" အဲ့ Videoက fake ကြီးလေ နင်တို့နားမလည်ကြဘူးလား !! ငါ့ကိုအဲ့လိုလာမကြည့်ကြနဲ့"
" Videoကိုfakeလို့ နင့်ကိုဘယ်သူပြောလဲ ? "
" Mari !! နင် ဒါတမင်လုပ်ကြံတာမလား ? "
" ရူးနေလို့ ငါက လုပ်ကြံရမှာလား နင်သာလုပ်ကြံပြီး Sehun ကို စွပ်စွဲနေတာလေ ? "
" မဟုတ်ဘူး !! မဟုတ်ဘူး !! Chanyeol ! အဲ့ဒါတွေကမှားနေတာ မဟုတ်ဘူး ငါမဟုတ်ဘူး "
Chanyeol နားလာကာ လက်ကိုကိုင်ပြီး အတင်းရှင်းပြလေသည်။ Chanyeol က လက်ကို လွတ်ကာ။
" မင်းနာမည်ကို မင်းကိုယ်တိုင်ကြားလိုက်တာတောင် မဟုတ်ဘူးလို့ငြင်းချင်နေတာလား ? "
" အဟမ်း အဟမ်း ခဏလောက်ငြိမ်ပေးပါ "
Mari က ခဏငြိမ်ခိုင်းကာ
" မနေ့က Soyouက တောင်ပေါ်မှာ Ph ကျန်ခဲ့လ်ု့ ပြန်သွားယူရင်း အနုပညာမေဂျာကQueen လေးရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်လေးကို တွေ့ပြီး သဘောကျလို့ ရိုက်လာတာပါ ... "
Jiyu ကတော့ ရပ်မြဲရပ်နေပြီး လက်သီးဆုပ်ထားလေသည်။
Soyou ကလည်း ထပ်ပြောသေးသည်။" Soyou က ဒီဇာတိပါ လမ်းတွေကိုကောင်းကောင်းသိတယ်Ph ကျန်ခဲ့လို့သွားယူရင်း ရိုက်လာတာပါ Sehun ကို တောင်ပေါ်မှာ တစ်ယောက်တည်းထားခဲ့တယ်ဆိုတာကို သိသိချင်းသွားမလို့လုပ်ပေမယ့် Video ကိုဆက်ရိုက်နေရတာမို့ မသွားခဲ့ရဘူး ...
နောက်မှ Mari ကို ပြလိုက်တာပါ Jiyu ရဲ့ မဟုတ်တမ်းစကား တွေကြောင့် Sehun ကိုမနစ်နာစေချင်လို့ "
" ခုချက်ချင်း Sehun ကိုတောင်းပန်ပါ Jiyu "
" ငါကလား! ဘာလို့လဲ "
Jiyu က Jong in စကားကိုပင် ပြန်ချေနေသေးသည်။
" ဘာလို့လဲ ဟုတ်လား ? မင်းကြောင့် Sehun က အပြောခံရတာလေ မင်းမသိဘူးလား သူဘယ်လောက်စိတ်ပင်ပန်းခဲ့ရလဲ "
" ဒီမှာ Baekhyun ငါပြောလိုက်မယ် ... သေတာတောင် မတောင်းပန်နိုင်ဘူး !! ပြီးတော~ အဲ့ VideoကFakeလေ ငါ မဟုတ်ဘူး မယုံရင် ငါ့ သူငယ်ချင်းကိုမေးကြည့်လေ "
Sehun နဲ့ Chanyeol ကတော့ ဝင်မပါ စကားပြောနေတာသာ ကြည့်နေလိုက်သည်။

YOU ARE READING
B?a?b?e? ???? [ Completed ]
RomanceChanhun Start date - 26 . November . 2020 End date - 5 . August . 2021