I Want Teacher Zhan YanRong to Apologise to Me
(Unicode)
လီလိက ရယ်သည်။ “မင်း ဘာတွေတွေးနေတာလဲ။ စာသင်ခန်းထဲတွေမှာရော စီစီတီဗီ ရှိလို့လား။ စာသင်ခန်းတွေထဲမှာတောင် မရှိရင် နားနေခန်းမှာရော ရှိမယ်ထင်လို့လား။ ကျောင်းသားတွေက စောင့်ကြည့်တာကို မကြိုက်ကြဘူးမလား။ မင်းတို့လည်း မကြိုက်ဘူး။ ငါတို့လည်း မကြိုက်ဘူး”
ဖြစ်နိုင်သည်။ “ဟူး။ ဒါဆိုလည်း သွားကြတာပေါ့။ ဆရာမကျောင်း ကျွန်တော့်ကို ဘယ်လိုတွေပြောပြီး ဌာနမှူးကရော အမှန်ကို မြင်နိုင်အောင် ပါးနပ်လား ဆိုတာ သွားကြည့်ကြတာပေါ့”
လီလိ သူ့အခြေအနေက သက်သောင့်သက်သာ ရှိနေသည်ကို တွေ့ကာ သက်ပြင်းချမိသည်။ သူ(မ)လည်း ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သောကြောင့် ကျောင်းသားများ အကြောက်ရွံ့ဆုံးနှင့် အမုန်းဆုံးက စာခိုးချသည်ဟု စွပ်စွဲခံရခြင်း ဖြစ်ကြောင်း နားလည်သည်။ ဆရာမကျောင်းက လုယွင်ဖေး ရလဒ်များကို မြင်ပြီး သူ့ရလဒ်များကို ပယ်ဖျက်မည်ဟု ဆိုစဉ်က သူ(မ)က ချက်ချင်း ထိုကိစ္စကို တားဆီးခဲ့သည်။
လုယွင်ဖေး အင်္ဂလိပ်စာအမှတ်များက ချက်ချင်း တက်လာသည် ဆိုဉီးတော့ ဤသည်ကိုကြည့်ပြီး သူစာခိုးချသည်ဟု ဆို၍မရပင်။ ကျောင်းသားတစ်ယောက်ကို စာခိုးချသူဟု နာမည်တပ်ကာ အထက်တန်းကျောင်းတစ်လျှောက်လုံး ထိုအမည်းစက်ကြီးကို သယ်သွားခိုင်းရန်က ရက်စက်လွန်းလှသည်။ လီလိက ထိုသည်ကို အားမပေးပေ။ ထို့အပြင် လုယွင်ဖေးက အမှန်တကယ် ခိုးချခဲ့သည်ဟုလည်း သူမယုံကြည်။
ဌာနမှူးရုံးခန်းက ကော်ရစ်တာ၏ ညာဘက်ထောင့်စွန်းတွင် ရှိသည်။ လုယွင်ဖေးနှင့် လီလိတို့ ဝင်လာသည့်အခါ ကျောင်းရန်ရုံက အခန်းထဲတွင်ပင် ရောက်နေပြီ။
ဌာနမှူးက သူတို့ကို ထိုင်ခိုင်းလိုက်သည်။
လီလိတံခါးပိတ်လိုက်ပြီး လုယွင်ဖေးကို သူမနှင့်အတူ ထိုင်စေလိုက်သည်။
“ကျောင်းသားလုယွင်ဖေး။ မင်းအတန်းပိုင်ဆီက ရုံးခန်းခေါ်ခံရတဲ့ အကြောင်းရင်းကို ကြားပြီးပြီလား”

YOU ARE READING
?????????????? (Completed)
Romance???????????????????? Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi ?????? - ????????????? Chapters- 80 chapters+ 4 extras