抖阴社区

???????????? ????????????

47K 540 22
                                    

Part (1)

အားးးးးးအမလေးးးးးးးးးးး
အပေါ်ထပ်အိပ်ခန်းထဲမှ အိမ်အခိုင်းအစေ
သဲဇော်ရဲ့ အော်ဟစ်သံကြောင့် အောက်ထပ်ဧည့်ခန်းဆိုဖာမှာထိုင်ပြီးစာရင်းတွက်နေတဲ့
‌ဒေါ်စိမ်းမြမြအပေါ်ထပ်သို့ အူယားဖားယား
ပြေးတက်သွားလေတော့တယ်။

"မိသဲဇော် ညည်းဘာဖြစ်လို့အော်နေရတာလဲ"

"မေမေလေး မိသဲကလေ အကိုလေးရဲ့
အခန်းကို သန့်ရှင်းရေးလုပ်ပေးနေတာလေ"

"ညည်းအေ လိုရင်းကိုပြော စိတ်မရှည်တော့ဘူး"

"အကိုလေးဗီဒိုထဲမှာ ကောင်လေးတစ်ယောက်သေနေပြီထင်တယ်"

ဒေါ်စိမ်းမြမြ ဗီဒိုကိုချက်ချင်းဖွင့်ကြည့်လိုက်တယ်။တစ်ကိုယ်လုံးညိုမဲနေတဲ့အထိ အရိုက်ခံထားရတဲ့ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ကြိုးတွေနဲ့လည်းအသေကိုတုပ်ထားတော့ သွေးလည်ပတ်မှုတောင်ရှိတော့မယ်လို့ မထင်မိဘူး။

"ဒီကောင်လေးးးးပြဿနာရှာပြန်ပြီ ကိစ္စတစ်ခုခုလုပ်ရင်လည်း အပြီးမလုပ်ဘူးးးးးးးးး
ငါကပဲ လက်စသတ်ပေးနေရတယ်။

ဟူးးးးးးးးးးးးးးးးးးးးးသက်ပြင်းရှည်တစ်ခုချလိုက်ရင်းးးဒေါ်စိမ်းမြမြဗီဒိုတံခါးကိုပြန်ပိတ်လိုက်တယ်။

"မိသဲဇော် ခြံထဲကအလုပ်သမားတွေကိုပြောလိုက်
ဒီညအလုပ်နည်းနည်းရှုပ်တော့မယ်လို့ "

"ဟုတ်ကဲ့ မေမေလေး"

စိတ်ကဟိုတွေးဒီတွေးနှင့် လမ်းလျှောက်နေစဉ် ကြောင်ပေါက်လေးတစ်ကောင်ထိုင်နေတာကိုရုတ်တရက်တွေ့လိုက်တော့-------------
ဆူးနန်းနွယ်တစ်ယောက် ကြောင်ကိုမကိုင်ရမနေနိုင်ဖြစ်ပြီးးးးးကြောင်ပေါက်ကလေးအနားကိုသွားပြီးးးး

"ကြောင်ပေါက်ကလေးးးးနင်ဒီမှာတစ်ကောင်တည်းဘာလုပ်နေတာလဲ နင့်မေမေရော်မရှိဘူးလား။"

သနားစရာကြောင်ပေါက်ကလေးကိုပွေ့ချီပြီး
စကားပြောနေတဲ့ကောင်မလေးတစ်ယောက်ကို အိမ်ရဲ့လေသာဆောင်အထပ်ကနေကြည့်နေရင်းးးးးးးးးးးးးးးးးးးး

ဒုန်းးးးးးးးးးးးးးးးးးးးးးးး ဆူးနန်းနွယ်နောက်ကျောရောက်ရုံလေးနေရာကို ပန်းအိုးတစ်လုံးပြုတ်ကျလာတာဖြစ်နေတယ်။

???????????? ???????????? ( completed )Where stories live. Discover now