" ကျွန်တော်လဲဒီမှာစားလို့ရလားအစ်ကို"
"မရဘူး !ထွက်သွားစမ်း!"
" အဟင့်!"
သူဘာမှမပြောရပဲယောင်းလေးကသာဝင်ပြောသည်
ဘာလို့ဒီကလေးအဲ့လောက်ရိုင်းတာလဲ??
"ထယ်ယောင်း ဘာလို့အဲ့လိုပြောရတာလဲ??ကိုယ်နဲ့ရွယ်တူလေ"
သူ့စကားကိုကြားတော့ တစ်ချက်သာမော့ကြည်ဲပြီး ထမင်းပြန်စားသည်
ဪ..သူ့ကိုအရေးမလုပ်ဘူးပေါ့လေ!
"အစ်ကိုဂျင်မသိလို့ အဲ့ကောင်ကဂျီမင်းတို့အခန်းထဲက ချွဲဆူဘင်းတဲ့လေ သူကအစ်ကိုဂျင်ကိုကြိုက်နေတာ "
အယ် မဟုတ်သေးပါဘူး အခုကလေးတွေဘာတွေများတွေးနေကျလဲ??ငယ်ငယ်ရွယ်ရွယ်နဲ့ စာကိုကြိုးစားသင်မယ်မစဥ်းစားဘူး
တဒေါက်ဒေါက်နဲ့ခုံခေါက်သံကြားမှသူအသိပြန်ဝင်လာတော့ ယောင်းကသူ့ကိုမမှိန်မသုန်ကြည့်သည် Cocacolaဗူးကိုဖောက်သောက်ပြီး မသိသလိုပြန်နေပြန်သည် ငယ်ငယ်လေးက အအေးတွေဖျော်ရည်တွေမဟုတ်ပဲ ကိုကာကိုလာကိုကြိုက်ရတယ်လို့ တကယ်ကိုယောင်းလေးအတွေးကိုသူလိုက်လို့မရ...
နောက်တော့သူလဲဂျီမင်းစကားကိုအစပြန်ဖော်သည်
" စိတ်မပူနဲနော်ဂျီမင်းလေး အစ်ကိုဂျင်က ကောင်မလေးလှလှလေးထားမှာ အစ်ကိုကချောတော့ ကောင်မလေးချောချောလေးထားမှာအဆင်ပြေမှာပေါ့ဟုတ်တယ်မလား?ဟဲဟဲ..."
"မဟုတ်ပါဘူး အစ်ကိုဂျင်က လှတာ"
"ဟေ့ဟေ့ ဘတ်ဂျီမင်း ငါကအမျိုးကောင်းသားလေးနော် လှတာက အမျိုးသမီးလေးတွေနဲ့မှသက်ဆိုင်တာကွ!"
"ဂျီမင်းမေမေကပြောတယ် နှင်းဆီဖူးလိုနှုတ်ခမ်းဖူးဖူးလေး ကြည်လင်နေတဲ့မျက်ဝန်း နဲ့ခါးသိမ်သိမ်လေးရယ် လက်သွယ်သွယ်လေးတွေရယ် ပြီးတော့လှတဲ့အသားအရေလေးရယ် အဲ့လိုပြည့်စုံနေရင်လှတယ်တဲ့ ဒါကြောင့်အစ်ကိုဂျင်ကလှတာပါဆို"
"......."
...................
သူတက္ကသိုလ်ရောက်တော့ ယောင်းလေးသည် အထက်တန်းပထနှစ်ဖြစ်သည်

YOU ARE READING
? ???? Why Me??(Z+U)
FanfictionTaejinkook Owncreation Unicode Seok Jin-????????????????????????????????Tae Hyung ???????????????????????????????????????????????????... Tae Hyung-??????????????????????????????????????? ?????????????????????????????????????????????... ????????????...
???????-2
Start from the beginning