recommended song-
Middle with you by B.I.🦈- - - - - - - - - - - - - - - - - - - - - -
.
."ဘုရားပေးထားတဲ့ပါရမီလည်းရှိတယ်
ကြိုးလည်းကြိုးစားတယ်
ဒါပေမယ့် ဘာလို့ယုံကြည်မှုပျောက်ဆုံးနေတာလဲ""ဒီလိုရေရှည်ဆို မင်းအဆင်မပြေဘူးဟီဆွန်း
လက်ရဲဇက်ရဲတွေကြားထဲ တောင်ထိပ်ရောက်နိုင်ဖို့ အရှိန်နဲ့ပြေးမှရမယ်ဆိုတာ နားလည်"ကြေးမုံမျက်နှာပြင်ကိုစေ့စေ့ကြည့်စဥ်တွင်နားထဲ၌ပဲ့တင်ကျန်ရစ်နေသေးသည့်နည်းပြဆရာစကားတွေကို ဟီဆွန်းက ထပ်တလဲလဲသုံးသပ်မိ၏။
လေ့ကျင့်ရေးသင်တန်းသားတွေ ကိုယ်စီကိုယ်ကြ အဆောင်သို့ အသီးသီးပြန်နားနေကြပင်ငြား၊ လေ့ကျင့်ခန်းထဲကမထွက်သေးသောသူသည်ကမ္ဘာတစ်ခုလုံး ပြိုလဲပျက်စီးသည့်နှယ်။
ပခုံးကို အောက်ဆုံးထိနှိမ့်ချ၍ သက်ပြင်းတွေကြား
လဲလျောင်းနေသည်။ဒီရက်ပိုင်းတွေမှာ သူ့ခေါင်းထဲ ရှုပ်ထွေးနက်နဲရသော နွယ်မျှင်တွေကို တစ်ကြောင်းချင်းစီ ထုတ်ကာ လေဟာနယ်ထဲ ရှင်းထုတ်ပစ်လိုက်ချင်သည်။
မရေရာသော အနာဂတ်အတွက်စိတ်ပူသည်။
ငြီးငွေ့လာသည့်ပစ္စုပ္ပန်နေ့ရက်တွေထဲ
လွမ်းနေရသောဂျယ်ယွန်းရင်ခွင်သေးသေးလေးထဲ အပြေးခိုလှုံ၍ ပူပန်ရသမျှကို တောင်စဥ်ရေမရ ဖွင့်ချလိုက်ချင်သည်။ငါးပြာလေးပျောက်ကွယ်နေသည့် နေ့ရက်အလီလီမှာ ဘဝပင်လယ်အဖို့ စီးဆင်းရှင်သန်မှုမရှိတော့ဘဲ ခြောက်ကပ်သွားသည့်နှယ်။
သူမြင်နေရတဲ့လောကကြီးမှာ အရောင်တွေမဲ့လျက်။
မိုးလင်းမိုးချုပ် အလုံပိတ်ခန်းထဲ အချိန်ကုန်နေရသည့်အခါ သူမြတ်နိုးရသော
အပြာရောင်တွေကိုပင်ရှာမတွေ့နိုင်တော့ပေ။"အစ်ကိုအီဟီဆွန်း
ဒီမှာ ဘာထိုင်လုပ်နေသေးတာလဲ
ခဏနေ အဆောင်မှူးလာစစ်တော့မယ်
အမှတ်လျှော့ခံရဦးမယ် မြန်မြန်လာ""စည်းကမ်းတွေကို အချိန်တိုင်းနာခံရတာဟာလဲ
တခါတလေ ပျင်းဖို့ကောင်းပါတယ် ဒန်နီယယ်
ဒီတစ်ညတော့ ပေးပျက်ကွက်ပါ
ငါ အနားယူဖို့လိုနေတာမို့"

YOU ARE READING
in this corner of the Blues ? [Completed]
Fanfictionthat bluey universe we were in my first ever ?z ff reup+