ဒါပေမဲ့သူပြောလိုက်တဲ့နောက်ဆုံးစကားကိုကြားပြီးချိန်မှာတော့ အနည်းငယ်ကျဥ်းတဲ့မျက်ဝန်းတစ်စုံကသူ့ကိုငေးကြည့်လာသည်။
သူပြောလိုက်တာကတကယ်လုပ်ဖို့မဟုတ်ပေမဲ့ တကယ်သေရမယ်ဆိုရင်လူတိုင်းကတော့ရှင်သန်ချင်ကြတာပဲလေ....
ပြီးတော့ အဲ့လူကိုယ်ထဲကသွေးက အခုအဖိုးတန်တဲ့သူ့သွေးတွေပါနော်
ေနာက်မှာကျန်ခဲ့တဲ့သူဘာဆုံးဖြတ်မလဲမသိပေမဲ့ ထယ်ယောင်း ထွက်လာလိုက်တော့သည်။............................
"စီနီယာ"
J Florida ဆိုသည့်ကော်ဖီဆိုင်အဝင်ကနေတစ်လှမ်းချင်းဝင်လာသည့်အမျိုးသမီးလေးအား ဆော့ဂျင်းလှမ်းခေါ်လိုက်သည်။
သူ့ကိုမြင်တော့ပြုံးပြကာဝင်လာသည့်သူမကိုကြည့်ရင်း ဆော့ဂျင်းရင်၌အတိုင်းအဆမရှိသည့်ရင်ခုန်သံကပြေးဝင်၏။
"စောင့်ရတာကြာသွားလား ဆော့ဂျင်း"
"ခုနကမှရောက်တာပါ ဘာသောက်မလဲ"
"ကော်ဖီအေးတစ်ခွက်ပဲသောက်တော့မယ်"
" ဟိုဘက်မှာအဆင်ပြေခဲ့လား??"
" ပြေပါတယ် ဒါနဲ့ဆော့ဂျင်းချိန်းတာက "
အစကတော့လာရင်ပြောဖို့စကားတွေစီထားပေမဲ့လဲ အခုတကယ့်တကယ်ကျတော့ သူ့မှာတကယ်ကိုစကားကအစရှာမရ...
"ဟိုလေ..."
"......."
" စီနီယာ ကျွန်တော့်ကိုဘယ်လိုသဘောရလဲ?"
"ဘာကိုလဲ?ဆော့ဂျင်း မရှင်းလို့"
"ကျွန်တော့်ကို ယောကျာ်း တစ်ယောက်အနေနဲ့ဘယ်လိုမြင်လဲလို့?"
"အမ်? အခုဆော့ဂျင်း ရည်းစားစကားပြောနေတာလား??"
" ဟုတ်တယ် ဒါကြောင့်ကျွန်တော့်ကိုဘယ်လိုသဘောရလဲဆိုတာပြောပေးပါ တကယ်လို့သဘောမကျရင်!"
"လက်ခံပါတယ် "
"......."
"တကယ်ဆိုရင် ဆော့ဂျင်း ဘက်ကဘယ်အချိန်ပြောမလဲစောင့်နေတာ ဒီထက်ထက်ပြီးတော့မှကြာနေရင် ဟယ်ဆောင်းဘက်ကပြောဖို့လုပ်နေတာ တော်ပါသေးရဲ့ ဆော့ဂျင်း အရင်ပြောလိုက်လို့"

YOU ARE READING
? ???? Why Me??(Z+U)
FanfictionTaejinkook Owncreation Unicode Seok Jin-????????????????????????????????Tae Hyung ???????????????????????????????????????????????????... Tae Hyung-??????????????????????????????????????? ?????????????????????????????????????????????... ????????????...
???????-5
Start from the beginning