抖阴社区

He came back?!

376 13 0
                                    

အစ်မရဲ့exအကြောင်း ညီမကိုပြောပြခဲ့တယ်မလား?
သူအစ်မကိုဘယ်လိုဖောက်ပြန်တဲ့အကြောင်း
သူ့ကို အစ်မဘယ်လောက်ထိမုန်းကြောင်းပေါ့
ဒါပေမယ့်လေ ညီမခံစားမိတယ်သိလား?
သူ့အကြောင်းပြောနေရင်း မျက်ရည်ဝဲလာတဲ့အစ်မကိုကြည့်ရင်း
အစ်မခါးပေါ်က ညီမလက်ကလေးကို ပြန်ရုပ်သိမ်းမိတယ်
အစ်မ သူ့ကိုချစ်နေတုန်းပဲမလား?....

သူပြန်ဆက်သွယ်လာတဲ့အကြောင်းပြောနေတဲ့အစ်မက
စိတ်ညစ်မှု အမုန်းတရား ဘာတစ်ခုမှမရှိသလိုပဲ...
အရဲစွန့်ပြီး သူ့ကိုချစ်သေးလားလို့မေးလိုက်တဲ့အခါ
ပြန်ဖြေလာတဲ့အဖြေက အလိမ်အညာတစ်ခုမှန်းသိပါတယ်
ဒါပေမယ့်လည်း မဟုတ်လောက်ပါဘူးလို့ ကိုယ့်ကိုကိုယ်စွတ်ညာမိတယ်...
ဘယ်တုန်းကစပြီး ညီမကအဲ့လိုအချစ်ရူးတစ်ယောက်ဖြစ်သွားခဲ့ပါလိမ့်.....

တခါတခါ အစ်မကိုသတိရလို့ဖုန်းဆက်မိတိုင်း
Busyဖြစ်နေတတ်တဲ့အခါ ဘာလို့မှန်းမသိ စိုးရိမ်မိတယ်...
ကြားလူဆိုတဲ့စကား ကြားရတာနဲ့တောင် မုန်းပါတယ်
အစ်မကိုမယုံလို့ရယ်တော့ မဟုတ်ရပါဘူး
ညီမကို ငြီးငွေ့သွားမှာစိုးရိမ်တာလေးတစ်ခုပါပဲ...
ဒါပေမယ့် ဒီလိုစကားတွေပြောရလောက်တဲ့အထိ
အစ်မနဲ့ညီမက ဘာဆိုင်လို့လဲမေးလာရင်
ရင်နာနာနဲ့ပဲ ဘာမှမဆိုင်ပါဘူးလို့ပြန်ဖြေရုံမှတပါး မရှိဘူးလေ

ဒါပေမယ့် ဒီလိုစကားတွေပြောရလောက်တဲ့အထိ အစ်မနဲ့ညီမက ဘာဆိုင်လို့လဲမေးလာရင် ရင်နာနာနဲ့ပဲ ဘာမှမဆိုင်ပါဘူးလို့ပြန်ဖြေရုံမှတပါး မရှိဘူးလေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

???? (????) "?"Where stories live. Discover now