抖阴社区

Chapter 7

795 50 3
                                    

"သားပြောတော့ April ပိတ်ရက်မှ အလုပ်ဝင်မယ်ဆို"

"ဟုတ်ဖေ ဒါပေမဲ့ ကြယ်....အာ အကိုကြယ်တံခွန်ဆီမေးစရာလေးတွေရှိသေးလို့"

"ဟုတ်ကဲ့ ဒါဆိုလည်း မနက်စာတော့သေသေချာချာစားပါဗျာ"

သားနှုတ်ခမ်းမှာပေနေတဲ့ ဟင်းရည်စက်တွေကို သူသုတ်ပေးလိုက်သည်။သားကသူ့ဘက်လှည့်ကာပြုံးပြသည်။ကောင်းကင်နဲ့တော့ စကားမပြောတာကို သိသိသာသာစိမ့်ရိပ်မိသည်။ညက စာကြည့်ခန်းထဲအကြာကြီးစကားပြောနေကြတာဖြစ်သည်။စိမ့်ကဘသားဖနှစ်ယောက်ကြား ဝင်လိုစိတ်မရှိပေ။စိုးရိမ်စိတ်တော့ရှိတာမို့ အခန်းရှေ့မှာ တိတ်တိတ်ကလေးရပ်စောင့်နေခဲ့တာ သားထွက်လာတော့ သူ့ကိုမြင်တော့ပြုံးပြပြီး မျက်နှာရွင်ပြပြလေးမို့စိတ်အေးတာ။ကောင်းကင်လည်းထိုနည်းအတိုင်းပဲမို့လေ။

နေရောင် ဖေ့ပါးကိုအနမ်းပေးပြီးနောက် daddy ကိုပွေ့ဖက်လိုက်သည်။daddy မျက်နှာကတည်ကြည်ပြီးတင်းမာနေ၏။ညကကိစ္စကြောင့်ထင်ပါသည်။သို့သော်လည်း ဘာတတ်နိုင်မှာလဲ။ကျွန်တော်က Daddy သားဖြစ်သလို Daddy လိုပဲ ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ပြီးပါလျှင် အလွယ်တကူမချိုးဖောက်တတ်ဘူးလေ။

>>>

The star ရှေ့ရောက်သည်နှင့် ကုမ္ပဏီကဝန်ထမ်းတွေကသူ့ကို နေရာလိုက်ပြသည်။ The Star ကဝန်ထမ်းတွေက နေရောင်မှန်းသိတာကြောင့် ပိုပြီးသတိကြီးကြီးနဲ့ လုပ်ပေးနေတာဖြစ်သည်။နေရာအကျအနထိုင်ပြီး စတင်ကိုင်တွယ်တဲ့အချိန် daddy နဲ့ သူတို့ ပြင်ဆင်ပေးထားတဲ့ အရာဖြစ်နေတော့ နည်းနည်းလေးမှင်သတ်သွားသည်။ဒီဟာက ပဲရစ်သံရုံးမှာထားထိန်းသိမ်းထားတဲ့အရေးကြီးဆုံးအရာမှန်းတမ်းသိမိသည်။ကြယ်တံခွန်ရဲ့ နောက်ကြောင်းကို သူသိပြီးထားပေမဲ့ ကြယ်တံခွန်ကိုယ်တိုင်က ဒီကိစ္စမှာ ပါဝင်ပတ်သတ်နေမယ်လို့တော့မတွေးမိခဲ့ဘူး။

အေးဂျင့်တစ်ယောက်ချင်းစီနဲ့ ကာကွယ်ရေးကုတ် ရေးဆွဲထားတာကြောင့် နေရောင်ချက်ချင်းကြီးဖွင့်လိုက်ဖို့ကမလွယ်။တောင်းထားတဲ့ 7 ရက်မကြာပေမဲ့လို့ပေါ့

အိတ်ကပ်ထဲမှာ အဆင်သင့်ပါလာတဲ့ ဝါးနေကျ ပူရှိန်းတစ်လုံးအား ပါးစပ်ထဲပစ်သွင်းလိုက်ကာ သူလုပ်ငန်းစ၏။

EGO RULE _ ?????????????(Complete)Where stories live. Discover now