抖阴社区

??????? ?

652 32 0
                                    

အပိုင်း

ကမ္ဘာပျက်ကပ်နေ့ရက်များတွင် သတ္တဝါတို့ကို ဖျက်စီးမည့် ကောင်းကင်မှ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော အရာများက မကောင်းဆိုးဝါးလော။ လူသားတို့၏ နှလုံးသားတွင် ကိန်းဝပ်နေသော နတ်ဆိုးများက မကောင်းဆိုးဝါးလော။

              ————————————————

"ကားဖရိန်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ?"
ချူရှန်းရွှန် မေးလိုက်သည်။

ကား၏အောက်ပိုင်းမှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"ပြဿနာမရှိဘူး။"

ချူရှန်းရွှန်သည် သူမ၏လက်ထဲရှိ မှတ်တမ်းတွင် အမှန်ခြစ် ခြစ်၍
"အင်ဂျင်ဝိုင်နဲ့ ဘရိတ်ဆီရော?"

ဘောနပ်ကို ဖွင့်ပြီးနောက် ဆီများ ပေကျံနေသည့် လက်တစ်ဖက်ထွက်လာ၍ အိုကေ လုပ်ပြလာ၏။

"ဘရိတ်ပြားရော?"
"အလုပ် လုပ်တယ်။"
အစီအစဉ်မကျ တပ်ဆင်ထားသည့် Off Road တစ်စီးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

ချူချန်းရွှန်သည် ထိုအရာများကို မှတ်လိုက်ပြီးနောက် ငုံ့၍ တာယာဖိအားကို သူမဘာသာ တိုင်းလိုက်၏။ ထို့နောက် တာယာတစ်ခုချင်းစီကို သေချာစွာ စစ်ဆေးလိုက်သည်။

ကမ္ဘာကြီး အဆုံးသတ်ချိန်မှစ၍ ယခုဆိုလျှင် ဆယ်နှစ်ပင် တိုင်ခဲ့ပြီဖြစ်သည်။ စခန်းထဲတွင် ဤကဲ့သို့ ကားတစ်စီးကို ငှါးနှိင်နေခြင်းမှာ တော်တော် ကောင်းမွန်နေသည်ဟု ယူဆနိုင်သည်။ မထွက်ခွါခင် အသေးစိတ်စစ်ဆေးခြင်းသည် အလွန်အကျူးမဟုတ်ပေ။

ထိုမွန်စတားများထံမှ အလိုက်ခံရသည့်အချိန်တွင် သာလွန်ကောင်းမွန်သည့် လုပ်ဆောင်ချက်များရှိသည့် ကားတစ်စီးသည် လူတစ်စု၏ အသက်ကို ကယ်တင်နိုင်၍ဖြစ်သည်။
ချူချန်းရွှန် မတ်တပ်ရပ်၍ မှတ်တမ်းစာအုပ်ကို ပိတ်လိုက်သည်။

သူမသည် ပင်ပန်းနေပုံပေါ်ပြီး သူမ၏ လက်များသည် ဆီများ ပေကျံနေကာ သူမ၏ ပုံပန်းသွင်ပြင်သည်လည်း ပိန်ကပ်နေရှာသည်။ အချိန်များစွာ ဆာလောင်မှုများနဲ့ အချိန်အတော်ကြာ စိတ်ပင်ပန်း၊ လူပင်ပန်းမှုများကြောင့် သူမ၏ ရှိရင်းစွဲအသက်ထက် ဆယ်နှစ်လောက် ပိုကြီးနေပုံပေါက်နေသည်။
ကမ္ဘာပျက်ကပ်နေ့ရက်များတွင် ရှင်သန်နေသော လူအများစုလိုပင် သူမသည် ထုံထိုင်းပြီး တက်ကြွမှုမရှိစွာနှင့် သူမ၏ တစ်ကိုယ်လုံးသည် မီးခိုးရောင် သန်းနေပြီး အသက်မဲ့နေပုံပေါ်သည်။

???????????? ??????????????? (????????)Where stories live. Discover now