၥာရွိပါ့မယ္ ။"
"အေျပာနဲ႕မဟုတ္ပဲ လက္ေတြ႕နဲ႕ပဲသက္ေသျပပါ ဘုန္းသက္ဇူးေမာင္ရယ္ ။ ကြၽန္မက ေလႀကီးတဲ့သူေတြဆိုအထင္မႀကီးတတ္ဘူး ။"
ျငင္သာစြာဆုတ္ကိုင္လာသည့္ ေမာင့္လက္ကိုပုတ္ခ်ရင္း ေလသံမာမာျဖင့္ ေျပာလိုက္ေတာ့ သိသိသာသာပ်က္ယြင္းသြားသည့္ သူ႕မ်က္ႏွာ ။ မုဒြိလည္း ေျပာခ်င္ရာေျပာၿပီးကာမွ အားနာသြားကာ
"ေဆာရီး ကြၽန္မေျပာခ်င္တာက!
"ရပါတယ္ဗ်ာ ။ ေမာင္နားလည္ပါတယ္ ။ "
ဘာကိုနားလည္တယ္ေျပာမွန္းမသိေသာ္လည္း ေခါင္းသာၿငိမ့္ျပလိုက္သည္ ။သူလည္းရွည္ရွည္ေဝးေဝးရွင္းမျပခ်င္ဘူးမဟုတ္လား ။
"ေမာင္ ေတြ႕ဖူးသမွ် မိန္းမေတြထဲမွာ သဏၭန႔္လိုမိန္းကေလးမ်ိဳးတစ္ေယာက္မွမေတြ႕ဖူးဘူး ။ဘာပဲျဖစ္ျဖစ္ ပြင့္လင္းၿပီးဟန္မေဆာင္တတ္တာက သဏၭန႔္ရဲ႕ထူးျခားခ်က္ပဲ ။ "
ေမာင့္စကားေကြာင့် သူမဟက္ဟက္ပက္ပက္ရယ္လိုက္မိျပန္သည္ ။ဒါက မုဒြိရဲ႕ထူးျခားခ်က္တဲ့လား ။ မုဒြိကေတာ့ျဖင့္ အားနည္းခ်က္လို႔ပဲထင္ထားခဲ့တာကိုေလ ။
"ေတြ႕လား သဏၭန္ကရယ္လိုက္ရင္လည္း အရမ္းလွတာ !
"အဟြန္း ! အဲ့ေလာက္ေတာင္ပဲလား ။"
"ဟင့္အင္း !အဲ့ထက္ပိုတယ္ ။"
စကားတစ္ေျပာေျပာျဖင့္ သူတို႔ႏွစ္ဦးလမ္းေလွ်ာက္လာခဲ့ၾကရာ ဦးတည္ရာမုန႔္ဟင္းခါးဆိုင္သို႔ပင္ေရာက္ရွိခဲ့ေလၿပီျဖစ္၏ သူတို႔ႏွစ္ဦးဆိုင္ထဲသို႔ဝင္သည္ႏွင့္ ဆိုင္ထဲရွိလူအမ်ား၏မ်က္လုံးေတြသည္ သူတို႔ႏွစ္ဦးဆီမွမခြာ ။ အရပ္အေမာင္းမတိမ္းမယိမ္းႏွင့္ သူတို႔ႏွစ္ဦးကို သမီးရည္းစားလို႔ထင္ၾကမွာမလြဲဧကန္ပင္ျဖစ္လိမ့္မည္။
"အကိုေလးနဲ႕အမေလး ဘာစားမလဲဗ် "
"မုန႔္ဟင္းခါး တစ္ပြဲ "
စိတ္ျမန္ျမန္ပဲ မုဒြိက သူစားခ်င္တာကိုမွာလိုက္သည္ ။ ေမာင္ကေတာ့ မုန႔္ဟင္းခါးမႀကိဳက္လို႔ပဲလားမသိပါ ၊အင္တင္တင္လုပ္ေနသည္။
"အာ မုန႔္ဟင္းခါးအျပင္အျခားဘာေတြရေသးလဲ ။"
"ရွမ္းရပါတယ္ဗ် ၊ဆန္စီး နဲ႕မုန႔္တီ လည္းရတယ္ ။"
"ဒါဆို မုန႔္တီတစ္ပြဲ ။"
"မုန႔္ဟင္းခါးမႀကိဳက္ဘူးလား ။"
"ဟုတ္တယ္ ေမာင္က မုန႔္ဟင္းခါးမႀကိဳက္ဘူးေလ "
ထိုစကားကိုေမာင္က ရွက္သလိုျဖင့္ ေခါင္းေလးကုတ္ရင္းေျဖပါသည္ ။ ထို႔ေနာက္ စားပြဲေပၚတြင္ခ်ထားေပးေသာ ဓာတ္ဘူးကိုေကာက္ကိုင္ကာေရႏြေးငဲ့ေနသည္ ။
"ဟဲ့ေကာင္မ ငါတို႔ကိုပလစ္ၿပီးသာယာေနတယ္ေပါ့ေလ ။"
ေရာက္ေရာက္ျခင္း ယြန္းကမုဒြိ၏ပုခုံးတစ္ဖက္ကိုပုတ္ကာ ထိုသို႔ေျပာေလသည္ ။ ေနာက္လွည့္ၾကည့္မိေပမယ့္ ခ်က္ခ်င္းပင္ျပန္လွည့္ကာ ခပ္တည္တည္ေနလိုက္သည္ ။
"မုဒြိသဏၭန္က ေခ်လိဳက္တာ "
ေခတ္က ယြန္းအစားမက်ပ္မနပ္ျဖင့္ထိုစကားကိုဆိုပါသည္ ။တီးတိုးကေလးသာျဖစ္ေသာ္လည္း နားပါးသည့္ သူကေတာ့အေသခ်ာႀကီးၾကားလိုက္ရသည္ ။ မတတ္နိုင္ဘူး ၊ေခ်တယ္ဆိုေတာ့လည္း ေခ်တာေပါ့ေလ ၊မုဒြိသဏၭန္ကဘာကိုေစာက္ဂ႐ုစိုက္ရမွာလဲ ။
"မုန႔္ဟင္းခါး ႏွစ္ပြဲ ရွမ္းတစ္ပြဲ ၊ဆန္းစီးတစ္ပြဲ "
"ဟင္ ဆန္စီးလား အငယ္ ၊ ေျပာေတာ့ မုန႔္ဟင္းခါးစားခ်င္တာဆို ။"
"အာ ဒီေရာက္မွ စိတ္ေျပာင္းသြားလို႔ မ။"
အားလုံး ဆိုင္ထဲေရာက္မွ ႐ုတ္တရက္မိုးဟာထ႐ြာလာပါသည္။ မိုးေအးေအးနဲ႕မုန႔္ဟင္းခါး စားရတာႀကိဳက္တတ္တဲ့သဏၭန႔္အဖို႔ေတာ့ ရွယ္ပဲေပါ့ ။
"အဟြတ္ အဟြတ္ !
"ရရဲ႕လား တီတီႏွိုင္း !ကြၽန္ေတာ္ေရသြားယူလိုက္ရမလား ။"
"အဟြတ္ ရ ရပါတယ္ ကေလး ၊တို႔အဆင္ေျပပါတယ္ ။"
"င႐ုတ္သီးေတြအမ်ားႀကီးထည့္မစားနဲ႕ေနာ္ သဏၭန္ ၊ဗိုက္ေအာင့္လိမ့္မယ္ ။"
ေမာင့္၏ အကဲပိုေနမႈေၾကာင့္ သူတို႔အားလုံး မုဒြိသဏၭန္ကိုေခါင္းေထာင္ၾကည့္မိသြားသည္ ။သုံမႈန္ေနေသာ မ်က္ႏွာႏွင့္ ေခါင္းၿငိမ့္ျပသည့္ သဏၭန႔္ေၾကာင့္ ေသြး ရိပ္မိလိုက္ပါသည္ ။
""မိုးေတြက သည္းလာလိုက္တာ ! ဒီပုံစံနဲ႕တို႔ေတြဘယ္လိုျပန္ရပါ့ ။"
မုဒြိသဏၭန္အပါအဝင္ အကုန္လုံးက အစားအေသာက္ကိုသာ မဲေနေသာ္လည္း တီတီကေတာ့ သည္းႀကီးမဲႀကီး ႐ြာေနသည့္မိုးကိုသာေငးၾကည့္ေနသည္ ။ ငယ္ငယ္ကတည္းက မိုးရာသီဆိုခနခနဖ်ားတတ္သည့္ တီတီက အခုလည္းအဟြတ္ဟြတ္ႏွင့္ေခ်ာင္းေတြဆိုးေနေလသည္။
"အဟြတ္ !!အဟြတ္ !!အဟြတ္ !!"
" အခ်မ္းေျပေအာင္ ေရႏြေးေလး !!
"အင့္ ေသာက္လိုက္ !
ေမာင့္၏စကားပင္မဆုံးေသးပဲ ဇြက္ကနဲခြက္ကိုဆြဲယူကာ တီတီ့ေရွ႕သို႔ခ်ေပးလိုက္သည့္ သဏၭန႔္၏လုပ္ရပ္ေၾကာင့္ တစ္ဖြဲ႕လုံးမ်က္လုံးအဝိုင္းသားေလးေတွနှင့် ။ ဘယ္ေလာက္ပဲ တုံးအၾကသည္ပဲေျပာေျပာ အရာရာသူစိတ္ရွိတိုင္းျပဳမႈတတ္တဲ့သဏၭန႔္၏အက်င့္ေၾကာင့္ ေခတ္အျပင္ ယြန္းတို႔ပါရိပ္မိၾကေတာ့မည္ ။
"မင္းဖို႔သက္သက္ငဲ့ေပးထားတဲ့ေရႏြေး ~အဟြတ္ !တို႔မေသာက္ပါဘူး ။
ေမာင္က သဏၭန္၏လုပ္ရပ္အတြက္ အနည္းငယ္ေၾကာင္အမ္းသြားေသာ္လည္း တီတီ့၏စကားေၾကာင့္ အားနာသြားဟန္ျဖင့္
"ဟို အဲ့လိုလည္းမဟုတ္ရပါဘူးဗ်ာ "
"ေသာက္လိုက္ပါ တီတီ ။ဒါက တီတီ့ဖို႔သက္သက္ငဲ့ေပးထားတဲ့ေရႏြေးပါ ။"
ထိုအခါၾကမွ တီတီက ၿပဳံးကာ ေသြး ကမ္းေပးသည့္ေရႏြေးခြက္ကိုယူကာ ၾကည္ၾကည္ျဖဴျဖဴေသာက္ပါသည္ ။ မ ကေတာ့ အိမ္ေရာက္မွ အဖ်ားတိုင္းေပးၿပီး လိုအပ္တဲ့ေဆးေတြေပးရမည္ဟုဆိုေနသည္ ။
"ဒီေလာက္မိုးေတြ႐ြာေနတာ သူျပန္ဖို႔ရာေတြးေနတာေတာ့ မဟုတ္ေလာက်ပါဘူးနော် ။"
မ်က္ႏွာပ်က္စြာျဖင့္ ထထြက္သြားေသာ သဏၭန႔္ကိုၾကည့္ကာ ယြန္းကမ်က္လုံးျပဴးေလးျဖင့္ေျပာေနတုန္းမွာပင္ ေမာင္ကပါထသြားေလသည္ ။
"မုဒြိသဏၭန္နဲ႕ေမာင့္ကိုၾကည့္ရတာ မရိုးေတာ့ဘူးေနာ္ ။သူတို႔ႏွစ္ေယာက္ျဖစ္ေနတာမ်ားလား ။"
"မဟုတ္ေလာက္ပါဘူး ယြန္းရယ္ !
ယြန္း၏ထင္ျမင္ခ်က္ဟာ ျဖစ္နိုင္ေခ်မ်ားေသာ္လည္း ေသြး လက္မခံခ်င္စြာျဖင့္ျငင္းဆိုမိသည္ ။သူ ေမာင့္အေပၚမွာခံစားခ်က္မရွိဘူးဆိုတာ အျခားသူေတြအတြက္မသိသာေပမယ့္ သူ႕အတြက္ကေတာ့သိသာလြန္းသည္ေလ ။
****
"လုပ္ရက္လိုက္တာ ကေလးငယ္ရယ္ ၊မင္းငါ့အေပၚသိပ္ရက္စက္တာပဲ ..!
ရင္ေတြနာလိုက္တာ ။သူမ မဟုတ္ေသာတစ္ေယာက္နဲ႕ သာယာၾကည္ႏူးေနေသာ ျမင္ကြင္းကိုသူဘယ္လိုၾကည့္ရက္နိုင္မွာလဲ ။တမင္ မူပိုကာလုပ္ျပေနမွန္းသိေသာ္လည္း အသည္းႏွလုံးကိုဆြဲညွစ္ထားသလိုပဲနာပါသည္။
အျပင္ကေနျပန္ေရာက္ေရာက္ျခင္းမွာပဲ ဘယ္လိုမွဟန္မေဆာင္နိုင္ေတာ့သည့္အဆုံး အခန္းထဲသို႔ေျပးဝင္ငိုေႂကြးခဲ့ရသည့္ သူမအျဖစ္ကို ကေလးငယ္သိရင္ေတာ့လား ။ ခ်စ္ရဲ႕သားနဲ႕ ကိုယ့္စိတ္ကိုခ်ဳပ္တည္းထားရတာ ဘယ္ေလာက္ေတာင္နာက်င္ရသလဲဆိုတာ မင္းသိမွာမဟုတ္ဘူး ကေလးငယ္ ။ ကိုယ့္ခ်စ္သူတစ္ေယာက္လုံးရွိပါလ်က္နဲ႕ ၊ကိုယ့္ထက္အမ်ားႀကီးငယ္တဲ့ကေလးမတစ္ေယာက္အေပၚကိုမွ တိမ္းၫႊတ္သြားမိသည့္ မိမိကိုယ္ကိုလည္းယူႀကဳံးမရျဖစ္မိသည္ ။
"ခ်စ္တယ္ ရွင္ကကြၽန္မကိုခ်စ္တယ္ေပါ့ ၊ဟုတ္လား
ဟုတ္လားလို႔ ။"
"ႏွိုင္းအိမ့္လြန္းညိုလို႔ ကြၽန္မေမးေနတယ္ေလ ။"
ေမွ်ာ္လင့္ခ်က္အျပည့္ပါေသာ မ်က္ဝန္းေတာက္ေတာက္ေလးတွေနှင့် ရန္မေတြ႕ယုံတစ္မယ္အေျဖေတာင္းေနေသာ ကေလးမကို သူအရွက္သည္းေနရင္းမွပင္
"အြန္း !တို႔မင္းကိုခ်စ္မိၿပီထင္ပါရဲ႕ ။
"...... !
မ်က္စိစုံမွိတ္ၿပီးေခါင္းေလးၿငိမ့္ကာ အေျဖေပးလိုက္ေပမယ့္ သူ႕ဆီမွဘာသံမွထြက္မလာေတာ့ ။ေပ်ာ္လြန္းစို႔၍ ေျပးခုန္ၿပီး ကမယ္ထင္ထားတာ မွားသြားသည္ ။
"ဟယ္ေတာ္ ဘာျဖစ္သြားတာတုန္း ။ဘာလို႔ငိုရတာလဲ ကေလးမရယ္ ။"
"မယုံနိုင္လို႔ ရွင္ကကြၽန္မကိုခ်စ္တယ္ဆိုတာ လုံးဝမယုံနိုင္ဘူး ။"
"ခ်စ္တယ္ကြယ္ ၊ဒီေလာက္ပဲ ။ တို႔အမ်ားႀကီးမေျပာခ်င္ဘူး ။"
ခနတြင္းခ်င္းပဲရင္ခြင္ေသးေသးေလးထဲသို႔ေရာက္ရွိသြားသည့္ သူမ အျဖစ္ဟာ ဘယ္ေလာက္ေတာင္ရယ္ရခင္ငိုရခက္ျဖစ္လိုက္သလဲ ။ကေလးငယ္ဆီမွ
ပထမဆုံး ရရွိခဲ့သည့္အနမ္းတစ္ပြင့္ဟာ နဖူးေပၚမွာတဲ့လား ။ ရင္ခြင္ကေသးေသာ္လည္း ႏြေးပါသည္ ။ ပထမဆုံး ကေလးငယ္ေႁခြခဲ့ေသာ အနမ္းတစ္ပြင့္ဟာ အေရာင္ပါေသာ္လည္း ေအးခ်မ္းေစပါသည္ ။
"ကြၽန္မ ရွင့္အတြက္ဇီဇဝါပန္းလိုလူျဖစ္ေပးမယ္ ။"
"ဘယ္လို "
"ဇီဇဝါပန္းလိုလူေလ ။အဆင္းမရွိေတာ့ပဲ ညိုးႏြမ္းေျခာက္ကပ္သြားရင္ေတာင္မွ ရနံ႕ကေတာ့ျပယ္မသြားဘူးမဟုတ္လား ။ကြၽန္မလည္းအဲ့သလိုပဲ ၊ကြၽန္မဘဝမွာရွင္ဆိုတာမရွိေတာ့ရင္ေတာင္ မျပယ္ေသာခ်စ္ျခင္းေတြနဲ႕ဆက္ၿပီးခ်စ္ေနမိအုံးမွာ ....!
1.7.2024
8:20PM
64
ဆက္ရန္ ။