(Unicode)
"ပါမောက္ခ ဂျွန် ပါမောက္ခ"
နားထဲ၌ ဌာနမှူးဂန်ရဲ့ အသံကိုကြားရတာကြောင့် သူ မျက်လုံးပွင့်လာမိ။
ခရီးပင်ပန်းဒဏ်ကြောင့်လားမပြောတတ် အရမ်းအိပ်လို့ကောင်းခဲ့သည်။
"ပါမောက္ခ လန်းသွားအောင်ရေချိုးလိုက်ပါလား"
"ဟုတ်ကဲ့"
ပေါ့ပါးဖြစ်စေမဲ့ ရှပ်အဖြူတစ်ထည်နဲ ဘောင်းဘီတိုကို ယူကာ သူထွက်လာလိုက်သည်။
မှောင်ရီစဖြစ်နေပေမဲ့လည်း မြင်သာနေသောအခြေနေကြောင့် သူဘာမှမစိုးရိမ်။
ထရံတွေသာ ပတ်ထားသော ရေချိုးခန်းထဲသို့ သူဝင်လိုက်ပြီး ကိုယ်လက်မျက်နှာသစ်နေတုန်း..
"ချောက်!"
သစ်ကိုင်းခြောက်ကျိုးသံကြောင့် သူလှည့်ကြည့်လိုက်တော့ ဖြတ်ပြေးသွားသောအရိပ်တစ်ခု..။
ထရံပေါက်ကနေ မဲမဲ အရိပ်သာလှမ်းမြင်လိုက်တာကြောင့်သူ လန့်သွားမိ။ကိုယ့်နယ် ကိုယ်မြေမဟုတ်တာကြောင့် စိုးရိမ်စိတ်ကတော့ ရှိနေခဲ့သည်။
အမြန်ချိုးပြီးကာ ပင် သုတ်သုတ်ထွက်လာလိုက်တော့ ဌာနမှူးဂန်ဖြင့်တန်းတိုးတာကြောင့် သူနည်းနည်းစိတ်လျော့လိုက်သည်။
"ပါမောက္ခ ဂျွန် ဦးလေးမင် တို့ကခေါ်နေပြီ"
"ကျွန်တော်လိုက်ခဲ့မယ် အရင်သွားနှင့်ကျပါ"
"ဟုတ် ဒါဆိုအရင်သွားနှင့်လိုက်မယ်"
လူကြီးတွေကိုမစောင့်စေချင်တာကြောင့် အမြန်ပင်ဘအင်္ကျီလဲကာ သူထွက်လာလိုက်သည်။သူရောက်တော့ အားလုံးက စကားပြောကာ စောင့်နေကြတာကြောင့် သူလဲအားနာကာ
"တောင်းပန်ပါတယ် နဲနဲနောက်ကျ"
ဘေးရိပ်ကနေဖြတ်ခနဲမြင်လိုက်ရတဲ့ သူကြောင့် သူပြောလက်စ ရပ်သွားရသည်။
တွေ့လိုက်ရတဲ့သူကြောင့် ဂျောင်ဂု မျက်ခုံးများပင့်တက်ကာ ဘာစကားမှမဆိုနိုင်တော့..
တစ်သက်မှာ သူနဲ့သာဖြစ်ဖူးတဲ့ရင်ခုန်သံတစ့ချို့က သူ့ဘေးနားက မြင်လိုက်ရတဲ့ လေးထောင့်ဆန်အပြုံးပိုင်ရှင်ကြောင့် ပြန်လည်နိုးထလာခဲ့သည်။
ကလေး..
ဟုတ်တယ် အဲ့ဒါ သူ့ရဲ့ တစ်ဦးတည်းသောထယ်ကလေးငယ်။
"ပါမောက္ခ ဂျွန် လာလေ"
ဌာနမှူးဂန်ရဲ့စကားကြောင့် ဂျောင်ဂု ဘေးသို့ဝင်ထိုင်လိုက်သည်။သူကသာ လှုပ်ရှားမှုတစ်ခုစီတိုင်းကိုလိုက်ကြည့်နေပေမဲ့ ထိုကလေးငယ်ကတော့သူ့ကိုတစ်ခါမှ မသိသလို ဖြစ်နေသည်။
ဘာလို့ အဲ့လောက်တူနေရတာလဲ..။
နှာခေါင်း မျက်လုံး အပြုံး ဘာလို့ အဲ့လောက်တထေရာထဲ ဖြစ်နေရတာလဲ။
လည်ပင်းမှာ အရစ်လို အမှတ်သားကြောင့် ဂျောင်ကု ပိုစိတ်ထဲထင့်မိ။ကြိုးကွင်းစွပ်ထားတာကြောင့် ဒဏ်ရာလို့ထိုအရစ်လိုပုံစံ သူထယ်ကို သဂြိုလ်တုန်းက တွေ့ခဲ့ရသေးသည်။
အဲ့ဒီအထိက..
"ပါမောက္ခ သုံးဆောင်ပါနော်"
အတွေးလွန်နေသော သူ့ကို ရွာလူကြီးကထည့်ပေးလာတာကြောင့်
"ဟုတ်ကဲ့ ဟို"
"မန်ဒုံရှစ်ပါ ပါမောက္ခ"
"ဟုတ်ကဲ့ ကျေးဇူးပါ ဦးလေး မန်ဒုံရှစ်"
စိတ်ထဲထမင်းစားချင်စိတ်လုံးဝမရှိတော့ပေမဲ့လည်း ဟန်ပြတစ်လုပ်နှစ်လုပ်လောက်လိုက်သည်။ ရွာလူကြီးနဲ့ ဘယ်လိုသွေးသားတော်စပ်မလဲသိပ်သိချင်နေတာကြောင့် ဌာနမှူးဂန်အနားကိုကပ်လိုက်ရင်း
"ဌာနမှူး ဂန် ဟိုကောင်လေးက ဘယ်သူလဲ"
"ဗျာ ဟို ရွာလူကြီးကတော်ဘေးကကောင်လေးလား အဲ့ဒါသူတို့သားလေ။အသက်ကြီးမှ မွေးလို့နဲ့တူတယ်တော်တော်ချစ်ရှာတယ်။နောက်ပြီး အဲ့ကောင်လေးက စကားမပြောတတ်ဘူး အ နေတာ"
"ဟင်"
အခု ဂျောင်ဂုရဲ့စိတ်ထဲမှာ ဘာဆိုဘာမှကိုမရှိတော့။သူမြတ်နိုးဆုံးတန်ဖိုးထားရတဲ့ကောင်လေးနဲ့ရုပ်ချင်းဆင်တဲ့၁၈နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုတွေ့ဆုံခဲ့တယ်။ဒါပေမဲ့မိတ္တူကူးထားသလားလို့ချွတ်စွတ်နေတဲ့ထိုကောင်လေး သူချစ်ရသူလိုတော့စကားတီတီတာတာတွေမပြောနိုင်ခဲ့ပေ။
ကံကြမ္မာ ကျီစယ်တာလား စေလိုရာလာဆိုတာကိုတော့သူကိုယ်တိုင်ပင်နားမလည်တော့။
တစ်ယောက်ထဲလိုထပ်တူညီနေတဲ့ထိုကောင်လေးကိုတော့ စစတွေ့ချင်းမှာပင် သူခံစားချက်တွေများစွာ ဝေဝါးနေခဲ့သည်။
....
ခံစားချက်တွေကို ခဏမေ့ဖျောက်ထားကာ ထိုရွာသို့လာရတဲ့ရည်ရွယ်ချက်ကို လုပ်ဆောင်ရတော့သည်။
ရွာလူကြီးအိမ်မှာပင် တဲထိုးရင်း ရွာသူရွာသားတွေကို ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်ရင်း ဟောပြောပွဲ ကျန်းမာရေးစစ်ဆေးခြင်း စသည့်တို့ကိုလုပ်ကိုင်ခဲ့နေသည်မှာ ၃ရက်ပင်ပြည့်ခဲ့ပြီ။
မနက်ထတာနဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်ရပြီမို့ ညကျရင်လည်း ဘာကိုမှမတွေးနိုင်။အနားယူရင်းအိပ်ပျော်သွားသည်မို့ ညစာကိုတောင် အချိန်လွန်မှထစားရသည်မို့ ရွာလူကြီးကိုလဲ အားနာလို့မဆုံး။
ရွာလူကြီးနဲ့သူ့မိန်းမကဖော်ရွေသလောက်သူတို့ရဲ့ သား ဟန်ဆောင်း ကတော့သူ့အကြည့်ကိုတောင်မခံ။
သူတို့မိသားစုဝိုင်းထဲဝင်ရင်ပင် ထ ထ ထွက်သွားသည့်ကောင်လေးကြောင့် ရွာလူကြီးတို့မှာ သူ့ကိုခဏခဏ တောင်းပန်စကားဆိုရစမြဲ။မနက်ဖန်ပင်ပြန်တော့မည်ကို နာမည်ကလွဲ၍ ကျန်တာ ဘာမှမသိရသည်ကို သူ့ကိုယ်သူအပြစ်တင်လို့မဆုံး။
ဘာကြောင့်ရယ်မပြောတတ်။ထိုကောင်လေးကိုသူ မြတ်နိုးစိတ်တို့ဖြစ်မိသည်။ထားသွားခဲ့တဲ့ ထယ့်နဲ့ရုပ်ချင်းဆင်တာကြောင့်လား။ရုပ်ချင်းဆင်ယုံတင်မဟုတ်ဘူး ထယ်အနားရောက်တိုင်း ဗုံတီးသလိုမြည်နေတဲ့ရင်ခုန်သံတွေကြောင့်လဲသူကထယ့်လို့ကို သူ့စိတ်ထဲမှာ မြဲမြဲကြီးထင်နေမိတာ။
ပညာတတ် ပါမောက္ခ တစ်ယောက်က သဘာဝလွန် စွမ်းအား လူဝင်စားကိစ္စကို ယုံတာမို့ရူးနေတယ်ထင်ကောင်းထင်လိမ့်ပေမဲ့ သူကတော့ အဲ့ဒါတွေအစား ထယ်ကိုပဲ ယုံကြည်ချင်မိသည်။
ထင်သလိုသာ ဖြစ်နေခဲ့ရင်တော့ ဒီတစ်ခါတော့ မထွက်ပြေးနိုင်အောင်ဖမ်းချုပ်ထားတော့မည်..။
"ပါမောက္ခ ဂျွန်"
"ဗျာ"
မနက်ဖန်ပြန်ရတော့မည်မို့ ပစ္စည်းတွေထည့်နေတုန်း ဌာနမှူး ဂန် ရဲ့အသံကြားလို့ သူလှည့်ကြည့်လိုက်တော့ အုပ်စုလိုက်သူ့အားကြည့်ရင်း
"ကျွန်တော်တို့ရွာထဲလျှောက်လည်မလို့ ပါမောက္ခ ရောလိုက်အုံးမလားလို့ပါ"
"အာ မလိုက်တော့ဘူး ကောင်းကောင်းလည်ခဲ့ကြပါ"
"ဟုတ်ကဲ့ ပါမောက္ခ"
သူ့အားနှုတ်ဆက်ကာ ထွက်သွားတဲ့ ဆရာဝန် ဆရာဝန်မတစ်ချို့ကို ကြည့်လိုက်ရင်း သူလဲ အဝတ်တွေပြန်ထည့်နေလိုက်သည်။
စိတ်ထဲမှာလဲ ဟန်ဆောင်း ကို နောက်ဆံတင်းသလို ခံစားရရင်း မြို့ကတာဝန်တွေအတွက်လဲ တွေးရင်းပိုပင်ပန်းနေမိသည်။
သူဘာလုပ်ရမလဲ။
ဆက်တွေးနေရင်ပင်ပန်းလာတာကြောင့် နောက်ဆုံးအကြိမ်လေးများ ထယ်နဲ့ချွတ်စွတ်တူတဲ့ဟန်ဆောင်းကို တွေ့လို့တွေ့ညား အိမ်ကြီးဘက်ကိုသူထွက်လာလိုက်သည်။
ဆုတောင်းကပြည့်သည်ထင်ပ။ကွပ်ပျစ်ပေါ်၌ ယပ်တောင်ခပ်ရင်းလှဲနေသည့် ဟန်ဆောင်း။
ပူလို့ထင်သည် ချွေးစို့စို့နဲ့ရှုံ့မဲ့နေတဲ့ မျက်နှာလေးက အလိုမကျတွေအထင်းသားပင်။
သူ လာသည်ကိုမြင်သွားပုံရ။ချက်ချင်းပင် ထပြေးတော့မည့်ကောင်လေးကို တားလိုက်တော့ မျက်လုံးပြူးလျက်ကြည့်လာသည်။
ကြယ်ရောင်တောက်တောက် စိန်တလက်လက် တို့လို ကြည်တောက်ပနေတဲ့ မျက်လုံးတွေက သူ့ရဲ့ထယ်နဲ့ပုံစံအတူပင်။
လွမ်းနေခဲ့တဲ့မျက်နှာလေးကိုကြည့်ရင်း ပို၍အလွမ်းတွေတိုးပွားလာတာကြောင့် ဘာဂုဏ်ဒြပ်မှ သတိမရတော့ပဲ သူ မျက်အိမ်မှာ အလွမ်းရည်တွေဝေ့ခနဲတက်လာသည်။
ပါးပြင်နုနုကို ထိတွေ့ချင်မိတဲ့ဆန္ဒကြောင့်လက်လှမ်းလိုက်တော့ အနောက်ကိုဆုတ်သွားသည့် သူရဲ့ထယ်ပုံတူ။
"အာ တောင်းပန်ပါတယ်။ကိုယ့်အသိတစ်ယောက်နဲ့တူနေလို့"
ဘာပြောပြော မျက်လုံးသာပြူးကြောင်ကြောင်နဲ့သာကြည့်နေသာ ချစ်ဖို့ကောင်းတဲ့ သူ့ကြောင့် ဂျောင်ကု ရယ်လိုက်မိသည်။ထိုသည်ကိုပင် ထပ်ပြီးကြောင်တောင်တောင်ကြည့်နေတာကြောင့်
"ဘာမှမဟုတ်တော့ဘူး လာပါထိုင်ကြရအောင်"
ကွပ်ပျစ်ပေါ်ကိုသူ သွားထိုင်လိုက်တော့ ကျုံ့ကျုံ့လေးသာရပ်နေခဲ့သည်။
"လာလေ"
လက်ကောက်ဝတ်ကနေ ခပ်ဖွဖွထိကာခေါ်လိုက်တော့ သူနဲ့ နဲနဲဝေးဝေးတွင်သွားထိုင်နေသည်။
ဘာစကားမှမပြောပေမဲ့ ဝတ်ထားတဲ့ရှပ် အင်္ကျီကို ခါနေတာကြောင့်
"ပူလို့လား"
ခေါင်းတရဆက်ငြိမ့်ကာဖြေလာသည့် ကောင်လေးကြောင့် သူ့ကို သိပ်အနေမခက်တော့ကြောင်းသိလိုက်သည်။
"အသက်ဘယ်လောက်ရှိပြီလဲ"
တစ်ချောင်းထောင်ပြပြီး ကိုးထောင်ပြလာတာကြောင့် ဆယ့်ကိုးနှစ်လို့ပြောမှန်းသိလိုက်ရသည်။
ဘာဆက်ပြောရမှန်းမသိဖြစ်နေတုန်း အိမ်ထဲမှ ရွာလူကြီးကတော်ရောက်လာတာကြောင့် ထိုကောင်လေးလဲထွက်သွားတော့သည်။
"ပါမောက္ခက မလိုက်သွားဘူးလား"
"ဟုတ်တယ်ဗျ"
"သားလေးက နဲနဲစိမ်းတာရှိရင်တောင်းပန်ပါတယ်နော်။သူကအရင်က အဲ့လိုမဟုတ်ဘူး။
အရမ်းလဲလည်သလိုအရမ်းလဲစကားတတ်တာ။"
စကားလဲတတ်တယ်ဆိုသော စကားကြောင့် သူအနည်းငယ်ရှုပ်ထွေးသွားရသလိုပင်။သူအတွေးကိုသိနေသူပီပီ ရွာလူကြီးကတော်က
"သားကအရင်က ဘာမှမချို့ယွင်းပါဘူး။တကယ့်လူကောင်းအတိုင်းပါ။ဒါပေမဲ့ သူနေအတော်မကောင်းတဲ့နေ့ကပေါ့။အဲ့တုန်းကအဖျားကြီးတာ အားလုံးကလက်လျော့လိုက်ရပြီထင်တာ။သူပြန်ကောင်းလာတယ် ဒါပေမဲ့အရင်လိုပျော်ပျော်ရွှင်ရွှင်မဟုတ်ပဲနဲ့ မှိုင်တွေပြီး စဥ်းစားစရာတွေများနေတဲ့သူလိုပဲ ဖြစ်သွားခဲ့တယ်။အဲ့ကနေ စပြီးစကားလဲလုံးဝမပြောတော့တာပဲ"
စိတ်မကောင်းစရာအကြောင်းအရာနဲ့အတူ ဝမ်းနည်းနေချိန်၌ ဖြတ်ခနဲဝင်လာသောအကြံတစ်ခုက ပါမောက္ခဆိုသော ဂုဏ်နဲ့ပင်မလိုက်ခဲ့ပါလား...။
Epilogue
အားပေးဖတ်ရှုမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်🙏🙏
💜💜💜
.....
(Zawgyi)
"ပါေမာကၡ ဂြၽန္ ပါေမာကၡ"
နားထဲ၌ ဌာနမႉးဂန္ရဲ႕ အသံကိုၾကားရတာေၾကာင့္ သူ မ်က္လုံးပြင့္လာမိ။
ခရီးပင္ပန္းဒဏ္ေၾကာင့္လားမေျပာတတ္ အရမ္းအိပ္လို႔ေကာင္းခဲ့သည္။
"ပါေမာကၡ လန္းသြားေအာင္ေရခ်ိဳးလိုက္ပါလား"
"ဟုတ္ကဲ့"
ေပါ့ပါးျဖစ္ေစမဲ့ ရွပ္အျဖဴတစ္ထည္နဲ ေဘာင္းဘီတိုကို ယူကာ သူထြက္လာလိုက္သည္။
ေမွာင္ရီစျဖစ္ေနေပမဲ့လည္း ျမင္သာေနေသာအေျခေနေၾကာင့္ သူဘာမွမစိုးရိမ္။
ထရံေတြသာ ပတ္ထားေသာ ေရခ်ိဳးခန္းထဲသို႔ သူဝင္လိုက္ၿပီး ကိုယ္လက္မ်က္ႏွာသစ္ေနတုန္း..
"ေခ်ာက္!"
သစ္ကိုင္းေျခာက္က်ိဳးသံေၾကာင့္ သူလွည့္ၾကည့္လိုက္ေတာ့ ျဖတ္ေျပးသြားေသာအရိပ္တစ္ခု..။
ထရံေပါက္ကေန မဲမဲ အရိပ္သာလွမ္းျမင္လိုက္တာေၾကာင့္သူ လန့္သြားမိ။ကိုယ့္နယ္ ကိုယ္ေျမမဟုတ္တာေၾကာင့္ စိုးရိမ္စိတ္ကေတာ့ ရွိေနခဲ့သည္။
အျမန္ခ်ိဳးၿပီးကာ ပင္ သုတ္သုတ္ထြက္လာလိုက္ေတာ့ ဌာနမႉးဂန္ျဖင့္တန္းတိုးတာေၾကာင့္ သူနည္းနည္းစိတ္ေလ်ာ့လိုက္သည္။
"ပါေမာကၡ ဂြၽန္ ဦးေလးမင္ တို႔ကေခၚေနၿပီ"
"ကြၽန္ေတာ္လိုက္ခဲ့မယ္ အရင္သြားႏွင့္က်ပါ"
"ဟုတ္ ဒါဆိုအရင္သြားႏွင့္လိုက္မယ္"
လူႀကီးေတြကိုမေစာင့္ေစခ်င္တာေၾကာင့္ အျမန္ပင္ဘအကၤ်ီလဲကာ သူထြက္လာလိုက္သည္။သူေရာက္ေတာ့ အားလုံးက စကားေျပာကာ ေစာင့္ေနၾကတာေၾကာင့္ သူလဲအားနာကာ
"ေတာင္းပန္ပါတယ္ နဲနဲေနာက္က်"
ေဘးရိပ္ကေနျဖတ္ခနဲျမင္လိုက္ရတဲ့ သူေၾကာင့္ သူေျပာလက္စ ရပ္သြားရသည္။
ေတြ႕လိုက္ရတဲ့သူေၾကာင့္ ေဂ်ာင္ဂု မ်က္ခုံးမ်ားပင့္တက္ကာ ဘာစကားမွမဆိုနိုင္ေတာ့..
တစ္သက္မွာ သူနဲ႕သာျဖစ္ဖူးတဲ့ရင္ခုန္သံတစ့ခ်ိဳ႕က သူ႕ေဘးနားက ျမင္လိုက္ရတဲ့ ေလးေထာင့္ဆန္အၿပဳံးပိုင္ရွင္ေၾကာင့္ ျပန္လည္နိုးထလာခဲ့သည္။
ကေလး..
ဟုတ္တယ္ အဲ့ဒါ သူ႕ရဲ႕ တစ္ဦးတည္းေသာထယ္ကေလးငယ္။
"ပါေမာကၡ ဂြၽန္ လာေလ"
ဌာနမႉးဂန္ရဲ႕စကားေၾကာင့္ ေဂ်ာင္ဂု ေဘးသို႔ဝင္ထိုင္လိုက္သည္။သူကသာ လႈပ္ရွားမႈတစ္ခုစီတိုင္းကိုလိုက္ၾကည့္ေနေပမဲ့ ထိုကေလးငယ္ကေတာ့သူ႕ကိုတစ္ခါမွ မသိသလို ျဖစ္ေနသည္။
ဘာလို႔ အဲ့ေလာက္တူေနရတာလဲ..။
ႏွာေခါင္း မ်က္လုံး အၿပဳံး ဘာလို႔ အဲ့ေလာက္တေထရာထဲ ျဖစ္ေနရတာလဲ။
လည္ပင္းမွာ အရစ္လို အမွတ္သားေၾကာင့္ ေဂ်ာင္ကု ပိုစိတ္ထဲထင့္မိ။ႀကိဳးကြင္းစြပ္ထားတာေၾကာင့္ ဒဏ္ရာလို႔ထိုအရစ္လိုပုံစံ သူထယ္ကို သၿဂိဳလ္တုန္းက ေတြ႕ခဲ့ရေသးသည္။
အဲ့ဒီအထိက..
"ပါေမာကၡ သုံးေဆာင္ပါေနာ္"
အေတြးလြန္ေနေသာ သူ႕ကို ႐ြာလူႀကီးကထည့္ေပးလာတာေၾကာင့္
"ဟုတ္ကဲ့ ဟို"
"မန္ဒုံရွစ္ပါ ပါေမာကၡ"
"ဟုတ္ကဲ့ ေက်းဇူးပါ ဦးေလး မန္ဒုံရွစ္"
စိတ္ထဲထမင္းစားခ်င္စိတ္လုံးဝမရွိေတာ့ေပမဲ့လည္း ဟန္ျပတစ္လုပ္ႏွစ္လုပ္ေလာက္လိုက္သည္။ ႐ြာလူႀကီးနဲ႕ ဘယ္လိုေသြးသားေတာ္စပ္မလဲသိပ္သိခ်င္ေနတာေၾကာင့္ ဌာနမႉးဂန္အနားကိုကပ္လိုက္ရင္း
"ဌာနမႉး ဂန္ ဟိုေကာင္ေလးက ဘယ္သူလဲ"
"ဗ်ာ ဟို ႐ြာလူႀကီးကေတာ္ေဘးကေကာင္ေလးလား အဲ့ဒါသူတို႔သားေလ။အသက္ႀကီးမွ ေမြးလို႔နဲ႕တူတယ္ေတာ္ေတာ္ခ်စ္ရွာတယ္။ေနာက္ၿပီး အဲ့ေကာင္ေလးက စကားမေျပာတတ္ဘူး အ ေနတာ"
"ဟင္"
အခု ေဂ်ာင္ဂုရဲ႕စိတ္ထဲမွာ ဘာဆိုဘာမွကိုမရွိေတာ့။သူျမတ္နိုးဆုံးတန္ဖိုးထားရတဲ့ေကာင္ေလးနဲ႕႐ုပ္ခ်င္းဆင္တဲ့၁၈ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ကိုေတြ႕ဆုံခဲ့တယ္။ဒါေပမဲ့မိတၱဴကူးထားသလားလို႔ခြၽတ္စြတ္ေနတဲ့ထိုေကာင္ေလး သူခ်စ္ရသူလိုေတာ့စကားတီတီတာတာေတြမေျပာနိုင္ခဲ့ေပ။
ကံၾကမၼာ က်ီစယ္တာလား ေစလိုရာလာဆိုတာကိုေတာ့သူကိုယ္တိုင္ပင္နားမလည္ေတာ့။
တစ္ေယာက္ထဲလိုထပ္တူညီေနတဲ့ထိုေကာင္ေလးကိုေတာ့ စစေတြ႕ခ်င္းမွာပင္ သူခံစားခ်က္ေတြမ်ားစြာ ေဝဝါးေနခဲ့သည္။
....
ခံစားခ်က္ေတြကို ခဏေမ့ေဖ်ာက္ထားကာ ထို႐ြာသို႔လာရတဲ့ရည္႐ြယ္ခ်က္ကို လုပ္ေဆာင္ရေတာ့သည္။
႐ြာလူႀကီးအိမ္မွာပင္ တဲထိုးရင္း ႐ြာသူ႐ြာသားေတြကို ကိုယ့္တာဝန္ကိုယ္ထမ္းေဆာင္ရင္း ေဟာေျပာပြဲ က်န္းမာေရးစစ္ေဆးျခင္း စသည့္တို႔ကိုလုပ္ကိုင္ခဲ့ေနသည္မွာ ၃ရက္ပင္ျပည့္ခဲ့ၿပီ။
မနက္ထတာနဲ႕ လုပ္ငန္းေတြကိုလုပ္ေဆာင္ရၿပီမို႔ ညက်ရင္လည္း ဘာကိုမွမေတြးနိုင္။အနားယူရင္းအိပ္ေပ်ာ္သြားသည္မို႔ ညစာကိုေတာင္ အခ်ိန္လြန္မွထစားရသည္မို႔ ႐ြာလူႀကီးကိုလဲ အားနာလို႔မဆုံး။
႐ြာလူႀကီးနဲ႕သူ႕မိန္းမကေဖာ္ေ႐ြသေလာက္သူတို႔ရဲ႕ သား ဟန္ေဆာင္း ကေတာ့သူ႕အၾကည့္ကိုေတာင္မခံ။
သူတို႔မိသားစုဝိုင္းထဲဝင္ရင္ပင္ ထ ထ ထြက္သြားသည့္ေကာင္ေလးေၾကာင့္ ႐ြာလူႀကီးတို႔မွာ သူ႕ကိုခဏခဏ ေတာင္းပန္စကားဆိုရစၿမဲ။မနက္ဖန္ပင္ျပန္ေတာ့မည္ကို နာမည္ကလြဲ၍ က်န္တာ ဘာမွမသိရသည္ကို သူ႕ကိုယ္သူအျပစ္တင္လို႔မဆုံး။
ဘာေၾကာင့္ရယ္မေျပာတတ္။ထိုေကာင္ေလးကိုသူ ျမတ္နိုးစိတ္တို႔ျဖစ္မိသည္။ထားသြားခဲ့တဲ့ ထယ့္နဲ႕႐ုပ္ခ်င္းဆင္တာေၾကာင့္လား။႐ုပ္ခ်င္းဆင္ယုံတင္မဟုတ္ဘူး ထယ္အနားေရာက္တိုင္း ဗုံတီးသလိုျမည္ေနတဲ့ရင္ခုန္သံေတြေၾကာင့္လဲသူကထယ့္လို႔ကို သူ႕စိတ္ထဲမွာ ၿမဲၿမဲႀကီးထင္ေနမိတာ။
ပညာတတ္ ပါေမာကၡ တစ္ေယာက္က သဘာဝလြန္ စြမ္းအား လူဝင္စားကိစၥကို ယုံတာမို႔႐ူးေနတယ္ထင္ေကာင္းထင္လိမ့္ေပမဲ့ သူကေတာ့ အဲ့ဒါေတြအစား ထယ္ကိုပဲ ယုံၾကည္ခ်င္မိသည္။
ထင္သလိုသာ ျဖစ္ေနခဲ့ရင္ေတာ့ ဒီတစ္ခါေတာ့ မထြက္ေျပးနိုင္ေအာင္ဖမ္းခ်ဳပ္ထားေတာ့မည္..။
"ပါေမာကၡ ဂြၽန္"
"ဗ်ာ"
မနက္ဖန္ျပန္ရေတာ့မည္မို႔ ပစၥည္းေတြထည့္ေနတုန္း ဌာနမႉး ဂန္ ရဲ႕အသံၾကားလို႔ သူလွည့္ၾကည့္လိုက္ေတာ့ အုပ္စုလိုက္သူ႕အားၾကည့္ရင္း
"ကြၽန္ေတာ္တို႔႐ြာထဲေလွ်ာက္လည္မလို႔ ပါေမာကၡ ေရာလိုက္အုံးမလားလို႔ပါ"
"အာ မလိုက္ေတာ့ဘူး ေကာင္းေကာင္းလည္ခဲ့ၾကပါ"
"ဟုတ္ကဲ့ ပါေမာကၡ"
သူ႕အားႏႈတ္ဆက္ကာ ထြက္သြားတဲ့ ဆရာဝန္ ဆရာဝန္မတစ္ခ်ိဳ႕ကို ၾကည့္လိုက္ရင္း သူလဲ အဝတ္ေတြျပန္ထည့္ေနလိုက္သည္။
စိတ္ထဲမွာလဲ ဟန္ေဆာင္း ကို ေနာက္ဆံတင္းသလို ခံစားရရင္း ၿမိဳ႕ကတာဝန္ေတြအတြက္လဲ ေတြးရင္းပိုပင္ပန္းေနမိသည္။
သူဘာလုပ္ရမလဲ။
ဆက္ေတြးေနရင္ပင္ပန္းလာတာေၾကာင့္ ေနာက္ဆုံးအႀကိမ္ေလးမ်ား ထယ္နဲ႕ခြၽတ္စြတ္တူတဲ့ဟန္ေဆာင္းကို ေတြ႕လို႔ေတြ႕ညား အိမ္ႀကီးဘက္ကိုသူထြက္လာလိုက္သည္။
ဆုေတာင္းကျပည့္သည္ထင္ပ။ကြပ္ပ်စ္ေပၚ၌ ယပ္ေတာင္ခပ္ရင္းလွဲေနသည့္ ဟန္ေဆာင္း။
ပူလို႔ထင္သည္ ေခြၽးစို႔စို႔နဲ႕ရႈံ႕မဲ့ေနတဲ့ မ်က္ႏွာေလးက အလိုမက်ေတြအထင္းသားပင္။
သူ လာသည္ကိုျမင္သြားပုံရ။ခ်က္ခ်င္းပင္ ထေျပးေတာ့မည့္ေကာင္ေလးကို တားလိုက္ေတာ့ မ်က္လုံးျပဴးလ်က္ၾကည့္လာသည္။
ၾကယ္ေရာင္ေတာက္ေတာက္ စိန္တလက္လက္ တို႔လို ၾကည္ေတာက္ပေနတဲ့ မ်က္လုံးေတြက သူ႕ရဲ႕ထယ္နဲ႕ပုံစံအတူပင္။
လြမ္းေနခဲ့တဲ့မ်က္ႏွာေလးကိုၾကည့္ရင္း ပို၍အလြမ္းေတြတိုးပြားလာတာေၾကာင့္ ဘာဂုဏ္ျဒပ္မွ သတိမရေတာ့ပဲ သူ မ်က္အိမ္မွာ အလြမ္းရည္ေတြေဝ့ခနဲတက္လာသည္။
ပါးျပင္ႏုႏုကို ထိေတြ႕ခ်င္မိတဲ့ဆႏၵေၾကာင့္လက္လွမ္းလိုက္ေတာ့ အေနာက္ကိုဆုတ္သြားသည့္ သူရဲ႕ထယ္ပုံတူ။
"အာ ေတာင္းပန္ပါတယ္။ကိုယ့္အသိတစ္ေယာက္နဲ႕တူေနလို႔"
ဘာေျပာေျပာ မ်က္လုံးသာျပဴးေၾကာင္ေၾကာင္နဲ႕သာၾကည့္ေနသာ ခ်စ္ဖို႔ေကာင္းတဲ့ သူ႕ေၾကာင့္ ေဂ်ာင္ကု ရယ္လိုက္မိသည္။ထိုသည္ကိုပင္ ထပ္ၿပီးေၾကာင္ေတာင္ေတာင္ၾကည့္ေနတာေၾကာင့္
"ဘာမွမဟုတ္ေတာ့ဘူး လာပါထိုင္ၾကရေအာင္"
ကြပ္ပ်စ္ေပၚကိုသူ သြားထိုင္လိုက္ေတာ့ က်ဳံ႕က်ဳံ႕ေလးသာရပ္ေနခဲ့သည္။
"လာေလ"
လက္ေကာက္ဝတ္ကေန ခပ္ဖြဖြထိကာေခၚလိုက္ေတာ့ သူနဲ႕ နဲနဲေဝးေဝးတြင္သြားထိုင္ေနသည္။
ဘာစကားမွမေျပာေပမဲ့ ဝတ္ထားတဲ့ရွပ္ အကၤ်ီကို ခါေနတာေၾကာင့္
"ပူလို႔လား"
ေခါင္းတရဆက္ၿငိမ့္ကာေျဖလာသည့္ ေကာင္ေလးေၾကာင့္ သူ႕ကို သိပ္အေနမခက္ေတာ့ေၾကာင္းသိလိုက္သည္။
"အသက္ဘယ္ေလာက္ရွိၿပီလဲ"
တစ္ေခ်ာင္းေထာင္ျပၿပီး ကိုးေထာင္ျပလာတာေၾကာင့္ ဆယ့္ကိုးႏွစ္လို႔ေျပာမွန္းသိလိုက္ရသည္။
ဘာဆက္ေျပာရမွန္းမသိျဖစ္ေနတုန္း အိမ္ထဲမွ ႐ြာလူႀကီးကေတာ္ေရာက္လာတာေၾကာင့္ ထိုေကာင္ေလးလဲထြက္သြားေတာ့သည္။
"ပါေမာကၡက မလိုက္သြားဘူးလား"
"ဟုတ္တယ္ဗ်"
"သားေလးက နဲနဲစိမ္းတာရွိရင္ေတာင္းပန္ပါတယ္ေနာ္။သူကအရင္က အဲ့လိုမဟုတ္ဘူး။
အရမ္းလဲလည္သလိုအရမ္းလဲစကားတတ္တာ။"
စကားလဲတတ္တယ္ဆိုေသာ စကားေၾကာင့္ သူအနည္းငယ္ရႈပ္ေထြးသြားရသလိုပင္။သူအေတြးကိုသိေနသူပီပီ ႐ြာလူႀကီးကေတာ္က
"သားကအရင္က ဘာမွမခ်ိဳ႕ယြင္းပါဘူး။တကယ့္လူေကာင္းအတိုင္းပါ။ဒါေပမဲ့ သူေနအေတာ္မေကာင္းတဲ့ေန႕ကေပါ့။အဲ့တုန္းကအဖ်ားႀကီးတာ အားလုံးကလက္ေလ်ာ့လိုက္ရၿပီထင္တာ။သူျပန္ေကာင္းလာတယ္ ဒါေပမဲ့အရင္လိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္မဟုတ္ပဲနဲ႕ မွိုင္ေတြၿပီး စဥ္းစားစရာေတြမ်ားေနတဲ့သူလိုပဲ ျဖစ္သြားခဲ့တယ္။အဲ့ကေန စၿပီးစကားလဲလုံးဝမေျပာေတာ့တာပဲ"
စိတ္မေကာင္းစရာအေၾကာင္းအရာနဲ႕အတူ ဝမ္းနည္းေနခ်ိန္၌ ျဖတ္ခနဲဝင္လာေသာအႀကံတစ္ခုက ပါေမာကၡဆိုေသာ ဂုဏ္နဲ႕ပင္မလိုက္ခဲ့ပါလား...။
Epilogue
အားေပးဖတ္ရႈမႈအတြက္ေက်းဇူးအမ်ားႀကီးတင္ပါတယ္🙏🙏
💜💜💜