ထို့ပြင် ပိုပြီးလဲသီးသန့်ဆန်လာသည်
သူကျောင်းတက်တော့ ကျောင်းနဲ့အနီးဆုံးဖြစ်မည့်နေရာကိုအာပါးက ကွန်ဒိုဝယ်ပေးထားသည်
ဒါကြောင့်တော်ရုံကျောင်းပိတ်ရက်ကလွှဲလို့သူအိမ်ကိုမပြန်ဖြစ်ခဲ့ပေ။ဒီနေ့ကတော့ ရက်ရှည်ကျောင်းပိတ်ရက်လဲဖြစ်တာမို့ အိမ်ကိုပြန်လာသည်
မှောင်မဲနေတဲ့အခန်းကြောင့် မီးဖွင့်ရန်လိုက်စမ်းပြီးမှ မီးလင်းမှတွေ့ရတာက ဧည့်ခန်းတွင်ထိုင်နေသည့် ကောင်လေးပင်
"ဘာလုပ်နေတာလဲ ထယ်ယောင်းအား? "
"ပြန်လာပြီလား??"
" အာပါးနဲ့အန်တီဆယ်ယောင်းရော!"
"အဲ့ကိစ္စပြောဖို့! ကျွန်တော်အိမ်ခွဲနေတော့ဖို့ "
"ဘာလို့လဲ ထယ်ယောင်းကငယ်သေးတယ်လေ"
ပြီးတော့သူထယ်ယောင်းအနားကိုသွားမှာသေချာသတိထားမိသည်
မျက်ရစ်တွေကမို့နေသည်
နှာခေါင်းထိပ်ကလဲနီဆွေလျက်။" သူတို့က လက်ထပ်တော့မယ်တဲ့ ကျွန်တော်သဘောမတူချင်ပေမဲ့ ကိုကို့အဖေကိုမုန်းပေမဲ့
သဘောတူမှာပါ အဲ့အချက်နဲ့ဒီအိမ်ကထွက်သွားမှာ"အဲ့ဒါကြောင့်နဲ့များငိုခဲ့တာလား??
"ကိုကိုလဲသဘောမတူတာမို့ ကန့်"
"မလိုဘူးရတယ်! ကျွန်တော်သဘောတူမှာ!ကျွန်တော်ပင်ပန်းနေပြီဗျ ကိုကိုနားတော့နော် ကျွန်တော်လဲအိပ်တော့မယ် "
အခန်းထဲရောက်တော့ စိတ်ထဲရှင်းသွားအောင်ရေအရင်ချိုးသည်
ပြီးနောက် Pajamaတစ်ထည်ကိုယူဝတ်လိုက်ပြီးအိပ်ရန်ပြင်ခါမှတံခါးခေါက်သံကြောင့်"ကိုကိုအိပ်ပြီလား??"
"အခုအိပ်တော့မို့ လာလေယောင်းလေးရတယ်"
" ကျွန်တော်အတူအိပ်ချင်လို့ "
"အာ....ရတယ် ဒါဆိုကိုကိုဆိုဖာမှာ"
"မဟုတ်ဘူး ကိုကိုနဲ့ဒီနေ့တူတူအိပ်ချင်လို့ ခနလေးပါပဲ ကိုကိုအိပ်ပျော်သွားရင်အခန်းကိုပြန်ပါမယ် "
သူ့အနားကိုရောက်တော့ငြိမ်ငြိမ်လေးအိပ်ပျော်သွားသည် သူ့ဖက်ကိုတစ်ချက်တောင်လှည့်မလာပဲ တစ်ခါတစ်လေသူ့နားထဲ အသံသဲ့သဲ့လေးကကြားနေရသလို!
ထိုအချိန်ယောင်းလေးသူ့အမေအားဘယ်လောက်တွယ်တာကြောင်း သူခန့်မှန်းနိုင်သည် ယောင်းလေးဒီအိမ်ကိုစရောက်တည်း အာပါးကိုဆိုကြည့်မရခဲ့တာလေ ကလေးတစ်ယောက်ရဲ့အမြင်နဲ့ဒါတွေကိုကြိုသိနေခဲ့သလိုမျိုး...

YOU ARE READING
? ???? Why Me??(Z+U)
FanfictionTaejinkook Owncreation Unicode Seok Jin-????????????????????????????????Tae Hyung ???????????????????????????????????????????????????... Tae Hyung-??????????????????????????????????????? ?????????????????????????????????????????????... ????????????...
???????-2
Start from the beginning