"တစ်ယောက် တစ်စုံ။ ကိုယ်ကြိုက်တဲ့ဟာ ယူကြ။" ချူရှန်းရွှန် ပြောလိုက်သည်။
အဆောင်ထဲမှ စကားပြောသံတို့ တိတ်ဆိတ်သွားခဲ့သည်။
"နင် ဒီဟာတွေကို ငါတို့အတွက် ဝယ်တာ?" အဆောင်ခေါင်းဆောင် ဟန်ရွှမ့်မှ တအံ့တဩဆိုလိုက်သည်။
"နင် ဘာမှားနေတာလဲ? ဘာလို့ ရုတ်တရတ်ကြီး ငါတို့အတွက် အင်္ကျီတွေ ဝယ်တာလဲ?" 'ဟဲ့မင်ယန်'သည်လည်း အံ့ဩသွားခဲ့သည်။
"အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးတစ်ယောက်ရှိတယ်လေ။
ဒီဟာတွေအားလုံးက အရည်အသွေးပြည့်မီကြောင်းပြဖို့ လုပ်ထားတဲ့ နမူနာတွေပဲ။
တအားစျေးနည်းလို့ နင်တို့အတွက် တစ်ထည်စီ ပေးတာ။" ချူရှန်းရွှန်သည် သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။"ဒီတံဆိပ်က တအားရင်းနီးနေသလိုပဲနော်
။" နောက်ထပ် အခန်းဖော်တစ်ယောက်ဖြစ်သည့် Outdoor Sports*များကို သဘောကျသည့် 'ဂန်ရှောင်တန့်'မှ ပြောလိုက်သည်။သူမသည် ဤကဲ့သို့ အားကစားဝတ်စုံများနှင့် အသုံးအဆောင်များကို ရင်းရင်းနီးနီးရှိသည်။
"မဖြစ်နိုင်တာ၊ ဒီဘရန်းက Outdoor Sportsအတွက် အထူးထုတ်တဲ့ နိုင်ငံခြားဘရန်း ဖြစ်နိုင်တယ်။"ဂန်ရှောင်တန့်သည် သူမ၏ဖုန်းကိုထုတ်၍ ရှာကြည့်ပြီးနောက် အော်ဟစ်၍ ပြောလိုက်သည်။
"ဝါး! ဒီဟာက XX's ပရော်ဖက်ရှင်နယ်ဂျာကင်ပဲ။ တစ်စုံကို အနည်းဆုံး ယွမ်နှစ်ထောင်*ပဲ! ချူရှန်းရွှန် နင် တကယ် ရူးသွားတာလား?"
"မအော်နေနဲ့။ ဒီဟာတွေက အစစ်တွေမဟုတ်ဘူး။ အတုတွေ။" ချူရှန်းရွှန်သည် ဖြတ်ပြောလိုက်သည်။
"သေလောက်အောင် လန့်သွားတာပဲ။" ဂန်ရှောင်တန့်သည် သူမ၏ ရင်ဘက်ကိုဖိ၍ အင်္ကျီ၏ အပြင်ဘက် ပါကင်ကို အားရပါးရဖွင့်လိုက်သည်။ ထို့နောက် သူမ၏ လက်ထဲတွင် အင်္ကျီကို ကိုင်၍ ဘယ်၊ ညာ လှန်ကြည့်လိုက်သည်။
"လုပ်ထားတာ တကယ် ကောင်းတာပဲ။ ဒီဟာက အစစ်လို့ ငါထင်တော့မလို့။"
"ဘယ်လိုအင်္ကျီမို့လို့ ယွမ်နှစ်ထောင်တောင် ပေးရတာလဲ? အဲ့လောက်တောင် စျေးကြီးတာလား?" ဟန်ရွှမ့်သည် အင်္ကျီကို သူမကိုယ်တွင် ကပ်ကြည့်လိုက်သည်။

YOU ARE READING
???????????? ??????????????? (????????)
ActionDropped** Associated Name - 末日之魔种降临 Author(s) - 龚心文 English Translation site - Wordrain, Yitrans Type - Web Novel Start Date - 28.9.2022 [I got the permission from English translator(s).]
??????? ?
Start from the beginning