ရေတံခွန်အနားပျံ့လွင့်လာတဲ့ ထောင့်ရိုးကြေစပြုရာ
ဒိုင်ယာရီအိုဆီက စာရွက်လှုပ်သံလေးတစ်ခု။အသံလာရာ ညိုညစ်ညစ် သားရေဖုံးအောက်
အပြာရောင်အမှတ်တရတို့ရံထားသော စာမျက်နှာတွေရှိပြီး၊မနွမ်းလျော့သောငယ်ဘဝတချို့ ဘောင်ဘင်ခတ်ထားသည်။နိဒါန်းပေလွှာ ပထမဦးဆုံးစာမျက်နှာမှာတော့
ဖေဖေ့ဆီကလက်ဆောင်အဖြစ်ဘဝထဲလက်ခံရတဲ့ခွေးပေါက်လေးတစ်ကောင်နှင့်အစပြုကာ
ဟီဆွန်း တေးမှတ်ခဲ့သည်သတဲ့။ခဲဘောပင်ကောင်းကောင်းမနိုင်သေးတဲ့လက်ဆစ်တွေရေးခြစ်ထားသည့် စကားလုံးတွေက ပွေလီ
ကွေ့ကောက်ပြီး ကကျိုးကကြောင်လွန်းလှသည်။သောကမဝေသေးသော အတိတ်လမ်းကတော့
ဖြောင့်ဖြူးနိုင်ခဲ့သည်ပင် ဆိုလိမ့်လေမလား ။auditionပထမအဆင့်အောင်တဲ့နေ့က ဂျယ်ဂျူထဲခုန်ပေါက်ဟစ်ကြွေးရင်း ၊ မေမေတည်ခင်းဖြစ်သောဟင်းလျာတို့အကြောင်းသာ ဒိုင်ယာရီထဲပြည့်နှက်ခဲ့၏။
မုန်တိုင်းမသဲ့သောကောင်းကင်လွှာထဲ တိမ်နုနုတို့ အန္တရာယ်ကင်းသလို။
အဲ့ဒီလောက်...။
တကယ်ကို အဲ့ဒီလောက်ပင် အခိုက်အတန့်အားလုံးက သာသာယာယာကုန်လွန်ခဲ့သည်။သို့တိုင်အောင်....။
"အီး...ဟီးး...ဗြဲ"
ဟီဆွန်းအလယ်တန်းအရွယ်အစမှာ ချိုလွင်သောငရဲတံခါးဝက ငိုသံလှလှလေးတခုကိုအားကိုးပြုလို့ ဟီဆွန်းရဲ့အပြာရောင်စာမျက်နှာတွေအား ဖိတ်ခေါ်ခဲ့၏။
ရှင်သန်ရခြင်းကို ရိုးရှင်းသည်ဟု ကမ်းစပ်နား
နေညိုချိန်ကိုငေးရင်း ကလေးပီပီတွေးခဲ့ဖူးတဲ့
ဟီဆွန်းရဲ့ဘဝထဲ ထိုနေ့ကစလို့ ဝင်္ကပါလိုတစထက်တစရှုပ်ထွေးလာတော့သည်။" ညီလေး "
"ဘာဖြစ်လို့လဲဟင်""ဖေဖေ..."
"ဖေဖေပျောက်နေတယ်
ဖေဖေလည်း မေမေ့လိုထားခဲ့ပြီထင်တယ် ဟင့်"မှတ်မှတ်ရရ ဟီဆွန်းက ထည်လဲဝတ်နေကြ တစ်ပတ်နွမ်း နေဗီပြာရှပ်ပွတစ်ထည်နှင့်တကွ သောင်ပြင်ပေါ် ခွေးထိန်းလှည့်ရာမှာ ခေတ္တတဖြုတ် ဇိမ်ယူခိုက်ဖြစ်၏။

YOU ARE READING
in this corner of the Blues ? [Completed]
Fanfictionthat bluey universe we were in my first ever ?z ff reup+