အပိုင်း ၆
ချူရှန်းရွှန်သည် ပုဂ္ဂလိကအပေါင်ဆိုင်မှ ထွက်လာသောအခါ၊ ယွမ်သုံးသိန်းသည် သူမ၏ အကောင့်ထဲ ရောက်နေပြီဖြစ်သည်။
သူမသည် ကျောင်းသူအရွယ်ပဲ ရှိသေးသော်လည်း သူမ၏နာမည်အောက်တွင် မရွေ့ပြောင်းနိုင်သောအမွေများရှိသောကြောင့် ထိုပမာဏလောက်သော ချေးငွေသည် ယနေ့လက်ငင်းရရှိနိုင်ခြင်းဖြစ်သည်။
ချူရှန်းရွှန်သည် သူမတွင် ရှိနေသော ငွေကြေးကို တွက်ချက်လိုက်သည်။
သူမသည် မမျှော်လင့်ထားဘဲနှင့် အရူးလေးဖုစီမှ ယွမ်တစ်သိန်း ချေးခဲ့သည်။ ထို့အပြင် အိမ်ခြံမြေအကျိုးဆောင်မှ စရန်ငွေ ယွမ်တစ်သန်းရခဲ့ပြီး ပုဂ္ဂလိကအပေါင်ဆိုင်မှ ယွမ်သုံးသိန်း ချေးခဲ့သည်။
သူမမိဘများ၏ ဘဏ်အပ်ငွေ ယွမ်ငါးသိန်းနီးပါးကို သူမ၏ အကောင့်သို့ လွှဲထားပြီးနောက် သူမတွင် စုစုပေါင်း ယွမ် ၁.၈သန်းရှိပြီဖြစ်သည်။
ပမာဏသည် များလည်း မများသလို နည်းသည်လည်း မဆိုနိုင်ပေ။ လေးရက်အတွင်း လိုအပ်သည်များကို ဝယ်ရမည်ဖြစ်ပြီး မသုံးရသေးသော ပိုက်ဆံများကို အမြန် သုံးရမည်ဖြစ်သည်။
ညနေပိုင်းတွင် ချူရှန်းရွှန်သည် အဆောင်သို့ ပြန်ခဲ့သည်။ သူမ အဆောင်တံခါးကို ဖွင့်ဖွင့်ချင်းပင် ကြီးကြီး၊ သေးသေး အမြန်ချောပို့ ပစ္စည်းပုံးများနှင့် သူမအခန်းဖော်များ၏ သူမကို အော်ဟစ်နေသံများက ကြိုဆိုနေခဲ့သည်။
"အားရွှန်၊ နင် သဲသဲမဲမဲဘာလို့ ဝယ်နေတာလဲ? အရင်အပတ်ကပဲ ပစ္စည်းတွေ ဝယ်ရင် လက်ကို ဖြတ်ပစ်မယ် ပြောတာ ဘယ်သူလဲ?"
"ပြီးတော့ 'SF အမြန်ချောပို့' နဲ့ သယ်လာသေးတာ။ အဲ့တာ အရမ်းစျေးကြီးတာလေ။ နင်ကလေ တအား ဖြုန်းတီးတာပဲ!""ရှန်းရွှန်၊ သူတို့ကို ဂရုစိုက်မနေနဲ့။ နင် ဘာတွေ ဝယ်ထားတာလဲ? ဖွင့်ပြီး ငါတို့ကို ပြလို့ရလား?"
ချူရှန်းရွှန်သည် အမြန်ချောပို့ပုံးကို အိတ်ဆောင်ဓားနှင့်ဖွင့်၍ အထဲမှ ဂျာကင်*လေးစုံကို ဆွဲထုတ်လိုက်သည်။

YOU ARE READING
???????????? ??????????????? (????????)
ActionDropped** Associated Name - 末日之魔种降临 Author(s) - 龚心文 English Translation site - Wordrain, Yitrans Type - Web Novel Start Date - 28.9.2022 [I got the permission from English translator(s).]