"အချစ်နတ်ဘုရား ဆူဟို ဘာတွေ ကျေနပ်လို့ ရယ်မောနေတာလဲ"
"သြော် လေနတ်ဘုရားပဲ ထိုင်ပါအုံး ကျုပ်ပျော်နေတာက အရှင်က ကျုပ်ရှေ့မှာ ဒူးထောက်သွားလို့လေ"
"အဲ့ဒါ အရှင်က ဘာမှ မမှတ်မိသေးလို့ ပြန်လာရင်ကြည့်နေ အာဏာပြတော့မယ်"
"ချန်း ကတော့လေ အရှင့် အချစ်က ကြီးမားလိုက်တာနော်"
"ဟုတ်တယ် ဧကရီ ဝင်စားတဲ့ ဘဝတိုင်း နောက်ကနေ လိုက်ပြီး အချစ်ကို ယူခဲ့တာ တကယ်လေးစားရပါတယ်"
"ဧကရီ က တော်တော်မွှေလွန်းတယ်နော် ကောင်းကင်ဘုံမှာ မက လူ့ပြည်ထိပါ မွှေချက်က လက်လန်တယ် အရှင်မို့ မငြိုငြင်တယ်"
"အိုင်း ဒါတော့ အချစ်နတ်ဘုရားဖြစ်နေတဲ့ မင်းလို FAက ဘယ်သိမှာလဲ"
"Kim Chen!!!မင်းရဲ့ဖူးစာကြိုးကို ငါဖြတ်ပစ်မှာနော်"
'ဆူဟိုက ဒေါသထွက်စွာ အော်လိုက်တော့သည်'"စတာပါ ဆူဟိုရာ ဒါနဲ့ ဒီတစ်ခါလည်း Systemပြီးရင် အရှင်နဲ့ဧကရီက အသေ Roပြပါလိမ့်မယ်"
"ငါတို့က ငယ်သားတွေပဲ ဘယ်တတ်နိုင်မှာလဲ ဧကရီလည်း အခု Beakhyunဘဝမှာ အရှင်နဲ့လက်ထပ်ပြီးသေသွားရင် ကောင်းကင်ဘုံရဲ့ဧကရီ ပြန်ဖြစ်မှာလေ"
"အရှင်က သူတို့ အချစ်အတွက် ဒီSystemကြီးများ ဖန်တီးလိုက်သလားပဲ"
"ဒါကတော့ ကျုပ်ဖန်တီးလိုက်တာပါ အရှင်နဲ့ဧကရီ လွယ်လွယ်ဆုံအောင်လို့ပါ"
"ဟုတ်ပါပြီ"
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-**ဂိုးဂိုး*
(24နာရီ အသင့်ရှိပါတယ်ခင်ဗျာ)
*သြော် သြော် ကျေးဇူးပါကွာ ငါ ပျင်းလွန်းလို့ သေတော့မယ် ငြိမ်နေတာ ငါ့စတိုင် ဟုတ်ဘူးလေ*
(နန်းတော်ထဲ လျှောက်သွားလေ ဗဟုသုတ ရတာပေါ့)
*အိုစခေ*
'ကျိုးရန် တစ်ယောက် လရောင်အောက်မှာ နန်းတော်ထဲ လှည့်ပတ်သွားနေတော့သည်'*နန်းတော်ကြီးကလည်း သင်္ချိုင်းကုန်းလိုပဲ ခြောက်ကပ်နေလိုက်တာ*
(သြော် ဘတ်ဘတ်ရယ် ခင်ဗျားထွက်လာတာ ည သန်းခေါင်ဗျ ဘယ်လူကရှုပ်နေမှာလဲ အစောင့်လောက်ရှိမှာ)

YOU ARE READING
Disorderly System(?????????? System)
RandomPark Chanyeol Byun Baekhyun Chanbaek Start Date-26:3:2022