抖阴社区

                                    

ခွဲစိတ်ထားတဲ့သူက သူဆိုတာကိုပြောပြီးရောတရစပ်မနားမနေလွှတ်နေသည့်ထိုသူကြောင့်ထယ်ယောင်းဘယ်လိုဆက်ပြောလို့ပြောရမှန်းမသိ...တစ်သက်နဲ့တစ်ကိုယ်သေခါနီးလူကိုကယ်လို့အပြောခံခဲ့ရခြင်း

မှတ်တမ်းတောင်တင်ထားလိုက်ချင်ပါသေးရဲ့
ပိုက်ဆံရှိလို့ဟုတ်လား??ရောက်လာတော့ လူရုပ်တောင်မပေါ်ပဲသွေးတွေနဲ့လွှမ်းနေတာလေ ငါသာမကယ်ရင်သွေးထွက်လွန်ပြီးသေနေလောက်ပြီ အဲ့ရုပ်ကလမ်းမှာပိုက်ဆံဝင်လုရင်းအရိုက်ခံထားရတယ်ဆိုရင်တောင်ယုံပေးအုံးမယ်...

ပြောချင်တဲ့စကားတွေကိုစိတ်ထဲကအကုန်ပြောနေပေမဲ့လဲ သူလက်တွေ့လုပ်တာကတော့ ​သူ့အရှေ့ကထိုလူကိုပြုံးကြည့်နေရုံသာ....

"လူနာဒေါသမထွက်ပါနဲ့ ရန်သူကိုတောင်ကယ်တင်ရမယ်ဆိုတာကျွန်တော်တို့ဆရာဝန်တွေအလုပ်ပါ အခုကလူတစ်ယောက်လုံးသွေးထွက်လွန်နေပြီးသေတော့မလိုဖြစ်နေတာကို ဘယ်လိုမကယ်တင်ပဲနေရမလဲ?? "

"မင်းရဲ့စောက်ပိုပြောနေတဲ့ပါးစပ်ကိုပိတ်ထားစမ်းပါ မိဘကတောင်သေစေချင်နေတဲ့ငါ့ကိုကယ်ပြီးမင်းတို့ဂုဏ်ပြုဆုတွေရမယ်ထင်နေတာလား??"

နောက်ထပ်ထွက်လာတဲ့စကားကိုကြားပြီးချိန်မှာတော့ထယ်ယောင်းတကယ်ကိုပြောစရာပျောက်ရှသွား၏..

"ဒါပေမဲ့လဲ ဘယ်လောက်ပဲမိသားစုကသေစေချင်တယ်ပြောပြော မိဘတွေက ကျွန်တော်တို့ကိုမွေးပေးရုံနဲ့ သူတို့သေစေချင်တိုင်းသေပေးစရာမှမလိုတာ ကိုယ့်ဘဝကိုယ်ထိန်းကျောင်းရမှာပဲလေ"

"........."

အပြင်ကိုငေးနေရင်းသူ့ကိုတစ်ခွန်းမှထပ်မပြောတော့တာကြောင့်သူလဲဆက်မနှောက်ယှက်ချင်တော့ပေ။

"ဒါဆို ဒီကလူနာစိတ်ကအဆင်ပြေပြီးဆိုရင် ကျွန်တော်သွားပါတော့မယ် ပြီးတော့တစ်ခုမှတ်ထားရမှာက ဘယ်လောက်ပဲရင်နာစရာကိစ္စရှိရှိ ကိုယ့်အသက်ကိုထိခိုက်အောင်လုပ်တာတော့ မိုက်လွန်းပါတယ် ဒါပေမဲ့ ထပ်ပြီးသေချင်နေသေးတယ်ဆိုရင်တော့ အရှေ့မှာ ပြတင်းပေါက်! Cctvလဲမရှိဘူးဆိုတော့ ခုန်ချလို့ရပါတယ်"

You've reached the end of published parts.

? Last updated: Feb 26, 2024 ?

Add this story to your Library to get notified about new parts!

? ???? Why Me??(Z+U)Where stories live. Discover now