ကြယ်အစည်းအဝေးပြီးသည်နှင့်နေရောင့်၏အလုပ်ခန်းသို့သွား၏။ဘေးနားကခုံလွတ်မှာဝင်ထိုင်ရင်း အလုပ်အပေါ်အာရုံစူးစိုက်နေသည့် နေရောင့်ကိုငေးကြည့်နေလျှက်
"ပြောစရာရှိရင်ပြောလို့ရတယ်"
"မနေ့က ကိစ္စလေးမေးချင်လို့ပါ ထမင်းစားနားမှ တူတူစားရင်းပြောကြတာပေါ့"
ထိုကောင်လေးက ချက်ချင်းငြင်းပစ်တာမျိုးလည်းမဟုတ် လက်ခံလိုက်သည်လည်းမဟုတ်ဘဲ ခဏစဥ်းစားနေဟန်ဖြင့်။
"တူတူစားကြတာပေါ့.."
>>>
နေ့လည်နားချိန်ရောက်တော့ ရုံးကန်တင်းကို ကြယ်နဲ့အတူနေရောင်ပါရောက်လာသည်။နေရောင်တို့ ကန်တင်းမှာခုံနေရာယူပြီး ခဏထိုင်ကာ ဝန်ထမ်းတစ်ချို့ကိုကြယ်ကခေါ်လိုက်၏။တစ်ပြိုင်နက်တည်း နေရောင့်ဆီဖုန်းဝင်လာတာကြောင့် နေရောင်က ရုံးကန်တင်းရှိရာသို့ တစ်ဖက်လူကိုညွှန်ပေးလေသည်။
"ဝက်သုံးထပ်သားကင်စားမလား "
"မမှာနဲ့ ဟိန်းကဝက်သားမစားဘူး"
နေရောင့်စကားကြောင့်ကြယ်အနည်းငယ်တုံ့သွားသည်။တံခါးပေါက်မှဝင်လာတဲ့ အဲရာဇ်ကိုတွေ့မှ ကြယ်သဘောပေါက်သွားရသည်။ဒီကောင်လေးကအကြောင်းမဲ့သက်သက် သူနဲ့အတူ ကန်တင်းကိုလိုက်လာတာမဟုတ်ဘူးဘဲ။
"ပုစွန်တန်ပူရာကြော် တစ်ပွဲ၊ ကြက်ပျားရည်ကြော်တစ်ပွဲ ငါးခေါင်းစွတ်ပြုတ်တစ်ပွဲပေးပါ"
"ဟုတ်ကဲ့ CEO ရော ဘာမှာအုံးမလဲရှင့်"
"ဝက်သုံးထပ်သားကြော်တစ်ပွဲ၊ တို့ဟူးနွေးစပ်စပ်လေးတစ်ပွဲ ကြက်မာလာကင်တစ်ပွဲပေးပါ စပ်စပ်လေးနော် "
"ဟုတ် ထမင်နှစ်ပွဲပါမယ်နော်"
"သုံးပွဲချ"
"ဟုတ်ကဲ့ပါ.."
ဝက်သားအကြောင်း နေရောင်ကြားလိုက်သည်ကြောင့် ပြောဖို့ပင်ရှိသေးဟိန်းကရောက်နေပြီဖြစ်တာကြောင့် ဘာစကားမှ ဆက်မပြောဖြစ်။ ဒူးကာတွေ လက်အိတ်စွပ်တွေနဲ့ ဟိန်းက ကလေးလေးတစ်ယောက်ပုံပေါ်နေ၏။ တကယ်လည်းဟိန်းကလေး ကလေးလေးပဲရှိသေးတာပဲ

YOU ARE READING
EGO RULE _ ?????????????(Complete)
RandomComplete EGO RULE(?????????????) Ongoing Author by Period-K Main Lead Nayaung Thwey Thit Kyal Takhon Eriz Hein Start date - 24 Feb 2022 End date- Main Chapter ended- Extra Chapter -