Xiaojunရဲ့ ငါမင်းကိုမမြင်ချင်တော့ဘူးဆိုတဲ့စကားကြောင့် kunhangတစ်ယောက် xiaojunရှေ့ပေါ်မလာခဲ့တာ ၂ပတ်တိတိရှိနေပါပြီ။သူပြောခဲ့တာတွေ ဒီလောက်ထိဖြစ်သွားမယ်လို့ မမျှော့်လင့်ထားပေမယ့် ဖြစ်သွားချိန်မှာတော့ သူဟာ အရူးတစ်ယောက်ပင်။ဘာမှလည်းမစားနိုင်။ဘယ်မှလည်းမသွားနိုင်နှင့်သာ။yang yangကတောင် အသက်ရှိသေးရဲ့လားဟု အိမ်လာသွားသေးတာကိုတောင် သူထွက်မတွေ့ဖြစ်။yang yangကသာ သူ့အခန်းထဲရောက်သွားခဲ့ရသေးသည်။yang yangမှာ အကြောင်းစုံမေးမိတော့ နှစ်သိမ့်ခြင်းများနှင့်သာ။
နောက်ရက် အနည်းငယ်အတွင်း စာမေးပွဲကလည်း ဖြေတော့မှာဖြစ်၍ xiaojunနှင့် ဝေးကွာဖို့က ပိုနီးစပ်လာလေသည်။စာမေးပွဲဖြေပြီးတာနှင့် သူရောyang yangပါ Finlandကိုသွားရတော့မည်။
Kunhang၏ ဦးလေးနှင့် Yang yang၏ အမေတို့က သူငယ်ချင်း အရင်းကြီးတွေ ဖြစ်ကြပြီး သရုပ်ဆောင် လောကတွင် နာမည်ကြီးသူများဖြစ်ကြကာ သူတို့နှစ်ယောက်ကိုပါ အားလုံးက သရုပ်ဆောင် လောကထဲ ဝင်စေလိုကျသည်။yang yangက ထုံးစံအတိုင်း ဝါသနာပါသူမလို့ ကန့်ကွက်စရာမရှိခဲ့ပေမယ့် kunhangကတော့ ဘတ်စကတ်ဘောကိုသာ အလေးထားကစားချင်ခဲ့သည်။
သို့ပေမယ့် သူနှင့် သဘောထား ဘယ်တော့မှ မတိုက်ဆိုင်သည့် မေမေကတော့ ကန့်ကွက်ခဲ့သည်။ထိုကြောင့် သူလည်းမငြင်းချင်တော့၍ လက်ခံထားရခြင်းသာ။
---
Xiaojunတစ်ယောက် စာမေးပွဲအတွက် စာကို အသည်းအသန်ကြိုးစားလုပ်နေခဲ့သည်။တစ်ယောက်တည်းစာ လုပ်ခြင်းဟာ စိတ်မရှုပ်ရဘူးဆိုပေမယ့် နည်းနည်းတော့ ခြောက်ကပ်ကပ်နိုင်လှသည်။
အရင်လို စာတူတူလုပ်ဖို့ ကော်ဖီဆိုင်သွားရအောင်ဟုခေါ်သည့် ကောင်လေးကလည်း သူ့စီကို ပေါ်မလာတော့တာ တော်တော်ပင်ကြာနေပြီဖြစ်သည်။ထိုသို့ ပေါ်မလာတော့တာကလည်း မဆန်းပါ သူကိုယ်တိုင် မမြင်ချင်တော့ဘူးဟု နှင်ထုတ်ခဲ့သည်မဟုတ်လား။
ပုံမှန်ဆို သူဒီလို နှင်ထုတ်လည်း ပေကပ်နေသည့်ကောင်လေးက ဒီတစ်ခါတွင်တော့ တကယ်ကို ရောက်မလာတော့ပေ။
Xiaojunမှာ kunhangမရှိသည့် ဘဝကြီးက ပိုအဆင်ပြေတယ်လို့ ထင်ထားခဲ့ပေမယ့် လက်တွေ့မှာတော့ ဟုတ်မနေခဲ့။အရင်လို သူ့ကို အသေးအမွားလေးက အစရုစိုက်ပေးနေသည့် လူမရှိတော့တာ တော်တော်ကို ကသိကအောက်နိုင်လှသည်။တစ်ခုခုကိုပဲ လိုအပ်နေသလို။
သေချာတာတော့ သူkunhangကိုတော့ မလိုချင်တော့ပါ။
"မျက်လုံးဝိုင်းဝိုင်းလေးတွေ ကြည့်နေမဲ့ ကောင်မရှိလည်း အဆင်ပြေတယ် ပြုံးပြမဲ့လူမရှိလည်း အဆင်ပြေတယ် နောက်ဆုံး ဘယ်သူမှပြုံးမပြတော့ရင် ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ပြီး ပြုံးပြလိုက်မယ်ကွာ"
စာလုပ်နေရင်း ထကာ မှန်ရှေ့သွားထိုင်နေလိုက်သည်။ပြီးတော့ ဆူပုတ်ပုတ်ဖြစ်နေတဲ့ ကိုယ့်မျက်နှာ ကိုယ်ကြည့်ကာ ပြုံးပြနေသည်။ရုတ်တရက် မျက်ဝန်းအိမ်တို့ ပူနွေးနေသည့် အရည်ပူများက ကျလာသည်။
သူဘာကြောင့် ငိုနေသလဲ သူ့ကိုယ်သူပင် မသိနိုင်တော့။အဖြေရှာလို့မရသည့်မေးခွန်းတွေက ခေါင်းထဲက ဆက်တိုက်တိုးဝင်လာသည်။
သူတကယ်များ kunhangကို ချစ်နေတာလား။
မေးခွန်းတွေ အားလုံးအတွက် သူ့ရဲ့ အဖြေဟာတစ်ခုတည်းပင်။
မဖြစ်နိုင်တာ။
Xiaojunကျလာသည့် မျက်ရည်တွေကို ကြည့်ကာ ခေါင်းကို တစ်ရစပ် ခါထုတ်ပစ်လိုက်သည်။ထိုမှတစ်ဆင့်ခေါင်းကိုပြန်ငြိမ်လိုက်ကာ မှန်တင်ခုံပေါ်မှ အစိမ်းနုရောင်အောက်ခံချယ်သထားသည့် ဖန်ခွက်လေးကို လှမ်းကြည့်မိလိုက်သည်။
ဖန်ခွက်ကို ကိုင်ကာ ရိုက်ခွဲတော့မည်အလုပ်
တီ!! တီ!!
"ဟယ်လို! အေးပြော"
အားချင်းဝင်လာတဲ့ ဖုန်းကြောင့် ဖန်ခွက်ကို ဘေးချကာ ဖုန်းဆက်ပြောနေဖြစ်သည်။ကွဲမသွားတဲ့ ဖန်ခွက်လေးကတော့ တိတ်တဆိတ်ပျော်နေခဲ့ရောပေါ့။
---
"hendery!"
"ဟင်!"
"မင်းတကယ်ပဲ သူ့ကိုခဏလေးလောက်ဖြစ်ဖြစ် သွားမတွေ့ဘူးလား"
"အင်း!"
Yang yangခေါင်းသာခါမိသည်။သူလည်း တက်နိုင်သလောက်တော့ ကူညီကြည့်ချင်ပေမယ့် ကာယကံရှင်ကိုယ်တိုင်ကိုက ငြင်းနေသည်မလို့ ဘယ်လိုမှ မတက်သာ။
သည်နေ့က စာမေးပွဲ နောက်ဆုံးရက်ဖြစ်သည်။လူတိုင်းဟာပျော်လည်း ပျော်နေကြသလို ဝမ်းလည်းဝမ်းနည်းကျရသည်။လွတ်လပ်မှုနှင့် အတူ ခွဲခွာမှုကိုပါ အတူရလိုက်သည်မလို့။ထိုထဲတွင် kunhangဆိုသည့် လူကတော့ ဝမ်းနည်းနေသည့် အဖွဲ့တွင်ပင်။
သူတကယ်ပင် မနက်ဖြန်ဆိုလျှင် xiaojunရှိသည့် မြေမှ Finlandကိုထွက်ခွာရတော့မည်။တွေးကြည့်ရုံနှင့် ကြောက်ဖို့ကောင်းခဲ့သည့်အရာက တကယ်ဖြစ်လာတော့မှာပါပင်။
"ဟူး...."
သက်ပြင်း၁ချက်ကို ခပ်ရှည်ရှည်ချလိုက်မိလိုက်သည်။kunhangယခုလက်ရှိသုံးနေတဲ့ socialနှင့်ပက်သက်သည့် accountအားလုံးကို ဖျက်ပစ်လိုက်သည်။sim cardကိုလည်း ထုတ်ကာ ချိုးပစ်လိုက်သည်။ဖုန်းကိုပင် ရာစရာမရှိအောင် ထုချေပြီး လွင့်ပစ်ခဲ့လိုက်သည်။ထို့နောက် အိမ်ကို တန်းတန်းမတ်မတ်ပြန်သွားခဲ့သည်။
×
ပုံမှန်အားဖြင့် လူမစုံသည့် kunhangတို့အိမ်က သည်နေ့မှ လူစုံတက်စုံဖြစ်နေကြသည်။Finlandမှ kunhang၏ ဦးလေးတွေရော အဒေါ်တွေရော ရောက်နေကြကာ တော်တော်ကြမှ တစ်ခါလောက်တွေ့ရသည့် spainဘက်မှ အဘိုးနှင့် အဘွားကလည်း ရောက်နေကြသည်။kunhangချက်ချင်းပင် အဘိုးနှင့် အဘွားကို ပြေးဖက်ကာ
"ဘာလို့ လာမယ်ဆိုတာ ကြိုမပြောတာလဲ သားလာကြိုမှာပေါ့"
အဘွားဖြစ်သူက သွားများပေါ်လာအောင် ပြုံးပြကာ
"သားက စာမေးပွဲနဲ့လေ"
"ဟီးဟီး ဟုတ်သားပဲ"
အဘိုးနှင့် အဘွားတို့ကို အလွမ်းပြေ စကားတွေ အကြာကြီးပြောပြီးနောက် ဦးလေးဖြစ်သူများနှင့် အဒေါ်တွေကိုလည်း လိုက်နှုတ်ဆက်သေးသည်။ညစာမစားခင် အချိန်ကြမှ ညစာအတွက် ပြင်ဆင်နေသော မေမေ့ အနားကပ်ကာ
"မေမေ သားဖုန်းကျကွဲသွားလို့ အဲ့ဒါဖုန်းအသစ်လည်း လဲပေးဦးနော်"
"ဟော ဘယ်လိုဖြစ်လို့..ထားလိုက်ပါ ဟိုရောက်မှဝယ်လိုက် မေမေ သားဦးလေး ဖုန်းဝယ်ဖို့ ပေးလိုက်မယ်"
"ဟုတ် မေမေက အကောင်းဆုံးပဲ"
မျက်နှာချို သွေးနေသည့် သားဖြစ်သူကြောင့် shin shinမှာ ပြုံးရပြန်သေးတာ။
---
"ဟယ်လို! Yang yangလား?"
"အေး ဟုတ်တယ်"
"kunhangအခုဘယ်မှာလဲ "
"မသိဘူးရယ် သူနဲ့ငါက စာမေးပွဲဖြေပြီးတည်းက လမ်းခွဲလာကြတာ"
"သြော်... အေးဒါပဲ"
စာမေးပွဲဖြေပြီးတည်းက ဆိုရင်တော့ မွန်းတည့်လောက်ပင်။အခုxiaojunလိုက်ရှာနေသည့် အချိန်ကညနေ၄နာရီ။တစ်ခါမှ သူ့ဘက်က စ မဆက်ဘူးသည့် kunhang၏ ဖုန်းနံပါတ်ကို သည်တစ်ခါတွင်တော့ အကြိမ်ကြိမ်အခါခါကို ဖုန်းခေါ်နေမိခဲ့သည်။
သို့ပေမယ့် ဖုန်းက ဆက်သွယ်၍ မရနိုင်ပါသာ ဖြေကြားနေခဲ့သည်။သူတစ်ကျောင်းလုံးကို ပတ်ရှာခဲ့ပြီးပေမယ့် မတွေ့။သူသွားတတ်ကြနေရာတွေကိုလည်း ရှာပေမယ့်လည်း ရှိမနေ။
kunhangတကယ်ပဲ သူ့ အရှေ့ ပေါ်မလာတော့တာများလား။ဒီလောက်ပြတ်သားမယ်လို့လည်း သူမထင်နိုင်ပါ။
Xiaojunမှာ မရေရာ မသေချာတဲ့ သူ့ခံစားချက်တွေအတိုင်းသာ လုပ်နေမိသည်။သူkunhangကို မချစ်ပေမယ့် မုန်းလည်း မမုန်းနိုင်ပါ။
ဘာပဲဖြစ်ဖြစ် သူkunhangကို လိုအပ်နေတာတော့ သေချာသည်။kunhangမရှိသည့်၃ပတ်လုံးလုံး သူ့ဘာဖြစ်နေလဲ ဆိုတာ မျက်ရည်တွေကပဲ ပြောပြခဲ့သည်အလား။kunhangမရှိလျှင် သူ့ဘဝက ခြောက်ကပ်လွန်းလှသည်။ရေ မစီးတော့သည့် မြစ်တစ်ခုသဖွယ်။လောလောဆယ်တွင်တော့ သူ့ခေါင်းထဲတွင် kunhangမရှိလို့ မဖြစ်တော့ဘူးဆိုသည့် အတွေးကသာ အကြိမ်ကြိမ်အခါခါ။
"မင်း ဘယ်ရောက်နေတာလဲ?"
Xiaojunလိုက်ရှာနေခဲ့သည်မှာ ညနေ၆နာရီပင် ထိုးတော့မည်။မှောင်စလေးလည်းပျိုးလာနေပြီဖြစ်သည်။သူအခုမှ သတိရသည်က kunhang၏ အိမ်။အဘယ်ကြောင့်များ နေရာတွေ အားလုံးပတ်ရှာပြီး kunhangအိမ်ကိုမေ့နေနိုင်ပါသနည်း။
Xiaojunခပ်မြန်မြန်ပင် taxiတစ်စီးကို လှမ်းတားလိုက်ကာ
"ကျီ့ရှီ အိမ်ယာကို မောင်းပေးပါဗျ"
ဒရိုင်ဘာကလည်း နားလည်သလို ခေါင်းကို ညိတ်ပြသည်။
Xiaojunတစ်လမ်းလုံး အပြင်ဘက်ကိုသာ ငေးနေခဲ့ပြီး လက်သည်းတွေကို လည်း လက်ဖြင့် ဖိချေနေခဲ့မိသည်။အမည်မဖော်နိုင်သော ခံစားချက်များက ဦးနှောက်ထဲသို့ တိုးဝင်နေသည်။
နှလုံးသားမှာတော့ kunhangမရှိလို့ မဖြစ်ဘူးဆိုသည့် အတွေးတစ်ခုသာ။
Xiaojunမှာkunhangကို တွေ့ဖို့သာ စိတ်စောနေပြီး ဘယ်လိုမျိုး သူ့စီကို ပြန်လာအောင်ခေါ်ရမလဲမသိပေ။အမှန်တကယ်kunhangအိမ်ရှေ့ရောက်လာချိန်တွင်တော့ မာနဆိုသည့် အရာလေးကxiaojunကို ပါးရိုက်လိုက်သလိုပင်။
သူဘာတွေ လုပ်နေမိတာပါလိမ့်။သူကိုယ်တိုင် နှင်ထုတ်ခဲ့သည့် လူကို သူကိုယ်တိုင် သွားပြန်ခေါ်ဖို့ စဥ်းစားနေတာလား။ရူးလိုက်တာ။သိက္ခာမရှိတော့ဘူးလား။
"ငါတော့ စာကျက်တာများလို့ ရူးနေတာများလား ဘယ်လိုတောင် အရှက်မရှိလို့"
တီးတိုးပြောဆိုကာ kunhangတို့ခြံရှေ့မှ ချာခနဲ လှည့်ထွက်သွားကာ ကိုယ့် အိမ်ကို ပြန်လာခဲ့သည်။ပြန်လာသည့် လမ်းတစ်လျှောက်တွင်လည်း ထိုမာနလေးကသာ
"ငါကသူ့ကို သွားပြန်ခေါ်ရမှာတဲ့လား ဟင့် သူတောင်နေနိုင်လို့ပဲမဟုတ်ဘူးလား xiaojunမင်းရူးနေတာလား စိတ်ပျက်စရာပဲ"
×
ထိုညတွင် xiaojunလည်း မာနလေးနှင့် ဖက်အိပ်ကာ kunhangမရှိလို့ မဖြစ်ဘူးဆိုသည့် အတွေးထက် kunhangမရှိလည်း အေးဆေးပဲဆိုသည့် အတွေးကသာ ဝင်ရောက်နေခဲ့သည်။
တစ်ဖက်တွင်လည်း တစ်ညနေလုံး ပျော်ရွှင်ကာပြုံးပြနေခဲ့သော ကောင်လေးမှာလည်း ညအချိန်တွင်တော့ ရှားစောင်းပင်ပုံလေးနှင့် ဖန်ခွက်လေးကိုကြည့် တိတ်တဆိတ်ငိုနေခဲ့ရသည်။
---
Xiaojunတစ်ယောက် အထက်တန်းကျောင်းပြီးသည့် ပထမဆုံးအားလပ်ရက်လေးကို စောစောစီးစီးနိုးထလာခဲ့သည်။ဖုန်းကိုကြည့်လိုက်တော့ ၆နာရီ ပဲရှိသေးသည်။သူလည်း အိပ်ယာထဲမှ မထွက်ချင်သေးသည်မလို့ ဖုန်းကိုသာ ဆက်ကြည့်နေမိသည်။ထိုစဥ် igမှာnotiတစ်ခုက အသံလေးနှင့် တကွတက်လာသည်။
yang yang၏accountနာမည်လေးနှင့် to Finlandဆိုသည့် စာသားလေးပင်။သူဝင်ကြည့်လိုက်တော့ yang yangနှင့် အတူ ဘေးမှ လက်၂ချောင်းထောင်ကာpostပေးနေသည့် kunhangကို တွေ့လိုက်ရသည်။
Xiaojunမှာ သွေးလေတွေပင် ချောက်ချားသွားရသည်။သူချက်ချင်းသိလိုက်ရသည်မှာ kunhangပါ Finlangကိုသွားတော့မှာဖြစ်သည်။
မနေ့ညက မာနတွေ ထားခဲ့မိသည့် ကိုယ်ကိုကိုယ်ပင် သတ်ပစ်ချင်လာရသည်။သူဟာ ဘာလို့ ခံစားချက်တွေ ၂ခွဖြစ်လည်း သူကိုယ်တိုင်ပင် မသိနိုင်တော့။ယခုရုတ်ချည်းဝင်ရောက်လာရသည့် အတွေးမှာတော့ kunhangမရှိလို့ မဖြစ်ဘူးဆိုသည့် အတွေးပင်သာ။သူသေချာသွားပြီ kunhangမရှိလို့ တကယ်ပင် မဖြစ်တော့ပါ။
ညအိပ်ဝတ်စုံကို ချွတ်ကာ တွေ့ကရာ အင်ကျီကောက်လဲ၍ kunhangတို့ရောက်နေသည့် လေဆိပ်ကို လိုက်တော့ဖို့ပြင်နေသည်။yang yangကို လေဆိပ်မေးကြည့်ပြီး သိရတာနှင့် ချက်ချင်း တန်းလိုက်သွားခဲ့သည်။လာနေသည့် လမ်းတစ်လျှောက်လုံးလည်း kunhangကို စကားပြောနိုင်ဖို့accountတွေ လိုက်ရှာခဲ့ပေမယ့် လုံးဝမတွေ့ခဲ့။
နောက်ဆုံးတွင်တော့ လေဆိပ်သို့ရောက်လာသည်။yang yangကိုဖုန်းဆက်ခဲ့ပေမယ့် yang yangကလည်း မကိုင်တော့ပေ။သူတို့လေယာဥ်ချိန်က ၇နာရီ သူရောက်တော့ ၇နာရီထိုးဖို့ ၁၀မိနစ်သာလိုတော့သည်။သူအပြေးအလွှား လေဆိပ်lobbyတွင် လေယာဥ်တွေကို အသည်းအသန်လိုက်ကြည့်မိသည်။ယခုချိန်ဆို လေယာဥ်ပေါ်ရောက်နေလောက်ပေမယ့် kunhangကိုများ တွေ့လိုတွေ့ငြားရှာမိသည်။
Xiaojunမှာ နောက်ဆုံးအနေနှင့်ပဲ ဖြစ်ဖြစ် တားချင်မိသေးသည်။သူ့လည်းkunhangကို သဘောကျတယ်ဆိုသည့်အကြောင်း kunhangမရှိလို့ မဖြစ်ဘူးဆိုသည့်အကြောင်းကို နောက်ဆုံးအနေနှင့်ပဲဖြစ်ဖြစ်ပြောချင်ခဲ့မိရုံသာ။
၇နာရီ အတိတွင်တော့ လေယာဥ်ပြေးလမ်းမှ လေယာဥ်တစ်စီးဟာ ထွက်ခွာသွားတော့သည်။
သူအမြင့်သို့တဖြည်းဖြည်း တက်သွားသည့်လေယာဥ်ကိုကြည့်ကာ မျက်ရည်များဟာ ညှင်သာစွာ စီးကြလာခဲ့ပါတော့သည်။
"နောက်ကျလိုက်တဲ့ ငါ!!"
ပြောရင်းဖြင့် အတိုင်းမရှိစွာ ကျလာသောမျက်ရည်များအား လက်ဖြင့် ဖိသုတ်မိသည်။
လေယာဥ်ထဲမှ ကောင်ငယ်လေးကလည်း ထိုနည်းတိုင်းပင်ဖြစ်နေမလား။
×
မျက်နှာ အမူအရာ ပျက်ယွင်းမှုမရှိပဲ ငိုနေသောkunhangကိုကြည့်ကာ yang yangခေါင်းသာခါမိသည်။သူ့စိတ်ထဲတွင်လည်း kunhangအား ပြောချင်သည့်စကားများစွာဖြင့်။
နောက်ဆုံးမှာတော့ သူမကြည့်ရက်တော့၍
"hendery!! သူမင်းကို လိုက်ရှာနေတာနော် သူ့မှာ အရေးကြီးတာပြောဖို့ရှိနေလောက်တယ် မင်းဘာလို့ ဖုန်းကို လွင့်ပစ်ခဲ့တာလဲ ဘာလို့ ငါ့ကိုရော သူ့ကိုဘာမှ ပြန်ပြောခွင့်မပေးတာလဲ"
"ငါတောင်းပန်ပါတယ်ကွာ ဒီတိုင်းထားလိုက်ပါတော့ အချိန်တန်ရင် ငါရော သူရောမေ့သွားမဲ့ကိစ္စပဲကို"
Henderyကိုယ်တိုင် yang yangဖုန်းကိုယူကာ xiaojunနှင့် ပက်သက်သည့် accountများအားလုံးကို block ထားသည်မလို့ မတက်နိုင်။သူတင်မဟုတ်ပဲ အစ်ကိုkunကို ထို့သို့ လုပ်ခိုင်းထားတာဖြစ်သည်။
Yang yangတိတ်ဆိတ်ခြင်းဖြင့်သာ နှစ်သိမ့်မိလိုက်သည်။သူ့ကိုလည်းxiaojunကို ဘာမှ ပြန်မပြောခိုင်း။ထို၂ယောက်ကြားမှ သူအလွန် နေရခက်နေရှာပြီ။
သို့ပေမယ့်လည်းhenderyပြောသည့် အတိုင်းသာ တွေးမိရသည်။
မင်းရောသူရော မေ့နိုင်ဖို့ မျှော်လင့်တယ်။
---
Finland...
Northern lightတို့ တည်ရှိရာမြေ။
ထိုမြေသို့henderyအမည်ရှိသော ကောင်လေးတစ်ယောက်စတင်ခြေချခဲ့ရလေပြီ။နာမည်အရင်းဖြစ်သောwong kunhangအားမည်သူမှ မသိစေရ။
လွမ်းမောခြင်း သတိရခြင်းနှင့် တမ်းတခြင်းနှင့် ဘေးချိတ်လျက် သူရောက်ရှိလာခဲ့လေပြီ။
×
Henderyတစ်ယောက် လေဆိပ်မှ အပြန်ကားပေါ်က ဆင်းသည်နှင့် Finland၏ အေးမြသော လေထုကို တစ်ဝကြီး ရှုရှိုက်မိသည်။
"မေ့ကြရအောင်!"
မျက်ဝန်းအိမ်တို့တွင် ဝိုင်းဝိုင်းတွင် မျက်ရည်များ ဘောင်ခတ်ကာ ပြောဖြစ်သော စကားလေးတစ်ခွန်း။
ကျတော့မည့် မျက်ရည်များအား မျက်နှာပေါ်သို့ ဖြတ်သန်းခွင့်မပေးပဲ မျက်တောင်များကို ပုတ်ခက် လိုက်ခြင်းဖြင့် တိမ်ဝင်စေသည်။
ခဏအကြာတွင် သူနှင့်yang yangရပ်နေသော အိမ်ရှေ့မှ အဘွားအိုတစ်ယောက်နှင့် အဘိုးအိုတစ်ယောက် သွက်လက်စွာ ထွက်လာကာ ရွှင်ပြသော အပြုံးများဖြင့် ဆီးကြိုနေသည်။
"မြေးတို့ ရောက်လာကြပြီပေါ့ အဘွားကမျှော်နေတာ"
သူတို့၂ယောက်မှာတော့ တခြားသူမဟုတ်yang yangအဘိုးနှင့် အဘွားသာ။yang yangကတော့ အဘိုးနှင့် အဘွားကို ဖက်ကာ နှုတ်ဆက်နေသည်။
henderyမှာတော့ မပြုံးနိုင်သေးပေမယ့် အပြုံးတုတစ်ခုကို နှုတ်တွင် ဆင်လျက် အဘိုးနှင့် အဘွားကို နှုတ်ဆက်မိသည်။
တစ်ဆက်တည်း အဘိုးဖြစ်သူက
"kunရော မလာဘူးလား?"
"မလာသေးဘူး အဘိုး နောက်တစ်ပတ်လောက်မှ ရောက်မယ်ပြောတယ် စာမေးပွဲရှိလို့တဲ့"
"သြော်... ဟုတ်သားပဲ"
Yang yangအပြောကို အဘိုးက ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်သာ တုံ့ပြန်သည်။
"ကဲ! အိမ်ထဲဝင်ကြရအောင် အေးတယ် အပြင်မှာ"
"ဟုတ်"
သူတို့ရောက်လာသည်မှာ Julyလ အစောလောက်ဖြစ်ပေမယ့် finlandရာသီဥတုက အမြဲအေးနေသည်။ဆောင်းတွင်းဆို နေလုံးဝမထွက်ပဲ နွေရာသီဆို နေလုံးဝမဝင်တာမျိုးလည်း ရှိတတ်သည်။
သူတို့၂ယောက်အိမ်ထဲရောက်တော့ နွေးထွေးသည့် ခံစားချက် တစ်ချို့နှင့် အတူ အငွေ့တထောင်းထောင်းထနေသည့် ဟင်းပွဲများကို မြင်တွေ့ရသည်။သူတွေးနေတုန်းပင် yang yangကတော့ ခုံတွင်တောင် ဝင်ထိုင်နေပြီဖြစ်သည်။
သူလည်း yang yangဘေးက ခုံတွင် ဝင်ထိုင်လိုက်ပြီး ဟင်းပွဲတွေ ဆီသို့ အကြည့်ပို့မိသည်။အရသာ ရှိမည့်ပုံပေါ်ပေမယ့် သူစားချင်စိတ်ရှိမနေ။
"henလေး စားလေ ဘာဖြစ်လို့လဲ မကြိုက်ဘူးလား"
"အာ.. ကြိုက်ပါတယ် အဘွားလက်ရာက အကောင်းဆုံးပဲကို"
"ဟုတ်ပါပြီကွယ် ဒါဆိုလည်း ထည့်စားနော်"
Yang yangကတော့ အခြေအနေမကောင်းသည့် သူ့ သူငယ်ချင်းအကြောင်းကို သိကာ စကားလွှဲပေးလိုက်ရသည်။
"မင်း ဖုန်းမဝယ်ရသေးဘူးဆို သွားမဝယ်သေးဘူးလား"
"သြော်.. အေး ငါသွားလိုက်ဦးမယ်"
"ဂရုစိုက်သွားနော်"
"ဟုတ် ဘွားဘွား"
Henderyအိမ်ပြင်ရောက်တာနှင့် တစ်ဖန်လေထုကို သိသာစွာ ရှူသွင်းမိပြန်သည်။လေထုကတော့ အေးစက်မြဲ အေးစက်နေသည်။သူတို့ရောက်နေတာ အိမ်ယာဆိုပေမယ့် လမ်းတစ်လျှောက်တွေ့လာခဲ့ရသည့် Finlandရဲ့ အလှတရားတွေဟာ သူရဲ့ ဝမ်းနည်းမှုတွေကို နှစ်သိမ့်ပေးနေဟန်။
သူတို့ရောက်နေသည့်မြို့က လူနေထူထပ်သည့်Finlandရဲ့ Helsinkiဆိုသည့် မြို့ပင်။ပြေပစ်သည့် လမ်းချိုးလမ်းကွေ့လေးများ ဘေးတွင် ၅ထပ်လောက်ရှိသည့် အဆောက်အအုံတွေက လမ်းသွားလမ်းလာများကို နွေးထွေးအောင် ဝန်းရံပေးထားသလို။မှန်ဘောင်လေးတွေနှင့် သေသပ်စွာကာရံထားသည့် ဆိုင်ခန်းများ အကြောင်းအရင်းကိုယ်စီနှင့် သွားလာနေကြသည့် လူများသည် ထိုမြို့၏ အလှကို ပို၍ ဖော်ကြူးပေးနိုင်သည်။
တစ်လမ်းဝင် တစ်လမ်းထွက်နှင့် စက်ဘီးများ ယာဥ်များကလည်း စည်ကားနေသည်။ပုံမှန်ဆို henderyအတွက် စိတ်အနှောင့်အယှက်ဖြစ်မှာ သေချာပေမယ့် ယခုတွင်တော့ တခြားစီ။သူသေချာပေါက် ထိုနေရာကို နှစ်သက်နေပြီဖြစ်သည်။
Henderyဖုန်းဝယ်ပြီးသည်နှင့် ဖုန်းအတွက်လိုအပ်သည့်အရာများကိုဝယ်လာသည်။ထို့နောက်တွင်တော့ သူအိမ်ကိုမပြန်ချင်သေး၍ ကဖေးဆိုင်လေးတစ်ခုတွင် ဝင်ထိုင်မိသည်။ဆိုင်ထဲဝင်ဝင်ချင်း ဆိုင်ဝန်ထမ်းတစ်ယောက်မှ မီးနူးကဒ်လေးကိုင်လာကာ သူအားကမ်းပေးသည်။ထိုကောင်လေးက သူ့အားကြည့်ကာFinlandဘာသာစကားကို ပြောနေပုံရှိသည်။သူလည်းနားမလည်တာမလို့ Englishလိုသာ ပြန်ပြောလိုက်သည်။
"can i get a Americano?"
"of course, please wait"
Henderyနားလည်ဟန်ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်၏ ပုံပန်းသဏ္ဌာန်ကို လိုက်ကြည့်မိသည်။ဆိုင်မှရနိုင်မည့် itemတွေကို လှပစွာstickerအဖြစ်ကပ်ထားသည်ကိုလည်း တွေ့ရသည်။
matcha latteဟူသော အမည်လေးဖြင့် အစိမ်းနုရောင် ခွက်ကလေးကလည်း သူနေရာနှင့်သူ သေသပ်စွာ ကပ်ထားသည်ကိုတွေ့ရသည်။green teaကြိုက်တဲ့သည့် ကောင်လေးဟာ မျက်လုံးထဲ ချက်ချင်းပင် ပေါ်လာသည်။ခဏတာ မေ့လျော့ထားသည့် မှတ်ဥာဏ်တွေဟာ ခေါင်းထဲသို့ အတိုင်းအစမရှိ ထိုးဖောက်ဝင်ရောက်လာသည်။
လိမ်လို့မှမရပဲ သူကိုယ်တိုင်ကလည်း သတိရနေပြီမဟုတ်လား။
Henderyတစ်ယောက် သူ့ကိုယ်သူသာ ခေါင်းခါမိလိုက်ရင်း မျက်လုံးကို အငြိမ်ထားကာ မှာထားသည်ကို စောင့်ဆိုင်းနေသည်။
ထိုစဥ် ကောင်လေး ၂ယောက်ဟာ ထိုကဖေးဆိုင်လေး ထဲသို့ တွတ်ထိုးကာ ရောက်လာသည်။ဆိုင်ရဲ့ အရှေ့ဘက်ထောင့်မှ ခုံလေးတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ရင်း မှာစရာရှိတာတွေကို မှာနေကြသည်။ဝိတ်တာကောင်လေးပြန်ထွက်သွားသည်နှင့် ဆံပင်အဝါရောင် ဖြောင့်ဖြောင့်လေးတွေနှင့် ကောင်လေးက ပါလာသည့် စာအုပ်များကို လှန်လှောကာ စာလုပ်နေဟန်။သူ့ရှေ့မှ ဆံပင်ကောက်ကောက်နှင့်ကောင်လေးကတော့ စာလုပ်နေသည့် သူအား မျက်လုံးအဝိုင်းသားလေးဖြင့်ကြည့်နေသည်။
ထိုအကြည့်များကို သူနားလည်သည်။ဒါက သူကိုယ်တိုင်လည်း တစ်စုံတစ်ယောက်အပေါ် ကြည့်ခဲ့ဖူးသည့် အကြည့်တွေမလား။စာလုပ်နေသည့်ကောင်လေးကလည်း တစ်ယောက်ယောက်အတိုင်းပင် ပြန်လည်းမကြည့်လာသလို သိပုံလည်းမပေါ်။
သူဟာ ထိုကလေး၂ယောက်အားကြည့်ကာ အတွေးတွေ မျောနေခိုက် ဝိတ်တာကောင်လေး၏ ခေါ်သံကြောင့် အသိပြန်ဝင်ရသည်။
"Mr.!"
သူအယောင်ယောင်အမှားမှားဖြင့် လှည့်ကြည့်ကာမှ ဝိတ်တာကောင်လေးက သူ့အားပြုံးပြကာ ပြန်လှည့်ထွက်သွားသည်။
"မင်းကို မေ့ဖို့လာတာကို အကုန်လုံးကို မင်းကို သတိရဖို့များ ပြောနေတာလား"
သူတီးတိုးရွတ်ဆိုလိုက်ရင်း americanoကို သောက်လိုက်သည်။
ခဏအကြာတွင်တော့ သူလည်း ခုံပေါ်တွင် ပိုက်ဆံကိုချပေးထားလိုက်ကာ အိမ်ယာဝန်းဘက်ကိုသာ ခြေဦးတည်လိုက်မိသည်။
---
"အကို လေယာဥ်ပေါ်တက်နေပြီလား"
"အွန်း ခဏနေ တက်ရတော့မှာ"
"ဒါဆို ကျွန်တော် ဖုန်းချတော့မယ်နော်"
"ok"
သည်နေ့က henderyနှင့် yang yangတို့ Finlandကိုရောက်တာ ၁ပတ်ပြည့်သည့်နေ့ပင်။အစ်ကိုkunလည်း စာမေးပွဲပြီး၍ ရောက်လာမှာဖြစ်သည်။အစ်ကိုkun တက္ကသိုလ် ပြန်ဖွင့်လျှင် ငိုယိုကာ ကျန်ခဲ့ဦးမည့်yang yangအဖြစ်ကိုလည်း သူကြိုတွေးမိရသေးသည်။
ယခုလည်း လေယာဥ်ပေါ် တက်ခါနီးတောင် မခွဲနိုင် မခွာနိုင် ဖြစ်နေသည့် yang yangကြောင့် henderyစိတ်ပင်လေမိသည်။
"မင်းတို့ တော်တော်ဖြစ်နေတာလား ငါ့ကိုလည်း အားနာပါဦး"
"အေးဟုတ်တယ် တော်တော်ဖြစ်နေတာ"
သူ့အား အားနာဖို့ နေနေသာသာ ပြန်တောင် ပြောနေသည့်သူကြောင့် မျက်စောင်းတစ်ချက်က အလိုအလျောက်။
သည်နေ့တွင် henderyလည်း condoဝယ်ပြီးပြီ ဖြစ်သောကြောင့် condoမှာသာနေတော့မည် ဖြစ်သည်။ပုံမှန်အားဖြင့်ဆို henderyမှာ အလွန်ကို ပျော်တတ်ပြီး လူတွေ အတူနေရတာကိုလည်း ပျော်သည့် လူမျိုးပင်။ယခုတွင်တော့ တစ်ယောက်တည်းသာ နေချင်တော့သည်။ဘယ်သူနှင့်မှလည်း မတွေ့ချင် ဘယ်သူ့နှင့်မှ စကားမပြောချင်။သူမှဟုတ်သေးရဲ့လို့လားတောင် မေးခွန်းထုတ်မိသေးသည်။
×
Condoဆိုသည့်အတိုင်း လူတစ်ယောက်နေဖို့ထက်တောင် ပိုကျယ်သည့် အလွှာတစ်လွှာက henderyကို စောင့်ကြိုနေသည်။ပရိဘောဂတွေပါ တစ်ခါတည်းမှာထားသည့် အတွက် ဘာမှ သိပ်လုပ်စရာမလိုပဲ အေးဆေးနေရုံသာ။
အိပ်ခန်းထဲသို့ ဝင်ဝင်ချင်း အိပ်ယာပေါ်သို့ ဒုန်းဆိုင်းပစ်လှဲချသည်။မျက်နှာကျက် အဖြူရောင်လေးမှ စိတ်ကို သန့်ရှင်းပေးနေသည်။သို့သော် သူ့မှာတော့ မျက်ရည်များသာ စတင်ဝဲလာခဲ့သည်။
စိတ်တွေက ရှုပ်ထွေးနေသည်။အတွေးတွေကလည်း နယ်ချဲ့နေသည်။လှပသည့် အမှတ်တရအချို့နှင့် မကြည့်ရဲသည့် အမှတ်တရများကပါ လိုက်ပါလာသည်။
ထိုလူ။မျက်ဝန်းကြည်ကြည်လေးတွေနှင့်လူ။နှာတံချွန်ချွန်လေး ရှိသည့်လူ။နှုတ်ခမ်းပါးပါးလေးတွေ အပိုင်ရထားသူ။အသံချိုချိုလေးရှိသည့်လူ။နောက်ဆုံး သူထိတွေ့မိဖူးသည့် ဆံသားပျော့ပျော့လေး။
အရာအားလုံးဟာhenderyအတွက် မြတ်နိုးစရာ။လိုအင်တပ်မက်ခြင်းတွေ လျစ်လျူရှုလျက် ချစ်ခဲ့ရသူ။
ထိုလူပြုံးနေရုံနှင့် ပျော်နိုင်နေသည့်လူမျိုးဆိုhenderyမှလွယ်၍ ဘယ်သူမှ မဖြစ်နိုင်။တစ်ခါတစ်လေ ထိုအပြုံးတွေဟာ အတုအယောင်တွေမှန်းသိနေရင်တောင် ကျေကျေနပ်နပ်ကြီး တန်ဖိုးထားခဲ့ရတာမဟုတ်လား။ဘယ်သူ့မှမခေါ်ပဲ သူတစ်ယောက်တည်းခေါ်ခဲ့တဲ့ နာမ်လေးကိုတောင် သူ့အား အပိုင်ပေးပစ်ခဲ့သည်။
သူ့အချစ်ဟာ သည်လောက်ထိ ရိုးစင်းခဲ့ပါတယ်။
မေ့ပစ်ဖို့ အတွက်ပြောဆိုရင် မဖြစ်နိုင်ဘူးပဲ ပြောရမလား။
အိပ်ယာပေါ်မှထကာ သူ့အိတ်ထဲမှ တယုတယ ထုတ်လာခဲ့သည့် ဖန်ခွက်လေးအား ကုတင်ခြေရင်းမှ စင်လေးတွင် သေချာတင်ထားမိသည်။အိပ်ယာနိုးတိုင်း ထိုဖန်ခွက်လေး မြင်ရရုံနှင့် သူ့တစ်နေ့တာ ပြုံးနိုင်နေပြီ မဟုတ်လား။
မေ့ပစ်တိုင်း ပိုပိုသတိရနေမှတော့ သူမမေ့တော့ပါ။ဆက်ပြီးချစ်မယ်။ဆက်ပြီးနစ်ဝင်မယ်။ထိုအချစ်တွေကြားထဲ သူ့ကိုယ်သူ မြုပ်နှံပစ်မယ် သာတွေးထားမိသည်။
နောက်ထပ် အခွင့်အရေးသာရှိခဲ့ရင်ပေါ့။
မြင်မနေရလည်း henderyအချစ်တွေက ပြောင်းလဲခြင်းရှိမှာ မဟုတ်လို့။
---
"သားရေ! မေမေ အခန်းရှေ့မှာ စားစရာချထားခဲ့တယ်နော်"
အခန်းထဲမှ မည့်သို့သော အသံတစ်စုံတစ်ရာမှ ထွက်မလာ၍ ryujiတစ်ယောက် စိတ်ညစ်ရသည်။ကျောင်းစပိတ်သည့် နေ့တည်းက ဘယ်မှာလည်းမသွား။စားဖို့ကိုတောင် ဒီတိုင်းပဲ လာပို့ပေးပါတဲ့ သူဘယ်သူနဲ့မှ မတွေ့ချင်ဘူးဆိုလို့ လာပို့ပေးရခြင်းသာ။
သူ့အဖေကတော့ လွှတ်ထားပေးလိုက်ဖို့သာပြောသည်။အဆင်ပြေသွားရင် ပုံမှန်ပြန်ဖြစ်သွားမှာပါတဲ့။
×
မေမေထားပေးခဲ့သည့် စားစရာကို သူကြည့်တော့green tea latteလေးက မပါမဖြစ်။ပုံမှန်ဆို အရမ်းသိသည့် မေမေ့ကြောင့် ပြုံးနေမှာ မှန်ပေမယ့် တကယ်တန်းတွင်တော့ သူမပြုံးနိုင်။
ခေါင်းထဲမှာ နောက်ကျသွားပြီ ဆိုသော အတွေးတစ်ခုသာ။
"ငါဘာလို့ နောက်ကျနေခဲ့တာလဲ ဘာလို့...လဲ? ဘာလို့များ..... ဒီလောက်နောက်ကျနေခဲ့ရတာလဲ"
Yang yangကလည်း ဆက်သွယ်လို့ မရတော့၍ သူရူးတောင် ရူးချင်နေပြီ ဖြစ်သည်။yang yangကပါ ဘာလို့ သူ့ကို အဆက်အသွယ်ဖြတ်သွားလည်း သူစဥ်းစား၍မရ။
နောက်တစ်ခု အနေဖြင့်kunhangပြောဖူးသည့် အင်ဂျင်နီယာ တက္ကသိုလ်မှkunဆိုသည့် အစ်ကို ဖြစ်သူကို လိုက်ရှာမိသည်။xiaojunရှာမိသည့်နေ့က သူတို့တက္ကသိုလ်ရဲ့ နောက်ဆုံးစာမေးပွဲရက်။သူရောက်သွားတဲ့ အချိန်တောင်မှ စာမေးပွဲဖြေပြီး ကျောင်းသားတွေ တက္ကသိုလ်ဝန်းထဲ မရှိတော့တဲ့ အချိန်။
သူဟာ အရာရာ နောက်ကျနေခဲ့ပါလား...။
အတွေးတွေကို နေ့စဥ်နယ်ချဲ့ရင်းဖြင့်သာ မေမေလာထားပေးသွားသည့် စားစရာကိုစားလိုက် တွေးချင်တာတွေလိုက်နှင့်သာ အချိန်ကုန်လွန်ခဲ့သည်မှာ ၁လပင်ပြည့်တော့မည်။
Kunhangရော Finlandမှာ အဆင်ပြေနေရဲ့လား။ငါ့ကိုများ မုန်းသွားပြီလား ဆိုသည့် မေးခွန်းတွေကလည်း နေ့စဥ် အမေးအဖြေ၌ ပါဝင်နေပြီဖြစ်သည်။ကိုယ့်ကိုကိုယ် မေးခွန်းပေါင်းများစွာမေးမိသော်လည်း သူ့ရဲ့ တစ်ခုတည်းသော အဖြေကတော့ သူမသိဘူးတဲ့လေ။
'Kunhangကို ချစ်လား'လို့မေးလာခဲ့ရင်တော့ ချက်ချင်းပင် ပြန်ဖြေမိကတော့
'ချစ်တယ်' သာဖြစ်သည်။
Kunhangကိုသာ မေးလိုက်ရင် 'မချစ်တော့ဘူး' ဆိုပြီး ထွက်လာမည့် အဖြေကြီးကိုလည်း xiaojunကြောက်မိသည်။
သို့ပေမယ့် kunhangက သူ့ကို မချစ်တော့ရင်တောင် သေချာပေါက် သူကပဲ ပြန်ချစ်လာအောင် လုပ်မှမို့လို့ အားတော့ရှိနေသေးသည်။ထို့ကြောင့်ပဲ သူအစားစားနေတာ မဟုတ်လား။မည်သူနှင့်မှ မတွေ့တော့ပေမယ့် kunhangကြောင့် သူအသက်တော့ ဆက်ရှင်ရဦးမည်။
ယခုအချိန်မှာ သူဟာ သေချာနေလေပြီ။
×
အခန်းတွင်းအောင်းပြီး ဟိုရေးဒီရေး လုပ်လာရသည်မှာ xiaojunအတွက် နေ့စဥ်ဘဝလို ဖြစ်နေလေပြီ။ယခုလည်း စာရွက်ပေါ်တွင် မေးခွန်းများရေးကာ ကိုယ့်ကိုကိုယ်ပြန်မေးနေလေသည်။
'kunhangက မင်းအတွက်ဘာလဲ'
"kunhangက ငါအသက်ရှင်ဖို့ အကြောင်းပြချက်လေးတစ်ခု... အင်း! ဒါလေးနဲ့ တင်လုံလောက်ပါတယ်"
မေးခွန်းတွေ အများကြီး ရေးခဲ့ပေမယ့် သူအမြဲတမ်းဖြေတာကတော့ ပထမဆုံး မေးခွန်းကိုသာ။ကျန်သည့် မေးခွန်းများကို ဆက်ဖြေလေ့ မရှိ။
Xiaojunတစ်ခုခုကို သတိရဟန် အဝတ်အစားတွေ ကောက်လဲပစ်သည်။kunhangပြောဖူးသည့် စကားတွေကို သူမှတ်မထားပေမယ့် မှတ်မိနေခဲ့သည်။
'မင်းကအဲ့လိုလေး ဝတ်ရင်ချစ်စရာကောင်းတယ် ငါကြိုက်တယ်' ဆိုသည့်စကားလေး။
အရင်ကတော့ သည်ကောင်အပိုတွေလာပြောနေသည်ဟာဆိုကာ အော်ခဲ့မိပေမယ့် ယခုအချိန်တွင် ထိုသို့လာပြောလျှင်တော့ သူဟာ ရူးများရူးသွားလေမလားပင်။
သတိတရဖြင့် kunhangကြိုက်သည်ဟု ပြောဖူးသော ဒူးဖုံးjean jortလေးကိုဝတ်လိုက်ကာ အောက်မှ t-shirtအဖြူလေးနှင့် အညိုစိမ်းရောင်shirtလက်တိုလေးကို အပေါ်မှ ထပ်ဝတ်လိုက်သည်။
အဝတ်ဗီရိုအား ဖြည်းဖြည်းချင်းပိတ်ကာ မှန်ရှေ့မှ ကိုယ့်ကိုကိုယ် သေချာကြည့်လိုက်မိသည်။
"ဘယ်နားက ကြိုက်ချင်စရာကောင်းနေတာများလဲ ပုံမှန်ပါပဲ"
သူနားမလည်နိုင်စွာဖြင့် ခေါင်းကို ခါရမ်းလိုက်ပြီး ဖုန်းနှင့် လွယ်နေကျ အိတ်တစ်လုံးကို ယူကာအပြင်အခန်းပြင်သို့ ထွက်သွားသည်။မေမေ့ကိုလည်း သူအပြင်ထွက်သွားသည့် အကြောင်း မကြားမိပေ။
သို့ပေမယ့် ခြဲထဲရှိ ဒန်းထဲတွင် ထိုင်နေသော အမေဖြစ်သူကတော့ မြင်အောင်ကိုမြင်သွားသေးသည်။ဝမ်းသာအပြုံးကလည်း တစ်ဆက်တည်းလိုက်ပါလာသည်ပေါ့။
×
Xiaojunရောက်လာသည်မှာတော့ kunhangနှင့် သူ စာလာလုပ်နေကျဖြစ်သည့် ကော်ဖီဆိုင်လေး။
ဆိုင်ထဲသို့ရောက်သည်နှင့် သူနှင့်ရင်းနှီးပြီးသား ဖြစ်သောဝန်ထမ်းကောင်လေးမှ
"ဟာ အကို! ကျောင်းပြီးတာနဲ့ စာလုပ်စရာမရှိတော့ဘူးလား ကျွန်တော်တို့ဆိုင်တောင် မလာတော့ဘူးနော် ဟိုအကိုရော မပါဘူးလား"
Kunhangကို လာမေးနေသည့်ကောင်လေးကို xiaojunမှာ မျက်လုံးအဝိုင်းသားဖြင့် ပြန်ကြည့်လာလို့ ကောင်လေးတောင် ကြောင်နနဖြစ်သွားရသည်။
"ဟို.. ဟို.. Matchaတစ်ခွက်ပဲမလား?"
"အင်း!"
Xiaojunစီမှတုံပြန်သံ ရသည်နှင့် ကောင်လေးကလည်း လှည့်ထွက်သွားကာ သူကလည်း အတိတ်က အမှတ်တရတွေဖြစ်လာမည်ဟု မတွေးခဲ့မိသည့် အမှတ်တရ တွေကို ပြန်လည် ပုံဖော်ကြည့်မိသည်။
သူဟာ တစ်ချိန်လုံးkunhangကို ဘယ်လိုဆက်ဆံခဲ့မိပါလိမ့်။
ဘောင်မဝင်တဲ့ လူတစ်ယောက်လိုလား။
လူတွေရှေ့မှာဆို kunhang ကို ပြုံးပြရ သူငယ်ချင်းအရင်းကြီးလို ဆက်ဆံပေးပြီး သူတို့၂ယောက်တည်း ရှိတဲ့ အချိန်ကျ သူဟာsafe zone ဆိုတာကို လက်ကိုင်ထားကာ kunhang အပေါ် အေးစက်ပြခဲ့တာမလား။
နောက်ဆုံးတော့xiaojun kunhang ကို ကိုယ်ချင်းစားမိခဲ့ပြီ။kunhangတစ်ယောက်အရူးလို ခံစားနေရမှာ သေချာပေါက်ပဲ။kunhangကိုသူသနားမိသည်။
နောင်တဆိုတာ နောင်မှ ရလာတာပင်။
---
Finlandမှ တက္ကသိုလ်တွေမှာ သြဂုတ်လ ၁ရက်နေ့တွင် စဖွင့်သည် ဖြစ်သောကြောင့် အထက်တန်းကိုဇူလိုင်လ ပထမအပတ်လောက်မှ ပြီးလာသည့် henderyရော Yang yangပါ တစ်လပြည့်အောင် မနားလိုက်ရပဲ တက္ကသိုလ် ဆက်တက်တော့ရတော့မည်။
၂ယောက်လုံးHelsinkiမြို့မှ Helsinki universityသာတက်ခဲ့ကြသည်။
Chinaမှ Kunကတော့ တက္ကသိုလ်တွေက septemberလမှ စမှာမို့ yang yangနှင့် အတူနေပေးနိုင်ဦးမည်။
ထိုအကြောင်းကိုhenderyတွေးမိတော့ xiaojunရော အေးဆေးနားရတာပဲလို့ တွေးမိသေးသည်။သူဟာ ဘယ်သောအခါမှxiaojunကို မေ့ဖူးတယ်မရှိ။
"သတိရတယ် တွေ့ချင်တယ် မျက်နှာလေးကိုပဲဖြစ်ဖြစ် မျက်နှာလေးတွေ့ရကိုပျော်နေပါပြီ"
တစ်ယောက်တည်း တီးတိုးပြောဆိုရင်း xiaojunဆွဲပေးထားသည့် ပုံလေးပါရှိနေသည့် ဖန်ခွက်လေးကို ကိုင်ထားမိသည်။ပုံဆွဲထားတာက အလွန်ညံ့သော လက်ရာဖြစ်သောလည်း henderyအတွက်တော့ ဒါဟာ ပိုက်ဆံဘယ်လောက်ပေးပေး မရနိုင်သည့် အရာမျိုး။
တွေးလက်စတွေကို ဖျက်ပစ်ကာ ပထမဆုံး အတန်းချိန်ကို စတင်တက်ရန်ပြင်ဆင်သည်။မနက်၇နာရီ အတန်းမလို့ စောစောစီးစီးထကာ ကြိုပြင်ဆင်ရသည်။မနက်စောစောထရတာ henderyအတွက် အလွန်ပျင်းသောအရာဖြစ်သောလည်း သူအခုတော့ အလွန်ကိုတက်ကြွနေသည်။စာသင်ဖို့ရော ကြိုးစားဖို့ရော။သူသေချာပေါက်ကို ကြိုးစားတော့မှာပင်။ကြိုးစားမည့်အကြောင်းအရင်းကလည်း တစ်ခုတည်းသာ။
သူသာ နောက်တစ်ခေါက် ကိုယ့်ဘက် ပြန်လှည့် ကြည့်နိုင်ခဲ့အောင်...။
---
Shanghaiမြို့မှာ ပုံမှန်အားဖြင့် septemberလဆိုလျှင် မိုးအများဆုံးဖြစ်သည်။သို့ပေမယ့် သည်နှစ်တော့ မိုးပိုများသည်ဟုပြောရပေမည်။
Xiaojunတစ်ယောက် Fudanတက္ကသိုလ်ဝန်းထဲမှ မိုးရေများ ရွှဲစိုကာ ခပ်သုတ်သုတ်ဖြင့် ပြေးထွက်လာမိသည်။ကားပါကင်ရောက်မှ မျက်နှာပေါ်မှ မိုးရည်စက်များကို သပ်ချမိသည်။
သူအတွေးထဲ ပထမဆုံးဝင်လာသည်က kunhang။kunhangနေသည့်မြို့က သည်ချိန်ဆို ဆောင်းဦးတဲ့လေ။xiaojunတစ်ယောက် သည်ဘက်မှာ မိုးတွေ သဲကြီးမဲကြီးရွာနေလို့ ချမ်းနေဖို့ အချိန်တောင်မရနိုင်။ဟိုဘက်မှာကအပူချိနိ 10°ပဲရှိတာမလို့ kunhangအေးတာနဲ့ အဆင်ပြေနေပါ့မလား အရင်တွေးမိသည်။kunhangအကြိုက်တွေကို မသိခဲ့မိသည့် သူကိုယ်သူလည်း အပစ်တင်မိသည်။
သူဟာ အမြဲတမ်းနောက်ကျနေတော့တာပဲလား။
အခုနောက်ပိုင်းတွင် အတွေးတွေကkunhangမှ kunhangပင်။ပြောင်းလဲလို့ပင် မရတော့သည်အလား။kunhangကပင် xiaojunအားနည်းချက် ဖြစ်လာရချေပြီ။
Xiaojunခပ်မြန်မြန်ပင် ကားထဲသို့ဝင်ကာ condoသို့ မောင်းရတော့သည်။မေမေအိမ်မှာလည်း မနေတော့ပဲ ကျောင်းနှင့်နီးသည့်condoတစ်ခုကိုသာ ဝယ်နေလိုက်သည်။
တစ်ယောက်တည်းနေရတော့ အရင်လို လူတွေကို ဟန်ဆောင်ပြုံးစရာလည်းမလိုတော့သလို လူတွေနှင့် ရောစရာ အမြဲတမ်းမလိုမှန်း သူသိလာသည်။
နောက်ကျမှ သိခဲ့ရသည့် အမှန်တရားတွေက တကယ်စိတ်ပျက်စရာ။စောစောသိခဲ့ရင် ဘာဖြစ်မှာမလို့လဲ။
သူသာ စောစောသိခဲ့ရင် kunhangနှင့်လည်း ဝေးနိုင်ချေမရှိ၍။
---
Xiaojunကတော့ law majorတွင် အလွန်ဥာဏ်ကောင်းသူ အဖြစ်နာမည်ကြီးနေရှာပြီ။xiaojunမှာLaw majorယူရခြင်း၏ အကြောင်းပြချက်ကတော့ တစ်ခုတည်းသာ။မှန်မှန်ကန်ကန်တွေးနိုင်လာပြီး အရင်လို သောက်တစ်လွဲတွေ မလုပ်ဖို့သာ။
တခြားလူတွေက မေးလာခဲ့လျှင်တော့ သူ့အဖြေဟာ ထိုကဲ့သို့ပင်မလို့ မေးသည့်လူတွေတောင် ထူးနေကြဦးလိမ့်မည်။
Xiaojunနှင့် တသက်လုံးရေစက်မကုန်နိုင်ခဲ့သည်မှာတော့ minhyungပင်။တက္ကသိုလ်ပါ တူနေသည့် အပြင် ယူသည့်majorကလည်း လာတူနေသည်။ထိုပြင်သူနှင့်haechanကလည်း ရောက်ရောက်လာ၍ haechanနှင့်ပါ ရေစက်မကုန်သေးနိုင်။
haechanကတော့ အထက်တန်း နောက်ဆုံးသာရှိသေးပေမယ့် နောက်နှစ်ဆို သူလည်း ဒီကျောင်း ဒီmajorသာ လာမည်မလို့ အရင်ကထက် roပုံroနည်းပုံစံပေါင်းစုံကို ကြည့်ရတော့မည်။တွေးရင်းဖြင့်သာ သက်ပြင်းချမိ၏။
"ကျစ်! မင်းဘယ်လိုဖြစ်လို့ သက်ပြင်းတွေပဲ ချနေတာတုန်း ငါတောင် စာလုပ်ရတာပျင်းလာပြီ"
သက်ပြင်းချမိတာ အကြိမ်ပေါင်းမနည်းတော့၍ minhyungကပါ ထငေါက်နေပြီဖြစ်သည်။
"လူပဲကို သက်ပြင်းတောင် ချလို့မရဘူးလား"
"ဒါပေမယ့် ငါလည်း ပျင်းတယ်လေကွာ"
၂ယောက်သား ကျောင်းသို့ မချိန်းထားပဲ တူတူစောစောရောက်လာကြပေမယ့် minhyungကတော့ အချိန်ကုန်မခံပဲ စာကိုကုန်းရုန်းလုပ်နေသည်။xiaojunကတော့ ထိုသို့မဟုတ် စာလုပ်နေသူ ဘေးထိုင်၍ ဟိုကြည့်သည်ကြည့်နှင့် သက်ပြင်းတွေသာ ချနေမိသည်။
သူတို့ ၂ယောက်အခြေအနေက စာမလုပ်လည်း စာမေးပွဲကို အေးဆေးဖြေနိုင်သည့် အခြေအနေပင်။ကျောင်းထဲကဉာဏ်ကောင်းလွန်းသည့်duoအဖြစ်နာမည်ကြီးခဲ့သည်က အလကားတော့ မဟုတ်။
Minhyungမှာ xiaojunကြည့်ကာပျင်းလာသည်နှင့် စာဆက်မလုပ်တော့ပဲ interviewစတင်သည်။
"မင်း! Henderyကို ဘာလို့ မမေ့နိုင်သေးတာလဲ"
"မနက်စောစောစီးစီး ဘာတွေလာမေးနေတာလဲကွာ"
"မဟုတ်ဘူးလေ မင်းကိုယ်တိုင်းငြင်းပြီး မင်းကိုယ်တိုင်ပဲ မမေ့နိုင်တာကြီးက အဆန်းကြီးနော်"
"ငါလည်း အစကတော့ မင်းလို အဆန်းကြီးဖြစ်ခဲ့တာပဲ နောက်တော့ မဆန်းတော့ပါဘူးကွာ ငါ့ကိုယ်ငါလည်း နားလည်နေပြီ"
Minhyung ခပ်ပြီပြီအပြုံးတစ်ခုအား တပ်ဆင်လျက်
"အံမယ် သူရင့်ကျက်နေပါပြီပေါ့"
"ဒါပေါ့ကွ!"
"ညတိုင်းဖန်ခွက်လေးပိုက်ပြီး ငိုတာ ဘယ်သူလဲ ဟေ့"
"ဟေ့ကောင် makrue!"
တော်သေး၍ အတန်းထဲတွင် လူမရှိလို့သာ။မဟုတ်ရင်တော့xiaojunရဲ့ အားနည်းချက်လေးကတော့ လူသိတော့မည်။သည်ကောင် တော်တော်လည်း ပါးစပ်အငြိမ် မနေနိုင်သည့်ကောင်ပင်။
---
Xiaojunတို့ ပထမနှစ်ဝက် စာမေးပွဲကြီးအပြီး နှင့်အတူကျောင်းပါပိတ်သွားပြီဖြစ်၍ law majorကျောင်းသားများစုကာ ပါတီ အသေးစားလေးလုပ်ဖြစ်ကြသည်။
Minhyungကတော့ haechanနှင့် အတူတူရောက်လာကာ xiaojunကတော့ တစ်ကိုယ်တည်းပင်။
Januaryလဆိုတာ shanghaiရဲ့အအေးဆုံးလပင်ဖြစ်၍ အပူချိန်တောင်4°Cလောက်ပဲရှိတာမလို့ ပါတီလာသည့် ကျောင်းသားများမှာ မည်သူတစ်ဦးတစ်ယောက်မှ ရှိုးထုတ်နိုင်ခြင်းမရှိ။အနွေးထည်ဂျာကင်အထူကြီးတွေနှင့်သာ ရောက်ရှိလာကြသည်။
"မင်းက ရည်းစားကိုတောင် ခေါ်လာနိုင်သေးတယ်ပေါ့"
"ဘာလဲ မကျေနပ်ဘူးလား သူ့မှာမရှိတိုင်း"
"အောင်မာ!"
တွေ့တာနှင့် ထသတ်ကျသည့် လူ၂ယောက်ကြောင့် haechanမှာ ပြုံးမိပြန်သေးသည်။
"မင်းတို့ ငါရှေ့မှာပဲ ၅နှစ်လုံးလုံးလက်တွဲလာနိုင်တာ အံ့သြစရာကြီးနော် မသိရင် မနေ့တစ်နေ့ကအတိုင်းပဲ"
"ဒါကတော့ဗျာ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်နားလည်မှုတွေ ရှိခဲ့ကြလို့ပေါ့ဗျ"
Haechanစကားကို xiaojunကခေါင်းတငြိမ့်ငြိမ့်ဖြင့်
"အင်း... တစ်ယောက်ကနားလည်မှုတွေ ရှိခဲ့ပြီး နောက်တစ်ယောက်က နားမလည်နိုင်ခဲ့ဘူးဆိုရင်ရော"
အနည်းငယ်မူးနေပြီဖြစ်တဲ့ သူ့သူငယ်ချင်းအခြေအနေကို သိသောminhyungက ဝင်ကန့်ကာ
"ဟျောင့်တော်တော့!"
"အဲ့ဒါက တစ်ချိန်ကျနားလည်သွားနိုင်တာပဲ နားလည်သွားတဲ့ အချိန်ကျ သူ့ရှေ့ကို ကိုယ်တိုင်သွားပြီး နားလည်ပြီ ဖြစ်ကြောင်းပြောပြရမှာပေါ့"
"သူက အဲ့ဒါတွေ မကြားချင်တော့ဘူး မေ့ပစ်လိုက်ပြီ ဆိုရင်ရော ဘယ်လို လုပ်မလဲ"
"..."
Haechanမှာ တကယ်ပြောစရာပင် မရှိတော့။ဘယ်လိုရှင်းပြရမှန်းတောင်မသိ။xiaojunခံစားချက်တွေကို အနည်းနှင့် အများတော့ သိထားပေမယ့် သူဟာကာယကံရှင်မဟုတ်လို့ ဘယ်လိုပြောပြရမှန်းမသိနိုင်တော့။
"markue!!"
"ဟေ!"
"ငါ ဒီနှစ်ပဲ Finlandကို လိုက်သွားတော့မယ်"
"ဟေ့ကောင်! မင်းရူးနေလား ကျောင်းပြီးအောင်တက်မှပေါ့ဟ"
Minhyungစကားကို haechanကလည်း ထောက်ခံကာ
"ဟုတ်တယ် အကို! အခုနေလိုက်သွားလို့ သူက ဘယ်မှာမှန်းတောင်သိတာမဟုတ်ဘူး ပြီးရင် ကျောင်းက နောက်ထပ်နှစ်ဝက်လည်း ကျန်သေးတယ် ကို့လို့ကန့်လန့်တွေ ဖြစ်ကုန်လိမ့်မယ် နောက်ဆုံးနှစ်ထိ ပြီးအောင် တက်ပြီးမှ သွားပါ ကျွန်တော်တို့လည်း လိုက်ခဲ့ပေးမယ်လေ"
"တကယ်နော် ကျောင်းပြီးတာ လိုက်ခဲ့ပေးရမှာနော် မင်းတို့ရော"
"အေးလို့"
ထိုနှစ်ယောက် စကားကြောင့် xiaojunမှာ တဖန် ပြန်ပြုံးရကာ စိတ်ထဲတွင်လည်းhenderyကို တွေ့ရတော့မည်ဟုသော အတွေးများကသာ စိုးမိုးနေလျက်ရှိနေသည်။
---
25.5.2025💚
ဒီiydwကShort storyလေး ဖြစ်ဖို့များပါတယ်ရှင့်