抖阴社区

? 11 ?

499 64 8
                                        

အခုဆိုရင်ဖြင့် Park Chanyeol တစ်ကောင်သူများအိမ်လာပြီး လေလုံးထွားနေတာမပြီးတော့ပါ။The Whole King, Queen ပြိုင်ပွဲမှာ သူက The Whole king ဆုရသွားတာကိုPapa နဲ့ Mama ဆီလာပြီး ကြွားနေတာမပြီးတော့ဘူး။

ကောင်မလေးတွေကလည်း ဘာလို့အဲ့ကောင်ကိုများကြိုက်ကြလည်းမသိ ။ အရပ်ကလည်းကလန်ကလားနဲ့ သွားကလည်း ဆယ့်နှစ်ရာသီဖြီးပြီး ပြောင်စပ်စပ်နဲ့ ။ သူကတော့ Prince ဆုရတယ် ပွဲလုပ်တုန်းကလည်း မသိတဲ့လူတွေများလို့ ကိုယ့်အသိသူငယ်ချင်းတွေလောက်ဘဲ စကားပြောနေတာကို ပွဲခင်းထဲမှာတော့ အချေကိုယ်တော်လေးဆိုပြီးနာမည်ရသေး။

သိပ်ခက်တယ် လူတွေက စကားမပြောတော့လည်း ချေတယ်တဲ့ စကားအများပြောပြန်ရင်လည်း ပေါက်ပေါက်ဖောက်တယ်လုပ်သေး။
လှေကားကနေဆင်းကာ ဧည့်ခန်းထဲက ကြွားစိန်နားသာသွားထိုင်နေလိုက်သည်။

"  Yeollieလေးက King ဆုရတယ်ဆိုတော့ ဘာလိုချင်လဲပြော ? "

" သားက Studio တစ်ခုထောင်ချင်တာ Yixing Papa "

ပြောလည်းပြောအရိပ်အချေလည်းကြည့်ရတယ်မလား ။ Papa က အနုပညာမေဂျာတက်တာတောင်ကြိုက်တာမဟုတ်ဘူး ပြီးတော့ Studio လည်းထောင်ပေးမှာမဟုတ်ဘူး ။

" Park Chanyeol !!! "

" ဗျာ ... Papa "

" Yeollie လေးရယ် တစ်ခြားဟာတောင်းပါလား Yixing တို့ကို အားနာစရာကွယ် "

" မဟုတ်တာ Tao ရယ် Yeollie က အစကတည်းက အနုပညာစိတ်ဝင်စားတာမလား လုပ်ပါစေ Hunnie လေးတို့ Papa က ထောင်ပေးမှာပါ "

" Yeollie  လေးတကယ် အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိလား ? "

" ဟုတ်  ယုံကြည်ချက်ရှိပါတယ် "

" ဒါဆိုလည်း Studioထောင်ပေးမယ် ဟုတ်ပြီလား "

" ကျေးဇူးတင်ပါတယ် Yixing Papa "

" Mamaသားလေး Hunnie ကရောဘာလိုချင်လဲ ? "

တော်သေးတာပေါ့ ကိုယ့်ဘက်လှည့်လာသေးလို့ ဒီတစ်သက်မလာတော့ဘူး ထင်နေတာ ။

" ဟုတ်ပ Hunnie လေးရော ဘာလိုချင်လဲ ?Yifan Papa ကိုပြော "

"  တကယ်လား ... "

"  သားကိုလေ Hongdae ဘက်မှာ အဆောက်အဦးတစ်ခုလောက် ဝယ်ပေးပါလား "

B?a?b?e? ???? [ Completed ]Where stories live. Discover now