抖阴社区

Chapter 63

3.1K 571 27
                                        

Lu YunFei: I haven’t even flaunted yet, wait for your turn

(Unicode)

တုရှင်းက သူဖခင်က ဤသို့ပြန်ပြောလာမည်မှန်းတော့ သူ မထင်ခဲ့မိပေ။ “သမီးရဲ့ လက်ရှိထိုင်ခုံနေရာက မကောင်းလို့လား။ မင်းဆရာမကို အခက်တွေ့အောင် သွားမလုပ်နဲ့။ ဒါနဲ့ သမီးက ဘာလို့ ထိုင်ခုံပြောင်းချင်တာလဲ။ တစ်ယောက်ယောက်ကို ကြိုက်နေလို့လား”
“မဟုတ်ပါဘူး” တုရှင်းက ငြင်းလိုက်သည်။

“ဒါဆိုရင်လည်း ပြီးတာပဲ။ အဖေ ဖုန်းချလိုက်တော့မယ်။ လုပ်စရာ အလုပ် ရှိသေးတယ်” တုရှင်း၏ အဖေက ပြောကာ ဖုန်းကျသွားတော့သည်။

တုရှင်းက ကူကယ်ရာမဲ့ ဖြစ်သွားရာ လီလီအကြောင်းကိုသာ သူ့မိန်းကလေးသူငယ်ချင်းများကို မကျေမနပ် ပြောဆိုနိုင်သည်။

လီလီက သူ့ထိုင်ခုံနေရာကို မပြောင်းပေးသောကြောင့် သူ ပျမ်းကျင်းယွမ်ကို ချဉ်းကပ်ပြီး မေးခွန်းတစ်ခု သွားမေးရန် ပြင်မိသည်။ “ကျောင်းသားပျမ်း၊ ဒီမေးခွန်းကို ငါ သိပ်မသိလို့ ကူညီပေးလို့ရမလား”

ပျမ်းကျင်းယွမ်က ထိုကဲ့သို့အခြေအနေများတွင် ပြန်ဖြေသလိုပင် ခေါင်းကိုပင် မမော့ဘဲ ပြန်ဖြေလာသည်။ “အချိန်မရှိဘူး”

တုရှင်း၏ လေသံက ငြင်သာလှသည်။ “နင့်အချိန်ကို ငါ သိပ်မယူပါဘူး။ ဒါလေး တစ်ချက်လောက် ကြည့်ပေးပါလား”

ထိုသို့ပြောရင်း သူ(မ)က မေးခွန်းစာရွက်ကို သူ့ဆီ ထိုးပေးလိုက်သော်လည်း ပျမ်းကျင်းယွမ်က အကြည့်တစ်ချက်ပင် မပို့လာချေ။

တုရှင်း ရှိုးတိုးရှန့်တန့် ဖြစ်သွားရသည်။ ထိုသည်ကို မြင်သည့်အခါ လုယွင်ဖေးက “ဘာမေးခွန်းလဲ။ ငါ ကြည့်ပါရစေဦး၊ မင်းကို ကူညီပေးနိုင်တယ်” ဟု ကူညီပေးချင်သကဲ့သို့ မေးလိုက်သည်။

တုရှင်းက သူ့ကို နှိမ့်ချကာ မထီမဲ့မြင်သလို ကြည့်လိုက်ပြီး သူ့အသံတွင်လည်း  သရော်လှောင်ပြောင်နေသံ အပြည့် ပါဝင်နေသည်။ “အင်္ဂလိပ်စာ ဖတ်စာ။ နင်က ဖတ်တတ်လို့လား”

လုယွင်ဖေးက သူ၏ အကူအညီက ထိုသို့ အလှောင်ပြောင်ခံလိုက်ရမည်ဟု မမျှော်လင့်ထားသောကြောင့် သူနှင့် ထပ်မံ စကားမဆိုတော့ဘဲ “မဖတ်တတ်ဘူး။ မင်းဘာသာ လုပ်ကြည့်ရင် ပိုကောင်းမယ်” ဟုသာ ပြန်ဖြေလိုက်သည်။

?????????????? (Completed)Where stories live. Discover now