Unicode***
အချိန်တွေကြာလာတာနဲ့အမျှ ယောင်းလေးက သူနဲ့အချိန်တိုင်းနီးပါးအတူတူရှိကြသည်
အန်တီဆယ်ယောင်းကလဲအခုနောက်ပိုင်းဖေဖေနဲ့ပိုရင်းနှီးလာသလို ပြီးတော့ယောင်းလေးကလဲတစ်ခါတလေအာပါးရှေ့ဆိုငြိမ်ငြိမ်သွားသည်
ဒါပေမဲ့သူမကြိုက်တာကိုတော့ ဂျစ်ကန်ကန်ပုံစံဖြင့်ငြင်းဆိုတတ်သည်
ယောင်းလေးတစ်ခါမှမပြောဖူးတော့ သူလဲမသိဘူးပေါ့လေသူတို့ကျောင်းတက်ပြီဆိုလျှင်လဲ အားချိန်ရတိုင်း ယောင်းလေးရှိတဲ့
အငယ်တန်းတွေဆိီသွားသွားလည်သည်ပြီးတော့ယောင်းလေးမှာသူ့အပြင်ထပ်ခင်ရမဲ့သူတစ်ဦးထပ်ပေါ်နေပြီဖြစ်၏။
ဘတ်ဂျီမင်းတဲ့လေ လူကောင်ကသေးသေးလေးနှင့်ယောင်းလေးနဲ့ဆိုလျှင်ခေါင်းတစ်လုံးစာပိုသေး၏
အထူးသဖြင့်သူ့ရဲ့လက်သေးသေးလေးတွေကတကယ့်ကိုအသည်းယားစရာ
သူနဲ့ပါအကြိုက်ချင်းတူတဲ့သူ့ညီက ခင်တော့လဲ တကယ်ချစ်စရာမိုချီလုံးလေးကိုမှရွေးခင်တာမျိုး"ယောင်းလေး ထမင်းသွားစားရအောင် "
သူလာခေါ်တော့ရေးလက်စစာတွေကိုရပ်ပြီးခေါင်းငြိမ့်ပြသည် ဂျီမင်းလေးကတော့ သူ့ကိုမြင်ပုံမပေါ်သေးပဲ သင်ပုန်းကစာကိုပြူးကြည့်လိုက်မျက်မှောင်ကျုပ်ပြီးစာကူးလိုက်ပင်ရှုပ်နေသည်
နောက်ဆုံးတော့ သူ့ကိုသွားခေါ်ရတာကယောင်းလေးပဲဖြစ်သည်
"မုန့်သွားစားမယ်ဂျီမင်း "
" အင်း ထယ်... အာ အစ်ကိုဂျင်!"
သူတို့သုံးယောက်စားသောက်ခန်းရောက်တော့ ယောင်းလေးကတစ်နေရာရာကိုသဘောမကျသလိုခပ်တန်းတန်းကြည့်နေသည်
သူ့ကိုဆိုအဲ့လိုမကြည့်ပေမဲ့ အရွယ်နဲ့မလိုက်ယောင်းလေးကတကယ်ကိုကြောက်စရာ.."ဘာလို့လဲယောင်းလေး ထမင်းစားရင်အဲ့လိုမနေနဲ့လေအသက်ကြီးရင်နှဖူးတွေတွန့်တယ် "
"....."
ဪ..သူ့ကိုစကားပြန်မပြောဘူးပေါ့လေ!
သူလဲထိုကောင်လေးကြည့်တဲ့နေရာကိုကြည့်မိတော့ သူ့ဘေးရောက်နေတဲ့ကောင်လေးတစ်ယောက်

YOU ARE READING
? ???? Why Me??(Z+U)
FanfictionTaejinkook Owncreation Unicode Seok Jin-????????????????????????????????Tae Hyung ???????????????????????????????????????????????????... Tae Hyung-??????????????????????????????????????? ?????????????????????????????????????????????... ????????????...