အပိုင်း ၈
"ကော။" ချူရှန်းရွှန်သည် လေးနက်သောအသံနှင့် ဖြတ်ပြောလိုက်ပြီး
"ပစ္စည်းတွေ ရောက်ရင် ကော လက်ခံပြီး စုထားလိုက်။
နေရာတကာ လိုက်အော်မနေနဲ့ဦး။
သူငယ်ချင်း မိသားစုက စစ်တပ်ကလေ၊ လျို့ဝှက်ချက်တွေ ဖြစ်နေနိုင်တယ်။"ရွှီရှောင်းယန်သည် ပါးစပ်ပိတ်လိုက်ပြီးနောက်
"ရွှန်ရွှန်၊ သူတို့မှာ လျို့ဝှက်ချက်တွေ ရှိနေတာလား? ကောကို မခြောက်ပါနဲ့။
ညီမလေး သိလား? ကောကို နည်းနည်းလောက်ပြောပြပါလား?""ရှောင်းယန်ကော၊ မမေးနဲ့တော့။ ကောဘက်က အလုပ်တွေသာ အရင် မြန်မြန်လုပ်ထားလိုက်။
မှတ်ထားနော် သူတို့က ကောင်း၊ မကောင်းမသိပေမဲ့ သူတို့က အင်အားကြီးနိုင်တယ်။"ချူရှန်းရွှန်သည် ဤလောက်သာ လုပ်ပေးနိုင်သည်။ သူမအဒေါ်၏ မိသားစုသည် ဒီမွန်မျိုးစေ့များ ကျရောက်လာသောနေ့၊ ထိုရှုပ်ထွေးနေသော ပတ်ဝန်းကျင်အခြေအနေတွင် ရှင်ကျန်နိုင်မည်လား မသိချေ။
"အဲ့ဗီလာမှာ ကမ္ဘာပျက်ကပ်အမျိုးအစား ရုပ်ရှင်တွေနဲ့ ကမ္ဘာပျက်နေ့ ဝတ္ထုတွေ ရှိတယ်။
ကော၊ ညနေခင်း လုပ်စရာမရှိရင် ဦးလေးနဲ့ ဒေါ်လေးတို့နဲ့ ကြည်ကြလေ။ အိုကေ?""မဖြစ်နိုင်ဘူး။ အမေက အဲ့မွန်စတားတွေကို ကြည့်ရင် လန့်ပြီးသေလိမ့်မယ်။"
"..."
"ရွှန်ရွှန်၊ ဘာဖြစ်တာလဲ? ဘာလို့ စကားမပြောတော့တာလဲ?
ကြည့်၊ အဆင်ပြေမယ်ထင်တာဘဲ။
ညကျရင် အမေနဲ့ အဖေကို ခေါ်ပြီး အတူတူကြည့်လိုက်မယ်။""ကော။"
"အင်း၊ ကောရှိတယ်"
"ဦးလေးနဲ့ ဒေါ်လေးတို့ကို ဂရုစိုက်ပြီး ညီမ အိမ်ပြန်လာတာကို စောင်နေနော်။"
၂၀ရက်နေ့၊ နေ့လာ် ၁၂:၁၀ရှိပြီဖြစ်သည်။
ကမ္ဘာပျက်ကပ်နေ့ရောက်ရန် နှစ်ရက်သာ လိုတော့သည်။__________
ကမ္ဘာပျက်ကပ်မတိုင်ခင် နောက်ဆုံးနေ့ဖြစ်သော ၂၁ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီ။ ချူရှန်းရွှန်သည် သူမအဆောင်၏ ကြမ်းပြင်တွင် ယောဂဖျာခင်း၍ ထိုအပေါ်၌ Plank လေ့ကျင့်ခန်းကို လုပ်ဆောင်လျက်ရှိသည်။

YOU ARE READING
???????????? ??????????????? (????????)
ActionDropped** Associated Name - 末日之魔种降临 Author(s) - 龚心文 English Translation site - Wordrain, Yitrans Type - Web Novel Start Date - 28.9.2022 [I got the permission from English translator(s).]