抖阴社区

Arc.4.2

2.5K 250 19
                                        

"ရိုး"

"အင်း ဘာလဲ"

"သီချင်း ဆိုရအောင် ပျင်းလိုက်တာ လွန်ရော"

"Systemထဲက အဆိုပညာကို စမ်းကြည့်လေ "

"မမ တွေက ချောချက်ပဲ မင်းတို့ Systemကြောင့် ငါ့ရည်မှန်းချက်တွေ ပျက်ကုန်တာ မဟုတ်ရင် မမတွေက ဘတ်ဘတ်ရဲ့အသဲပဲ"
'ကျော်နဲ့ ရိုး က တက္ကသိုလ်ရဲ့လမ်းမ ဘေးထိုင်နေကြတာဖြစ်သည်'

"နှလုံးသားက ချစ်တာ မျက်စိက ငမ်းတာပဲ ရတယ် ကျော် ဆိုကြမယ်"

"ရိုး  ထ ဟို ကောင်တွေအနားသွားဆိုကြမယ် သူတို့က အစုံပါတယ်"

"အေး"
'တီးဝိုင်းအစုံနဲ့ ဆိုနေကြသူတွေဆီ ခဲ့ကြတော့သည်'

🎶မာယာတွေကို တောင်လိုပုံချထားတယ်
အရာရာ ကိုလေ ပါဝါအာဏာများနဲ့
မ အနားကပ်ဖို့ သားက လာမှာမရလည်း
အရပ်မြင့်မြင့်နဲ့ အသားကအညိုရောင်လားပဲ
(မမ Cele Cele မမ Cele Cele မမCele Cele
သားက တစ်လီ တစ်လီ)2

အသက်ကြီးပေမယ့်လည်း မပျက်စီးသေးတဲ့
အချစ်ကိုနားလည် ကလေးလေးလိုချွဲနွဲ့နေချင်မိတယ်
မရဲ့အနားပဲ မြို့အနှံ့ကိုသွားမယ် ခံစားလိုက်ပါ သားနဲ့
ပျော်စရာတွေများတယ် အိမ်မှာနားမယ် အိမ်သာသွားမယ်
တိမ်လွှာကြားထဲ ဇိမ်ကျသားပဲ
ဟေးး ပိုက်ဆံရှိနေလို့ ကြိုက်တာများကြည့်စေလို့
မိုက်တာများ ကြည့်စေလို့
ပေါင်ကဓားနဲ့ လျှောက်မသွားနဲ့
စကပ်အကွဲလေးကြားမှာ မြင်နေရတဲ့ မရဲ့🎶

"အားး!! စောက်ဖုတ်!"
'ဟိုအဖွဲ့ရဲ့ သီချင်း သံအဆုံး ကျော်က ခလုတ်တိုက်ကာ ချော်လဲပြီး ဟန်မူယာရဲ့ပေါင်ဆီမျက်နှာကပ်သွားသည် အလန့်တကြားမို့ ပါးစပ်က ယောင်ထွက်မိသွားသည်'

"ကျော်!!"

"ဘာ  မိုက်ရိုင်းလှချည်လားး နှာဘူးကောင် ကဲဟယ် "
'မူယာက ကျော် ကို ကန်ထည့်လိုက်သည်'

"အာ့ ဘာလို့ ကန်တာလဲ မသာမရဲ့"

"ကျော် ရလား ခင်ဗျား ဘာလို့ကန်ရတာလဲ"
'ရိုးက သူ့သူငယ်ချင်းကို ဆွဲထူရင်း ပြောလိုက်သည်'

"ဒီနှာပူးက ငါ့စကပ်အောက် ရောက်လာပြီး နှာပူးထနေတာလေ ရွံလိုက်တာ မိန်းကလေးတွေရဲ့ စကပ်ကွဲအောက် လိုက်ကြည့်နေတာလား"

Disorderly System(?????????? System)Where stories live. Discover now