ကိုယ့်ကိုကိုယ်အရမ်းမုန်းမိတယ်
ဘာလို့အဲ့လောက်တောင်အားမကိုးရတာပါလိမ့်?
အစ်မ အခက်တွေ့နေတဲ့အချိန်မှာ
ညီမကအားပေးစကားပြောရုံအပြင် ဘာမှမကူညီပေးနိုင်ခဲ့ဘူး
အဲ့ဒါတွေကြောင့်ပဲ အစ်မအချစ်ကိုမရခဲ့တာထင်ပါရဲ့
ညီမနဲ့မထိုက်တန်လို့လေ....လောကမှာ ပိုက်ဆံကအရာရာမဟုတ်ဘူးဆိုတဲ့စကား
သိပ်ကို မှားတယ်
အခုချိန်မှာ ညီမသာကိုယ်ပိုင်အလုပ်လေးရှိရင်
အစ်မကို ကူညီနိုင်ခဲ့မယ်မဟုတ်လား
အခုတော့.... ညီမက ကလေးသာသာပါပဲ
အစ်မနဲ့ဘယ်လိုမှမလိုက်ဖက်တဲ့ ကလေးတစ်ယောက်ပေါ့အရမ်းကိုစိတ်ပင်ပန်းနေမယ်ဆိုတာသိလို့
အစ်မကိုပို့မယ့်စာလေးတွေကို ဖျက်လိုက် ပြန်ရေးလိုက်
လုပ်နေမိတယ်
ဒီအချိန်မှာ အကူအညီပေးမယ့်စကားမျိုးမှမဟုတ်ရင်
အစ်မကို ဘယ်လိုစကားမျိုးကမှ
မနှစ်သိမ့်ပေးနိုင်မှန်း သိနေလို့လေ
ဒါပေမယ့်လည်း ကျန်းမာရေးလေးတော့ဂရုစိုက်ပါ
ဖျားတော့မယ်မဟုတ်လား အသံနားထောင်ရုံနဲ့သိပါတယ်
ဒီက ဘာမှအကူအညီမရတဲ့ ကလေးက
အစ်မအတွက် အရမ်းကိုစိတ်ပူလွန်းလို့ပါဖြစ်နိုင်ရင် လောကကြီးရယ်
ညီမရဲ့ကံကောင်းမှုတွေသူ့ကိုအကုန်ပေးပြီး
သူ့ရဲ့ကံဆိုးမှုတွေအကုန် ညီမဆီကိုပေးပေးပါလား?
အခုချိန်မှာ သူ့ကိုကူညီမယ့်လူတစ်ယောက်လောက် ပေါ်လာပေးရင် သေပျော်ပါပြီ
အဲ့ဒါလေးပါပဲ အဲ့တစ်ခုလေးပါပဲ
ရင်တွေပူရလွန်းလို့ပါ....
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. [Edit]
အားးးး ဘယ်လိုလုပ်မလဲ ဆုတောင်းကိုတစ်ယောက်ယောက်ဖြည့်ပေးလိုက်ပြီထင်တယ်
လောကကြီးရေ ကျေးဇူးပါနော်
မင်းအပေါ် အကြွေးတင်သွားပါပြီ

YOU ARE READING
???? (????) "?"
Random?????????? ???????????????? ??????????????? ??????????????????????? ?????????? ?????????? ???????????????... not fiction??????