抖阴社区

                                    

" ........."

သူကတော့အခုထိစွံ့အနေဆဲမို့ သူမဘက်ကပြောနေတဲ့စားကိုသာနားထောင်နေရသည်

ရည်းစားစကားပြောဖို့လာတဲ့သူက သူလားဆိုတာပြန်မေးရမည့်အဖြစ်

အခုတော့သူနဲ့သူမကရည်းစားတွေဖြစ်ခဲ့ကြပြီပင်။

" ဒီနေ့ ရုပ်ရှင်သွားကြည့်ဖို့ လာခေါ်မယ်နော်"

အိမ်ရှေ့လိုက်ပို့ပြီးနောက် အထဲဝင်ခါနီးသူမကိုနှုတ်ဆက်သည်.....

"အင်း!"

ထို့နောက်သူ့ဦးတည်ရာက H.Kဆေးရုံသို့
ဆေးရုံထဲဝင်လိုက်ပြီးတာနဲ့ ကောင်တာမှသူနာပြုမလေးထဲသွားသည်။

" ဒေါက်တာကင်မ်ထယ်ယောင်းအခန်းကိုသိချင်လို့ပါ "

" ဟုတ်ကဲ့ဘယ်သူလဲမသိဘူး!"

သူအရင်လဲဒီကိုလာနေကြမို့ တစ်ချို့ဝန်ထမ်းတွေနှင့်ဆရာဝန်တွေဆို သူ့ကိုမျက်မှန်းတန်းမိနေလောက်ပြီဖြစ်သည် အခုသူ့ရှေ့ကသူနာပြုမလေးကတော့အသစ်ဖြစ်ဝန်တူ၏..

"ကင်မ်ဆော့ဂျင်း လို့ပြောလိုက်ရင်သိပါတယ်"

"ကင်မ်??"

"ဪ...အစ်ကိုဆော့ဂျင်းပါလား?ထယ်ယောင်းကိုလာတွေ့တာလား??"

ယောင်းလေးစီနီယာဖြစ်သူ၏စကားကိူကြားမှ သူနာပြုမလေးကတော့ထိုဆရာဝန်ကိုနှုတ်ဆက်ရင်းလုပ်လက်စအလုပ်ပြန်စနေဟန်ပင်။

"အင်း ဟုတ်တယ် ထယ်ယောင်းရှိလား??"

"အင်း အခုကသူ့နားချိန်လေ ဒါပေမဲ့ခနနေရင်တော့လူနာတစ်ယောက်သွားကြည့်ပေးရမှာ အစ်ကိုစောင့်ချင်ရင် အအခန်းထဲမှာပဲသွားစောင့်နေလိုက်လေ တစ်ခြားဆရာဝန်တွေလဲတာဝန်ချိန်ဆိုတော့ အခန်းထဲမှာမရှိကြဘူး"

"အင်း ကျေးဇူးပဲ ဂန်ဝွန်း!"

သူထွက်လာတော့နောက်ကသူနာပြုမလေး၏မေးနေသည့်အသံကိုလဲကြားဖြစ်အောင်ကြားလိုက်ပါသေးသည်

"အဲ့ဒါ ဒေါက်တာကင်မ်ရဲ့အစ်ကိုဆိုတာလား??"

သူအခန်းထဲရောက်တော့တကယ်ကိုအခန်းထဲလူမရှိပေ..တိတ်ဆိတ်နေသည့်နားနေခန်းထဲတွင်တော့သူတစ်ယောက်သာ။

You've reached the end of published parts.

? Last updated: Feb 26, 2024 ?

Add this story to your Library to get notified about new parts!

? ???? Why Me??(Z+U)Where stories live. Discover now