"ဘာလဲ....မင်းအကောင်မဟုတ်လို့..ကြောက်လန့်တကြား အော်ဟစ်နေတာလား....''
နှစ်ဦးသား ရေစိုရွဲလျက်အနေအထား...အော်ဟစ်အကူအညီတောင်းနေသည့် သူမလေးကို ရေချိုးခန်းနံရံမှာ အတင်းဆွဲကပ်ပြီး အော်နေတဲ့နှုတ်ခမ်းကို လက်ဖြင့် ဖိပိတ်ထားရသည်။နှစ်ယောက်သား ခန္ဓာကိုယ်တွေကလည်း ပူးကပ်လျက်...။
ဒေါသအရှိန်ကြောင့် သူ့လည်ပင်းတွေမှာဆို
သွေးကြောတွေထောင်နေတာကိုတောင် တွေ့နေရသဖြင့် တကယ်ကြောက်နေမိသည်။ရှန်မင်းဟန်ရဲ့ စိတ်ထဲမှာတော့ သူ့ကိုပစ်ပယ်ပြီး ဘုန်းရှိန်ဆီကို ဆက်သွယ်အကူအညီတောင်းလို့ ဒေါသထွက်ရသည်။ပြီးတော့
မင်္ဂလာပွဲပျက်တဲ့နေ့ကတည်းက သူမလေးက
သူ့ဆီကို တစ်ခေါက်တောင် လာမတွေ့ခဲ့ဘူး။
အကျိုးအကြောင်းဆီလျော်အောင်လို့လည်း
ဖြေရှင်းပြောပြပေးခဲ့တာမျိုးမရှိတဲ့အတွက်
သူမလေးကို ပိုလိုတောင် မုန်းမိသည်။"ထမင်းဆိုင်..ဖွင့်မယ်ဟုတ်လား..အဲ့ငွေတွေက ဘယ်သူ့ဟာတွေလဲ..ငါပေးခဲ့တယ်ဆိုတာကလည်း ငါ့ရဲ့ဇနီးလောင်းအတွက်..မင်းက အခု ငါ့ရဲ့ဇနီးလောင်းမှ မဟုတ်တော့တာ..ဘာအတွက်နဲ့ ငါ့ငွေတွေကို သုံးနေနိုင်တာလဲ...အရှက်မရှိဘူးလား....''
ရုပ်တည်ကြီးဖြင့် ခက်ထန်ကြမ်းတမ်းတဲ့စကားတွေ ပြောလာတဲ့အခါမှာလည်း နန်းရင်ထဲမှာ ၀မ်းနည်းစိတ်၊အားငယ်စိတ်တွေကြောင့် ရင်ထဲတော်တော်ကို နေလို့မကောင်းဖြစ်လာခဲ့ရသည်။ဟုတ်ပါတယ်လေ..ဒီငွေတွေက..သူ့ငွေတွေပဲလေ...ငါ့ငွေတွေမှ မဟုတ်တာ တကယ်တမ်းတော့လည်း.....

YOU ARE READING
???????????? ???????????? ( completed )
Mystery / Thriller?????????????-------------??????????????????????? ?????------------------------------------------- ????????? ??????????????? ??????????????????????????????????????????????????? ?????????????????????????? ????????????????????????????????????????????...