Unicode Ver:
Ronundလှည့်လို့ပြီးတာနဲ့ အခန်းထဲ၌တစ်ချို့ဆေးစာအုပ်များကိုဖတ်ကာအနားယူနေသည်။
Dutyချိန်တွေကမတူကြတော့ သူအနားယူချိန်ဆိုလျှင်ကျန်သည့်သူများကDutyချိန်ဖြစ်တာမို့ အေးဆေးစာထိုင်ဖတ်လို့ရသည်ပင်။
ဒေါက်! ဒေါက်!
တံခါးခေါက်သံနှစ်ချက်အဆုံးမှာတော့ မိုးပြာရောင်အရင့်လေးအားဝတ်ဆင်ထားသည့်သူနာပြုမလေးတစ်ဦးကဝင်လာသည်။
"ဒေါက်တာကင်မ်!"
"ဘာလို့လဲ သူနာပြုရှင်း ?"
"ဟိုလေ ဟိုတစ်ခေါက်ကခွဲစိတ်ထားတဲ့လူနာကသောင်းကျန်နေတာပါ သတိရပြီးတာနဲ့သူ့ကိုခွဲစိတ်ပေးတဲ့ဒေါက်တာကိုခေါ်ပေးဖို့ပဲပြောနေတာရှင့် ကျွန်မတို့လဲမတတ်နိုင်တော့လို့ပါ "
"Ok ကျွန်တော်သွားလိုက်မယ် သူနာပြုရှင်းအလုပ်လုပ်ပါ အခန်းနံပါတ်ကဘယ်လောက်လဲ??"
"အခန်းက 5028ပါ"
နောက်တော့ ဓာတ်လှေကားစီးပြီးနောက် ငါးလွှာ ဆိုသည့်နေရာသို့ရောက်တာနဲ့ ဓာတ်လှေကားလဲပွင့်သွားသည်။လမ်းတစ်လျောက်နှုတ်ဆက်နေကြသည့်ဂျူနီယာဆရာဝန်တစ်ချို့နှင့် သူနာပြုတို့ကိုလဲပြန်နှုတ်ဆက်ရင်းဖြင့်သာ။
အခန်း5028သို့ရောက်တာနဲ့ တံခါးကိုဖြေးညှင်းစွာဖွင့်သည်။
"မင်းတို့ကိုငါခေါ်တဲ့သူပဲလာလို့ပြောတယ်လေ!!!"
အခုထိသူ့ကိုကျောခိုင်းကာအော်ဟစ်နေတဲ့သူကြောင့် ထယ်ယောင်းအသံပေးလိုက်သည်
"ကျွန်တော်ပါ ဒီကလူနာကိုခွဲစိတ်တဲ့ဒေါက်တာပါ "
ထိုအခါမှသူ့ဘက်ကိုလှည့်လာပြီး ပေစောင်းစောင်းကြည့်သည်။
"မင်းကိုဘယ်သူ့ခွင့်ပြုချက်နဲ့ခွဲစိတ်လို့ရတယ်လို့ပြောလဲ !?သေသေပစ်ထားလိုက်လေ ဘာလို့အခုမှတာဝန်သိတစ်ယောက်လိုပြုမူနေရတာလဲ ငါ့ကိုကယ်မဲ့အစား တစ်ခြားသေခါနီးတွေကိုသွားကယ်လိုက်လေ မင်းတို့ကုသိုလ်တောင်ရသေးတယ် ဘာလဲ ငါပိုက်ဆံရှိတယ်ဆိုတာသိလို့လား?? "

YOU ARE READING
? ???? Why Me??(Z+U)
FanfictionTaejinkook Owncreation Unicode Seok Jin-????????????????????????????????Tae Hyung ???????????????????????????????????????????????????... Tae Hyung-??????????????????????????????????????? ?????????????????????????????????????????????... ????????????...